~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday, 14 February 2013

ဆင်းရဲသော်လည်း လူတော် ပညာတတ်ဖြစ်လာစေရန် ( အသက်မွေးဝမ်းကျောင်း လမ်းတစ်ခုရွေးပါ , လမ်းဖြောင့်ဖြောင့်လျှောက်ပါ , ခွင့်အလမ်းကောင်းများ ရှာဖွေပါ )

 
ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်

ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။

သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။

ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။

"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
--------------------------------

အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး ငွေမရှိလည်း ပညာဒါန ကျောင်းများ ရှာတတ်နိုင်ပါတယ်။ မြန်မာပြည်က နေရာတော်တော်များများမှာ ပညာဒါန အခမဲ့ကျောင်းတွေ အတော်လေး များပြားနေပါပြီ။

အင်္ဂလိပ်ရုပ်ရှင်တွေ၊ သီချင်းတွေ ကြည့်ရှုနားထောင် သူတို့ ဘာသာစကားနဲ့ ဟန်ပန်အမူအရာကို လိုက်လံ အတုယူ၊ လေ့ကျင့် ပြောဆိုကြည့်ပြီးတော့ လည်း လေ့ကျင့်နိုင်ပါတယ်။ တစ်ယောက်တည်းသော်လည်းကောင်း၊ သူငယ်ချင်းများနဲ့သော်လည်းကောင်း လေ့ကျင့်ပြီးတော့ အင်္ဂလိပ်စကားပြော ကိုလည်း မြင့်တင်နိုင်ပါတယ်။

အင်္ဂလိပ်စာအရည်အချင်းတိုးတက်အောင် အလွယ်တကူ လေ့လာလို့ရတဲ့ စာအုပ်များလည်း အပြင်မှာ ရနိုင်တဲ့ အတွက် စာရေးသူမှ အကျယ်ချဲ့ မပြောလိုတော့ ပါဘူး။ အင်္ဂလိပ်စာ၊ စကား အတော်အတန် ပြောတတ်၊ နားလည် တတ်နေပြီဆိုရင်ကို ပတ်ဝန်းကျင်မှာ ကိုယ်ဟာ တစ်ဘန်းသာနေ မှာ ဖြစ်ပါတယ်။ ကမ္ဘာသုံး ဘာသာစကား အင်္ဂလိပ်စာတတ်ထားရင် ဘယ်အခြေအနေ၊ ဘယ်နေရာရောက်ရောက် အခက်အခဲများ ဖြေရှင်းနိုင် ပါတယ်။

အင်္ဂလိပ်စာနဲ့ ဆက်စပ်ပြီးတော့ အင်တာနက်ကလည်း လေ့လာရမယ့် နယ်ပယ်ကြီး တစ်ခု ဖြစ်လာပါတယ်။ အင်တာနက်မှာ ဗဟုသုတ ရနိုင်မယ့် အချက်အလက်ပေါင်း များစွာ ရှိနေပါတယ်။ ကိုယ်က အင်္ဂလိပ်စာ အခြေခံရှိရင်လည်း အလွယ်တကူ ဝင်ဖတ်နိုင်သလို၊ မရှိလည်း အဘိဓာန်ဆောင်လို့ အင်တာနက်မှာ စာများ လေ့လာ ဖတ်ရှုနိုင်ပါတယ်။ စာများတင်မဟုတ်ပါဘူး။ မိမိ စိတ်ဝင်စားတဲ့ ဘယ်အရာကိုမဆို ဝင်ကြည့်၊ ဝင်ဖတ်၊ ဝင်လေ့လာ၊ ဝင်အသုံးပြုကြည့်၊ ဖန်တီးကြည့်တာမျိုးတို့ ဖြစ်ပါတယ်။

အင်တာနက် လိုင်းမကောင်းတာတော့ မှန်ပါတယ်။ သို့ပေမယ့် ဒါစာ အမြဲတမ်းမဟုတ်ပါဘူး။ တစ်ခါခါကျ ကောင်းပါတယ်။ Browser တစ်ခုဖွင့်ဖို့အတွက် တစ်မိနစ်ထက် ပိုမကြာရင် သုံးဖို့ ကောင်းမွန်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ အင်တာနက်မှာ မန်ဘာဝင်လို့ရတဲ့ ပညာရေး ဖိုရမ်များ၊ ကျောင်းများ၊ အခမဲ့ ပညာရေး များ အစရှိသဖြင့် ကိုယ်ရှာဖွေရင် ရှာဖွေသလောက် တွေ့ရှိလို့ နိုင်ငံတကာ နဲ့ ပြည်တွင်း က ဖြစ်ပျက်နေမှုများကို သိရှိရမှာ ဖြစ်ပါတယ်။

"လမ်းတစ်ခုရွေးပါ"
----------------

မိမိ လျှောက်လှမ်းချင်တဲ့ ပရော်ဖက်ရှင် တစ်ခုခုကို ရွေးစေခြင်း ဖြစ်ပါတယ်။ မိမိ လက်ရှိမှာ ရှိနေတဲ့ ပညာအရည် အချင်းနဲ့ ဘယ်လို အရည်အချင်းတို့ ထပ်မံပေါင်းစပ်တဲ့အခါ ဘယ်လို အသက်မွေးဝမ်းကျောင်းမှု ပညာက ကိုယ့်အတွက် ကောင်းကျိုးပေးမယ်ဆိုတာ ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဘာလုပ်လို့ ဘာကိုင်ရမယ်။ ဘယ်လမ်းရွေးချယ်ရမယ် ဆိုတာမှ မသိသေးရင် တော်တော်ကို ဆိုးတဲ့ အခြေအနေပါ။ နယ်မှာပဲနေနေ၊ မြို့ ကြီးမှာပဲနေနေ ဘဝရည်မှန်းချက် အသက်မွေးဝမ်းကျောင်းမှု ပညာရပ် တစ်ခုခုကိုသာ ရွေးချယ်ထားရင် မဆင်းရဲတော့ပါဘူး။ နောက်ပိုင်းက ကိုယ်ရဲ့ ကြိုးစားမှုအပေါ်မှာသာ မူတည်တော့လို့ ဖြစ်ပါတယ်။

"လမ်းဖြောင့်ဖြောင့်လျှောက်ပါ"
----------------------------

ဘယ်လိုပယောဂကြောင့်ပဲ ဖြစ်ဖြစ် ကိုယ်ရွေးချယ်ထားတဲ့ ပညာရပ်လမ်းကနေ မနောက်ဆုတ်သင့်ပါဘူး။ နောက်ဆုတ်မယ်။ နားလိုက်မယ်။ ကြိုးစားမှု ရပ်တန့်မယ်။ လမ်းလွဲမယ်။ အစရှိတဲ့ လုပ်ရပ်များက မိမိရဲ့  ဘဝတန်ဖိုးကို အပြောင်းအလဲပြုလုပ်ခြင်း ပဲ ဖြစ်ပါတယ်။ သုညက ပြန်စရတာ မလွယ်ပါဘူး။ ဒါကြောင့် လမ်းတစ်ခုရွေးပြီးရင် တည့်တည့်လျှောက်တတ်ရပါမယ်။ ရည်မှန်းချက် ခိုင်ခိုင်မာမာ ထားရှိရပါမယ်။

အကောင်းဆုံး ကြိုးစားနိုင်ရပါမယ်။ အကောင်းဆုံးဆိုလို ကြိုးစားအားထုတ်မှု ဇွဲ၊ ဝီရိယ၊ လုံ့လ တည်နေစေဖို့ ဖြစ်ပါတယ်။ စိတ်တစ်ခုက အဓိက ဖြစ်ပြီး၊ စိတ်ဓာတ်ခိုင်ခိုင်ထားလို့ ကြိုးစားရင် မိမိကြိုးစားချက်များကို ကျေနပ်နေတတ်ပါတယ်။ ဒါကတော့ အကျဉ်းချုပ်ပြောခြင်းပါ။ ကိုယ်နှစ်သက်တဲ့ ဘာသာရပ်နဲ့ အလုပ်တစ်ခုကို ရွေးချယ်မယ်ဆိုတာ ကလည်း အဆင့်များစွာ ရှိနေပါသေးတယ်။

"အခွင့်အလမ်းကောင်းများ ရှာဖွေပါ"
---------------------------------

တစ်ကူးတကတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုလျှောက်နေရင်း ဒီအတွက် ပိုမို အကျိုးထူးစေနိုင်မယ့် ထောက်ပံမှုများ၊ ပညာရပ်များ ပေါ်ပေါ်လာ တတ်ပါတယ်။ လေ့လာအားထုတ်မှုဆိုတော့မှာ ဘယ်တော့မှ မရပ်တန့်ရ ပါဘူး။ အခွင့်အရေးရလျှင်ရတိုင်း သတိကြီးကြီးနဲ့ ဆုံးဖြတ်ချက်ချလို့ အထောက်အပံ့ ကောင်း တစ်ခု ဖြစ်အောင် ကြိုးစား၊ ရွေးချယ်၊ သင်ယူ၊ လေ့ လာ ရပါမယ်။

တစ်ခါတစ်လေကျ အဆင့်မြင့် ပညာရပ်ဆိုတာ ဘွဲ့လက်မှတ်တွေပေါ်မှာ ရှိနေတာကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ် ဘယ်လောက်လေ့ လားဖြစ်ထားတယ်။ လုပ်နိုင်တယ်ဆိုတာကလည်း အဓိက ကျပါတယ်။ ကိုယ်က စာတမ်း မပြုစုရပေမယ့် ကိုယ်လုပ်ထားတဲ့ အလုပ်က စာတမ်းပြုစုထားသူများထက် ပိုမို ထူးခြား ကောင်းမွန်နေ ရင် ဒါဟာ အဆင့်မြင့်ပညာရပ်တစ်ခုကို တတ်မြောက်ထားခြင်း တစ်မျိုးပါပဲ။

အဓိက ပြောချင်တဲ့ အချက်က အခုမှရောက်ရပါတယ်။ ကိုယ်က ပိုက်ဆံ မရှိဘူး။ ပညာသင်ကြားဖို့ အခွင့်အရေး မရှိဘူးဆိုရင် ယခု လက်ရှိ လုပ်နေတဲ့၊ ရွေးချယ်ထားတဲ့ ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လမ်းမှာ အကောင်းဆုံး ဖြစ်အောင် ဖန်တီးနိုင်ရပါမယ်။ သာမန်လူ ပြုလုပ် သွားလာနေတဲ့ နည်းအပြင် ကိုယ့်ဆီမှာ ရှိတဲ့ အိုင်ဒီယာအသစ် များ ပေါင်းစပ်မယ်၊ နိုင်ငံတကာက နည်းနာများ လေ့လာ လို့ ပြည်တွင်းနဲ့ လျော်ညီတဲ့ အခြေအနေတစ်ခုကို ပြန်လည်ဖန်တီးမယ်။ ချပြမယ်။ ဒါတွေကလည်း တကယ်ပဲ အသိအမှတ်ပြုခံရလောက်တဲ့ အကျိုးကျေးဇူး အထိုက်အလျောက် တစ်ခုအထိ ရရှိလိုက်မယ်ဆိုရင် ကိုယ်ဟာ အဆင့်မြင့် ပညာရပ် သင်ကြားထားသူများနဲ့ ယှဉ်နိုင်ပါပြီ။

အထက်ပါ အချက်များအားလုံးကို လုပ်ဖို့အတွက် ငွေကြေး ဘယ်လောက်မှ မကုန်ကျပါဘူး။ ၁၀ တန်းအောင် ဖြစ်စေ၊ တက္ကသိုလ်ဘွဲ့ရဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် မိမိ လေ့လာသော ပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းကို တွင်တွင်ကျယ်ကျယ် မလုပ်နိုင်ဘူးဆိုရင်၊ အခက်အခဲတွေ တွေ့နေရင် အထက်ပါ အဆင့်များအတိုင်းသွားနိုင်ပါတယ်။

၁။ အင်္ဂလိပ်စာ အရည်အချင်း အဆင့်မြင့်ခြင်း
၂။ လမ်းတစ်ခုရွေးချယ်ခြင်း
၃။ ဇွဲရှိရှိ ကြိုးစားခြင်း
၎။ အခွင့်အလမ်းကောင်းများ ကို လက်ဆုပ်လက်ကိုင်ပြုနိုင်ခြင်း
၅။ စွန့်ဦးကြိုးစား ဖန်တီးခြင်း

အစရှိတဲ့ အဆင့်များအတိုင်း သွားမယ်ဆိုရင် ဘယ်လောက်ပဲဆင်းရဲ ဆင်းရဲ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုစေမယ့် ပညာတတ် တစ်ဦး ဖြစ်လာစေမယ်လို့ ယုံကြည်ပါတယ်။
----
-----
-----
အောင်ခမ်း
International news for myanmar

Wednesday, 2 January 2013

ဂျပန်ဘောလုံး အသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုးသားချင်းများကို ရှာဖွေနေ


လွန်ခဲ့သည့် ၁၉၂၀ ၀န်းကျင် ရှေးကာလက ဂျပန်ဘောလုံး လောကအား ကျေးဇူး ပြုခဲ့ဖူးသည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ သက်ရှိထင်ရှား ဆွေမျိုးများအား ဂျပန်လူမျိုး တစ်ဦးက လိုက်လံရှာဖွေလျက် ရှိသော်လည်း အဆက်အသွယ် မရ သေးကြောင်း သတင်းရရှိသည်။

“ဦးကျော်ဒင်က ၁၉၀၀ ခုနှစ် မွေးတာဆိုတော့ မရှိလောက်တော့ပါဘူး။ သူ့ရဲ့မျိုးဆက်ကို ရှာနေတာ ခုထိတော့ အဆက်အသွယ် မရသေးပါဘူး” ဟု ဦးကျော်ဒင်၏ မျိုးဆက်အား လိုက်လံရှာဖွေနေသူ ဂျပန်လူမျိုး မစ္စတာ အိုးချိအားအိခိရိုရှိ(အထက်တန်းသမိုင်းပြဆရာ) က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဂျေလိဂ်နှင့် မြန်မာလိဂ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးပွဲတွင် ဂျေလိဂ်ဥက္ကဋ္ဌ ကာဇူမီအိုဂူရှီက မြန်မာလူမျိုး ဦးကျော်ဒင်သည် ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးသည့် အတွက် ပြတိုက်တွင် အမှတ်တရ ရုပ်တု ပြုလုပ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။

