~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday, 29 December 2012

အပျိုကြီးများ၏ သနားစဖွယ် အားငယ်ရသည့်အချက်များ...Joke - ဟာသ

♥ အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ... ( ဟာသ )

 
 ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း

၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း

၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း

၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း

၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း

၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း

၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊
၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း

၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း

၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း

၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း

၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း

၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း

၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း

၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ
ကြောက်လန့်နေရခြင်း

၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း

၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း

၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း

၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း

၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း

၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း

၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း

၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း

၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း
ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း

၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..

၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊

၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း

၂၉-စိတ်ညစ်၍ငိုတိုင်းချော့မည့်သူမရှိခြင်း

၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း

( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)





Crediy by : http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A509245&xgs=1&xg_source=msg_share_post
ကာတွန်းပုံ - credit by - လှထွန်းဦး

Saturday, 29 September 2012

မိန်းမ.. မကြောက်သူ ရှာပုံတော် funny story

မိန်းမ.. မကြောက်သူ ရှာပုံတော်

Posted by KYAW CHIT THU

ကျနော် ဖတ်ဖူးတဲ့ဘုရင်ကြီးတစ်ပါးအကြောင်း သွား သတိရမိလို့ရေးသားမျှဝေလိုက်ပါတယ်

ဟိုရှေးတုန်း ကလို့ဆိုရမှာပေါ့....
 ဘုရင်ကြီး တစ်ပါး ဟာ မိဖုရားကြီး ကို တော် တော်ကြောက်ပါသတဲ့
အဲဒါနှင့် သူ့ ကိုယ်သူ သိမ်ငယ်နေတာပေါ့ ညီလာခံမှာတော့ စတိုင်နှင့် ထိုင် အမိန့်တွေပေး နေတယ်

 ငါ့ မိဖုရားနှင့်တွေ့ရင် သူက ငါ့ကို အမိန့်ပေးတာ နာခံနေရပါလားပေါ့
ဒါနှင့် မိန်းမ မကြောက်တတ်သူကိုရှာပြီး ဆရာတင်မယ် နည်းနာခံမယ်ပေါ့

အဲဒါနှင့်နောက်တနေ့မှာ မောင်းကြေးနင်းခတ်စေပြီး တိုင်းပြည် မှာရှိသမျှ အိမ်ထောင်ဦးစီး ယောက်ျားမှန်းသမျှ မလာ မနေရ လာရမည် တချက်လွတ် အမိန့်တော်!

ဘုရင်ကြီးကလဲ မဏ္ဍပ်၂ခုဆောက်စေပြီး 
တစ်ခု ကတော့ မိန်းမကြောက်သူများထိုင်ရန် မဏ္ဍပ် နှင့် တခု ကတော့ မိန်းမ မေ ကြာက် သူ
များထိုင်ရန်မဏ္ဍပ်ပေါ့ 
ဆိုင်းဘုတ်က လဲရေးထားသေး စာမဖတ်တတ်သူပါရင်လဲ ပြောပြမဲ့သူ ကရှေ့မှာအရန်သင့်ပေါ့
မိန်းမ မကြောက်သူဆိုရင် ဆုငွေတွေလဲပေးဦးမယ် လို့ဆိုပါတယ်

ဝန်ကြီးတွေ လာကြပါတယ်.. မိန်းမကြောက်တဲ့ မဏ္ဍပ်မှာဝင်ထိုင်ကြပါတယ်..
 ဘုရင်ကြီး စိတ်အားငယ်တာတွေလျှော့သွားပါတယ်..
ငါ့မှာ အဖေါ်ရပြီပေါ့.. ဒီလိုနှင့် လာလိုက်ကြတာ အကုန်မိန်းမကြောက်မဏ္ဍပ်မှာဘဲ ထိုင်ကြပါသတဲ့

အဲ.....အဲဒီမှာ ထူးထူးခြား မောင်မင်းကြီးသား ရွှေတောသား တစ်ယောက် က 
တန်းတန်း မတ်မတ် မိန်းမ မကြောက်တဲ့ မဏ္ဍပ်မှာ ၀င်ထိုင်ပါသတဲ့..
ဘုရင်ကြီး အပါအ၀င် ၊ ၀န်းကြီး ၊မူး မတ် တွေ သူ့ ကိုတော် တော် အထင်ကြီးလေးစားသွားပါသတဲ့

ဘုရင်ကြီးလဲ .. အင်း ငါတော့ ဒီကောင် ကို ကပ်မေးပြီး မိန်းမ နိုင်တဲ့နည်း သင်ယူရတော့မယ်ပေါ့.. ပျော် နေတယ် ဆိုဘဲ
အဲဒါနှင့် မောင်မင်း 
ဒီမဏ္ဍပ်ဟာ မိန်းမ မကြောက်သူတွေ နေဖို့ဆိုတာ မောင်မင်းသိသလား ဆိုတော့..
သိပါတယ် ဘုရားပေါ့

အင်း.. ဟုတ်ပြီ မောင် မင်း ကမိန်းမ မကြောက်သူမို့ ဒီမဏ္ဍပ်မှာရဲရဲဝန့်ဝန့် ၀င်ထိုင်ရဲတာပေါ့ဆိုတော့..
ကိုရွှေတောသားဖြေပုံက ကျနော်မျိုးမိန်းမ ကဒီလိုမှာလိုက်လို့ပါဘုရား..

မောင်.. သူများဝင်ထိုင်တဲ့နေရာမှာ ၀င်မထိုင်နှင့်နော်..
 ဒီတခါ တော် တော် ထူးခြားတယ် မောင်ရဲ့ သူများထိုင်တဲ့နေရာ မှာဝင်မထိုင်နှင့်..
ဘယ်သူမှမထိုင်တဲ့နေရာဝင်ထိုင်လို့ မှာလိုက်လို့ ပါ ဘုရား လို့ ဆိုသ ...တဲ့
ဒါကြောင့် ဘယ်သူမှ မထိုင်တဲ့မဏ္ဍပ်မှာ ၀င်ထိုင်တာပါဘုရားတဲ့... 

ကဲ ကိုကိုနောင်တော်တွေလဲ အဲလို မိန်းမ ခိုင်းတဲ့အတိုင်းတာလုပ်နော် ဘုရင်ကြီးလာအင်တာဗျူးလိမ့် မယ်... :P



Posted by KYAW CHIT THU

Friday, 24 August 2012

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့....မောင်.. :/ ( Jokes )

မောင်..
 

အဲဒီနေ့က ကျမဘ၀အတွက် အပျော်ဆုံးနေ့လေးပေါ့.....ကျမ အချုစ်ကို
ရှာဖွေတွေ့ရှိတဲ့နေ့ လို့ ပြောရင်မမှားဘူးပေါ့.....မှတ်မိ
ပါသေးတယ်။ စိုင်းစိုင်းသီချင်းထဲကလို အဲဒီနေ့က မိုးမရွာဘူး။...

သူ...ကျမတို့ ကျောင်းကို စပြောင်းလာတဲ့နေ့လေးပေါ့.....အဲဒီနေ့က သူအကျီင်္
အဖြူလေးကို ၀တ်ထားတာလေးက နိုင်းနိုင်းတို့ သန့်သလို ချောသလို သူက
သန့်သန့်ချောချောလေးနဲ့ ဒီရင်ဘတ်ကြီးကို စွဲဆောင် သွားတာပေါ့။

ကျမနဲ့က မေဂျာပါတူတာဆိုတော့ တက်ရတဲ့ အခန်းချင်းလည်းတူတယ်။ ကျမလေ ဆ၇ာတွေ
စာသင်ချိန်မှာတောင် သူ့ကို ငေးကြည့်ရင်း ရင်ထဲတိုးတိုးချစ်လာရသူပါ....

သူကတော့ ကျမကိုရှိတယ်လို့တောင်မထင်ဘူး။ ကျမကိုမှ မဟုတ်ပါဘူး။
ဘယ်မိန်းကလေး ကိုမှ ရှိတယ်လို့ မထင်တာ။ ကျမလည်း ဒါလေးကိုပဲ ချစ်နေရတာ။

သူ့ကိုလေ...တခြားမေဂျာက ကောင်မလေးတွေကတောင် လာလာကြောင် ကြသေးတယ်။
မြွေမြေါချင်းဆိုတော့ ခြေမြင်တာပေါ့။ သူတို့ကလည်း ကျမရင်ထဲက မောင်ရဲ့
အချစ်ကို လိုချင်နေကြတာလေ...ကျမ မသိဘူးများ ထင်နေကြလား။

ကျမလက်ဦးမှကိုဖြစ်မှာပေါ့။ ကျမဘယ်လိုလုပ်ရမလဲ။
အင်း...ရေလာမြောင်းပေးရမှာ ပေါ့။ မိန်းကလေးတန်မဲ့ သူ့ကို
ရေလာမြောင်းပေးလုပ်မိပါတယ်။ နေ့ခင်းဘက်ဆို သူထိုင်တဲ့ ကင်န်တင်းရဲ့ သူ့အ
ရှေ့ စားပွဲဝိုင်းမှာထိုင် သူ့မျက်နှာလေးကို ငေးကြည့်။ ဒါကျမ
နေ့စဉ်လုပ်နေကြ လုပ်ငန်းစဉ်လေးပေမယ့် သူကတော့ သတိထားမိပုံကို မပေါ်ပါဘူး။

ဒီလိုနဲ့ စာသင်နှစ် တစ်နှစ်ကုန်ခါနီးတော့မယ်။ အခြေအနေက တိုးတက်လာမှုကို
မရှိဘူး။

ကျမချစ်ရတဲ့ မောင်ရေ.....မောင့်မှာ ချစ်တတ်တဲ့ နှလုံးသားကောရှိရဲ့လား။
မောင်..မိန်းကလေး ဘ၀ကိုရော အားမနာတော့ဘူးလား။ မောင့်ကိုချစ်တယ် မောင်ရယ်။

@@@@@@@@@@@@@@@@@@@@@@@@@@

ဘာပဲဖြစ်ဖြစ် မောင်ရယ်...မောင့်ရဲ့အချစ်ကို ကျမရမှ ဖြစ်လိမ့်မယ်။ ဒီနေ့
ကျောင်းတက် ရမှာ နောက်ဆုံးနေ့လေ။ ဒီနေ့ကျောင်းတက်ပြီးသွားရင်
နောက်ရက်တွေစာမေးပွဲဖြေ၊ နောက်ဆုံးနှစ်ဆိုတော့ မောင့်မျက်နှာလေးကို
တွေ့နိုင်ဖို့အတွက် မောင့်အချစ်ကို ကျမရမှဖြစ်တော့မယ်။
မောင်ဖွင့်မပြောရင် ကျမမောင့် ကို ချစ်ပါတယ်လို့
မိန်းကလေးတန်မယ့်လာပြောတော့မယ်။ မောင်ရေ......

ရည်မှန်းချက်ကို အကောင်အထည်ဖေါ်ဖို့ မောင်...လာတတ်တဲ့ လမ်းကလေးကနေ မောင့်ကို
ကျမစောင့်နေလိုက်တယ်...ဒီနေ့မှ
မောင်ရယ်..နောက်ကျလိုက်တာ.....လာပါတော့....

