~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 9 August 2012

ဗျာ.. Admin ပတ်စ် မေ့သွားလို့လား ? Simple Way Window Adminpass Overwrite

ဗျာ.. Admin ပတ်စ် မေ့သွားလို့လား


Windows XP တင်လိုက်တာနဲ့ Built-In Account ၂ ခု ပါလာတာ တော်တော်များများလည်း သိကြ မှာပါ။

၁။ Administrator နဲ့
၂။
Guest ဆိုပြီး ပါလာပါတယ်။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ်။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင် လို့ရတယ်။ ဖြုတ်လို့ရတယ်။ Group Policy တွေ Registry တွေ ပြင်လို့ရတယ်။ Account တွေ ထပ်ဖွင့်လို့ရတယ်။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရတယ်။ Account တွေရဲ့Password တွေ ကို Change လို့ရတယ်။ Guess ကတော့ Windows ကိုဝင်သုံးရုံသက်သက်ပါ။ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ Administrator က ထပ်ဖွင့်တဲ့ Account တွေမှာ လည်း Account Type 2 မျိုး ရှိပါတယ်။
၁။ Administrator Type နဲ့
၂။
Limited Type ပါ။

Account ထပ် ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account Type ကို ရွေးပေးရပါမယ်။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။ Limited type နဲ့ ဖွင့်လိုက်ရင် တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ ဖွင့်လိုက်တဲ့ account ရဲ့ Password ကို ဘဲ change ခွင့်ရှိပါတယ်။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ်။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲ ကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ရပါတယ်။ Registry တွေ ကလိ သွားမယ်။ ပြီးရင် password လည်း change သွားမယ် ဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ ၀င်လို့ရတော့ မှာ မဟုတ်ပါ။

အဲဒီတော့ Administrator Account ကို Password ပေးထားရပါတယ်။ ကိုယ်ပေးထားတဲ့ Password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင် ရော၊ Windows ထဲကို ၀င်လို့ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့်ရမှာမဟုတ် ပါဘူး။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ Password Recovery CD တွေရှိတော့ရှိပါတယ်၊ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲရှိပါ လိမ့်မယ်။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့နည်းပါ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး။

အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ။ Boot တက် ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားမေးတဲ့ အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ်၊ အသစ်တင်မှာလား Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွား ပါမယ်။


ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ်။ ဘယ်ဘက်အောက်ခြေ က Loading ဘား တန်းအောက်မှာ Hardware Installation ဆိုတဲ့စာကိုတွေ့ရင် Shift + F10 ကိုနှိပ်လိုက်ပါ။ command prompt ပေါ်လာပါလိမ့်မယ်။ nusrmgr.cpl ကိုရိုက်ပြီး Enter ခေါက်လိုက်ပါ။ User Account Box ပေါ်လာရင် Administrator ကိုနှိပ်လိုက်ပါ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ကို ပြန်ပေးလိုက်ပါ။

အားလုံးပြီးရင် Exit နဲ့ထွက်လိုက်ပါ။ Windows Repair ကိုပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ။ Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ်။ အဲ တစ်ခုတော့ရှိတယ်ဗျ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ် တင်မယ့် Window ကတော့ XP CD ရဲ့ Service PackSame ဖြစ်မှရမှာနော်။




ကိုကျော်သူလင်း ဆီမှ တဆင်ကူးယူ ပြီး ပြန်လည် ဖော်ပြပေးခြင်း ဖြစ်ပါသည် ။

http://torresmc.wordpress.com/page/2/

4 comments:

TҺanks foor ѕome otheг grеat article. Ԝherе else may
ahyone get that typee of information in such an ideal waƴ of writing?
I havе a presentation subsequent week, aand Ӏ amm
aat tɦe look for suсh info.

Feel free tto surf tߋ my blog: Ragu coupons october 2012

straight from the source replica ysl his response Dolabuy Fendi you can try here high replica bags

replica bags south africa my blog i5q04u5t51 replica bags prada replica zara bags gucci replica s4n50a5t88 replica bags thailand official statement x4m90q2x89 replica louis vuitton handbags replica bags for sale

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................