“သူ (ဦးကျော်ဒင်) က ဂျပန်ကို ဘောလုံးလာသင်တာတော့ မဟုတ်ဘူး။ ၁၉၂၀ ၀န်းကျင်ခန့်က ဂျပန်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းလာတက်တယ်လို့ သိရပါတယ်။ တက္ကသိုလ် ကျောင်းဝင်းထဲမှာ သူက ပြေးခုန် ပစ်ကစားနေတုန်း ဂျပန်လက်ရွေးစင်ဘောလုံးသမားတွေ လေ့ကျင့်နေတာကို ၀င်သင်ပေးရင်းနဲ့ နည်းပြပေးခဲ့ပြီး အဲဒီအသင်းက သူမြန်မာနိုင်ငံကို ပြန်သွားပြီး သုံးနှစ်အကြာ(၁၉၂၇) မှာ အာရှအဆင့်ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲသွားလို့ ဦးကျော်ဒင်က အစပြုခဲ့တဲ့ ကျေးဇူးကို အမှတ်ရ ဖြစ်စေခဲ့တာပါ” ဟု တစ်နှစ်လျှင် နှစ်ကြိမ်ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဦးကျော်ဒင်၏ မျိုးဆက်အား စုံစမ်းနေသူ မစ္စတာ အိုးချိအား အိခိရိုရှိက ရှင်းပြသည်။

ဦးကျော်ဒင်အကြောင်းအား ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်တစား စုံစမ်းလျက်ရှိကြောင်းနှင့် ၎င်းအနေနှင့်မူ ကိုယ်တိုင်စိတ်ဝင်စားမှုရှိသည့် မိမိအစီအစဉ်ဖြင့် လိုက်လံစုံစမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။ ဦးကျော်ဒင် အနေဖြင့် ၁၉၂၀ ၀န်းကျင်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၂၃ တွင် “How to Play Association Football” စာအုပ်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ကြောင်းနှင့် ၁၉၂၄ တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး စက်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ဂျပန်လူမျိုး သမိုင်းပြဆရာ၏ ပြောပြချက်အရ သိရသည်။

“တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ် ပြတိုက်မှာ ဦးကျော်ဒင်ရေးခဲ့တဲ့ စာအုပ်နဲ့ သူ့ရုပ်တုကို ပြသထားတာ တွေ့ရှိခဲ့ရပါတယ်။ ဂျပန်လူမျိုးတွေအနေနဲ့ ဘောလုံးကို ဒီစာအုပ်ကြောင့် စနစ်တကျ ကစားတတ်လာခဲ့တာ ဖြစ်ကြောင်းလည်း ပြောပြကြပါတယ်။ မြန်မာဘောလုံးအသင်းသွားတိုင်း 
 သေချာလေးလေးစားစားနဲ့ ဦးကျော်ဒင်ရဲ့ ကျေးဇူးရှိတဲ့အကြောင်း ပါးစပ်ကလည်း ထုတ်ဖော်ပြောကြပါတယ်” ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဂျေလိဂ်သို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ဦးကျော်ဒင်၏ မျိုးဆက်အား တတ်နိုင်သည့်ဘက်မှ စုံစမ်းနေသော်လည်း ယခုအချိန်ထိ မတွေ့သေးကြောင်း ၎င်းက ဆက်ပြောသည်။ “မြန်မာလူမျိုးတစ်ယောက်က ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတာကို ဂျပန်မှာ မသိသေးတဲ့ သူတွေအတွက်လည်း ဖော်ထုတ်ပေးချင်တာပါ။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်လာရေး အတွက်လည်း ရည်ရွယ်ပါတယ်” ဟု မစ္စတာအိုးချိအားအိခိရိုရှိက ပြောသည်။

မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဂျပန်ဘောလုံးအသင်းကို ကျေးဇူးပြုခဲ့ဖူးသည်ဟု ၎င်းတို့ ပြောကြားချက်အရ သိရှိရသော်လည်း လက်ရှိအခြေအနေတွင်မူ ဂျပန်ဘောလုံးလောကနှင့် မြန်မာဘောလုံးလောကသည် ကွာခြား နေပြီဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဂျပန်ဘောလုံးအသင်းက ကမ္ဘာ့အဆင့် ၂၂ ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံးမှ ဦးဆောင်ထားပြီး မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် ၁၆၂ ဖြစ်သည်။



credit http://www.myanmar1.com/?p=9033

Sunday, 30 December 2012

ထူးထူးဆန်းဆန်း ဒါတွေသိရဲ့ လား..?

Photo: ဒါတွေသိရဲ့ လား..?

၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wiki
၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wiki




credit ထူးထူးဆန်းဆန်း FB

Saturday, 15 December 2012

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံ ပညာရေးစနစ် အကြောင်း

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံပညာရေးစနစ်


ဖင်လန်မှာ ဥရောပတိုက် မြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်အနီးရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖင်းနစ်ရှ်နှင့် ဆွီးဒစ်ရှ် ဘာသာစကားများ ပြောဆိုကြသည်။ ငွေကြေးအားဖြင့် ယူရိုငွေကို သုံးစွဲကြသည်။
မြို့တော်မှာ ဟယ်လ်ဆင်ကီ ဖြစ်သည်။ လူဦးရေ ၅ သန်းကျော်ရှိသည်။ တရားဝင်သုံးစွဲသည့် နိုင်ငံအမည်မှာ ဖင်လန်သမ္မတ နိုင်ငံဖြစ်သည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃ဝ၅ ဒသမ ၅၉ မိုင် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်။
ဖင်လန်နိုင်ငံဟာ ပညာရေးမှာ ထိပ်ဆုံးအဆင့် သတ်မှတ်ခြင်းခံရပြီး၊ သင်္ချာမှာတော့ တောင်ကိုရီးယားကို နည်း နည်းလေးကပ်ရှုံးပြီး ဒုတိယသင်္ချာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ ကိုယ်စားလှယ် ၁ဝဝ ကျော်လာပြီး ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်ကို လေ့လာကြရသည်အထိ နာမည်ကျော်ခဲ့တယ်။ ယခု ဒီဆောင်းပါးကလည်း အဲဒီလေ့လာသူတွေထဲက အမေရိကန်နိုင်ငံ ကျောင်းဆရာတစ် ယောက်ရဲ့ သူမြင်တဲ့ ဖင်လန်နိုင်ငံ ပညာရေးစနစ်ကို တင်ပြသွားတာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံပညာရေးကောင်းခဲ့တာလည်း မပြောနဲ့လေ၊ ကမ္ဘာ့ပညာရေးအတွက် ငွေကြေးအများ ဆုံးသုံးတဲ့နိုင်ငံလေးနိုင်ငံထဲမှာ စာရင်းဝင်တယ်။ ၂ဝ၁ဝ ခုနှစ်မှာဆိုရင် ဒေသဆိုင်ရာ မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် ပညာရေးအသုံးစရိတ်အဖြစ် သတ်မှတ်တဲ့ငွေကြေးပမာဏက ဒေါ်လာ သန်း ၃၇ဝ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်ကရတဲ့ အခွန်ငွေတွေအပေါ်ကနေ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလို့လည်း ဆိုနိုင်တယ်။
OECD နိုင်ငံတွေမှာ PISA ဆိုတဲ့ စာမေးပွဲကို စံတစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျင်းပပေးတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းကျောင်းအဆင့် စာမေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ပညာရေး ဌာနကနေစစ်ဆေးပေးတယ်။ ဒီစစ်ဆေးမှုမှာ ဖင်လန်နိုင်ငံက ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှာ မူကြိုအဆင့်တန်းကို အသက် ၆ နှစ်မှစတက်ရတယ်။ မူကြိုမှာ စာမသင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ဖြစ် အောင်ထားတယ်။ ပညာသင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်။ မူကြိုပြီးတဲ့နှစ်ကနေ နောက် ၉ နှစ်တိတိ အခြေခံပညာကို သင်ကြားကြရတယ်။ ၉ တန်း ၁ဝ တန်းအဆင့်အောင်ပြီးရင် အဆင့်မြင့်တန်း (upper secondary school) ကိုဆက်တက်ချင်ရင်တက်၊ ဒါမှမဟုတ် အသက်မွေးမှုကျောင်းတွေကို ၃ နှစ်သွားတက်လို့ရတယ်။
အသက်မွေးမှုကျောင်းတွေကလည်း ပေါ့ပျက်ပျက်တော့မအောင်ဘူး။ လုပ်ငန်းခွင်အထိရည်ရွယ်ထားတာတွေဖြစ်လို့ ကျောင်းသင်ပြဋ္ဌာန်းစာရော၊ သတ်မှတ်ထားတဲ့ ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းချက်တွေရော လေ့လာကြရတယ်။ အထက်တန်းနဲ့ အဆင့်မြင့်တန်းတွေပြီးရင် တက္ကသိုလ်ကို မာစတာဘွဲ့အတွက်ဖြစ်စေ၊ PhD ဘွဲ့အတွက် ဖြစ်စေတက်ဖို့သွားကြသလို၊ အသက် မွေးမှုကျောင်းတွေကလည်း ပိုလီတက်ကနစ်ကောလိပ်တွေကို သွားတက်ကြတာများတယ်။ အနည်းဆုံးတော့ ဘက်ချလာဘွဲ့တစ်ခုခု သို့မဟုတ် မာစတာဘွဲ့တွေအတွက် သွားတက်ကြတယ်။

ဖင်လန်နိုင်ငံမှာ အသက် ၂၅ နှစ်လောက်ရောက်မှ ဘွဲ့ရကြတာများတယ်။ တချို့နိုင်ငံတွေမှာက ဘဝ တစ်သက်တာပညာရေးတွေဆိုပြီး ပြောနေပေမယ့် ဖင်လန်နိုင်ငံသားတွေကတော့ ပညာသင်ကြားရေးဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ထားတာကြောင့် အရွယ်ရောက်လာရင် ပညာတတ်တွေ ဖြစ်သွားကြတယ်။ လုပ်ငန်းခွင်အတွက် အသင့်အနေအထားမှာ ရပ်တည်နိုင်သူတွေချည်းဖြစ်ပြီး ပညာတတ် ပေါများတဲ့နိုင်ငံဖြစ်နေတယ်။ သူတို့ ရထားတဲ့ဘွဲ့တွေဟာ သူတို့ဘဝအတွက်၊ သူတို့ အသက်မွေးမှုလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေကြတယ်။
ဖင်လန်နိုင်ငံကဆရာတွေဟာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေကများတယ်။ ပညာပေးမယ့် ဆရာတွေဟာ ပညာရေးမှာ လေးစားစရာကောင်းလောက်အောင် ဘွဲထူး ဂုဏ်ထူးတွေနဲ့ပြည့်စုံကြတယ်။ ဆရာတွေဟာ ဆရာအတတ်ပညာနဲ့ပတ်သက်ပြီးတော့လည်း သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ရတယ်။ ကျောင်းဂုဏ်နဲ့လိုက် အောင် ဆရာတွေကလည်း ကိုယ့်ဂုဏ်သိက္ခာကို အရည်အချင်းအစွမ်းပြပြီး လိုက်ပြိုင်ပြရတယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတော်ကနေ ဂုဏ်ပြုသတ်မှတ်ခံရတဲ့ဆရာတွေဖြစ်အောင် ကြိုးစားပြကြရတယ်။
ဖင်လန်နိုင်ငံပညာရေးစနစ်မှာ ဘွဲ့ရပြီး မာစတာ ဆက်တက်ခွင့်ရတဲ့ကျောင်းသားတွေဟာ စေတနာ့ဝန်ထမ်းပြန်ပြီးဆရာလုပ်ခွင့်ရတယ်။ သူတို့ဘာသာရပ်နယ်ပယ်မှာ သင်ကြားရင်းလေ့လာ ပြန်ပြီးပညာရှာကြရတယ်။ မာစတာတန်းဆက်တက်ဖို့ မမီတဲ့သူတွေကတော့ အထက်တန်း၊ မူကြိုတန်းတွေမှာ ပြန်ပြီး ဆရာလုပ်နိုင်တယ်။
ဖင်လန်နိုင်ငံက မိဘတွေဟာ ပညာရေးသည်သာ သူတို့သားသမီးတွေအတွက် အရေးအပါဆုံးလို့ လက်ခံထားကြတယ်။ ဒါကြောင့်လည်း ဆရာတွေကို အလေးထားကြတယ်။ မိဘနဲ့ ဆရာတွေရဲ့စိတ်ထဲမှာ ကိုယ့်သားသမီးက ကျောင်းမှာညံ့လာရင် သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ခံထားကြတယ်။ ဒါကြောင့် ညံ့တဲ့ကလေးအတွက် အပြစ်ကို ခံယူစရာရှိရင် မိဘနဲ့ ဆရာတွေကသာ ခံယူကြမယ်လို့ သဘောတူထားကြတယ်။ ဒါကြောင့် ဆရာတွေက ကျောင်းမှာ ကိုယ့်ကိုအပ်နှံထားတဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ လမ်းမှန်ညွှန်ပြ ဂရုစိုက်ကြရတယ်။

မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးက သင်္ချာရမှတ်ကောင်းကောင်းနဲ့ အိမ်ပြန်လာမှ ဆရာတွေကို အသိအမှတ်ပြုကြတယ်။ သူတို့နိုင်ငံမှာက သူတို့ သားသမီးတွေရဲ့အနာဂတ်ကို ဆရာတွေအပေါ် လုံးဝပုံအပ်ထားကြသလို၊ ဆရာတွေကလည်း ယုံမှတ်ပြီး ပုံအပ်ချင်စရာ စိတ်ဓာတ်၊ ပညာအခြေခံတွေ ကောင်းကြတယ်။ မိဘတွေအနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဆရာတွေကသာ ဖြည့်ဆည်ပေးနိုင်လိမ့်မယ်လို့ လည်း မှတ်ယူထားကြတယ်။
ဖင်လန်နိုင်ငံမှာ ကျောင်းသားတွေကိုယ်တိုင်က ဆရာတွေအပေါ် အလွန်လေးစားရိုသေကြတယ်။ ဒါပေမယ့် ဆရာတွေကိုတော့ နာမည်ကိုပဲခေါ်ပြီး ဆက်ဆံကြတယ်။ ဆရာနဲ့ကျောင်းသား နေ့လည်စာ အတူစားကြတယ်။ ကလေးတွေအတွက် နေ့လည်စာကို ကျောင်းတွေက အခမဲ့ကျွေးကြတယ်။
သူတို့နိုင်ငံမှာ ၅ တန်း မရောက်မချင်း ကလေးတွေကို အဆင့်ပေးပြီး သတ်မှတ်တာမရှိဘူး။ ၄ တန်း အထိ ကလေးတွေရဲ့ ပညာရည်တိုးတက်မှုကို ဆရာတွေကပဲ ပိုင်းဖြတ်သွားရတယ်။ ကျောင်းစာသင်နှစ် နောက်ဆုံးမှာ စာမေးပွဲတစ်ခုစစ်ပေမယ့် အဲဒီ စာမေးပွဲကရလဒ်ကို ကျောင်းသားတွေလည်းမသိရဘူး၊ မိဘတွေလည်း မသိရဘူး။ ဒီစနစ်က ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုပြီးရှိလာစေဖို့နဲ့ အထင်ကြီးလာစေနိုင်တယ်လို့ ယူဆထားကြတယ်။
တကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ပညာရေးမှာထူးချွန်လာရင် ပညာသင်ဆုတွေပေးတယ်။ ဆရာတွေက သားသမီးအပေါ် ဘယ်လိုပဲပိုင်းဖြတ်သည်ဖြစ်စေ အရည်အချင်းပြည့်ဝသူတွေလို့ လက်ခံထားကြတဲ့အတွက် သူတို့မှာ မိဘတွေနဲ့ ပြဿနာဖြစ်စရာလည်း မလိုကြဘူး။
ဆရာတွေက တစ်ပတ်တစ်ခါ စုဝေးပြီး ကျောင်းသားတွေအရေး ဆွေးနွေးလေ့ရှိကြတယ်။ ကလေးတွေရဲ့ အား နည်းချက်၊ အားသာချက်တွေကို ဒီ အစည်းအဝေးမှာ ပြောကြတယ်။ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ ဒီစနစ် ကို အစိုးရကျောင်း တွေထက်ပိုပြီး ဂရုစိုက်လုပ်လေ့ရှိကြတယ်။

ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒမှာ နိုင်ငံတော်က တာဝန်ယူပေးရတဲ့ စာမေးပွဲစနစ်ရှိတယ်။ ကိုယ့်ကျင့် တရားနဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးထားတယ်။ ဆရာက ကိုယ့်အတန်းကို ဘယ်လိုပုံစံနဲ့ ဒီနှစ်မှာ သွားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်လို သင်ထောက်ကူပစ္စည်းတွေထားမယ်၊ ဘယ်လိုစာအုပ်တွေ ထားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဖင်လန်မှာ ဖင်းနစ်ရှ် စကားနဲ့ ဆွီးဒစ်ရှ်စကားတွေကို ရုံးသုံးအဖြစ် သတ်မှတ်တယ်။ ပုံမှန်ကတော့ ဖင်းနစ်ရှ်စကားပဲ ပြောလေ့ရှိပေမယ့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှား စကားတွေလည်း ပြောကြတယ်။
သူတို့ကျောင်းတွေမှာ လှပအောင်ပြင်ဆင်မွမ်းမံထားကြတယ်။ အေးတဲ့နိုင်ငံဖြစ်လို့ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေမှာ မီးဖိုကြီးတွေ ထားပေးထားတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် နေချင်စရာ ပျော်ရွှင်တဲ့ ကမ္ဘာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ရိုင်းပြတဲ့ အပြုအမူ အပြောအဆိုကျင့်ကြံနေထိုင်မှုတွေလည်း မရှိကြဘူး။ ကျောင်းမှာပြဿနာတစ်ခုခုဖြစ်တာ မိဘတွေကိုပါ ဂယက်ရိုက်သွားနိုင်တာကြောင့် အရမ်းကို ဂရုစိုက်လေ့ရှိတယ်။
အိမ်စာဆိုတာ မဆိုစလောက်တွေပဲ လုပ်ကြရတယ်။ ကျောင်းလာတယ်ဆိုတာ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီးနဲ့ ပညာလာရှာကြတာလို့ သဘောထားကြတယ်။ ကျောင်းမှ သင်ကြားချိန်ကလည်း နည်းတယ်။ အမေရိကန်လိုနိုင်ငံတွေထက် ဆရာတွေ က ၄ဝ ရာခိုင်နှုန်းလောက် အလုပ်သက်သာတယ်လို့ တောင်ပြောကြတယ်။
ကျောင်းအုပ်ကြီးဆိုတာကိုလည်း ပညာအခြေခံ ကောင်းသူတွေကိုပဲ ခန့်လေ့ရှိတယ်။ ကျောင်းအုပ်ဆိုတာထက် general manager လို့သဘောထားကြတယ်။ တစ်ကျောင်းလုံး ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သင်ကြားရေးအားလုံးကို လိုက်ပြီးတာဝန်ယူ ဆောင်ရွက်ရတယ်။ ကလေးတစ်ယောက်ညံ့ရင် ဆရာအားလုံးတာဝန်ယူရတယ်။ သူတို့တစ်ပတ်တစ် ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကလေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြတယ်။ ပိုပြီးတော်တဲ့ ကောင်းတဲ့ အတန်းကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ ပြောင်းပေးကြတယ်။ အဲဒီမှာသင်တဲ့ဆရာတွေက လည်း တကယ့်အတော်ဆုံးဆရာတွေဖြစ်နေတတ်တယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းအုပ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဘာမှအဟန့်အတား အဆီးအတားတွေမရှိဘူး။ ပွင့်လင်းစွာဆက်ဆံပြောဆိုကြတယ်။
ဖင်လန်မှာ ဆရာတွေလစာကောင်းတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာတစ်ယောက်ရဲ့ တစ်နာရီဝင်ငွေဟာ ဒေါ်လာ ၄၅ နဲ့ ၅ဝ မှာရှိတယ်။ အထက်တန်းပြဆရာတွေဆိုရင် တစ်နာရီကို ဒေါ်လာ ၇၅ ကနေ ၈ဝ အထိရကြတယ်။ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၁၈ ယောက်ကနေ ၂ဝ အထိပဲ သင်ကြားပေးရတယ်။
သူတို့နိုင်ငံက လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့် ပညာသင်စရိတ်ဟာ သူတို့အတွက် အလွန်သက်သာတယ်လို့ပြောနိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေဟာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းကြတယ်။ ကျောင်းတွေကို အကောင်းဆုံးမွမ်းမံပြင်ဆင် ထူထောင်ထားကြပြီး သင်ကြားတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။
ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး ဟန်နာ ဗတ်ကူနန်ကတော့ သူတို့နိုင်ငံက လူတော်တွေထွက်တာကို ဘယ်လိုဂုဏ်ယူပြီး ပြောသွားသလဲဆိုရင်
''ကျွန်မတို့ဖင်လန်နိုင်ငံပညာရေးစနစ်က တကယ်တော်တဲ့သူတွေကို တကယ်ချီးမြှောက်တယ်။ ခုဆိုရင် ဘာသာရပ်အလိုက် ထူးချွန်သူတွေကို ဘယ်လို အထောက်အကူပေးရမလဲဆိုတဲ့ ရှေ့ပြေး စီမံချက်တွေကို စတင် အကောင်အထည်ဖော်နေပြီ'' လို့ ပြောဝံ့တဲ့အနေအထားကို ရောက်နေပြီ။
တင်ညွန့်

Ref : How Does Finland's Education Become The Best In The World?, by Vic Spencer
Source : မောက္ခပညာရေးမဂ္ဂဇင်း

Wednesday, 17 October 2012

သင်ယူမှု အတတ်ပညာ ( စာဖတ်နည်း scanning နှင့် skimming )

သင်ယူမှုအတတ်ပညာ(စာဖတ်နည်း scanning နှင့် skimming)

အားလုံးပဲမင်္ဂလာနှစ်သစ်မှာပျော်ရွှင်မှုအပေါင်း၊ အောင်မြင်မှုအပေါင်းနဲ့ပြည့်စုံကြပါစေ။ ညီငယ်ညီမငယ်တို့အတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် စာဖတ်နည်းစနစ်နှစ်မျိုးကိုတင်ဆက်လိုက်ပါတယ်။

ကျောင်းသားဘ၀တစ်လျောက်လုံးမှာ စာတွေအများကြီးဖတ်ခဲ့ရတယ်။ နောင်လည်းဖတ်ရဦးမယ်။
စာမေးပွဲတွေအများကြီးဖြေခဲ့ရတယ်။ နောင်လည်းဖြေနေရဦးမယ်။ ဒီတော့ ကျောင်းသားများမသိမဖြစ် လိုအပ်တဲ့စာဖတ်စွမ်းရည်များထဲက အရေးအကြီးဆုံး scanning နဲ့ skimming ဆိုတာကိုရေးချင်ပါတယ်။
ဒီစွမ်းရည်နှစ်ခုကို ကျောင်းသားအများစုကတော့ လေ့လာထားလို့ပဲဖြစ်ဖြစ်၊ မသိစိတ်နဲ့ပဲဖြစ်ဖြစ်
သိထားပြီးသားဖြစ်ပါတယ်။ ဘယ်လိုအသုံးချတယ်၊ ဘာကြောင့်အသုံးချတယ်ဆိုတာကိုသာ တွဲမသိကြတာပါ။  scanning  နဲ့ skimming ဟာ စာအုပ်၊ မဂ္ဂဇင်း၊ သတင်းစာ၊ အင်တာနက်စာမျက်နှာ စသည်တို့ကိုဖတ်ရာမှာ
စာလုံးတိုင်းကိုဖတ်နေစရာမလိုဘဲ လိုချင်တဲ့အကြောင်းအရာ၊ အချက်အလက်ရနိုင်အောင် အမြန်ဖတ်တဲ့
စာဖတ်နည်းနှစ်မျိုးဖြစ်ပါတယ်။ နှစ်မျိုးစလုံးအမြန်ဖတ်တာဖြစ်ပေမယ့် ဖတ်ပုံဖတ်နည်းကွာပါတယ်။

ဖတ်ရတဲ့စာအမျိုးအစား၊ ဖတ်ရတဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး scan လုပ်မလား skim
လုပ်မလားဆိုတာစဉ်းစားကြရမှာပါ။ ဒီနည်းနှစ်မျိုးကိုထိထိရောက်ရောက်အသုံးချနိုင်ပါက ကျောင်းသားများ
စာမေးပွဲဖြေရာမှာအလွန်အထောက်အကူပြုနိုင်ပါတယ်။ ရာထူးဝင်စာမေးပွဲတွေ၊တက္ကသိုလ်အရည်အချင်း စစ်စာမေးပွဲတွေ၊ IELTS, TOEFL လိုစာမေးပွဲဖြေမယ့်သူများအတွက်တော့ဒီစွမ်းရည်နှစ်ခုဟာသေရေးရှင်ရေး အရးတကြီးလိုအပ်လှပါတယ်။ အင်္ဂလိပ်စာစာမေးပွဲတိုင်းမှာ reading comprehension ပါလေ့ရှိပါတယ်။ မေးခွန်းပုံစံကတော့ True/False ရွေးတာ၊ Matching လုပ်တာ၊ မေးခွန်းကို short
answer, complete answer ဖြေရတာမျိုးတွေဖြစ်တတ်ပါတယ်။ 

ဒီမေးခွန်းကလေးကိုယ့်ဘာသာကိုမေးကြည့်ပါ။  readingcomprehension ဖြေတဲ့အခါမှာသင်ဟာစာပိုဒ်ကိုအရင်ဖတ်သူလား၊  မေးခွန်းတွေကိုအရင်ဖတ်သူလားလို့။
စာပိုဒ်ကိုအရင်ဖတ်သူဆိုရင်တော့ သင်ဟာဒီအလေ့အထလေးကိုပြင်ဖို့သင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့
စာမေးပွဲဟာအချိန်အကန့်အသတ်ရှိတဲ့အတွက် စာပိုဒ်ကိုအရင်ဖတ်နေရင် မေးခွန်းတွေဖြေဖို့ဘယ်လိုမှ အချိန်လောက်မှာမဟုတ်လို့ပါပဲ။
ဆိုကြပါစို့ IELTS စာမေးပွဲမှာဆိုရင် reading test မှာ စာပိုဒ်သုံးပိုဒ် စာလုံးရေ အနည်းဆုံး 2150 ကနေ 2750 ရှိပါတယ်။ ဒါမေးခွန်းကစာလုံးအရည်အတွက်မပါသေးပါဘူး။ ဒီတော့ အနည်းဆုံးစာလုံးရေ ၃၀၀၀လောက်ဖတ်ရမယ်။ မေးခွန်းကစုစုပေါင်းလေးဆယ်၊ ပေးထားတဲ့အချိန်က ၁ နာရီဆိုတော့ မေးခွန်းတစ်ခုကိုဖြေဖို့ အချိန် ၁ မိနစ်ခွဲပဲရပါမယ်။ scanning, skimming မသုံးဘဲ၊ test taking strategies မသုံးဘဲဆယ်တန်းစာမေးပွဲဖြေသလိုဖြေမယ်ဆိုရင်တော့ section တစ်ခုနဲ့တင်အချိန်ကုန်သွားနိုင်ပါတယ်။
Skimming ဆိုတာဘာလဲ
Skimming ဆိုတာ စာတစ်ပိုဒ်၊ တစ်မျက်နှာ၊ (သို့) ဆောင်းပါးတစ်ပုဒ်ကို အမြန်ဖတ်ကြည့်ပြီးတော့ တစ်ခုလုံးရဲ့ topic ယေဘုယျအကြောင်းအရာ ၊ main idea အဓိကဆိုလိုရင်း (သို့) ပဓာနအာဘော်ကိုရှာကြည့်ခြင်းပါပဲ။ Skim
လုပ်တဲ့အခါမှာ ပုံမှန်စာဖတ်နှုန်းထက် သုံးလေးဆ ပိုမြန်မြန်ဖတ်ပြီးခြုံငုံနားလည်အောင်အားထုတ်ရပါတယ်။
အသေးစိတ်တွေကို အာရုံစိုက်မနေပါဘူး။