ဟော...ဟိုမှာ...မောင်လာနေပြီ...အရင်က မောင်လာရင်ဘေးမှာ အဖေါ်တယောက်ပါနေ
ကြ။ အခု ကံကြမ္မာက ကိုယ့်ဘက်ကို လိုက်နေလို့လားမသိ။ မောင်တယောက်တည်း။

မောင်ရေ....မောင်ကို ချစ်တယ်...ကျမဘယ်လို ဖွင့်ပြောရမှာလဲ၊ ကျမ တခုခုဖြစ်နေဟန်
ဆောင်လိုက်တယ်။

"ဟိတ်...တို့ကို တခုကူညီပါလား"

မောင်..လှည့်ကြည့်တယ်။ ကျမနှလုံးသားတွေ အရည်တွေ
ပျော်ကုန်ပါပြီ..မောင်ရယ်... ဒါပေမယ့် မောင်က ဒီအတိုင်းပဲ
လှည့်ထွက်သွားတယ်။ မောင်ရယ်...ရက်စက်လိုက်တာ....၊၊

ဘာပဲဖြစ်ဖြစ် မောင့်ကို ကျမချစ်နေကြောင်း မောင်သီအောင် ဖွင့်ပြောရမယ်။

"မောင်"

အရဲစွန့်ပြီး ကျမလှမ်းခေါ်လိုက်တယ်။ မောင်လှည့်ကြည့်တယ်။ ကျမ..မောင့်ကို အပြုံး
တခုလက်ဆောင်ပေးလိုက်တယ်။ မောင်...ကျမကို ရက်ရက်စက်စက်
စကားတခွန်းပြောပြီး လှည့်ထွက်သွားတယ်။

မောင်ရယ်..ရက်စက်လိုက်တာ.....မောင်...လုပ်ရက်တယ်။
မောင်....မောင်...ကျမကို ဒီ လိုမျိုး မပြောသင့်ပါဘူး။

မောင့်..စကားသံတွေ...ကျမနားထဲက မထွက်တော့ဘူး။ ကျမအသည်းတွေကို ခွဲသွားတဲ့
မောင်ပြောခဲ့တဲ့ ဒီစကားလေးက ...................

"ကျောင်းနောက်ကျနေရတဲ့အထဲ ဒီအခြောက်ကတမျိုး"


(မရီနဲ့နော်။။။။)

Monday, 13 August 2012

*အချစ်အတွက်ဆိုရင် | *အချစ်စစ်ဆိုတာ.....ဟာသ ....

*အချစ်အတွက်ဆိုရင်

*" အချစ်အတွက်ဆိုရင် ဘာပဲ လုပ်ရလုပ်ရ ၊ ဘာနဲ့မှ မလဲနိင်ဘူး ။ အရာအားလုံးကို
စွန့်လွှတ်ရဲတယ်ဘယ်အရာမှ လာပြီး တားလို့ မရဘူးကွ "

" ကဲပါ ယုံပါပြီ ရှင်ရယ် ၊ ဒီညနေ ရုပ်ရှင်လိုက်ပြဖို့ ချိန်းထားတာလည်း
မေ့မနေနဲ့ဦးနော် "

" စိတ်ချ စိတ်ချ ဖဲဝိုင်းမလုပ်ဖြစ်ဘူးဆိုရင် ဆက်ဆက် လာခေါ်မယ် စောင့်နေ


*အချစ်စစ်ဆိုတာ

*“တို့ကို တကယ်ချစ်ရဲ့လား”

“ချစ်တာပေါ့”

“ဒီလိုဆိုရင် တို့အတွက် အသက်အသေခံနိုင်ပါ့မလား”

“တို့အချစ်က မသေတဲ့ အချစ်မျိုးပါ”


======================

ဟာသ
 
ဧဝ = “ရှင်ကျွန်မကို ချစ်သေးရဲ့လား“
အာဒံ = “ဟာ မင့်မချစ်လို့ ငါက ဘယ်မိန်းမသွားချစ်ရမှာလည်း“...။ ။
xxx
မိန်းမ = “ကျွန်မ သီချင်းဆိုနေတုန်း ရှင်က ဘာကြောင့် အောက်ဆင်းသွားရတာလည်း
ဘာလဲ၊ရှင်က ကျွန်မသီချင်းဆိုတာကို နားမထောင်ချင်လို့လား“
ယောကျားင်္ = “မဟုက်ပါဘူးကွာ ငါ့ မိန်းမကို ငါရိုက်နေတာ မဟုက်ဘူးဆိုတာ ငါ့
အိမ်နီးချင်းတွေ
သိစေချင်လို့ပါ“...။ ။


xxx
“မောင်ရေ၊ကျွန်မတို့ အိမ်ဖော်မလေး စောစော နီုးအောင်
မောင်ဘယ်လိုနည်းများသုံးလိုက်တာ
လဲ“
“နို့ပို့တဲ့ ကုလားနဲ့ မိတ်ဆက်ပေးလိုက်တာပေါ့ကွာ........“။
 


လင်ဖြစ်သူသည်ယင်း၏ လက်ထပ်စာချုပ်တစောင်ကိုသေချာဖတ်ရှုနေလေသည်။
အိမ်ရှင်မ။ ။ တော်ဘာလုပ်နေတာလဲ!
အိမ်ရှင်ထီး ။ ။ ဘာမှမလုပ်ပါဘူးကွာ။
အိမ်ရှင်မ။ ။ တော်မညာပါနဲ့ ..ခုနက ကျုပ်တို့လက်ထပ်စာချုပ်ကိုကြည့်နေတာမလား။
အိမ်ရှင်ထီး။ ။ ငါ expiry date လိုက်ရှာနေတာကွ...

Tuesday, 7 August 2012

ဟာသလေးများ စုစည်းမူ :)

ဟာသလေးများစုစည်းမူ(၄)

ဘယ်လိုလဲ

ဆရာဖြစ်သူက တပည့်များအား အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်ရန် ဆုံးမနေသည်
"အေး ငါ့တပည့်တို့ .... မင်းတို့ မသေမချင်းမှတ်ထား ...... ဘယ်အလုပ်မဆို အောက်ခြေကစရတယ်ကွ...
ပြီးမှ တဖြည်းဖြည်းချင်း အပေါ်ကို တက်ရတယ်..."

တပည့်တစ်ယောက်ကမေးသည်..
"ဆရာ ..... ရေတွင်းတူးရင်ကော ဟင်..."

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


သတိရလို့လေ

ပီတာ တစ်ယောက် ပဲရစ်မြို့သို့သွားလည်သည်။ ရှုမျှော်ခင်းများကို ခံစားနေရင်း တစ်နေရာတွင် တစ်စုံတစ်ခုကို
သတိရလိုက်ပြီး ထွီခနဲ တံတွေးထွေးလိုက်သည် ။ ရဲ တစ်ယောက်ချက်ချင်းရောက်လာပြီး ဒဏ်ငွေ ၂၀၀
ကောက်သွားသည် ။ မိမိ နိုင်ငံသို့ပြန်လာသောအခါ လေဆိပ်တွင် မိန်းမဖြစ်သူက မေးသည် ။


"ပီတာ ဟိုမှာ အီဖယ်မျှော်စင်ကြီးက အရမ်းလှတယ်ဆို"
"အေး"
"အစားအသောက်တွေလဲ သိပ်ကောင်းတာပဲဆို"
"အေး"
"မိန်းမချောလေးတွေလဲ ပေါမှာပဲ .. ပီတာ ရှင်ကျွန်မ ကိုသတိမရဘူးလားဟင်"
"သိပ်သတိရတာပေါ့ကွာ ဒါကြောင့် ဒဏ်ငွေ ၂၀၀ တောင်ဆောင်လိုက်ရသေးတယ်"

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ချစ်လို့

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ် လူမျိုး(၃)ဦးသည် သဲကန္တာရ တစ်ခုတွင်ခရီးအတူသွားကြသည်။
တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ထိုပုလင်းကို စောင့်သော
နတ်သား တစ်ပါး ထွက်လာသည်။

(အာလာဒင်ပုံပြင် မဟုတ်ပါ) နတ်သားက တစ်ယောက်စီ ကြိုက်နှစ်သက်ရာ ဆန္ဒ(၃)မျိုးကိုတောင်းဆိုစေသည်။

ပထမဦးစွာ အင်္ဂလိပ်လူမျိုးက "ကျွန်တော်မျိုး ပိုက်ဆံအများကြီး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒကရော"
" ပိုက်ဆံတွေ ထပ်လိုချင်သေးတယ်"
"တတိယ ဆန္ဒကရော"
"ကျွန်တော်မျိုးကို နေရပ်ကို ပို့ပေးပါ"
သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ကို ပိုက်ပြီး မိမိနိုင်ငံကိုပြန်သွားရသည်။


တဖန် ပြင်သစ်လူမျိုးက " ကျွန်တော်မျိုး မိန်းမလှလှလေး လိုချင်ပါတယ်"
"ဒုတိယ ဆန္ဒပြောပါ"
" မိန်းမလှလှလေး နောက်တစ်ယောက် ထပ်လိုချင်တယ်"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုးရဲ့ နိုင်ငံကို ပြန်ပို့ပေးပါ"
ပြင်သစ်လူမျိုးမှာ မိန်းမလှလေးတွေ အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။


နောက်ဆုံး တရုတ်လူမျိုး အလှည့်တွင် "ကျွန်တော်မျိုး ရေဆာတယ် ရေတစ်ပုလင်းအရင်ပေးပါ"
"ဒုတိယ ဆန္ဒပြောပါ"
"ရေနောက်ထပ် တစ်ပုလင်းပေးပါ"
"တတိယ ဆန္ဒပြောပါ"
"ကျွန်တော်မျိုး သူတို့နှစ်ယောက်ကို သတိရနေတယ်။ သူတို့ ဒီပြန်ရောက်အောင် လုပ်ပေးပါ"

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ကလေးအတွေး

.
(၁)
ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။
ဖခင်.......... @@@@@@@@@@@@@


(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီးလာ ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော လို့မရဘူး
သား.....
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........@@@@@@@@@@@@@


(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........@@@@@@@@@@@@@


(၄)
"နင့်အမှတ် ဘယ်လောက်ရလဲ"
"သုည ..နင်ကော"
"ငါလဲ သုညပဲရတယ်"
"အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိဘူး"
ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............@@@@@@@@@@@@@


(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေးတာ စာမကြိုးစားချင်ဘူး။ ဖေဖေ့ တုန်းက
ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်..........@@@@@@@@@@@@@

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


"ဒေါက်တာလည်းလေ လောကီသားပေမို့"

ရုပ်ဆိုးလွန်းလို့ စိတ်ကျရောဂါ ခံစားနေရတဲ့ လူတစ်ယောက်ဟာ စိတ်ရောဂါကုဆေးခန်းတစ်ခုကို ရောက်လာပါတယ်။
အဲဒီကိုရုပ်ဆိုးဟာ သူ့အလှည့်ရောက်တော့ ဆရာဝန်ရဲ့အခန်းထဲကို ဝင်လာရင်းပြောရှာတယ်... ...

