တိုက်ပွဲကျခြင်း
ငါ့ရင်ဘတ်ပေါ်က Samsung ကြော်ငြာဘုတ်တွေကိုမုန်းတယ်
ငါ့ခန္ဓာကိုယ်ပေါ်နင်းသွားတဲ့
ငါဘယ်မှာမွေးပြီး ဘယ်မှာကြီးသလဲ မေ့နေကြပါသလား.။
နေ့ဖက်နဲ့ ညဖက် အလွှာမတူတဲ့ငါ အသူရကာယ်ပြည်လိုပါပဲ.။
ပက်ကြားအက်ထဲက ချောင်းကြည့်ရသလောက်တော့
ကိုမားဆိုးရဲ့ ညီမလေးတွေခမျာမယ်
အခုထိလဲ ဈေးကောင်းမရနိုင်သေးပါဘူး.
မီးခိုးနံ့တွေကိုမုန်းပေမယ်
ချိုင့်ခွက်တွေက ရွှေငါးတွေကို လှောင်ရယ်ကြတယ်.။
အမှိုက်ပုံတွေက Global Warming ကို ခနဲ့တဲ့တဲ့ နဲ့…
စိတ်တွေလဲ ကျန်းမာရေးမကောင်းတော့ဘူး.။
(စိတ်ကျန်းမာရေးဆေးရုံတော့ မပို့ကြပါနဲ့..
ငါ လွှတ်တော်ထဲပဲ သွားချင်တယ်.။)
တတိယကမ္ဘာက ဒုတိယကမ္ဘာစစ်ရဲ့ ဒုက္ခသည်
ဒီ “ရန်” တွေ မ “ကုန်” သေးသ၍တော့
(အော်…)
ရေလျှံနေတဲ့ လမ်းဘေးမြောင်းထဲက ငါ့နာမည်လေးကို
ငါပြန်သနားမိပါရဲ့.။
.
Deniel Monkhi
Photo Credit: http:// abbsoluteright.blogspot.com /
0 comments:
Post a Comment