ဘာအတွက်သုံးသလဲ
  • မနက်အိပ်ယာထလို့ကော်ဖီသောက်ရင်း သတင်းစာကောက်ကိုင်လိုက်မယ်။ (ကျွန်တော်တို့ဆီမှာတော့ သတင်းစာက နေ့လည် တစ်နာရီလောက်မှရောက်တယ်) ဒီကနေ့ကမ္ဘာမှာဘာတွေဖြစ်နေလဲ။ မြန်မာနိုင်ငံမှာသတင်းထူးတွေဘာတွေရှိနေလဲသိချင်တယ်။ ဒါဆို skim လုပ်ရမှာပေါ့။ သတင်းခေါင်းစဉ် (headlines) တွေလိုက်ဖတ်မယ်။ စိတ်ဝင်စားတဲ့သတင်းဆိုရင်ခပ်သွက်သွက်ကလေးဖတ်မယ်။ ပုံတွေကြည့်မယ်။ပုံအောက်ကစာဖတ်မယ်။ စာတစ်မျက်နှာပြီးတစ်မျက်နှာလှန်ကြည့်သွားမယ်။
  • စာအုပ်ဆိုင်မှာကိုယ့်အကြိုက်ဝတ္ထုစာအုပ်တစ်အုပ်ဝယ်ချင်တယ်။ ကောင်းမကောင်းဘယ်လိုဆုံးဖြတ်မလဲ။ဒါဆိုရင်လည်း skim လုပ်ရမှာပဲပေါ့။ စာရေးဆရာနာမည်ကြည့်မယ်။ စာအုပ်ခေါင်းစဉ်ကြည့်တာနဲ့ ဘာအကြောင်း အရာလဲ၊ အချစ်လား၊ အလွမ်းလား၊ သဲထိတ်ရင်ဖိုစွန့်စားခန်းလားသိနိုင်မယ်။ အရေးအသား သိချင်ရင် စာအုပ် ရှေ့ပိုင်းလေးနည်းနည်းဖတ်ကြည့်မယ်။ ကောင်မလေးနဲ့ကောင်လေးဘယ်လိုတွေ့ကြလဲဖတ်ကြည့်မယ်။ ဇာတ်ရှိန်ဘယ်လိုမြင့်လာလဲ။အလယ်ပိုင်းနည်းနည်းဖတ်ကြည့်မယ်။ဘယ်လိုဇတ်သိမ်းသွားလဲ။  နောက်ဆုံးစာမျက်နှာလေးဖတ်ကြည့်မယ်။ ဒါဆိုရင်တော့ ကိုယ်လိုချင်တဲ့ အဖြေရပြီပေါ့။ ဒါတွေဟာ နေ့စဉ်ဘ၀ထဲမှာskimလုပ်ပြီးစာဖတ်ရတဲ့ဥပမာတွေ ပဲပေါ့။ ကျောင်းသားတွေအတွက် ဆိုရင်လည်း အများကြီးပါ။ မေးခွန်းကိုကြည့်ပြီး skim လား scan လား ဆုံးဖြတ်နိုင်ပါတယ်။

Skimming ဘယ်လိုလုပ်မလဲ
* ခေါင်းစဉ်ကိုဖတ်ပါ။
* နိဒါန်း သို့မဟုတ် ပထမစာပိုဒ်ကိုဖတ်ပါ။
* စာပိုဒ်တိုင်းရဲ့ ပထမစာကြောင်းကိုဖတ်ပါ။
* ခေါင်းစဉ်တွေ ခေါင်းစဉ်ခွဲတိုင်းကိုဖတ်ပါ။
* ဓါတ်ပုံ၊ ဇယား၊ သရုပ်ပြပုံ၊ ဂရပ်တွေကြည့်ပါ။
* စာလုံးစောင်းတွေ၊ မျည်းသားထားတာတွေ၊ စာလုံးမည်းတွေကို ဂရုစိုက်ပါ။
* နောက်ဆုံးအကျဉ်းချုပ်(ပါလျှင်)၊ နောက်ဆုံးစာပိုဒ် ကိုဖတ်ပါ။

ဒါတွေဟာ skim လုပ်ရာမှာသုံးနိုင်တဲ့နည်းစနစ်ဘောင်လေးတစ်ခုပါ။ ကိုယ့်စိတ်ကြိုက်နည်းတွေလည်းစမ်းသပ်နိုင်ပါတယ်။ ဖတ်တဲ့အခါမှာ မျက်လုံးက စာကြောင်းရဲ့ ဘယ်ကနေညာကိုအမြန်ရွှေ့သွားပြီးဖတ်ပါတယ်။ မသိတဲ့စကားလုံးချန်ထားခဲ့ပါ။ function words တွေဖြစ်တဲ့ preposition, pronouns, conjunction, particles စတာတွေကိုမလိုအပ်ရင်ကျော်ဖတ်သွားပါ။ တစ်ချို့ကျတော့ လက်ညှိုးသို့မဟုတ်ဘောပင်ကိုစာရွက်ပေါ်မှာ ဘယ်ညာပြေးပြီးအဲဒီနောက်ကိုမျက်လုံးကလိုက်ဖတ်တတ်ပါတယ်။

Scanning ဆိုတာဘာလဲ
Scanning ဆိုတာစာထဲက ကိုယ်လိုချင်တဲ့အချက်အလက်တစ်ခုကိုအလျင်အမြန်ရှာဖွေနည်းဖြစ်ပါတယ်။ scan
လုပ်တဲ့အခါမှာ ကိုယ့်ခေါင်းထဲမှာမေးခွန်းတစ်ခုရှိနေရပါတယ်။ ဒီမေးခွန်းကိုဖြေနိုင်ဖို့စာပိုဒ်ထဲမှာလိုက်ရှာရပါတယ်။
မေးခွန်းရဲ့အဖြေမဟုတ်တဲ့၊ မဆိုင်တဲ့အရာတွေကိုဖယ်ထုတ်ပစ်ရပါတယ်။ skimming ယျေဘုယကိုရှာတယ်ဆိုရင် သူက အတိအကျကိုရှာပါတယ်။ scanning ဟာ ဖတ်တယ်ဆိုတာထက် ရှာတယ်လို့ဆိုရင်ပိုမှန်ပါလိမ့်မယ်။

ဘာအတွက်သုံးသလဲ
  • ဆီဒိုးနားဟိုတယ်ရဲ့ဖုံးနံပါတ်လိုချင်တယ်ဆိုပါစို့။ Yangon Directory သို့မဟုတ် YllowPages တစ်အုပ် ကောက်ကိုင်လိုက်မယ်။ ဟိုတယ်ဆိုတော့ H နဲ့စတဲ့စာမျက်နှာကိုတန်းဖွင့်လိုက်မယ်။ Ha ကနေHiနဲ့စတာတွေကိုယ်မလိုဘူး။ Hotelဆိုတာတွေရင် Se နဲ့စတာကိုခုန်ကျော်ကြည့် မယ်။ တွေ့ရင်ခေါင်းစဉ်တွေ၊ ကြော်ညာစာသားတွေ၊ သူ့ရဲ့ဝန်ဆောင်မှုအကြောင်းရေးထား တာတွေကြည့်ဖို့မလိုဘူး။ ဆက်သွယ်ရန် ဆိုတဲ့နားကဂဏန်းဟာ ကိုယ့်မေးခွန်းရဲ့အဖြေဆိုတာသိလိုက်ပြီ။
  • မနေ့ညက ကန်ခဲ့တဲ့ ရီးရဲမက်ဒရစ်နဲ့ဘာစီလိုနာတို့ရဲ့ပွဲမှာ ဘယ်သူနိုင်သလဲ။ ဘယ်နှဂိုးသွင်းသလဲ၊ ဘယ်သူသွင်းသလဲသိချင်တယ်။ ဘောလုံးဂျာနယ်တစ်စောင်ယူလိုက်မယ်။ မျက်နှာဖုံးမှာ ရီးရဲ-ဘာစီ ဆိုတဲ့ခေါင်းစဉ်ကြီးကိုရှာတယ်။ ခေါင်းစဉ်ရဲ့ဘေးနားမှာ စာမျက်နှာနံပါတ်ရေးထားမယ်။ အဲဒီစာမျက်နှာကို တန်းလှန်မယ်။ ဘယ်သူနိုင်သလဲ ဆိုတော့အသင်းနာမည်၊ ဘယ်နှဂိုးဆိုတော့ ဂဏန်း၊ ဘယ်သူသွင်းသလဲဆိုတော့ ဘောလုံးသမားနာမည် စတာတွေကို လိုက်ရှာမယ်။ ဒါဟာလည်းနေ့စဉ်ဘ၀ထဲက scan လုပ်တဲ့ဥပမာတွေပါပဲ။
Scanning ဘယ်လိုလုပ်မလဲ
* ကိုယ်ရှာချင်တာဟာဘာလဲဆိုတာသိအောင်လုပ်ရမယ်။ နာမည်လား၊ ကိန်းဂဏန်းလား၊ နေ့စွဲလား။
* အဖြေဟာဘယ်နေရာလောက်မှာ ရှိနိုင်သလဲ ဘယ်လိုပုံစံနဲ့ရှိနိုင်လဲဆိုတာ ခန့်မှန်းကြည့်ပါ။ ဥပမာ 
  သမ္မတကြီးအေဗရာဟမ်လင်ကွန်းအကြောင်းရေးထားတဲ့စာအုပ်ထဲမှာ သူရဲ့မွေးသက္ကရစ်ကိုသိချင်ရင် မာတိကာ  
  (Table of Content) မှာ Early Life ဆိုတဲ့ကဏ္ဍမှာရှိမှာပါ။အဲဒီကဏ္ဍရှိတဲ့စာမျက်နှာကိုရှာရ
  ပါမယ်။ မွေးသက္ကရစ်ဆိုတော့ဂဏန်းခြောက်လုံး၊ သို့မဟုတ် ရက်-လ-နှစ် ဂဏန်းနဲ့စာတွဲထားတာပဲဖြစ်ရ
  မယ်ဆိုတာခန့်မှန်းတတ်ရပါမယ်။
* ကိုယ်ရှာချင်တဲ့အချက်အလက် ရှိနေနိုင်တဲ့ ခေါင်းစဉ်ခွဲတွေ၊ရှာဖွေရာမှာတခြားအထောက်အကူပြုမယ့် 
   အရာတွေကိုအသုံးချပါ။
* လိုအပ်တာပဲရွေးဖတ်ပါ။

scan လုပ်ရာမှာ skim လုပ်သလိုမျိုးပဲ လက်ညှိုးသို့မဟုတ် ဘောပင်သုံးကာ ဘယ်ညာ၊ ထက်အောက် ဖြစ်စေဒေါင့်ဖြတ်ဖြစ်စေ ဖတ်နိုင်ပါတယ်။ တစ်ချို့ကျတော့လည်းဒါကိုသဘောမကျဘူး။ ကျွန်တော်တက္ကသိုလ်မှာတုန်းက အတန်းထဲကသူငယ်ချင်းတစ်ယောက်က ဒီလိုမျိုး ဘောပင်လေးထောက်ပြီးဖတ်လေ့ရှိတယ်။ ဒါကို ဆရာမတစ်ယောက်က irritating reading habit လို့ဝေဖန်ပါတယ်။ အဲဒီနေ့ကျောင်းကပြန်အရောက်မှာပဲ ကျွန်တော် အင်တာနက်မှာ speed reading, reading teachniques စတာတွေကိုရှာဖတ်ပါတယ်။ အဲဒီလိုဖတ်လိုက်မှပဲ အဲဒီဆရာမပြောတာ ၁၀၀ % မမှန်ဘူးဆိုတာနားလည်လိုက်ပါတယ်။ skimming aid အဖြစ် လက်ညှိုးသို့မဟုတ် ဘောပင်သုံးတာထောက်ခံတဲ့ဆောင်းပါးတွေအများကြီးပါ။ မထောက်ခံတဲ့ဆောင်းပါးတွေလည်းရှိပါတယ်။
ဆိုလိုချင်တာက မြတ်စွာဘုရားရဲ့ ကာလမသုတ် ထဲကလို ကိုယ်တိုင်ကျိုးကြောင်းဆင်ခြင်စမ်းသပ်ဖို့လိုပါတယ်။
ကျွန်တော်ရေးတဲ့ဆောင်းပါးတွေဟာလည်း ကျွန်တော့်ရဲ့တစ်ထွာတစ်မိုက်ပညာလေးနဲ့ရေးထားတာဖြစ်တဲ့အတွက်
ချို့ယွင်းချက်တွေအများကြီးရှိမှာပါ။ စာဖတ်သူများအနေနဲ့ကျွန်တော့်စာထဲကအချက်အလက်တစ်ချို့ကို ဖတ်ပြီးဆက်လက်စမ်းစစ်ကြည့်ချင်စိတ်၊ လေ့လာချင်စိတ်ပေါ်လာရင်ရေးရကျိုးနပ်ပြီလို့ယူဆပါတယ်။

speed reading
content words and function words
key words
စတာတွေကိုရှာဖွေမြည်းစမ်းကြည့်ပါဦးလို့တိုက်တွန်းလိုက်ပါတယ်။


ဇာနည်(MyWay!)