"ဒေါက်တာရယ်၊ ကျနော်မှာလေ စိတ်ဓါတ်တွေကျပြီး အလွန်ဘဲ အထီးကျန်ဆန်နေပါတယ်ဗျာ၊
ကျနော့်မှာ သူငယ်ချင်းလည်း တစ်ယောက်မှ မရှိဘူး၊ ဘယ်သူမှလည်း ကျနော့်အနားကို မလာချင်ကြဘူး၊
ကျနော့်ကို မြင်ကြတဲ့သူတိုင်း လှောင်ပြောင်ရယ်မောကြတယ်ဆရာ။ ကျနော့်ရုပ်ကြီးဆိုးနေတာကို
မကယ်နိုင်တော့ဘူးလား ဆရာရယ်..."

"ကယ်နိုင်ပါတယ်ဗျာ၊ ဒါပေမဲ့ ကျေးဇူးပြုပြီး ခင်ဗျားမျက်နှာကို ဟိုဘက်လှည့်ပြီး ပြောလို့ ရမလား"

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


"အားနွဲ့သူပါရှင်"

ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....
တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။
ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်...

"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်"
"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"
"ဒါဆို ဘယ်လိုသွားရမလဲရှင်"
"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့"
"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို
လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်"

သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။
အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့
အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်...

"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"
"ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေ
ချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ်
ဗလက္ကာရကျင့်လို့ရမလဲဗျာ..."

ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... ....
"ဘဲတွေကို အောက်ချလိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်လေ၊ ဆေးပုံးကို
တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


"ကိစ္စမရှိပါဘူး..."

မုတ်ဆိပ်မွေး ပါးသိုင်းမွေးရိတ်ဖို့ လူတစ်ယောက် ဆံပင်ညှပ်ဆိုင်ထဲ ဝင်လာပါတယ်။
သူ့အလှည့်ရောက်တော့ ဆံသဆရာက သူမုတ်ဆိပ်မွေး၊ ပါးသိုင်းမွေးတွေကို စ, ရိတ်ပါတယ်..
မုတ်ဆိပ်မွေး နဲ့ နုပ်ခမ်းမွေးကို ရိတ်တဲ့အခါ ပြသနာ မရှိပေမဲ့ ပါးသိုင်းမွေးရိတ်တော့ နဲနဲ ခက်နေတယ်။
သူ့ပါးကနဲနဲခွက်နေတာကိုး။

ဒါနဲ့ ဆံသဆရာက သစ်သားနဲ့ လုပ်ထားနဲ့ အလုံးလေး တလုံးကိုပေးလိုက်ပြီး ပြောတယ်.. ...
"ဒါလေးကို ခဏငုံထားလိုက်၊ ဒါမှ ပါးသိုင်းမွေး ရိတ်ရတာ အဆင်ပြေမယ်"..
"အဲ...ဟုတ်တယ်ဗျ"
အဲဒီလူလည်း သဘောကျသွားတယ်၊ ဒီ ဆံသဆရာမဆိုးဘူး တော်တော်ဥာဏ်ပြေးသားဘဲ လို့ တွေးနေတယ်။
ညာဘက်ပါးကို ရိတ်တော့ ညာဘက်ပါးစောင်မှာ ငုံလိုက်၊ ဘယ်ဘက်ပါးကို ရိတ်တော့ ဘက်ဘက်ပါးစောင်
မှာ ငုံလိုက်နဲ့ လုပ်နေရင်း ဆံသဆရာကို လှမ်းနောက်လိုက်တယ်... ...

"ခုလိုငုံထားတုန်း ခင်ဗျားသစ်သားလုံးလေးကိုမျိုချမိရင် ဘယ်လိုလုပ်မလဲ"
"ကိစ္စမရှိပါဘူးဗျာ။ နောက်နေ့ 'အီး' ပါရင် ပြန်ထွက်လာမှာဘဲ မဟုတ်လား၊ အဲဒီတော့မှရေဆေးပြီး
ပြန်လာပေးပေါ့၊ တခြားသူတွေလဲ ဒီလိုဘဲ ပြန်လာပေးနေကျဘဲဟာ"...တဲ့။

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ရေငုပ်ချန်ပီယံ

ရေငုပ်သမားတစ်ဦး ရေငုပ်နေရင်း ပင်လယ်ရေမျက်နှာပြင်အောက် ၁၅ပေခန့် အရောက်မှာ
ရေငုပ်ဝတ်စုံမပါတဲ့ တခြားလူတစ်ယောက်ကို သူနဲ့မလှမ်းမကမ်းမှာ တွေ့လိုက်တယ်။
အဲ...သူ ပေ၃၀ ရောက်တော့လဲ ခုနလူကိုတွေ့ရပြန်ပါတယ်။
တခါ ပေ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူပါလာတုံးဘဲ...ဆိုတော့ အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။
ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေပြီး မေးလိုက်တယ်...
"ဟေ့လူ...ရေငုပ်ဝတ်စုံမပါဘဲ ဒီလောက်ပင်လယ်ရေအနက်ထိငုပ်နိုင်တာ...ချီးကျူးပါတယ်ဗျာ"
ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြတယ်...

"ငါက ရေနှစ်နေတာဟ......

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


'ကိုယ်ချင်းစာ စိတ်'

လူတစ်ယောက် ဆေးဆိုင်မှာ ဆေးလာဝယ်တယ်.. ...
"ဆိုင်ရာနိုက် တအောင်စလောက် ရောင်းပါ"
ဆေးရောင်းသူ လန့်သွားပြီး ပြန်မေးတယ်.. ..
"ဘာ...ဆိုင်ရာနိုက်ဆိုတာ အဆိပ်ဗျ၊ ဆေးစာ မပါဘဲရောင်းလို့ မရဘူး၊ ခင်ဗျားက ဘာလုပ်မလို့ လဲ"
"ငါ့ မိန်းမကို အဆိပ်ကျွေးသတ်မလို့"
"ဟာ...ဒီလိုဆို ပိုဆိုးတယ်၊ ရောင်းမပေးနိုင်ပါဘူးဗျာ၊ ခွင့်လွတ်ပါ"
ဒီတော့ ဆေးလာဝယ်သူက သူ့အိပ်ကပ်ထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြတယ်၊
ဆေးရောင်းသူက အဲဒီဓါတ်ပုံကိုယူကြည့်လိုက်ပြီး...
"ဟာ...ဆိုးလိုက်တဲ့ရုပ်ဗျာ၊ ဒီလောက်ရုပ်ဆိုးတာ ကျနော့်တသက် တခါမှ မမြင်ဘူးဘူး၊ ဒါဘယ်သူ့ပုံလဲ"
"ငါ့ မိန်းမလေ"
"အင်း...ဒီလိုဆိုတော့လည်း ရောင်းပေးလိုက်ပါမယ်"

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ယုံမလားဟင်။။

"ရထားဖြတ်သွားတိုင်း ကျွန်မတို့ အိမ်က ကုတင်က လှုပ်နေတတ်တယ်" ဟု အမျိုးသမီး တစ်ဦးက
အိပ်ရာကုတင်ရောင်းသော လူကိုဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား
ကုတင်ပေါ်တွင် လှဲလှောင်းစေပြီး ရထားလာချိန်တွင် ကုတင်လှုပ် မလှုပ် ကိုယ်တွေစမ်းသပ်ခိုင်းသည်။
ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ယောက်ကျားပြန်အလာနှင့် တိုးသည်။

"ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ" ဟု မေးရာ ထိုလူက
"ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား" ဟု ပြန်ဖြေသည်။

အမှန်ပြောသော စကားအချို့သည် လိမ်နေသည်နှင့် တူပြီး လိမ်ပြောသော
စကားအချို့သည် သံသယမရှိ ယုံကြည်
စေတတ်သည်။

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ကြိုးစားကြည့်လေ

ဆရာက မေးသည်
ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ
ပီတာက ချက်ချင်းပြန်ဖြေသည်။
ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


"ခုတော့ ကျမသိပြီ"

စာသင်နှစ် တစ်နှစ်ပြီးဆုံးလို့ ကျောင်းတွေပိတ်တော့မယ့် အချိန်ရောက်လို့လာပါပြီ။
မူကြိုဆရာမလေးကို သူ့တပည့်လေးတွေက လက်ဆောင်ပစ္စည်းတွေ ပေးနေကြတယ်။

ပန်းဆိုင်ပိုင်ရှင်ရဲ့ သားလေးက ဆရာမကို လက်ဆောင်ပစ္စည်း ပက်ကင်ထုပ်တစ်ခုပေးတယ်။
ဆရာမက ဖွင့်မကြည့်ဘဲနဲ့ ပြောလိုက်တယ်… …
“ဒီထဲကလက်ဆောင်ပစ္စည်းဟာ ပန်းလေးတွေ ဖြစ်ရမယ်”
“ဟင်…ဆရာမ ဘယ်လိုလုပ်သိလဲ”
“ဒီလိုဘဲ ခန့်မှန်းကြည့်တာပေါ့”


နောက် သကြားလုံးဆိုင်ပိုင်ရှင်ရဲ့ သမီးလေးက ဆရာမကို လက်ဆောင်ပစ္စည်း ပက်ကင်ထုပ်တစ်ခုပေးတယ်။
ဆရာမက ဖွင့်မကြည့်ဘဲနဲ့ ပြောလိုက်တယ်… …
“ဒီထဲကလက်ဆောင်ပစ္စည်းဟာ သကြားလုံးလေးတွေ ဖြစ်ရမယ်”
“ဟင်…ဆရာမ ဘယ်လိုလုပ်သိလဲ”
“ဒီလိုဘဲ ခန့်မှန်းကြည့်တာပေါ့”


နောက်ဆုံးလက်ဆောင် ပက်ကင်ထုပ်ကတော့ အရက်ချက်စက်ရုံပိုင်ရှင်ရဲ့ သားလေးက ပေးတာ။
ဆရာမက လက်ဆောင်ပစ္စည်းကို ကိုင်ကြည့်တယ်၊ အရည်လေးတွေ စိမ့်ထွက်နေတာကို တွေ့လိုက်တော့
လက်ညိုးလေးနဲ့တို့ပြီး မြည်းကြည့်တယ်…
“ဒါ ဝိုင်တွေ ဖြစ်ရမယ်”
“မဟုတ်ဘူး ဆရာမ”…လို့ ကလေးက ပြန်ပြောတယ်… …
ဒါနဲ့ ဒီတခါခန့်မှန်းရင် ပိုသေချာအောင်လို့ ဆရာမက ထွက်ကျနေတဲ့ အရည်ကို လက်ဝါးနဲ့ခံပြီး
သောက်ကြည့်တယ်… …
“ဒါ ရှန်ပိန်တွေ ဘဲ”
“မဟုတ်ဘူး ဆရာမ”…လို့ ကလေးက ပြန်ပြောတယ်… …
စိတ်မရှည်တော့တဲ့ ဆရာမက ကလေးကို မေးလိုက်တယ်….
“ဒါဆို အထဲက ဘာလဲ”
“ခွေးပေါက်စလေးပါ ဆရာမ”
"ဝေါ့.."

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


“ယောင်သွားလို့”

နားရွက် ၂ဖက်လုံးနီရဲနေတဲ့ လူတစ်ယောက် ဆရာဝန်လာပြတယ်။
ဆရာဝန်က မေးတယ်… …
“ဘာဖြစ်တာလဲ”
“ကျနော်မီးပူတိုက်နေတုံး ဖုန်းမြည်လာတယ်ဆရာ၊ အဲဒါ ယောင်ရမ်းပြီး မီးပူကို ဖုန်းအမှတ်နဲ့ နားထောင်လိုက်မိလို့”
“အော်…ဒါဆို နောက်တဖက်ကရော ဘာဖြစ်လို့ ရဲနေတာလဲ”
“အဲဒီ......ကာလနာ.....က နောက်တခါ ထပ်ခေါ်တယ်လေ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


စိတ်မညစ်ရဘူး

သိပ္ပံဆရာမ။။ လျှပ်စီးလတ်တာနဲ့ လျှပ်စစ်ဓါတ်အားနဲ့ ဘာကွာခြားသလဲကွဲ့။
ကျောင်းသား။။ လျှပ်စီးလတ်တာက မီတာခ ဆောင်စရာမလိုပါဘူး ဆရာမ။

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ရဲဆေးတင်ရဦးမှာ

စာရေးဆရာကြီးတစ်ဦးကို သူ့မိတ်ဆွေက မေးနေတာပါ။
“ခင်ဗျားရေးနေတဲ့ ‘သတ္တိကိုမွေးမြူခြင်း’ ဆိုတဲ့စာအုပ် ဘယ်နှယ်လဲ”
“ခုထိ၊ ထုတ်ဝေသူကို သွားမပြ၀ံ့သေးဘူးဗျ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


မိန်းမတွေများပြောတယ်

လုပ်ငန်းခွင်ထဲက လူတစ်ဦးကို သူ့မိန်းမက အိမ်ကနေ တယ်လီဖုန်း လှမ်းဆက်လိုက်ပါတယ်။
“ကျွန်မ ထီပေါက်ပြီရှင့်၊ ရှင့်အ၀တ်အစားတွေ အသင့်ပြင်ထား”
“ဟန်ကျတာပဲ၊ ဘယ်အ၀တ်အစားတွေပြင်ရမှာလဲ၊ နွေရာသီအပန်းဖြေအ၀တ်အစားတွေလား၊
ဆောင်းရာသီအပန်းဖြေ အ၀တ်အစားတွေလား။”
“မဟုတ်ဘူး၊ ကိုယ့်အထုပ်ကိုယ်ပြင်ပြီး၊ အိမ်ပေါ်က ဆင်းတော့”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


ကျောက်ရုပ်တောင် ဖြစ်သွားမယ်

စတိုးဆိုင်ကြီးတစ်ခုရဲ့ ဖောင်တိန်ပင်အရောင်းကောင်တာမှာ လူတစ်ယောက်က ဖောင်တိန်ပင် တစ်ချောင်း
ရွေးယူလိုက်ပြီး၊ အရောင်းစာရေးမကို ပြောလိုက်ပါတယ်။
“ဒါ၊ ကျွန်တော့်မိန်းမကို အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင်ပဲ”
“အကြီးအကျယ် အံ့အားသင့်သွားစေမယ့်လက်ဆောင် ဟုတ်လား၊ ဒါလေးက ဘယ်လောက်ကောင်းနေလို့တုန်း”
“ဒီနေ့ သူ့မွေးနေ့လေ၊ သူက ကားလေးတစ်စီးဝယ်ပေးမယ် မျှော်လင့်နေတာ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

အသည်းနာတယ်ဟဲ့နော်

သူ့လူနာဆီကို၊ ကုသခကြွေးသွားတောင်းရာက စိတ်ဆိုးမာန်းဆိုးနဲ့ ပြန်ရောက်လာတဲ့ သွားဆရာဝန်ကို
သူ့မိန်းမက ဆီးကြိုရင်း မေးလိုက်ပါတယ်။

“ဘာဖြစ်လာတာလဲ၊ ရှင့်ကြွေးရမလာဘူးမို့လား”
“မရခဲ့ဘူးကွ၊ ဒါထက်ပိုဆိုးတာက ငါစိုက်ပေးလိုက်တဲ့ သွားတွေနဲ့ ငါ့ကို ပြန်အံကြိတ်ပြလိုက်သေးတယ်ဟေ့”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣


“ဒေါက်တာ့ကိုယ်စား”

“ဆရာ၊ ကျနော့် လည်ခြောင်းတွေယားပြီး ချောင်းဆိုးနေလို့ဆရာ”
“ဒီပြူတင်းပေါက်ကနေ ဟိုဘက်အိမ်ဘက်လှည့်ပြီး ခင်ဗျားလျှာကို ထုတ်ချည်သွင်းချည်လုပ်နေလိုက်”
“အဲလိုလုပ်ရင် ချောင်းဆိုးပျောက်မှာလားဆရာ”
“မဟုတ်ဘူး၊ ဟိုဘက်အိမ်ကကောင်ကို ကြည့်မရလို့”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

"နားလေးသူ"

လူတစ်ယောက်က ဆရာဝန်ကိုလာတွေ့တယ်… …
“ဆရာ…ကျနော့်မိန်းမတော့ နားလေးသွားပြီလို့ ထင်တယ်”
“ကောင်းပြီလေ၊ သေချာသွားအောင် စမ်းကြည့်ဖို့ နည်းပေးလိုက်မယ်၊ ပထမ သူနဲ့ခပ်လှမ်းလှမ်းကနေ
သူ့ကိုစကားပြောကြည့်၊ သူက ဘာမှပြန်မပြောရင် နဲနဲရှေ့တိုးပြီး ခုနစကားကို ထပ်ပြော၊ ဒါလဲ ဘာမှပြန်
မပြောရင် နဲနဲရှေ့ထပ်တိုးပြီး ထပ်ပြော၊ အဲလို လုပ်ကြည့်လိုက်ရင် ဘယ်လောက်အကွာအဝေးရောက်မှ
သူနားကြားလည်းဆိုတာ သိနိုင်မယ်”

“ဟုတ်ကဲ့ပါဆရာ၊ အိမ်ပြန်ပြီး စမ်းကြည့်လိုက်ပါမယ်”…ဆိုပြီး အိမ်ကိုပြန်လာတယ်။
အိမ်ရှေ့တံခါးရောက်တော့ အိမ်ထဲကို လှမ်းအော်တယ်… …
“မိန်းမရေ…ညစာ ဘာဟင်းချက်လဲဟေ့” ဘာသံမှ မကြားရတော့ ရှေ့နဲနဲတိုးပြီး ထပ်အော်တယ်… …

“မိန်းမရေ…ညစာ ဘာဟင်းချက်လဲဟေ့” ဘာသံမှ မကြားရသေးဘူး…ဒါနဲ့ ရှေ့နဲနဲထပ်တိုးပြီး ထပ်အော်တယ်… …

“မိန်းမရေ…ညစာ ဘာဟင်းချက်လဲဟေ့” ဒါလဲ ဘာသံမှ ပြန်မကြားရဘူး.

အဲလိုအော်လိုက် ရှေ့တိုးလိုက်လုပ်လာလိုက်တာ မီးဖိုထဲ ဟင်းချက်နေတဲ့ သူ့မိန်းမ အနားထိရောက်သွားပါ
လေရော…ဒါနဲ့ ထပ်မေးတယ်… …
“မိန်းမရေ…ညစာ ဘာဟင်းချက်လဲကွ”
…အဲလိုလည်း မေးလိုက်ရော ဟင်းချက်နေတဲ့ သူ့မိန်းမက လက်ထဲကိုင်ထားတဲ့ ဒန်အိုးဖုံးနဲ့
သူ့ကိုလှမ်းခုတ်လိုက်ရင်း ပြန်ပြောတယ်… …

“ကဲဟယ်.. (ဂွမ်)…ဝက်သားနဲ့အာလူး ချက်ပါတယ်လို့ပြောတာ ဆယ့်တစ်ခါရှိပြီ”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

"ဆေးစွမ်းကောင်း"

လူသွားလူလာရှုပ်ထွေးတဲ့ လမ်းမဘေးမှာ လူတစ်ယောက်ဟာ ဓါတ်တိုင်တစ်တိုင်ကို ဖက်ထားသတဲ့။
သူဟာ အသက်ကို ရဲရဲမရှုရဲ၊ ကိုယ်ခန္ဓာကို နဲနဲမှ မလှုပ်ရဲ နဲ့ တောင့်တောင့်ကြီး ဖြစ်နေတယ်။
ဒါကို အနားမှာရှိတဲ့ ဆေးဆိုင်ပိုင်ရှင်က ဆိုင်ထဲကနေလှမ်းမြင်တော့ သူ့ အရောင်းစာရေးမကို မေးတယ်… …
“ဟိုလူက ဘာဖြစ်နေတာလဲ၊ ဓါတ်တိုင်ကြီးကို မလှုပ်မယှက်နဲ့ ဖက်ထားတာ၊ ကြာနေပြီ”
“ဟုတ်တယ် ဆရာ၊ သူ ချောင်းဆိုးနေလို့ ဒီမှာ ဆေးလာဝယ်တာလေ”
“ဒါဆို ခု ဟာက ဘယ်လို ဖြစ်နေတာလဲ”
“သူ့ရောဂါက တော်တော်ဆိုးတယ်တဲ့၊ ဘယ်ချောင်းဆိုးပျောက်ဆေးနဲ့မှ မပျောက်လို့တဲ့”
“ခု သူချောင်းဆိုးတာ မတွေ့ပါလား၊ ဒို့ဆိုင်က ချောင်းဆိုးပျောက်ဆေး ကောင်းကောင်းနဲ့ တွေ့သွားလို့လား”
“မဟုတ်ဘူးဆရာ၊ ဝမ်းနှုတ်ဆေး အပြင်းစားပေးလိုက်တာ၊ အခု ဒီလူ ချောင်းဆိုးဖို့မပြောနဲ့
မျက်တောင်တောင် မခပ်ရဲတော့ဘူး”

♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

Thursday, 2 August 2012

1. ဖတ်ဖူးသော ဟာသလေး တစ်ခု ( ဆရာ နားမလည်လို့ပါ ) (2) ကား လောက ဟာသ

ဖတ်ဖူးသော ဟာသလေးတစ်ခု ( ဆရာ နားမလည်လို့ပါ )

ဆရာ - မောင်ပု၊ မင်းအဖေ မှာ ပိုက်ဆံ ၁၀ ရှိတယ်။ မင်းက သူဆီက ၆ ကျပ်
မုန်.ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ပု - ၁၀ ပါ ဆရာ။
ဆရာ - မင်း က သချာင်္ ကို နားမလည်ဘူးပဲ။
မောင်ပု - ဆရာ လဲ ကျွန်တော်.အဖေ ကို နားမလည်ပါဘူး။

=========

(နောင်တ)

ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။


ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
============
(မရှိရင်ပိုကောင်းသေး)

မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊     ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
               မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊     ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
                       မလိုဘူးကွ´



=======
(ကောင်းပါတယ်)

မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
 မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

.