 
Ref:

(From College Reading and Study Skills and
Academic Reading and Study Skills for International Students)

Skimming and Scanning
Written by Chris Cotter  
http://www.headsupenglish.com/index.php?option=com_content&task...

Reading Skills: Scanning Vs. Skimming
By Martin Malcolm, eHow Contributor
http://www.ehow.com/about_6533094_reading-skills_-scanning-vs_-skim...




Ref: http://hausian.blogspot.com/2012/01/scanning-skimming.html

Saturday, 13 October 2012

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀



သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

သို့ရာတွင် သူတပါးကို ဝေဖန်သည့်အခါ အပြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ရတတ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အကဲဖြတ်ရာတွင် အမှတ်ပေးစနစ်ကို အသုံးပြုရန် လိုသည်။ ယခုအခါ အလှမယ်ရွေးပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ လူရွေးပွဲ၊ စာပေပြိုင်ပွဲ စသည်တို့တွင် အကဲဖြတ်များထား၍ ထိုအကဲဖြတ်များက ကောင်းခြင်း၊ စိတ်ကျေနပ်မှုရခြင်းတို့ကို သီးခြားအမှတ်ပေး၍ ဆန္ဒပြုကြရပေသည်။ အမှတ်ပေးရန် စံများကိုလည်း ဦးစွာ ညှိနှိုင်းရေးဆွဲ၍ ထိုစံအတိုင်း အကဲဖြတ် အမှတ်ပေးလေ့ ရှိကြသည်။

ထိုနည်းတူ မိမိကိုယ်ကို မိမိ စိစစ်အမှတ်ပေးရန်အတွက် စံများ သို့မဟုတ်-ကောင်းခြင်းလက္ခဏာများကို သတ်မှတ်ရွေးချယ်၍ ထိုအချက်များပေါ်တွင် အမှတ်ပေးကြည့်လျှင် ပို၍တိကျစွာ သိရှိအကဲဖြတ်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် အမှန်အကန် အမှတ်ပေးရန်ကား လိုမည်ဖြစ်ပေသည်။

မိမိကုယ်ကိုယ်နှင့်ပတ်သက်၍ စိစစ်သုံးသပ်ရန် အချက်များကို အောက်ပါအတိုင်း သတ်မှတ်ကြည့်ပြီး အမှတ်ပေးကြပါစို့။ သင့်ကိုယ်သင် အမှတ်ပေး၇န်ပင် ဖြစ်သည်။ အကဲဖြတ်ရန် စံများမျာ အောက်ပါအတိုင်း ဖြစ်ပေသည်။
၁။ သင်သည် နံနက်စောစော ထတတ်သူလော
၂။ နေ့စဉ် သင့်အလုပ်ကို အစီအစဉ်ဆွဲ၍ လုပ်ကိုင်ပါသလော
၃။ အလုပ်ကို တခြားအရာများထက် ဦးစားပေးပါသလော
၎။ အလုပ်လုပ်ရမည်ဆိုလျှင် ချက်ချင်း စိတ်တက်ကြွမှု ရှိပါသလော
၅။ အလုပ်ကို ဆိုင်းတွ၍မရ၊ မလွှဲမရှောင်သာမှ လုပ်တတ်ပါသလော
၆။ အလုပ်မှန်က ငွေရသည့်အလုပ်ကိုသာ လုပ်လိုပါသလော
၇။ သင့်မှာ ဇွဲလုံ့လ ရှိပါသလော
၈။ မိမိလုပ်ရမည့်အလုပ်ကို စိတ်ပါဝင်စားအောင် ကြိုးစားစိတ်သွင်းပါသလော
၉။ သင့်မှာ မကောင်းတတ်၍ လုပ်ရသောအလုပ်မျိုး ရှိပါသလော
၁၀။ သင်လုပ်မည့်အလုပ်အတွက် အကျိုးအပြစ်ကို ကြိုတင်တွက်ဆမိပါသလော
၁၁။ သင် အချိန်ကို အလေးထားပါသလော
၁၂။ ဘာမှမလုပ်လိုက်ရဘဲ ကုန်ဆုံးသွားသောအချိန်မျိုး ရှိပါသလော
၁၃။ သင် တနေ့၊ တလ ကုန်တိုင်း ဘာလုပ်ခဲ့သည်၊ ဘာဖြစ်လာသည်ကို စိစစ်ဖူးပါသလော
၁၄။ သင် စေးနှဲခြင်းနှင့် ချွေတာခြင်းကို ခွဲခြားနားလည်ပါသလော
၁၅။ သင် ချွေတာမိသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသလော
၁၆။ သင် မသုံးစွဲသင့်သော နေရာတွင် မသုံးဘဲ နေနိုင်ပါသလော
၁၇။ သင် ပိုက်ဆံတပြားမှ မကုန်ကျသောနေ့ ရှိဖူးပါသလော
၁၈။ သင်၏အိမ်ထောင်အတွက် ရသုံးငွေစာရင်း ထားရှိပါသလော
၁၉။ သင် ဝယ်ယူထားသည့် ပစ္စည်းကို သုံးမရသည်အထိ အသုံးပြုပါသလော
၂၀။ အရာရာကိုမြင်လျှင် လိုချင်တပ်မက်မှု ရှိပါသလော
၂၁။ သင်၏အလိုကို ဖျောက်ဖျက်၊ ချုပ်တီး၍ရခဲ့သော အတွေ့အကြုံ ရှိပါသလော
၂၂။ သင့်မှာ မိတ်ဆွေကောင်းဟု သတ်မှတ်နိုင်သူ ရှိပါသလော
၂၃။ သင့်မိတ်ဆွေကို အမှတ်တရ ကူညီဖူးပါသလော
၂၄။ သင် တခြားသူကို အကူအညီမတောင်းဘဲ နေဖူးပါသလော
၂၅။ သင့်မှာ ကိုယ်ချင်းစာမှု၊ စာနာမှု ရှိပါသလော
၂၆။ သင် သူတပါးကို အပြစ်တင်ဖူးပါသလော
၂၇။ သင့်ကိုသင်ရော အပြစ်တင်မိပါသလော
၂၈။ သင့်စိတ်ထဲက နောင်တရမိပါသလော
၂၉။ သင့်ကိုသင် ငါမှာသွားပြီဟု သတိရဖူးပါသလော
၃၀။ သင့်မှာ ရောင်ရဲမှု ရှိပါသလော
၃၁။ သင် သည်းခံတတ်သူဖြစ်ပါသလော
၃၂။ သင် ရုတ်တရက် ဒေါသထွက်တတ်ပါသလော
၃၃။ သူတပါး ဝတ်စားနေသည်ကို မနာလို ဖြစ်မိပါသလော
၃၄။ သင် ရန်ငြိုးထားသောသူ ရှိပါသလော
၃၅။ သင် သူတပါးကို သင်္ကာမကင်း ဖြစ်မိပါသလော
၃၆။ သင် ယုံမှတ်မှုကြောင့် အကျိုးယုတ်ခဲ့ဖူးပါသလော
၃၇။ သင် မယုံကြည်မီ စဉ်းစားဝေဖန်ခဲ့ဖူးပါသလော
၃၈။ သင့်ကို လူတိုင်း ယုံကြည်ကြမည်ဟု မှတ်ထင်ပါသလော
၃၉။ အရာရာတွင် သင်မှန်သည်ဟု မျက်စိမှိတ် ယုံကြည်ပါသလော
၄၀။ သူတပါး အပြစ်ထောက်ပြလျှင် စိတ်ဆိုးတတ်ပါသလော
၄၁။ သင် ချီးမွမ်းခံချင်ပါသလော
၄၂။ သင် အမြှောက်ကြိုက်ပါသလော
၄၃။ သင် စိတ်တိုတတ်ပါသလော
၄၄။ သူတပါး အကူအညီမပေးလျှင် စိတ်နာကြည်းတတ်ပါသလော
၄၅။ သင် စိတ်ဓာတ်ကျဖူးပါသလော
၄၆။ လူတိုင်းကို သင့်အလိုကျ ဖြစ်စေပါသလော
၄၇။ လောကတွင် ဖြစ်နိုင်သောအရာ၊ မဖြစ်နိုင်သောအရာကို သိနားလည်ပါသလော
၄၈။ သင့်ကို ဘယ်နေရာတွင် အပြစ်တင်ကြသည်ကို သိပါသလော
၄၉။ သင် ရက်ချိန်းကတိ တည်ပါသလော
၅၀။ သင် ကြွေးထူဖူးပါသလော
၅၁။ သင်ကိုယ်တိုင် မတတ်နိုင်သည့်အခါမှ အကူအညီတောင်းပါသလော
၅၂။ သူတပါးထံမှ အလကားရဖို့ကိုသာ မျှော်လင့်မိပါသလော
၅၃။ သင့်မှာ မဟုတ်မခံစိတ် ရှိပါသလော
၅၄။ သင် သူတပါးကို မျက်စိမှိတ်၍ အပြစ်တင်တတ်ပါသလော
၅၅။ သင် စိတ်ကူးထုတ်ဖူးပါသလော
၅၆။ သင် သူတပါးကို ဝေဖန်တတ်ပါသလော
၅၇။ သငက် သူတပါးကို အကြံပေးရန် ဝါသနာပါသလော
၅၈။ သင့်ဝါသနာလုပ်ငန်းမှ ဝင်ငွေရရှိဖူးပါသလော
၅၉။ သင် သူများတကာထက် ထူးချွန်လိုစိတ် ရှိပါသလော
၆၀။ သင့်မှာ သူတပါးထက်သာသည့် အရည်အသွေးရှိသည်ဟု ထင်မြင်ပါသလော
၆၁။ သင် ပတ်ဝန်းကျင်နှင့် သင့်တင့်ပါသလော
၆၂။ သင် သူတပါးကို ထိထိရောက်ရောက် ကူညီဖူးပါသလော
၆၃။ သင့်ကို ကျေးဇူးမတင်၍ စိတ်ကွက်ဖူးပါသလော
၆၄။ သင့်ကျန်းမာရေးကို သင် ဂရုစိုက်ပါသလော
၆၅။ သင့်အစားအစာတွင် အာဟာရဓာတ် ပါ-မပါ စိစစ်ကြည့်ဖူးပါသလော
၆၆။ သင် နာမကျန်းဖြစ်လျှင် ဆေးဖိုးနှမြောတတ်ပါသလော
၆၇။ သင် ကျန်းမာရေးလေ့ကျင့်ခန်း တခုခု ပြုလုပ်ဖူးပါသလော
၆၈။ သင် မတည့်သောအစာကို ငန်းငန်းတက် မက်မောပါသလော
၆၉။ သင် ဆေးလိပ်၊ အရက် သောက်ပါသလော
၇၀။ သင်၏ဝင်ငွေကို အလဟဿ ဖြုန်းတီးဖူးပါသလော
၇၁။ သင် မလုပ်ရရင် မနေနိုင်လောက်အောင် စွဲနေသည့် ဆန္ဒ တခုခုရှိပါသလော
၇၂။ သင် စာဖတ်ဝါသနာပါသလော
၇၃။ သင် စာအုပ်ကောင်းကို ခွမြင်တတ်သောအကျင့် ရှိပါသလော
၇၄။ သင့်မိသားစုကို ဒုက္ခပေးဖူးပါသလော
၇၅။ သင် လူတော်လူကောင်းအဖြစ် ဂုဏ်ယူလိုပါသလော
၇၆။ သင် ဘာသာတခုခုကို ယုံယုံကြည်ကြည် ကိုးကွယ်ပါသလော
၇၇။ သင် ယုံကြည်မှုမရှိဘဲ လုပ်ကိုင်နေဖူးပါသလော
၇၈။ သင်၏စာရိတ္တကို တန်ဖိုးထားပါသလော
၇၉။ သင် လူမသိသောပြစ်မှု တခုခု ကျူးလွန်ဖူးပါသလော
၈၀။ သင် အမှားကို ဝန်ခံရန် ဝန်လေးပါသလော
၈၁။ သင် မသိပါဟု အမှန်ကို ပြောရဲပါသလော
၈၂။ သင် မကောင်းမှုပြုလုပ်ရန် ဝန်လေးပါသလော
၈၃။ သူတပါး စိတ်မချမ်းသာအောင် သင်လုပ်ဖူးပါသလော
၈၄။ သင် သူတပါးကို ကောင်းရာကောင်းကြောင်း တိုက်တွန်းခဲ့ဖူးပါသလော
၈၅။ သင့်မှာ စွဲပိုက်လိုက်နာသော ဆောင်ပုဒ်ရှိပါသလော
၈၆။ သင် ကောင်းမှုတွင် ဝါသနာပါသလော
၈၇။ သင် သူတပါးကို မကောင်းကြံခဲ့ဖူးပါသလော
၈၈။ သင် စံနမူနာယူသော ပုဂ္ဂိုလ်တဦးတယောက် ရှိပါသလော
၈၉။ သင် မိုက်မှား၍ ဆုံးမသည်ကို လိုလိုချင်ချင် လက်ခံတတ်ပါသလော
၉၀။ သင့်ကိုယ်သင် အပြစ်ရှာကြံ တင်ဖူးပါသလော
၉၁။ သင် ဗဟုသုတ ရှာဖွေဆည်းပူးပါသလော
၉၂။ သင် သူတပါးကို ဆရာတင်ရသည်ကို ဂုဏ်ငယ်သည်ဟု မှတ်ယူပါသလော
၉၃။ သင် မဆင်မခြင် အားတနာတတ်ပါသလော
၉၄။ သင် ဆတ်ဆတ်ထိမခံ စိတ်တိုတတ်ပါသလော
၉၅။ ဘဝပန်းတိုင် ဦးတည်ချက် ရှိပါသလော
၉၆။ သင် နေ့တိုင်း အကျိုးအမြတ် တခုခုရအောင် ကြံဆောင်ပါသလော
၉၇။ သင် မဆင်ခြင်ဘဲ သူတပါးကို အတုယူတတ်ပါသလော
၉၈။ သင် ဖြီးဖြန်းည“လိမ်ညာတတ်ပါသလောဒ
၉၉။ သင် သတိမေ့လျော့တတ်ပါသလော
၁၀၀။ သင့်ရည်မှန်းချက်များကို ဆောင်ရွက်ပြီးပြီလော

မေးစရာမေးခွန်းများကား များပြားလှပေသည်။ ဤမေးခွန်းများကို ပရိသတ်အလယ်တွင် ဖြေနိုင်သည်လည်း ရှိမည်၊ မည်သူမျှ မကြားအောင် ကိုယ့်စိတ်ထဲက ကိုယ်တယောက်တည်းသာသိအောင် ဖြေလိုသည်မျာလည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ အမှန်ကို မဖြေဆိုရဲသည်လည်း ရှိမည်။ သင့်ကိုယ်သင် စစ်တမ်းထုတ်ခြင်းဖြစ်၍ ရဲရဲရင့်ရင့် ဖြေဆိုသင့်ပေသည်။

တချို့မေးခွန်းကို ဟုတ်ကဲ့-ဟူ၍၄င်း၊ တချို့မေးခွန်းကို ဟင့်အင်ဒ-ဟူ၍၄င်း၊ ဖြေဆိုရပေလိမ့်မည်။ မည်သည့်အဖြေသည် လိုလားဖွယ်ဖြစ်သည်ကိုလည်း သင်သိရှိထားရပေမည်။ လိုလားဖွယ်၊ အကျိုးရှိဖွယ်ကို သင်ခွဲခြားနိုင်ပေမည်။ ဤမေးခွန်းများကို ဟုတ်တိုင်းမှန်ရာ ဖြေကြည့်ပြီးသောအခါ အော်---ငါ့မှာ ဘာတွေ ချွတ်ယွင်းနေပါကလား၊ ဘယ်နေရာမှာ ပြည့်စုံပြီး၊ ဘယ်နေရာမှာ ချို့တဲ့နေပါကလား၊ ငါ ဘယ်လောက်ပြုပြင် ဖြည့်ဆည်းဖို့ လိုနေပါသေးသလဲ-ဟု ကွက်ကွက်ကွင်းကွင်း သိမြင်လာမည် ဖြစ်ပေသည်။

မလိုအပ်သော ပြစ်ချက်များရှိနေမည်ဆိုလျှင် ရှောင်ရှားရန် ကြိုးစားရပေလိမ့်မည်။ ငါ လူကောင်းလား၊ လူညံ့လား၊ လူယုတ်မာလား၊ သူတော်ကောင်းလား၊ ဆိုသည်ကို အမှုမဲ့ အမှတ်မဲ့နေ၍ မသိနိုင်ပေ။ သေသေချာချာ မေးခွန်းထုတ်၍ အမှန်ကို ကြိုးစားအဖြေထုတ်ကြည့်မှ ရုပ်လုံးပေါ် သိမြင်လာပေမည်။ ငါ ဘာတွေတော်သည်၊ ဘာတွေ ရှော်သည်၊ ဘာတွေ ကောင်းသည်၊ ဘာတွေ ဆိုးသည်-တို့ကို ကွဲကွဲပြားပြား သိရပေမည်။ သာမန်အားဖြင့် စဉ်းစားလျှင် ငါ ကောင်းသားပဲ၊ ငါ အဆိုးကြီး မဟုတ်ပါဘူး-ဟု ထင်မှတ်မိမည်သာ ဖြစ်ပေသည်။

အလွန်ကျန်းမာနေသည်ဟု ထင်ရသောလူတယောက်ကို ဆေးစစ်ကြည့်သောအခါတွင် ဆီးတွင် ယူရစ်အက်ဆစ်များနေသည်၊ သွေးခုန်နှုန်း မြင့်နေသည်၊ နှလု့းသွေးကြော ကျဉ်းနေသည်၊ အရိုးခြင်ဆီဓာတ် ခန်းခြောက်နေသည်၊ မျက်စိ မှုန်ဝါးနေသည်၊ နားအကြားအာရုံ နည်းနေသည်၊ အသည်းတွင် အဆီဖုံးနေသည်၊ နံရိုးတချောင်း အက်နေသည် စသည်ဖြင့် အပြစ်အနာအဆာများကို တန်းစီတွေ့မြင်ရတော့ သည်။ အိပ်ရာထဲ လဲနေလောက်အောင် ထူးထူးထွေထွေ ခံစားမှုဝေဒနာ မပေါ်သေးသော်လည်း ပေါ့ပေါ့ဆဆ မပြုပြင် မကုသဘဲ နေခဲ့သော် မရှုမလှခံစားရမည့် အလားအလာရှိနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။

လူတရာလျှင် ၉၉-ယောက်က ကျွန်တော် လူတော်၊ လူကောင်း၊-ဟု မိမိကိုယ်ကို မိမိ သိနားလည် မှတ်ယူနေမည်သာ ဖြစ်ပေသည်။ သေသေချာချာ စစ်တမ်းထုတ်ကြည့်လျှင် သူလိုငါလို အပြစ်အနာအဆာကလေးမျှမက မချို့တဲ့သင့်သော အချက်များ ချို့တဲ့ပြီး၊ မဖြစ်ပွားသင့်သော အရာများ ဖြစ်ပွားနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရမည် ဖြစ်ပေသည်။ ထိုအခါမှ ကျွန်တော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ဘူး-ဟူ၍ မှတ်ချက်ချမိပေမည်။

ဥပမာ-လုံ့လဝီရိယ မရှိခြင်း၊ မိမိကိုယ်ကိုမိမိ ထင်တလုံးနှင့် ကျေနပ်နေခြင်း၊ ဘယ်အခါမျှ နောင်တ မရတတ်ခြင်း၊ စသည့် ချို့တဲ့ချက်များက လူတလုံး သူတလုံး ဖြစ်ထွန်းရေးကို အမြစ်မှ လှန်ချိုးပစ်မည့် အပြစ်များဖြစ်၍ မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာနိုင်ပေ။ ပြစ်မှုတရာရှိနေမှ အပြစ်ရှိသူ မဟုတ်ပေ၊ အားလုံးသော မေးခွန်းများကို ချွင်းချွက်မရှိ မလိုလားအပ်သည့် အဖြေမျိုးချည်း ပေးနေမည်ဆိုပါက လူ့လောကတွင်ပင် အသက်ရှင် နေထိုက်တော့မည် မဟုတ်ပေ။

အများအားဖြင့် လူများသည် အလုံးစုံ အဆိုးချည်း ဖြစ်မည်မဟုတ်ပေ၊ အမေးရှိမှ အဖြေရီသည်ဖြစ်၍ ဖြေကြည့်မှလည်း အဖြေကို သိရလိမ့်မည် ဖြစ်ပေသည်။

ငါ့ကိုယ်ငါ ဟုတ်လှပြီ ထင်နေတာ၊ စိစစ်ကြည့်တော့မှ မဟုတ်သေးတာကို တွေ့လာရတယ်-ဟူ၍ စဉ်းစားမိနိုင်ပေသည်။ ရာနှုန်းပြည့် လူတော်လူကောင်း မဖြစ်ခဲ့သည့်အတွက် စိတ်ပျက်စရာ မလိုပေ။ ယခု စိစစ်ကြည့်၍ ပြုပြင်သင့်သည်ကို ပြုပြင်ရမည်ဖြစ်သည်။ မနေ့က ငါ လူညံ့ဖြစ်ခဲ့ပြီ၊ နက်ဖြန်တွင် လူတော်ဖြစ်ရမည်-ဟူသော စိတ်မျိုးထား၍ ပြုပြင်ဖြည့်ဆည်းရမည် ဖြစ်ပေသည်။

လှသမိန်
( Lifestyle 1999-July)






ref:http://hausian.blogspot.com/2012/01/blog-post_31.html
 

Tuesday, 2 October 2012

အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်

အလုပ်အကိုင်အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်


မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရှိနေပါတယ်။ ရှားတယ်လို့လည်း ဆိုကြ ပြန်ပါတယ်။ စာဖတ်သူအချို့ အလုပ်ဝင် နေပြီထင်တယ်။ အချို့ လည်း အလုပ်ရှာနေ ဆဲ ဖြစ်မယ်ထင်တယ်။ သို့တည်း မဟုတ် အလုပ် တွေတစ်ခုပြီးတစ်ခု ဝင်လိုက်ထွက် လိုက် ဖြစ်နေသူများလည်း ရှိမယ် ထင်ပါတယ်။ ဒါဟာ မြန်မာပြည် မှာ တော်တော်ဖြစ်နေ တဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။

လုပ်ငန်းရှင်များဘက်မှ ထွက်လာတဲ့ စကားက ဒီလိုပါ။ ဝန်ထမ်းတွေ အသုံးမကျဘူး။ လခတော့ ပိုယူချင်တယ်။ လုပ်သားဘက်က ထွက်လာတဲ့ စကားကလည်း တို့သူဌေး လူလည် ကျတယ်။ လခနည်းတယ်။ အစရှိသဖြင့် လုပ်ငန်းရှင်နဲ့ လုပ်သားကြား ကွန်းဖလင့်တွေ ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ မြန်မာပြည်မှာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်စေခြင်း ဖြစ်ပါတယ်။ အလုပ်ရပြန်တော့လဲ နှစ်ဦးနှစ်ဖက် အဆင်မပြေမှု များကြောင့် လိုသလောက် ခရီးမရောက်ပဲ လုပ်ငန်းမတွင်ကျယ်၊ လုပ်သား အသုံးမကျ ဖြစ် ရပါတယ်။ ဒီတော့ လုပ်သားနဲ့ လုပ်ငန်းရှင်တို့ သိရှိရမယ့် အခြေခံအချက်တို့ ရှိလာပါတယ်။

လုပ်သား (ဝန်ထမ်း)

စာဖတ်သူတို့ အလုပ်လျှောက်နေပြီလား။ အလုပ်ရရင်ပြီးရော အသိ၊မိတ်ဆွေ သွင်းပေးလို့ သွားလိုက်တာမျိုးက ခပ်များများဖြစ်နေပါတယ်။ အချို့ ကျတော့လည်း ကိုယ်တိုင် အပင်ပန်း ခံသွားလျှောက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆိုရင် အင်တာဗျူးဝင်ရပါမယ်။ အင်တာဗျူးဟာ လုပ်သားတစ်ဦးရဲ့  အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါ တယ်။ တော်တော် များများ အင်တာဗျူး မြင်ဖူးပါတယ်။ ဟုတ်ကဲ့။ အင်း၊ ဟုတ်၊ အဲ၊ ဟို အစရှိသဖြင့် ကိုယ့်ကိုယ် ယုံကြည်ချက်မရှိတဲ့ လေသံနဲ့ အင်တာဗျူးခံ ဝင်သူများရှိပါတယ်။ ဒါမျိုးလုံးဝ မလုပ်ပါနဲ့။ ကိုယ်က အလုပ်ရချင်လို့ လာတာမှန်ပါတယ်။ ကျွန်လုပ်ရန် လာတာမဟုတ်ပါ။ ကိုယ့်တတ် ထားတဲ့ ပညာကို သူ့ရဲ့  လုပ်ငန်းဆောင်တာမှာ ပြန်လည်အသုံးချခြင်းသာ ဖြစ်ပြီး မိမိ ပညာနဲ့ အလုပ်အား ငှားရမ်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ငှားရမ်းသူဖက်က ရင်ကော့ခေါင်းမော့နေနိုင်ပါတယ်။ အမူအရာကို မဆိုလိုပါ။ မိမိရဲ့ စိတ်ထဲမှာ ယုံကြည်မှု ရှိနေဖို့ ဖြစ်ပါတယ်။

အင်တာဗျူးပြီဆိုပါစို့။ မေးသမျှကို အင်း၊အဲ လုပ်ပြီးဖြေတာမျိုးမဟုတ်ပဲ သာမန်လူတစ်ဦးအား စကားပြောသလို ပြောဆိုနိုင်ပါတယ်။ အသက်ကြီးသူဆိုရင်တော့ ယဉ်ကျေးစွာနဲ့ေ တာ့ ပြောဆိုရပါမယ်။ အင်တာဗျူးသူကို ပြောခွင့် အများကြီး မပေးပါနဲ့။ သူမေးလိုက် တဲ့ မေးခွန်းတစ်ကြောင်းတိုင်းက ဟုတ်၊ အင်းတို့နဲ့ပဲ ဖြေနေရရင် ကိုယ့်ရဲ့  အင်ပရက် ရှင်ဟာတော်တော်လေးကျနေပါပြီ။ မိမိလုပ်ခဲ့တာတွေကို တစ်ခုချင်းဆီ ဂုဏ်ယူ စွာပြောပြနိုင်ရပါမယ်။ .မိမိလုပ်လိုတဲ့ ဆန္ဒ၊ ရှိနေတဲ့ အိုင်ဒီယာတို့ကို ထုတ်ဖော်ပြနိုင်ရမယ်။ အလုပ်စလုပ်ဖို့ အင်တာဗျူး ဝင်တာဆိုရင်လည်း မကြောက်မရွံ့  ဆွေးနွေးနိုင်ရမယ်။ အမှန်တော့ အလုပ်ဝင်ရန် အင်တာဗျူးဟာ စာမေးပွဲ စစ်တာမဟုတ်ပါဘူး။ အရိုးရှင်းဆုံး ဥပမာပေးရင်- မင်းမီးမွေးတတ်လား၊ ငါတို့မှာ ထင်းနဲ့ အသားတွေရှိတယ်။ မီးမွေးဖို့ လူမရှိဘူး။ လို့ မေးတဲ့သဘောဖြစ်ပြီး ဖြေဆိုသူကလည်း ဟုတ်ကဲ့ မီးမွေးတတ်ပါတယ်။ သို့ပေမယ့် ကောင်းကောင်းကြီးမမွေးတတ်ဘူး။ အရင်ကတော့ ဒီလိုမီးမွေးဖူးပါတယ်။ အစရှိသဖြင့် သူလိုအပ်နေတဲ့ ကဏ္ဍမှာ ကိုယ်က လုပ်နိုင်လား မနိုင် တိုင်ပင်ဆွေးနွေး ၊ မေးမြန်းခြင်းသာ ဖြစ်ပါတယ်။ အင်တာဗျူး ဝင်ဖြေသူ လူများလာတဲ့အတွက် အပြိုင်အဆိုင် သဘောသတ်မှတ်လို့ စာမေးပွဲတစ်ခုပမာ ဖြစ်လာရပါတယ်။