ရေးသားသူ >>>http://www.winba2.ewebsite.com/articles/---------------------.html




=============================================



ကားလောက ဟာသ



မကုန်မီ...................
အမျိုးသမီးတစ်ဦးမောင်းလာသောကားကို ယာဉ်ထိန်းရဲက ရပ်ခိုင်းလိုက်သည်။
“သတ်မှတ်နှုန်းထက် ပိုမောင်းလို့ ပါခင်ဗျာ”
“ကျွန်မသိပါတယ်။ အခုဟာက ဓာတ္ဆီမကုန္မီ အိမ္ကိုေ၊ရာက္ခ်င္လို ့ပါ”
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

လျှော့ဈေးနဲ့ ......................
လူတစ်ယောက်သည် အိမ်ပြန်ရောက်လာသည့်အခါ ဇနီးသည်အား ပြောပြနေသည်။
“ကိုယ်ဒီနေ့ ဆိုင်တစ်ဆိုင်မှာ မော်တော်ကားတာယာလေးလုံးကို နှစ်လုံးဈေးနဲ့ ရလို့  ဝယ်လာတယ်ကွ”
“ဘာပြောတယ် ။ ရှင် ရှုးနေလား။ ကျွန်မတို့ မှာ မော်တော်ကးမှမရှိတာ။ တာယာတွေက ဘာလုပ်ဖို့ လဲ။”
“မင်း ဘရာစီယာဝယ်တုန်းက ငါဘာပြောလို့ လဲ”
ဘယ်မှာနေသလဲ.....................
“ကိုယ်က ဂျင်စတစ်လောက် မချမ်းသာပါဘူး။ ပြီတော့သူ့ လိုရိုလ်ရွိုက်ကား လည်းကိုယ့်မှာမရှိပါဘူး။ ဒါပေမဲ့ မင်းကိုတော့ ကိုယ်တကယ် ချစ်မြတ်နိုး တာပါကွာ”
ထို အခါ အမျိုးသမီးဖြစ်သူက ထိုလူ၏လည်ပင်းကို သာယာစွာဖက်လိုက်ပြီး နားနားကပ်ကာ တိုးတိုးကလေး ပြောလိုက်သည်။
“အဲဒီ ဂျင်စတစ်ဆိုတဲ့ လူက ဘယ်မှာနေတာလဲဟင်”
ကြောက်လွန်လွန်းလို့ ................................
အဝေးပြေးလမ်းမကြီးပေါ်တွင် အရှိန်ပြင်စွာ မောင်းနှင်လာသော မော်တော် ယာဉ်တစ်စီးကို ယာဉ်ထိန်းရဲက ရပ်တန့် စေပြီး ဖမ်းဆီးလိုက်သည်။
“နောက်ကနေလိုက်လာပြီ ရပ်ဖို့ သတိပေး အချက်ပြ မီးနဲ့ ဥသြသံကို ခင်ဗျား သတိမထားမိဘူးလား”
“ကျွန်တော်သိပါတယ်”
“ဒါဆိုရင် ချက်ချင်းဘာဖြစ်လို့  ရပ်မပေးတာလဲ”
“ဒီလိုရှိပါတယ်။ အရင်လက ကျွန်တော်မိန်းမဟာ ယာဉ်ထိန်းရဲတစ်ယောက်နဲ့  လိုက်ပြေးသွားပါတယ် ။ အခုဟာက အဲဒီ ရဲက ကျွန်တော်မိန်းမကို ပြန်လာပို့ တယ်ထင်လို့ ပါ”
:
ရေးသားသူ>>>>>http://vzochat.com/

အသစ်ဟု ထင်ရပါသော ဟာသများ

အသစ်ဟု ထင်ရပါသော ဟာသများ
ရွဲ့တာလား
စာတိုက်ကောင်တာစာရေးက အမျိုးသမီးကြီးအား "" ဒီစာအိတ်ပေါ်မှာ နောက်ထပ်တံဆိပ်ခေါင်းတစ်လုံး ထပ်ကပ်လိုက်ပါဦး
စာအိတ်က သိပ်လေးနေလို့ပါ"" သည်တော့ အမျိုးသမီးကြီးက "" အဲလိုဆို စာအိတ်က ပေါ့သွားရောလား"" ဟု မေးလိုက်၏။
======
လူကွဲတယ်လေ
ငယ်ရွယ်သော မီးယပ်ရောဂါကု ဆရာဝန်လေးက စမ်းသပ် စစ်ဆေးနိုင်ရန် အ၀တ်အစားတွေကို ချွတ်ပစ်ဖို့ အလွန်ချောမောလှပသော
မိန်းမပျိုလေးအား ပြောလိုက်၏။ မိန်းမပျိုလေး အလွန်အမင်း ရှက်သွား၏။ ထို့ကြောင့် ဆရာဝန်လေးက အရှက်ပြေသွားစေရန်


ခပ်ရွှင်ရွှင်လေး မေး၏။
"" ဘာလဲ၊ အရင်က တစ်ခါမှ အစမ်းသပ်မခံခဲ့ဖူးဘူးလား "" "" အို- အစမ်းခံဖူးတာပေါ့၊ တကယ်ပါ၊
ဒါပေမယ့် ဆရာဝန်နဲ့တော့ မဟုတ်ဘူး""
==============
အတူတူထင်လို့
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
လူနာ - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
လူနာ- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။
====


မရှိတာက
"" ကဲ- မိန်းမက ခင်ဗျားကို ပစ်သွားပြီဆိုရင်လည်း အိမ်ပြန်ပြီး ၀မ်းနည်း ကြေကွဲရမှာကို အရက်ထဲ နှစ်လိုက်ပါလား"" ဟု
အဖေါ်တွေက အကြံပေး၏။
"" ဖြစ်နိုင်မယ် မထင်ပါဘူး "" ဟု ကိုကျန်ရစ်က ပြော၏။ "" ဘာဖြစ်လို့လဲ၊ အရက်မရှိလို့လား ""
"" အို- မဟုတ်ပါဘူး၊ အရက်ထဲနစ်ဖို့ ၀မ်းနည်းကြေကွဲစရာ မရှိလို့ပါ ""
====
မငြင်းပါဘူး

"" ဂျွန်... ကမ္ဘာကြီးရဲ့ ပုံသဏ္ဍာန်က ဘယ်လိုရှိလဲကွ "" ဟု ဆရာက မေးလိုက်သည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးပါ ဆရာ.."" ဟု ဂျွန်က ပြန်ဖြေသည်။
"" လုံးလုံးဝိုင်းဝိုင်းကြီးဆိုတာ မင်းဘယ်လိုသိလဲ.."" ဆရာက ဆက်မေးသည်။
ဂျွန် ဇဝေဇ၀ါဖြစ်သွားပြီး "" ကောင်းပါပြီ..ကမ္ဘာကြီးက လေးထောင့်ကြီးဆိုရင်လည်း ကျွန်တော်မငြင်းလိုပါဘူး..ဆရာ "" ဟု
ပြန်ဖြေလိုက်လေသည်။
============
နှုတ်ဦးသူ

မုဆိုးမတစ်ယောက်က မုဆိုးဖိုတစ်ယောက်ကို လက်ထပ်လိုက်၏။ သည်တော့ မုဆိုးမ၏ သူငယ်ချင်းက "" အေး- ငါထင်တယ်၊
လက်ထက်ခဲ့ဖူးတဲ့ ယောက်ျားတွေလိုပဲပေါ့ဟာ၊ နင့် ခု ယောက်ျားကလည်း တခါတခါကျတော့ သူ့အရင်မိန်းမအကြောင်းပြောမှာေ
ပါ့ ""
"" အို--တစ်ခွန်းမှကို မဟဘူး"" ""ဘာကြောင့်ပါလိမ့် "" "" သူပြောမယ်ကြံတိုင်း ငါက ငါယူမယ့်ယောက်ျားအကြောင်း အရင်ဦးအောင် ပြောပစ်လိုက်တယ်လေ ""
=====
စေတနာ ဝေဒနာဖြစ်

လူနာ အမျိုးသမီးအနေဖြင့် သူမ ခွဲစိတ်ခံရဖို့ နီးကပ်နေပြီ ဆိုသည့် စိုးရိမ်စိတ်ပျောက်သွားစေရန် ဆရာဝန်က ကြိုးစားပြီး အာရုံလွှဲဖို့ စကားတွေပြောနေသည်။
ဆရာဝန်- "" ကျွန်တော့်သမီး မင်္ဂလာဆောင်ဖို့ နီးနေပြီလေ၊ သားကိုလည်း အလွတ်ပညာသင်ကျောင်းပို့ဖို့ ငွေတွေကုန်ရဦးမယ် ""
ဆရာဝန်က ထိုသို့ပြောပြီး မပြန်ခင်လေးမှာ ဆက်ပြောလိုက်သည်။ "" အေးဗျာ၊ ခင်ဗျားကို နက်ဖြန် ခွဲစိတ်ခန်းထဲမှာ တွေ့မယ်လေ၊
ဒါ့ထက် ခင်ဗျားကရော ဘာများမေးချင်သေးလဲ ""
သည်တော့ လူနာအမျိုးသမီးက "" တစ်ခုပဲ ဒေါက်တာ၊ ကျွန်မက ဒေါက်တာ့ သမီး မင်္ဂလာဆောင်ဖိုး ပေးရမှာလား၊
ဒါမှမဟုတ် ဒေါက်တာ့ သား ပညာသင်စရိတ်ပေးရမှာလား ""
======
လိမ်ညာသူ သူ့အပြစ်