အလုပ်ရသွားပြီဆိုပါစို့။ တကယ်စေတနာထားပြီး လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး လုပ်ပါ။ သူခိုင်းလို့လုပ်ရတာ တာဝန်ပြီး ပြီးရော လုံးဝမလုပ်ပါနဲ့။ စေတနာ တစ်ခုချို့ ရင် ယင်းအလုပ် မအောင်မြင်နိုင် ပါဘူး။ ကိုယ့်ရဲ့ အိုင်ဒီယာများကို အလုပ်ထဲ မှာ ပေါင်းစပ်ပါ။ ခိုင်းတာတွေပဲ လိုက်လုပ်တာမျိုးမလုပ်ပါနဲ့။ သူဒါခိုင်းလို့ ဒီလိုပဲလုပ်လိုက် တယ်ဆိုရင် ရိုးရိုးကြည့်တော့ကောင်းပေမယ့် စဉ်းစားကြည့်ရင် မကောင်းပါဘူး။ ဒီမှာ ကိုယ့်ရဲ့  ဦးနှောက်ကို ပြည့်ပြည့်ဝဝအသုံးမချပါဘူး။ အိုင်ဒီယာလေးတွေပေါင်းပြီး သက်ဆိုင်ရာ စီနီယာ၊ သူဌေး အစရှိသဖြင့် တို့ကို အကြံဥာဏ်ပေးပါ။ ကိုယ်လုပ်ရတဲ့ ဘောင်လေးမှာတင် ဘယ်လိုအကောင်းဆုံးလုပ်ပြီး ချပြရင် အထက်လူကြီးတို့ ဘယ်လိုသဘောကျမယ်ဆိုတာကို သိထားရပါမယ်။ တကယ်လည်း ဖန်တီးနိုင်ရ ပါမယ်။ ဒီလိုဖန်တီးနိုင်မှုတွေ၊ အလုပ်ကြိုးစား မှုတွေကိုကြည့်ပြီးတော့ လုပ်ငန်းရှင်တို့က လခတိုးမြင့်ခြင်း၊ ရာထူးတိုးမြင့်ခြင်းတွေ လုပ်ပေးပါတယ်။ သို့ပေမယ့် ဆန္ဒမစောပါနဲ့။ ဒီအတွက် အချိန်ကာလတစ်ခုကြာပါတယ်။ ခန့်မှန်းထားတာထက် ကြာပြီး ကိုယ့်အရည်အချင်းကို လုပ်ငန်းရှင်က အသိအမှတ်မပြုဘူး ဆိုရင် စာဖတ်သူတို့ ဘာလုပ်သင့်တယ်ဆိုတာကို သိရှိမယ်ထင်ပါတယ်။

ဒီအလုပ်ကိုဆက်လက်မတွဲပါနဲ့။ ကိုယ့်အတွက် တက်လမ်းမရှိပါဘူး။ အချို့ လုပ်ငန်းရှင် သူခိုင်းတာပဲလုပ်စေ ချင်ပါတယ်။ သူလိုချင်တာလေးပဲ ထုတ်သုံးပြီး ဝန်ထမ်းရဲ့  စွမ်းရည် ကို ဘောင်ခတ်ထားတတ်ပါတယ်။ ဒီလို ဘောင်ခတ်ထားတတ်တဲ့ သူဌေးမျိုး၊ လုပ်ငန်းရှင် မျိုးဆိုရင်တော့ ဆက်လက်မတွဲပါနဲ့။ ကိုယ်က တစ်သက်လုံး ဝန်ထမ်းလုပ် မယ့်သူမှမ မဟုတ်တာ။ ဘဝဆိုတာ ရှည်လျားပြီး ကြိုးစားဖို့ လမ်းက အမြဲပွင့်နေဖို့ လိုပါတယ်။ ဒီလို လမ်းပိတ်တတ်ရင်တော့ နောက်အလုပ် တစ်ခု ပြောင်း ဖို့လိုအပ်ပါတယ်။ ဒီတော့ အပြင်လော ကနဲ့လည်း အဆက်အသွယ် မပြတ်ပါနဲ့။ ကိုယ်လုပ်နေတာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်ကို အမြဲလေ့လာထားပါ။ အခြေအနေကို အမြဲတမ်းစောင့်ကြည့်ပါ။ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်။

သို့ပေမယ့် လုပ်ငန်းရှင်ကို ကျေးဇူးကန်းတာမျိုးတော့ မလုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ အလုပ် လုပ်နေတယ်။ နောက်အလုပ်တစ်ခုက လစာကောင်းလို့ ပြောင်းပစ်လိုက်တယ် မလုပ်ပါနဲ့ ။ ငွေကိုချည်းကြည့်ပြီးတော့ ယခုလို တစ်ခုပြီးတစ်ခုပြောင်းခြင်းက ကိုယ့်အတွက် မကောင်း ပါဘူး။ ခဏခဏ ခြံခုန်တတ်တဲ့ မြင်းကို ဘယ်သူမှ မမွေးရဲ တော့သလို၊ ခဏခဏ လစာကောင်းရာ ပြောင်းတတ်တဲ့ ဝန်ထမ်းကိုလည်း လုပ်ငန်းရှင်တို့ ကြောက်ပါတယ်။ ဒါကြောင့် အလုပ်စဝင်ကတည်းက ကိုယ်ရသင့်တဲ့ လစာကို တစ်ခါတည်း ညှိနှိုင်းဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် အင်တာဗျူးမှာကတည်းက ကိုယ်ရသင့်တဲ့ လခကို တစ်ခါတည်း ပြောဖို့ လိုအပ် ပါတယ်။ ပိုလည်း မပြောပါနဲ့။ လျော့လည်း မပြောပါနဲ့။ အစမ်းခန့်ကာလအတွင်း ရသင့်တဲ့ လစာ၊ ပြီးရင် ရသင့်တဲ့ လစာ အားလုံးကို တစ်ခါတည်းတွက်ချက်ပြီး အင်တာဗျူးမှာ တစ်ခါတည်း ညှိနှိုင်းပါ။ ညှိနှိုင်းလို့ မရရင် မတွန့်ဆုပ်ပါနဲ့။ ယနေ့ခေတ်မှာ အလုပ်မရှားပါ။ နောက်အလုပ် တစ်ခုပြောင်းလျှောက်ဖို့ တိုက်တွန်းပါတယ်။


အကယ်၍ ကိုယ်စိတ်ကြိုက်တွေ့တဲ့ အလုပ်တစ်ခုရလိုက်ပြီဆိုရင် စေတနာ၊ ဝီရိယ၊ ပညာ အားလုံး ပေါင်းစပ်လို့ တကယ် စွမ်းဆောင်လုပ်ကိုင်ရပါမယ်။ ဒါဆို ကြိမ်းသေအောင်မြင် ပါတယ်။ ကိုယ့်ဘဝအတွက်လည်း တက်လမ်းတွေ အများကြီးရှိလာပါတယ်။


လုပ်ငန်းရှင် (ဝန်ထမ်းငှားရမ်းသူ)

ကိုယ့်က လုပ်သားလိုလို့ခေါ်တယ်ဆိုပါစို့။ အင်တာဗျူးမှာကတည်းက လုပ်သားကို သေချာ စစ်ဆေး မေးမြန်းပါ။ ယင်းမေးမြန်းချက်ထဲမှာ သူ့ရဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်မှုစွမ်းရည် အားလုံးကို တစ်ခါတည်းသိရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်က လုပ်သားကို ထိုက်တန်တဲ့ လစာတစ်ခု သတ်မှတ်ထားရပါမယ်။ ကိုယ်လည်း ပေးနိုင်မယ်။ ပေးသင့်တဲ့ ပမာဏတစ်ခု လည်း ဖြစ်ကို ဖြစ်ရပါမယ်။ ဒီမှာကတည်းက လုပ်ငန်းရှင်ဟာ သမာသမတ်ကျဖို့လိုအပ် ပါတယ်။ အင်တာဗျူးဝင်ဖြေသူက တောင်းဆိုလာတဲ့ ပမာဏသာ ပိုများနေပါက ညှိနှိုင်းကြည့် ပါ မရင်ရင် မခန့်ပဲ နောက်ထပ် အင်တာဗျူးဝင်လျှောက်သူများကို စစ်ဆေးနိုင်ပါတယ်။ ဒီခေတ်မှာ လုပ်သားမရှားပါ။

ကိုယ်ရွေးတဲ့ လုပ်သားဟာ ကိုယ့်လုပ်ငန်းအတွက်လည်း တကယ် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်။ လုပ်သားတွေမှာ မထင်မှတ်တဲ့ အိုင်ဒီယာတွေ၊ ပညာရပ်တွေ ရှိပါတယ်။ ဒါတွေကို ယူသုံးလိုက်ရင် လုပ်ငန်းပို တွင်ပြီး လုပ်သားစွမ်းရည်များများကို ရရှိနိုင်ပါတယ်။ ဝန်ထမ်းများကို အမြဲစောင့်ကြည့်နေရပါမယ်။ တကယ် ကြိုးစားအားထုတ်သူ၊ ဝီရိယရှိသူ၊ ဦးဆောင်လမ်းပြပေးနိုင်သူများရှိရင် Promote လုပ်ပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ရာထူး တိုးပေးဖို့ မတွန့်ဆုပ်ပါနဲ့။ နေရာပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ဒီလိုသာ မလုပ်ရင် ဒီလိုလုပ်ပေးတဲ့ နေရာတစ်ခု ကို ထွက်ခွာသွားနိုင်လို့ ဖြစ်ပါတယ်။ ကိုယ် သွေးထားပေးတဲ့ ဓားက အခြားလူလက်ထဲရောက် သလို ဖြစ်သွားပြီး ယင်း ဝန်ထမ်းဟာ အခြား နေရာမှာ လက်စွမ်းတွေ ပြနေတတ်ပါတယ်။ ကိုယ့်စီမှာ ဝန်ထမ်းမြဲနေအောင် ကြိုးစားရပါမယ်။ ဒါကြောင့် လုပ်သားတွေရဲ့ အရည်အချင်း၊ ကြိုးစားမှု၊ သစ်ဆန်းနိုင်မှုများကို လေ့လာစောင့်ကြည့် အသုံးချပေးနေရပါမယ်။

လုပ်ငန်းလည်း ပိုမိုတွင်ကျယ်သလို ဝန်ထမ်းလည်း မိမိပေးတဲ့ အလုပ်ကို မြတ်နိုးလာ တတ်ပါ တယ်။ တစ်ခါခါမှာ စုန်းပြူးပါတတ်ပါတယ်။ အင်တာဗျူးမှာတုန်းက သတိမထားမိပေး မယ့် နောက်တော့ သူ့ဟာ အလုပ်မတွင်တဲ့ သူတစ်ယောက်မျိုး ဖြစ်လာတတ်ပါ တယ်။ ရေသာမခိုရင်တောင် တာဝန်ပြီးပြီးရောလုပ်တတ်ပါတယ်။ နောက်အခြား အလုပ်များကောင်းမလား စောင့်ကြည့်နေတတ်ပါတယ်။ ဒါမျိုးဆိုရင် လက်တွဲဖြုတ်ဖို့ ဝန်လေးစရာ မလိုပါဘူး။ မိမိကို ခုတုံးလုပ်ပြီး အခြားနေရာမှာ လက်စွမ်းပြမယ့်သူ များ ဖြစ်ပါ တယ်။

ဝန်ထမ်းကောင်းသာ ရထားရင် လုပ်ငန်းရှင်ဘက်ကလည်း တူညီသော ပေးဆပ်မှု၊ ထိုက် တန်သော ပေးဆပ်မှုကို အမြဲ ပေးစွမ်းနိုင်ရပါမယ်။ ကိုယ့်ဘက်က ဆက်မပေးနိုင်ဘူးဆိုရင် လည်း သူ့ကို ပျံသန်းခွင့်ပေးလိုက်ပါ။ ဒီတော့ အလုပ်ကို ချစ်အောင် ကိုယ်က ဖန်တီးပေးထား ရင်တော့ လစာနည်းရင်တောင် ဝန်ထမ်းအချို့ က ဒီမှာပဲ မြဲအောင်လုပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းမြဲဖို့ဆိုတာ ငွေက အဓိကမဟုတ်ပါဘူး။ ဝန်ထမ်းတွေအတွက် ငွေမဟုတ်တဲ့ အခြား စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြစ်ပါတယ်။ ဝန်ထမ်းတွေချစ်ခင်တဲ့ သူဌေးဖြစ်အောင် နေ ရပါမယ်။

လုပ်ငန်းရှင်ဘက်ကလည်း လုပ်သားဆီက လိုအပ်တာကိုယူသုံးတယ်။ ထိုက်သင့်သလို ပြန် လည် ပေးချေမယ်။ လုပ်သားများကလည်း လုပ်ငန်းရှင်တောင်းဆိုတဲ့ စွမ်းဆောင်ရည်ကို ၁၀၀ရာခိုင်နှုန်းပေးစွမ်းနိုင်ရပါမယ်။ ကိုယ်ကလည်း ထိုက်တန်သလို ပြန်ရပါမယ်။ ဒါဆိုရင် လုပ်သားနဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ လုပ်သားလည်း အလုပ်မြဲသလို လုပ်ငန်းရှင်အတွက်လည်း လုပ်သားမြဲမှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းရှင်များမှလည်း ဂျာနယ်မှာ ကြော်ငြာခဏခဏထည့်ခေါ်ရတာကင်းသလို၊ လုပ်သားများလည်း ဂျာနယ်စောင့် ဖတ်ပြီး အလုပ်လျှောက်ရတဲ့ ဘဝက ကင်းပါတယ်။

ဒီနေရာမှာ အဓိက စကားပြောတာ အတ္တနဲ့ ပရပဲ ဖြစ်ပါတယ်။ ပုထုဇဉ်လူသားတိုင်းမှာ အတ္တကိုယ်စီ ရှိနေကြပါတယ်။ ကိုယ်အတွက်ချည်း ကြည့်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ငန်းရှင်ရယ်မှ မဆိုလို လုပ်သားများပါ ကိုယ့် အတ္တကိုယ်ချည်း ရှေ့ တန်းတင်မယ်ဆိုရင်၊ မိမိအတွက်ပဲ စဉ်းစားနေမယ်ဆိုရင် အလုပ်မတွင်ပါဘူး။ ကိုယ့်အတွက် အတ္တ သူ့အတွက် ပရ နှစ်မျိုးလုံးကို အချိုးညီညီ စဉ်းစားပြီး လုပ်ဆောင်တတ်မယ်ဆိုရင် နှစ်ဘက်လုံး ကြိမ်းသေ အောင်မြင်ရမှာ ဖြစ်ပါတယ်။

စာဖတ်သူ လုပ်ငန်းရှင်များ လုပ်သားမြဲလို့ လုပ်သားများလည်း အလုပ်မြဲကြပါစေ။


--
အောင်ခမ်း (TSJ team)

Sunday, 30 September 2012

သရဖူ သံမဏိစက်ရုံ (သံရည်ကျိုစက်ရုံ) ခေတ်ကုန်သွားတဲ့နည်းပညာနဲ့ သံရည်ကျိုလုပ်ငန်း

သရဖူ သံမဏိစက်ရုံ (သံရည်ကျိုစက်ရုံ) အထွေထွေမန်နေဂျာ ဝေ့ဇီပေါ

တရုတ်ပြည်က ခေတ်ကုန်သွားတဲ့နည်းပညာနဲ့ သံရည်ကျိုလုပ်ငန်းရဲ့ဘုရင်တစ်ဆူဖြစ်လာ

 

တောင်ဖက်ကို ဦးတည်ပြီး ဝင်လာကြသူတွေထဲမှာ ထိုင်ဝမ်စီးပွားရေးသမားတွေအပြင် တရုတ်ပြည်ကြီးက စီးပွားရေးသမားတွေလည်း မနည်းပါဘူး။ အကြောင်းရင်းကိုတော့ ကွမ်တုံပြည်နယ်မှာ စတင်ခဲ့ပြီး ရန်ကုန်ကိုရွှေ့လာတဲ့ သရဖူသံရည်ကျိုစက်ရုံပေါ်မှာ ထင်ထင်ရှားရှား မြင်နိုင်ပါတယ်။ အထွေထွေမန်နေဂျာ ဝေ့ဇီပေါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က အစ်ကိုဖြစ်သူနဲ့အတူ ရန်ကုန်မှာ စက်ရုံလာတည်ခဲ့ကြတာပါ၊ 

တရုတ်ဈေးကွက်ထဲမှာ ခေတ်နောက်ကျသွားတဲ့ နည်းပညာနဲ့ အခု မြန်မာပြည်ရဲ့ သံမဏိလုပ်ငန်းနယ်ပယ်မှာ ဆရာဖြစ်နေပြီး ဈေးကွက်ရဲ့ ၆၀% ကို ချုပ်ကိုင်ထားပါတယ်။
မြန်မာပြည် ဆိုတဲ့ စွန့်လွတ်စွန့်စားရာ နယ်မြေသစ်ကြီးရဲ့ ထူးခြားတဲ့အနေအထားရယ်၊ အဲဒီမှာ စီးပွားရေးလုပ်တဲ့ လုပ်ထုံးလုပ်နည်းအဖုံဖုံရယ်ကို ဝေ့ဇီပေါတစ်ယောက် ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ပြောပါတယ်။

“ကျနော်တို့က ကွမ်တုံ ကျဲရန်မှာ ဓာတ်ကြိုးလုပ်ခဲ့တာပါ၊ ဒေသတွင်းဈေးကွက်အပြင် ယွင်နန် (ယူနန်) ပြည်နယ်နဲ့ မြန်မာပြည်ဖက်ကိုလည်းပို့သေးတယ်။ အပြိုင်အဆိုင် အင်မတန်ကြမ်းတယ်၊ တစ်တန်ကို ယွမ်ငွေငါးထောင်ရောင်းတယ်၊ အမြတ်က တစ်ရာကျော်ပဲကျန်တာ၊ ဒါတောင် တချို့က ငွေမချေကြဘူး၊ လုပ်သမျှ အလကားပဲ။ နောက်ဆုံးတော့ ဒီ မြန်မာပြည်ဈေးကွက်တစ်ခုပဲ အမြတ်အစွန်းကျန်တာ၊ အဲဒါကြောင့် စက်ရုံတစ်ခုလုံး ဒီရွှေ့လာလိုက်တာလေ။” 

“ဒီမှာ အရွယ်အစားကြီးကြီးငယ်ငယ်တွေ အားလုံးပေါင်းလိုက်ရင် လုပ်ငန်းပေါင်း ဆယ်ဂဏန်းကျော်ကျော်ရှိမယ်၊ အားလုံးက တရုတ်ပြည်ဖက်ကနေ လျှံထွက်လာတာချည်းပဲ။” 

“စစချင်း ကျနော်တို့ အမေရိကန်ဒေါ်လာကို သိန်းပေါင်းရာနဲ့ချီ ရင်းခဲ့ရတာ၊ ရွှေတိဂုံဘုရားအောက်က ပြည်သူ့ရင်ပြင်ကို ၂၅ နှစ် ငှားခဲ့တယ်လေ။ အဲဒီမှာ ကျနော်တို့ အများကြီး လုပ်ပေးခဲ့တယ်၊ ကျောက်ပြားတွေခင်းတယ်၊ ဂီတသံစဉ်တွေလွှင့်တဲ့ ရေပန်း ကိုလည်းဆောက်ခဲ့တယ်၊ ပြီးတော့ ဖျော်ဖြေရေးစင်မြင့်တွေ၊ ဆလိုက်မီးတွေ ဆင်ပေး လုပ်ပေးခဲ့တယ်။ တကယ်တော့လည်း အဲဒါတွေက ရင်းထားသလောက် ဘာမှပြန်မရတဲ့ စီးပွားရေးတွေပါ၊ တစ်ခုတည်းသော မျှော်လင့်ချက်က အစိုးရနဲ့ ဆက်ဆံနိုင်ခွင့်ပါပဲ။” 

“ကျနော်တို့သံရည်ကျိုလုပ်ငန်းက တစ်နှစ်ကို တန်ပေါင်းခြောက်သောင်းထွက်တယ်၊ ဓာတ်ကြိုးက တန်ငါးထောင်၊ မများပါဘူး။ ကျဲရန်က ကြိုက်တဲ့စက်ရုံလေးတစ်ခုတောင် ကျနော်တို့ထက်များတယ်။ ကျနော်တို့ရောက်စက တစ်တန်ကို ယွမ်ငွေတစ်ထောင်ကျော်ကျန်တယ် (ထိုင်ဝမ်ဒေါ်လာ ၄၈၀၀ ခန့်)။” 

“ယထာဘုယျကျကျ ပြောရရင် ဒီမှာ သူများထက် တပန်းသာဖို့က ကုန်ကြမ်းတွေကို ပြည်ပကတင်သွင်းနိုင်ရမယ်၊ လုပ်အားခသက်သာရမယ်၊ ထွက်သမျှကိုလည်း ပြည်ပကို တင်ပို့နိုင်ရဦးမယ်။ ဒါ့အပြင် ခင်ဗျားမှာ အစကနေ အဆုံးအထိ လုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိရဦးမယ်ဗျာ။ ဒါပေမဲ့ ကျနော့်ကုန်ကြမ်းအားလုံးက ဒေသတွင်းက စွန့်ပစ်ထည်တွေပဲ၊ ပြင်ပကုန်ကြမ်းကို အားမကိုးဘူးဆိုတော့ ထုတ်ကုန်ကိုလည်း ပြည်တွင်းဈေးကွက်ကို ဖြန့်မှပဲ အမြတ်ကျန်မှာပေါ့။” 

“လျှပ်စစ်ဓာတ်အားရော ကုန်ကြမ်းပါ ရှားပါးလို့ နှစ်တိုင်းလိုလို တစ်နှစ်မှာ တစ်လလုံးနီးပါး အလုပ်နားထားရတယ်။ ဒီနှစ်တော့ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ နားရက်တွေပေါင်းလိုက်ရင် တစ်လတောင် ကျော်နေပြီ၊ မိုးနည်းရင်မီးမလာဘူး၊ ပြီးတော့ မြောက်ပိုင်းကတာဝါတိုင်ကိုလည်း သူပုန်တွေခွဲသွားတယ်လေ။”
“ကိုယ့်ကိုယ်ကိုယ် မီးစက်နဲ့ဓာတ်အားပေးရင်ဗျာ၊ တစ်တန်ကို တစ်ထောင်ကျော် အပိုဆောင်းရမယ်၊ အမြတ်ဘယ်ကျန်ပါတော့မလဲ။ ဒါနဲ့ပဲ ခုနောက်ပိုင်း မီးစက်နှိုးမနေတော့ဘူး၊ မီးမလာရင် အလုပ်မလုပ်တော့ဘူး။ မြန်မာနိုင်ငံမှာ လူတစ်ဦးချင်းရဲ့ လျှပ်စစ်ဓာတ်အား ဝေစုက တရုတ်ပြည်ရဲ့ ၂၀ ပုံ ၁ ပုံပဲရှိတယ်၊ ကဲ၊ ကောင်းပါတော့မလား။” 

“အလုပ်သမားလား၊ သုံးလို့မကောင်းဘူးဗျ၊ ဗုဒ္ဓဘာသာဝင်တွေလေဗျာ၊ ပြိုင်ဆိုင်ချင်စိတ်နည်းတယ်၊ အရမ်းအေးချမ်းကြတာ။ ဒါပေမဲ့ ဒီနှစ်မတူတော့ဘူး၊ ထောက်ခံမဲရဖို့အတွက် အလုပ်သမားတွေကို ဆန္ဒလိုက်ပြခိုင်းတဲ့လူတွေ ရှိနေတယ်။ တစ်နိုင်ငံလုံးပေါင်းလိုက်မှ စက်ရုံဘယ်နှရုံပဲ ရှိလို့လဲဗျာ၊ ဒီလပိုင်းမှာတင် ဆန္ဒပြတာ အကြိမ်ပေါင်း သုံးရာကျော်ပြီ။ ခင်ဗျားတို့ ထိုင်ဝမ်ပိုင်စက်ရုံတစ်ခုမှာ ဆန္ဒပြတာ ငါးခေါက်တောင်ရှိပြီကြားတယ်။” 

“ဒီကစက်ရုံပိုင်ရှင်တွေက တရုတ်တွေပဲဗျ၊ ဒေသခံတရုတ်မဟုတ်ရင် ထိုင်ဝမ်၊ ပြည်ကြီးက တရုတ်တွေပဲ။ ဒေသခံတရုတ်တွေက နည်းပညာပိုင်းအားနည်းတယ်၊ ကျနော်တို့ကျတော့ ပြည်မကြီးက နည်းပညာအကူအညီတွေ၊ နည်းပညာအရင်းအမြစ်တွေ လိုအပ်သလို ယူသုံးလို့ရသေးတယ်၊ ဒေသခံတရုတ်တွေမှာ ဒါတွေမရှိဘူး။ စံနစ်ပြောင်းပြီး ဖွင့်ပေးလိုက်တာက သူတို့အတွက် ထိခိုက်နစ်နာမှုတွေ ပိုများနိုင်တယ်။”
“ကျနော်တို့အခုလုပ်နေတဲ့ (သံရည်ကျိုတဲ့) ပုံစံက တရုတ်ပြည်မှာ ခေတ်နောက်ကျသွားပြီ၊ ဒါပေမဲ့ ဒီမှာတော့ အကောင်းဆုံးနည်းလမ်းဖြစ်နေသေးတယ်ဗျ။ ပြည်ပက လုပ်ငန်းကြီးတွေ ဝင်လာလည်း ကျနော်ကတော့ လုံးဝမကြောက်ပါဘူး။ ဒီကဈေးကွက်အကြောင်း ကျနော်နားလည်နေပြီ၊ မိတ်တွေ၊ အဆက်အသွယ်တွေလည်းရှိနေပြီလေ။” 

“နိုင်ငံခြားက နည်းပညာအသစ်အဆန်းတွေက ဒီမှာအလုပ်ဖြစ်မှာမဟုတ်ဘူး။ မီးချည်းပဲပျက်နေတာဗျာ၊ ခဏပျက်လိုက်တာနဲ့ ခင်ဗျားရူးသွားနိုင်တယ်၊ တစ်ရက်ကို ဆယ်ခါ အခါနှစ်ဆယ်ပျက်နေတာဆိုတော့ လုပ်မနေပါနဲ့တော့။”



http://www.degolar.info/search?updated-max=2012-08-29T23:00:00%2B08:00&max-results=1&start=3&by-date=false
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................