ယောက်ျား - "" ဟိုကောင်မ၊ ငါ့မိန်းမလေ၊ မိန်းမညာကွ ""
သူငယ်ချင်း - "" မင်းဘယ်လိုလုပ် သိလဲ ""
ယောက်ျား- "" ဘယ်လိုလုပ်သိလဲ ဆိုတော့ သူက ပြောတယ်လေ သူ "ယူရှာ" နဲ့ ညက အိပ်ခဲ့တယ် ""
သူငယ်ချင်း - "" အဲဒီတော့..""
ယောက်ျား - "" ဟ- ငါက အဲဒီ"ယူရှာ"ဆိုတဲ့ ကောင်မနဲ့ တစ်ညလုံးရှိနေတာလေကွာ..""
=====
ခွကျတဲ့ ဖေါ်ရွေမှု
အလုန်ကျယ်လောင် ပြင်းထန်သော တံခါးခေါက်သံကြောင့် အိမ်ရှင်က တံခါးဖွင့်ပေးလိုက်၏၊
တံခါးရှေ့မှာ လုံးဝ သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"" ဘယ်သူများပါလိမ့် ခင်ဗျား ""
"" ရဲပါ ""
"" အို- ရဲလား ခင်ဗျားက၊ ယူနီဖေါင်း ၀တ်မထားပဲကိုး ""
"" မှန်ပါတယ်၊ ကျွန်တော်က စီအိုင်ဒီပါ ""
"" အော်.. သိပြီ..သိပြီ.၊ အိမ်ထဲဝင်ပါဦး ဦးစစ် ""
( CID- စစ်)
======
သူ့အတွေး
မာမီ -- "" သမီးရေ၊ ဒီသိုးမွေးဆွယ်တာကို ကောင်းကောင်းဝတ်နော်၊ ဒီဆွယ်တာထိုးဖို့ သိုးငါးကောင်လောက်လိုတာ ""
ရှယ်လီ -- "" တကယ်လား မာမီ၊ သမီးဖြင့် သိုးတွေ သိုးမွေးထိုးတတ်မှန်း ခုမှ သိရတယ် ""
======
ကြက်သား
ဘီလ်သည် စားသောက်ဆိုင်တွင် ထမင်း ဟင်းများ မှာယူစားသောက်ပြီးချိန်တွင် စားပွဲထိုးအား မေးလိုက်၏၊
ဘီလ်- ""မင်းတို့ ကြက်သားဟင်းက အရိုးပဲ ရှိသလား ""
စားပွဲထိုး -"" ဆရာက အမွေးပါ လိုချင်တာလား ""
=======
နားလည်မှုလွဲပုံက


အိမ်တစ်အိမ်တွင် အိမ်ရှင်က ဧည့်သည်ကို ဧည့်ခံထမင်းကျွေးနေသည်။
အိမ်ရှင်က "" ထမင်းစာပြီး လက်ဆေး ရေသောက်လိုက်နော် "" ဟု ခပ်သွက်သွက်ပြောလိုက်သည်။
သည်တော့ ဧည့်သည်က "" ဟုတ်ကဲ့ ခင်ဗျ.."" ဟု ပြောပြီး ထမင်းစားပြီးပြီးချင်း ဘေးတွင်ရှိသော လက်ဆေးရေဇလုံကို
ယူပြီး မော့သောက်လိုက်သည်။
ထိုအခါ အိမ်ရှင်က အံ့အားသင့်ပြီး "" ခင်ဗျား ဘာလို့ လက်ဆေးရေတွေကို သောက်ရတာလဲ၊ ကျွန်တော်တို့အိမ်မှာ သောက်ရေတွေရှိပါတယ် "" ဟု ပြောရာ
ဧည့်သည်က " ခင်ဗျားပဲ ထမင်းစားပြီးရင် လက်ဆေးရေသောက်လိုက်ဆိုလို့ပါ.."" ဟု ပြောလိုက်လေသည်။
======
ယူခဲ့ရောပေါ့
ရှေ့နေတစ်ဦး၏ ဇနီးသည် ဆတ်ဆတ်ထိမခံသူ ဖြစ်သည်။ တစ်ညနေတွင် ခင်ပွန်းက "" ဒီပြုတ်ကျော်ကို မောင်တော့ စားလို့မရဘူးကွာ "" ဟု ညည်းမိရာ
ဇနီးသည်က "" ရှင့်ဘာသာ ချက်ပေတော့၊ အစတုန်းက ရှင်ထမင်းချက်ကို ရှာယူခဲ့ပါလား "" ဟု ပြန်ပြောသည်။
ထိုည သန်းခေါင်ယံတွင် အမျိုးသမီးက ခင်ပွန်းသည်ကို အတင်းနှိုးသည် "" ထဦး..ကိုကို ..အိမ်ထဲကို သူခိုးရောက်နေသံကြားတယ် ""
အမျိုးသားက ဟောက်နေရင်းပင် ပြန်ပြောလိုက်ပုံက "" မင်းဘာသာ ထပေတော့၊ အစတုန်းက မင်း ရဲသားကို ရှာယူခဲ့ရောပေါ့ကွာ..""
===========

အလှူက နေ့တိုင်းမရှိဘူး

တစ်နေ့တွင် လမ်းဘေးခွေးတစ်ကောင်သည် ဘုရားပေါ်သို့ ရောက်သွားလေသည်။
ဘုရားပေါ်တွင် အလှူနှင့် ကြုံသောကြောင့် ကောင်းမွန်စွာ စားခဲ့ရသည်။ နောက်နေ့တွင်
ထိုခွေးသည် ဘုရားပေါ်သို့ ထပ်သွားပြန်ရာ ဘုရားပေါ်က ခွေးက ပြန်ပြောလိုက်ပုံက
"" ဟကောင်ရ..အလှူက နေ့တိုင်းရှိတာ မဟုတ်ဘူးကွ..""

..
ရေးသားသူ>>>>>http://mutdfan.com/index.php/readmore/post/2613

(1) အဖိုးအို အချစ် (2) ဟာသများ Special

အဖိုးအို အချစ်


အသက်ကြီးပေမယ့်
မပျက်စီးသေးပါ ခင်……
ရင်ခွင်မဲ့သူမို့
ကြင်တဲ့သူအစဉ်မှန်းရောဆ
နွမ်းလျဖြေမရွှင်
တကယ်တမ်း
လက်ကမ်းကာကြိုဆိုနေမယ့်
ပျိုပျိုမေ အနုအလှ ကညာတစ်ပါးကိုဖြင့်
အနုသယသမုဒယ တဏှာတွေပွားကာလျှင်
ကြင်ကြင်နာနာနဲ့ချစ်မှာလား သစ်စာတွေထား
သက်ရွှယ်စစ်ပြန်တော့
“ခြောက်” “တစ်”ရယ်အကုန်တူရဲ့
ရှေ့နောက်မူ အစဉ်လွဲရုံပဲ
ကြည်ကြည်ဖြူဖြူ ရွှေလက်တွဲကြမယ်
(ချစ်သူရယ်)ရဲပါမလား….
လေးနှစ်လီရှစ်ဆိုပေမယ့်
ချစ်တာကိုတော့နားလည်ပါတယ်ကွာ
ကြင်နာတတ်သူမောင့်ကို
ဝေဒနာတွေနဲ့ထားခဲ့ပြီးလား
အချစ်ရယ်။
.
=================================


ဟာသများ

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp



အထင်နဲ့အမြင်

" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ " @hp



သိချင်လို့

" ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ "
" မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ "
" ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ "
" ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ၀ယ်လာတာလေ " @hp

ပြင်ပအစားအစာ

" ဗျို့ဆရာသမား ၊ ဟိုလူသူ့မိန်းမကို မိကျောင်းကန်ထဲ တွန်းချနေတယ် ။ မြန်မြန်သွားကယ်ကြရအောင် "
" ဟင်း ..... တယ်ခက်တဲ့လူပဲ ၊ မိကျောင်းမွေးမြူရေးစခန်းမှာ ပြင်ပအစားအစာတွေ လုံးဝကျွေးခွင့် မရှိတာကို သူမသိလို့ထင်တယ် " @hp



ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ " @hp



ဆရာ့ညွှန်ကြားချက်

" တပည့်ရေ ၊ ဟိုဓါတ်ကြိုးတစ်ချောင်းကို ခဏကိုင်ကြည့်စမ်းကွာ "
" ဟုတ်ကဲ့ဆရာ "
" ဘယ်လိုနေလဲကွ "
" ဘယ်လိုမှ မနေဘူးဆရာ "
" အင်း ..... ဒါဆို ကျန်တဲ့တစ်စကို သွားမကိုင်နဲ့ ဓါတ်လိုက်လိမ့်မယ် " @hp



================================

.
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..

အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..

မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..

မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။

မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့

အချစ်ရယ်..

ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့

မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..

မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..

ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..

ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..

ဂေါ်ဖီတွေ အားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..

ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့

အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..

ကိုယ်ဟာ..

ရုပ်ကလပ်က စုတ်ပြတ်..

ရူပါက ချူချာ..

သောက်ရုပ်က မျောက်ကုတ်..

ပုံစံက ဒုံးပျံနေပေမယ့်

အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..

ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?

ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..

မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..

မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..

ကိုယ် လေသေနတ်နဲက အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..







ပြန်စာ



အကြောင်းမညီညွတ်ပေမယ့် နင်ပေးတဲ့စာကိုကျော်စားဖို့ဆီ
မရှိဘူးဖြစ်နေတယ်ကွယ်



ငါ့ကိုချစ်ချင်ရင်အုန်ခြစ်မလိုပါဘူး နင့်သွားဒီလောက်ခေါတာကို

ကောက်ညှင်းဆန်တင်ဈေးကြီးတာမဟုတ်ဘူးဆိုတာ



နင်ပြန်လာရင်သိမှာပါ အဲဒီတော့နင်ပေါင်းစေချင်ရင်



ငါ့ပါသာပဲပုတ်မှောက်ပြီးပဲပေါင်းပါတော့မယ်



ရေငုပ်ကျွမ်းတာမဟုတ်ပါဘူးဟာ ရေငုတ်သဘောင်္ထဲရောက်နေတာပါ

အ၀တ်တွေခြောက်ပြီဆိုရင်မီးပူပါတစ်ခါထဲတိုက်လိုက်နော်

ငါကပြောင်းဖူးရောက်းမှတော့နင်ကပြောင်းဖူးမစိုက်ဘဲဘာစိုက်မှာတုန်းဟ


ငပိစားရင်သွားကိုက်တယ် ဂေါ်ဖီစားရင်အအေးပတ်တယ်

အဲဒီတော့သရက်ပင်ပဲစိုက်စားတော့မယ်

သောက်ရုပ်ကမျောက်ရုပ်ပေါက်မှာပေါ့
လူကမျောက်ကနေဆင်းသက်လာတာလေနင်မေ့နေပြီလား



အသည်းနှလုံးကချစ်တတ်ဖို့မလိုဘူး

ကောင်းကောင်းအလုပ်လုပ်နိုင်ဘို့ပဲလိုပတယ်

ဘာလို့လဲဆိုတော့ငါ့မှာနင့်ကိုဆေးရုံပို့ဖို့ပိုက်ဆံမရှိဘူး

ခတ်စရာလက်ဖက်ခြောက်တော့မရှိဘူးနင့်ကိုပဲ ခတ်လိုက်တော့မယ်

အော်ဆီမရှိပါဘူးဆိုစာကိုပြန်ကျော်ခိုင်းနေပြန်ပြီ

လေသေနတ်မှာကြည်ဆံပါလားစစ်လိုက်အုံး



ဒါဗြဲ

မီးသတ်သမားဘယ်မှာလဲ

ယောင်္ကျားလုပ်သူ အလုပ်မှ ည၁၂ နာရီကျော် အိမ်ပြန်ရောက် လာသည်။
မိန်းမ မနိုးအောင် အ၀တ်အစား လဲပြီး အိပ်ရာဝင် မည်လုပ်ရာ မိန်းမက
"မောင်.. ခင်ခေါင်းတွေအရမ်း ကိုက်နေလို့ တစ်ညလုံးတရေး မှမအိပ်ရသေးဘူး
အဲဒါ တစ်လမ်းကျော်က ညလုံးပေါက် ဖွင့်တဲ့ ဆေးဆိုင်မှာ ခေါင်းကိုက် ပြောက်ဆေး
ဝယ်ပေးပါလားကွယ်"
သို့နှင့် အ၀တ် အစားပြန် လဲပြီး ဆေးဆိုင်သွားသည်။ ဆိုင်ရောက်တော့ ဆိုင်ရှင်က
"မောင်ရင် က ဟိုဘက်လမ်းက ရဲသား မောင်မြ မဟုတ်လား"
"ဟုတ်ပါတယ်ဗျ "
"ဒါဆိုဘာလို့မီးသတ်သမား ယူနီဖောင်းကို ၀တ်ထားရတာလဲ"

-------------------------------------------------------------------------------------
ယောကျာင်္းတို.၏ စေတနာ

သားငါးနှင့် ဟင်းသီးဟင်းရွက် မျိုးစုံ အပြည့်ပါသည့် ဈေးခြင်းကို အနိုင်နိုင် ဆွဲကာပြန်ရောက်လာ သည့်ဇနီးသည် ကိုကြည့်ကာ
ယောင်္ကျားလုပ်သူပြောသည်။

"မင်းအသက်အ ရွယ်နဲ့ ဒီလို အလေးအပင် ဆွဲနေတာ ကိုငါမကြည့်ရက် ဘူးမိန်းမရေ။ ဒီနေ့ကစပြီးရပ် လိုက် ဖို့လိုပြီ။"

"ရှင်ကဘယ်လို အကြံပေးချင်လို့လဲ"

"ဈေးကို နှစ်ခေါက်သွား"

-------------------------------------------------------------------------------------------
မရှိဘူး
"ယောင်္ကျားမရှိဘူးလား"

"ဟင့်အင်း။ မရှိတာ နှစ်ခါရှိပြီ။"

-----------------------------------------------------------------------------------------------
အနိုင်ရသူ

အခန်းထဲသို့ အစ်မကြီးဖြစ်သူ ၀င်လာပြီး ညီမငယ် ဖြစ်သူ ကိုမေးသည်။

"ဟဲ့မောင်လေး ပီတာကောကွယ်"

"သူမရှိဘူး၊ ငယ်ငယ် နဲ့သူနဲ့ ပြတင်းပေါက် ကနေ ဘယ်သူပိုဝေးအောင် ခေါင်းပြူထုတ် နိုင်သလဲဆို တာ ပြိုင်ကြ တယ်"

"အဲဒီတော့..."

"သူနိုင် သွားတယ်လေ။"

---------------------------------------------------------------------------------------------------
တစ်ပတ်ရိုက်
စားသောက်ဆိုင်မှ ထွက်လာသော အရက်မူးသမား တစ်ယောက်သည် လမ်းထောင့်တစ် နေရာတွင် အပေါ့သွားသည်။
ဤသည်ကို ရဲသားက မြင်သဖြင့် အော်ပြောသည်။

“ဟေ့လူ၊ ကိုယ့်ပစ္စည်းကို ၀ှက်လိုက်စမ်း၊ ရပ်လိုက်စမ်း”

အိမ်သို့ပြန် ရောက်သော အခါ ဇိုးသမားက မိမိ၏ဇနီးကို ပြောသည်။

“ငါ ဒီနေ့ ပုလိပ် ကိုတစ်ပတ် ရိုက် လိုက်တယ်၊ သူက ပစ္စည်းကို ၀ှက်လိုက်၊ ရပ်လိုက်လို့ အမိန့်ပေး တယ်၊
ငါဝှက်ပဲ ၀ှက်လိုက်တယ်၊ ဒါပေမယ့် မရပ်လိုက်ဘူး၊ ဟဲဟဲ။”

------------------------------------------------------------------------------------------
ငါမပြောမိဘူး

စိတ်ရောဂါ ကုဆေးရုံ တွင်ဖြစ်သည်။ လူသုံးယောက်ထိုင်နေကြသည်။
ပထမလူ ။ ။ ငါက ဂျူးလိယက်ဆီဇာ ကွ
ဒုတိယလူ။ ။ ငါက မင်းထက်သာတယ် ။ ငါက ပုတ်ရဟန်းမင်းကွ။
ပထမလူ။ ။ မကျေမနပ်ဖြစ်ကာ မင်းကိုဘယ်သူပြောလို.လဲကွ ။
ဒုတိယလူ ။ ။ ငါ.ကို သိကြားမင်းက ပြောတယ်လေ ။
ထိုအချိန်တွင် ထိုင်နေသော တတိယလူက
တတိယလူ။ ။ ငါမပြောမိဘူး။
-----------------------------------------------------------------------------------------------
ဝမ်းသာလွန်းလို.

ယောင်္ကျား နှင့် စကား များ ပြီး မိန်း မ ဖြစ် သူ အိမ် ပေါ် မှ ဆင်း ကာ အမေ့ထံ ပြန် လာသည်။
“မေမေ၊ ကျွန် မ အိမ် ပေါ် က အဆင်း မှာ သေနတ် သံ လို လို ကြား လိုက် ရတယ်၊ သူ့ ကို သူ သတ် သေ တာ များ ဖြစ် နေ မ လား ဟင်”
“မေမေ့ အထင် တော့ သူ ရှန် ပိန် ပု လင်း ဖွင့် တာ ဖြစ် လောက် တယ်”
----------------------------------------------------------------------------------------------------
သေချာလား

အမူးသမား တစ်ယောက် မူးမူးနဲ့ လမ်းလျှောက်လာရာ နှစ်ခြင်းခရိယာန်များ များနှစ်ခြင်းကျင်းပ နေသည်နှင့် ကြုံလေ သည်။ တို့နောက်သူသည်
ဘုန်းတော်ကြီးနားတွင် သွားရပ်မိနေလေသည်။
ဘုန်းတော်ကြီးက “ငါ့သား သခင်ယေရှုကို ရှာဖို့အသင့်ဖြစ် ပြီလား” ဟုတ်မေးရာ အမူးသမားက ”ဒါပေါ့၊
ရှာမယ်” ဟုဖြေသည်။
ထိုအခါ ဘုန်းတော်ကြီးက သူ့အား ရေထဲသို့ခဏ နှစ်ပြီး ပြန်ဆွဲတင်ပြီး ”ငါ့သား သခင်ယေရှုကို တွေ့ပြီလား” ဟုတ်မေးရာ ”မတွေ့သေးဘူး”
ဟုဖြေသည်။
ထိုနောက် ဘုန်းတော်ကြီးကနောက်တစ်ကြိမ်သူ့ အား ခပ်ကြာကြာလေးနှစ်ပြီး မေးပြန်ရာ တွင်လည်း မတွေ့သေးဘူး ဟုသာ ဖြေလေသည်။
နောက်တစ်ကြိမ် စက်ကန့် ၃၀ လောက်နှစ် ပြီး မေးပြန်ရာ အမူးသမားက
” သေချာကြည့်ပါဦး၊ ဒီနေရာက သခင်ယေရှု ပြုတ်ကျသွားတဲ့နေရာ သေချာပါတယ် နော်”

Wednesday, 1 August 2012

ပေါ့ပေါ့ပါးပါး ဟာသများ ( မြန်မာသံစဉ် )

ပေါ့ပေါ့ပါးပါး ဟာသများ(မြန်မာသံစဉ်)

သူရယ်သလို ရယ်လိုက်ကြရအောင်နော်
(၁) ထမင်းစားခါနီး ရောက်လာတဲ့ဧည့်သည်
ဘုန်းဘုန်းတို့ဘက်မှာ ထမင်းစားလို့ရှိရင် များသောအားဖြင့် ဇွန်းနဲ့မစားကြဘူး။ လက်နဲ့ပဲ တွယ်ကြတာများတယ်။ လူတစ်ယောက်က သူ့အမျိုးတွေဆီ အလည်သွားတယ်။ သူရောက်အချိန်မှာ အမျိုးတွေက ထမင်းစားခါနီးအချိန်ဖြစ်နေတယ်။ အိမ်ရှင်တွေက…
“…………..ရေ လာလာ၊ ထမင်းစားပါဦး၊ တို့နဲ့ပဲ တစ်ခါတည်းဝိုင်းလိုက်ကြရအောင်”
“ကျနော် ဗိုက်မဆာသေးဘူး၊ အိမ်ကျမှ စားတော့မယ်”
“ခင်ဗျားကလည်း အားနာနေတာလား၊ အားမနာပါနဲ့ လာပါ”
“ကျနော် တကယ်မဆာသေးလို့ပါ၊ စားကြ စားကြ”
ဧည့်သည်က အမှန်ကတော့ ဗိုက်ဆာနေတယ်။ စားနေကျမဟုတ်တော့ စားရမှာ ရှက်တာနဲ့ အင်တင်တင် လုပ်နေတာ ဖြစ်တယ်။ အဲဒါနဲ့ အိမ်ရှင်တွေ ပျော်ပျော်ပါးပါး အားရပါးရ အပီအပြင်ဆွဲနေကြတာကိုမြင်တော့ သူလည်း မနေနိုင်တော့တာနဲ့ စားမယ်လို့ ဆုံးဖြတ်လိုက်ပြီး လက်ထဆေးလိုက်တယ်။ အိမ်ရှင်က…
“ဘာလုပ်ဖို့ လက်ဆေးတာလဲ”
 “ဆေးလိပ်သောက်မလို့”
 
==========
(၂) စကားဝိုင်းသေးသေးလေးတစ်ခု
ဘုန်းကြီးလေးပါးစုမိပြီး ဟိုအကြောင်း၊ ဒီအကြောင်းပြောကြရင်း တစ်ပါးက…
“ဒီလေးပါးထဲမှာ ဘုရားလောင်းဆုပန်ထားတဲ့ ကိုယ်တော်တစ်ပါးပါတယ်ကွ၊ မင်းတို့သုံးပါးတော့ မဟုတ်ဘူး၊ အဲဒါ ဘယ်သူဖြစ်မလဲ
သိလား”
ရှိတာမှလေးပါး၊ ကျန်တဲ့သုံးပါးက မဟုတ်ဘူးဆိုတော့…
 
=========
(၃) ဆရာအမြဲလုပ်တတ်သူ
လူတစ်ယောက်က နေရာတကာ ဆရာကြီးပုံစံအမြဲတမ်းလုပ်လုပ်နေလို့ တစ်ရက်ကျတော့ အသုဘတစ်ခုမှာ သူက အိပ်ပျော်နေတယ်။ အဲဒါနဲ့ ကျန်တဲ့လူတွေလည်း သူ့ကိုမနှိုးဘဲ ထားလိုက်ကြတယ်။ လူတွေအသုဘလိုက်ပို့နေတုန်း သူ အိပ်ရာက နှိုးလာပြီး အိပ်ချင်မူးတူးကြီးနဲ့ လူအုပ်တွေနားသွားပြီး…
“ဘုန်းကြီးတွေ ရှေ့ကကြွပါစေနော်”တဲ့။
 
====
(၄) ကျော်တဲ့အထဲပါသွားတယ်
လူတစ်ယောက် သူ့သူငယ်ချင်းတွေဆီ သူ့ရွာက ကားပေါတဲ့အကြောင်း ပြောပြနေတယ်…
“တို့ရွာမှာလေ ခုဆိုရင် ကားတွေအရမ်းပေါတယ်၊ တစ်အိမ်ကျော် တစ်အိမ်ကျော်လောက်ကို ရှိတာ”
သူငယ်ချင်းတွေထဲက တစ်ယောက်က…
“မင်းတို့အိမ်မှာလည်း ရှိတယ်ပေါ့”
“မရှိဘူး၊ ကျော်တဲ့အထဲ ပါသွားတယ်”
“ဟင့်…”
=====
(၅) အများသဘောပဲလေ
ရွာတစ်ရွာမှာ အစည်းအဝေးခေါ်လိုက်တာ အဲဒီရွာမှာ အိမ်ခြေကလည်း တော်တော်လေးနည်းနေတော့ သုံးယောက်ပဲ လာတက်ကြတယ်၊ ခဏလောက်စည်းဝေးပြီးတော့ တစ်ယောက်က…
“ကျနော်တို့ အဲဒီအတိုင်း လုပ်ကြရင်ကောင်းမလားလို့၊ ဘယ်လိုသဘောရှိကြလည်း”
တစ်ယောက်က...
“အများသဘောပဲလေ”
=====
(၆) ဟေ့…ဟေ့…
အပေါ်ထပ်ဝရံတာမှာရှိတဲ့လူတစ်ယောက်က အောက်ကို အမှုမဲ့အမှတ်မဲ့ တံတွေးထွေးမိသွားတယ်။ အောက်မှာ လူတစ်ယောက်လမ်းလျှောက်နေတာ ရုတ်တရက်မြင်လိုက်တော့ ထိမှာစိုးလို့ဆိုပြီး လှမ်းအော်လိုက်တယ်။ လှမ်းအော်လိုက်မှ အောက်ကလူလည်း သူ့ကိုခေါ်တယ်ထင်လို့ အပေါ်မော့ကြည့်လိုက်မှ တံတွေးကြီးက ပါးစပ်ထဲ တည့်တည့်ကို ၀င်သွားပါတော့တယ်…
===
(၇) ဟင်းတွေဆို ၇-ခွက် ၈-ခွက်ဗျ
ရန်ကုန်မြို့တွင် အဒေါ်အိမ်မှာနေပြီး ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက်ကို ပြောပြနေတယ်…
“ငါ ရွာမှာတုန်းက ဟင်းတွေဆို ၇-ခွက် ၈-ခွက်မှ စားခဲ့ရတာ၊ ခုတော့…”
“ဒါဆို မင်းတို့က ချမ်းသာလှချည်လား”
“မချမ်းသာပါဘူး၊ ဘုန်းကြီးကျောင်းသားလုပ်ခဲ့တာလေ”
“ဂိန်…”
.
.
ရေးသားသူ >>>>တောက်ပကြယ်စင်

(1) ကြားဖူးနားဝ နိုင်ငံတကာ ဟာသမျာ: | (2)သူ့စကား ကိုယ့်စကား ဟာသများ

သူ့စကား ကိုယ့်စကား ဟာသများ



မြန်မာလူမျိုး တော်တော်များများဟာ အင်္ဂလိပ်စာကို အကျွမ်းကြီး မဟုတ်တောင်
နဲနဲပါးပါးတော့ပြောနိုင်ဆိုနိုကြပါတယ်။ ဆိုက်ကားသမား Taxi သမားကအစ၊
မြင်းလှည်းသမား အဆုံး နဲနဲပါးပါးတော့ ပြောတက်ကြပါတယ်။ ဒါပေမယ့်လည်း
လူတိုင်းသတိထားရမှာက နိုင်ငံခြားသားတိုင်း အင်္ဂလိပ်စာမတက်ဖူးဆိုတာပဲ။
ပြင်သစ် တော်တော်များများ အင်္ဂလိပ်စာဘက်မှာ အားနည်းပါတယ်။
ဒီအဖြစ်အပျက်ကလေးကတော့ Taxi သမားတစ်ယောက်ကြုံခဲ့ရတဲ့ဟာလေးေါ့။

တစ်ခါကနိုင်ငံခြားသားတစ်ယောက် (ပြင်သစ်လူမျိုး) ကားငှားတယ်….
Taxi သမားကမေးလိုက်တယ်… သူတက်သမျှမှတ်သမျှလေးနဲ့ပေါ့…
Where u go?
Reclining Buddha. (လျောင်းတော်မူဘုရား)
ပြင်သစ်လူမျိုးက Buddha "ဗုဒ္ဓ" ကို"ဘုတ" ဆိုပြီးပြောလိုက်တော့… ကားသမားက
Yes. Yes. 1500 kyats.
Ok.
ဆိုပြီးထွက်သွားကြရော…. မိနစ် ၂၀ လောက်နေတော့ ရှုးရှုးရှဲရှဲနဲ့ပြန်ရောက်လာတယ်…
ဘာဖြစ်လို့လဲ မေးကြည့်တော့… ပြင်သစ်လူမျိုးက သူဘုရားသွားချင်တာကို သူ့ကို
တစ်ခြားနေရာခေါ်သွားတယ်တဲ့… ဒါနဲ့ချစ်ပါတယ်လဲဘယ်ရမလဲ
ကားသမားကိုဖြဲတာပေါ့......(ပါးပ်)
ခင်းဗျားကဘယ်ကိုခေါ်သွားတာလဲဆိုတော့…
ရန်ကုန်ဘူတာကြီးကိုတဲ့ သူပြောတယ် ဘူတာ ဘူတာ နဲ့ဆိုလို့
ရန်ကုန်ဘူတာကြီးကိုခေါ်သွားလိုက်တာလေတဲ့….
ကောင်းပါလေ့… ကောင်းပါလေ့.…့လို့ပဲ ပြောလိုက်ရတော့တယ်….
-------------------------------------------------------------------------------------------------------------------
တစ်ခါက ကားသမားတစ်ယောက်ကလဲ ခရီးစဉ်ထွက်သွားတယ်… နိုင်ငံခြားသားတွေနဲ့ပဲ….
ကလော၊ အင်းလေး၊ တောင်ကြီး၊ မန္တလေး အစုံပေါ့…..
ကလောရောက်တော့ နှစ်ညအိပ်တယ်... နောက်တစ်နေ့မနက်စထွက်မယ်ဆိုတော့
မနက်အစောကြီး အရမ်းအေးပြီး ကားက နှိုးလို့မရဘူး… သွားတဲ့အချိန်ကလဲ
ဒီဇင်ဘာလကြီးဆိုတော့ အေးလိုက်တာမှာ ခိုက်ခိုက်ကိုတုန်နေတာပဲ…
ဒါပေမယ့်ကားသမားကတော့ သူ့ကားနှိုးလို့မရလို့ ချွေးတွေပြန်ပြီး
ဒေါသတွေထွက်နေပြီ နိုင်ငံခြားသားတွေကလဲ ဘာဖြစ်တာလဲ..
ကားကတစ်လမ်းလုံးကောင်းနေပြီးတော့ အခုမှဘာဖြစ်တာလဲဆိုပြီး ပွစိ ပွစိ
နဲ့ပေါ့… ဒါနဲ့ကြံရာမရတဲ့အဆုံး ကားသမားက ဟိုတယ်ကနေ
မီးတုတ်တစ်ခုတောင်းလိုက်တယ်…. နောက်ပြီးကားအောက်ထဲကို ဖင်ဘူးတောင်းထောင်
အောင်ကုန်းပြီး ကားအင်ဂျင်ကို အပူပေးတော့တာပဲ… Heat
တိုက်တယ်လို့လဲခေါ်တယ်လေ… အဲဒီမှာတင် နိုင်ငံခြားသားတွေအကုန်လုံး
ပြူးပြူးပျာပျာ တွေဖြစ်ကုန်ပြီး ကားနားလေးကနေ၀ုန်းကနဲ
ကိုထွက်ပြေးကုန်ကြတယ်… ပြီးတော့ အနားလဲမကပ်ရဲ… ကားသမားကလဲ အားရပါးရကို
မီးတုတ်ကြီးနဲ့ ဖင်ကြီးကုန်းပြီး Heat တိုက်လို့ကောင်းတုန်း…
အင်ဂျင်ပူလောက်ပြီထင်မှ ကားအောက်ကနေထွက်လာတယ်… အဲဒီမှာတင် ခေါင်းဆောင်
နိုင်ငံခြားသားကမေးလိုက်တယ်…
Are u crazy?
အာ ယူ ကလေးစီး… တဲ့....
ကားသမားလဲ နဂိုကမှ ကားစက်မနိုးလို့ဒေါသထွက်နေရတဲ့ထဲ အခုလိုလာပွားတော့
တင်းသွားပြီး
This is not ကလေးစီး. This is လူကြီးစီး……. ဆိုပြီးတော့ ပြောလဲပြော
ကားပေါ်လဲတက်ပြီး စက်နှိုးလိုက်တာ ၀ူး….
ကနဲနိုးသွားပြီးလိုရာခရီးကိုဆက်သွား ခဲ့ရတယ်လေ….
အဲဒီမှာတင်နိုင်ငံခြားသားတွေက မီးတုတ်ကြီးတွေမြင်တိုင်း
လူကြီးစီး.......လူကြီးစီး… ဆိုပြီးထအော်တော့တာပဲ….
------------------------------------------------------------------------------------------------------------------------------
ပုဂံက အမှတ်တရလက်ဆောင် ရောင်းတဲ့မိန်းမကြီးကလဲ

အင်္ဂလိပ်စကားကိုအရမ်းပြောတက် ချင်တာ… တိုးရစ်ဂိုက်တွေလာရင်
သူတို့ပြောတာကြည့်ပြီး အရမ်းကိုပြောတက်ချင်တာပေါ့..ခင်တဲ့ ဂိုက်တွေကလဲ
သင်ပေးတယ်… အားလဲပေးတယ် ပြောသာပြောအစ်မ မကြောက်နဲ့ မှားသွားရင်လဲ
ရှက်စရာမလိုဘူး သူတို့လဲ ဒီလိုနဲ့ပဲစခဲ့တာပဲ ဘာညာပေါ့နော…..
အဲဒီမှာတင်အားတွေရှိပြီးပြောခ်ျနေတော့တာပဲ…
ဒီလိုနဲ့ပဲ ခရီးသွားအဖွဲ့တစ်ခု သူ့ဆိုင်ကိုဝင်လာတယ်…. ခေါင်းဆောင်
ဂိုက်ကလဲ သူနဲ့ခင်နေတော့ အစ်မပြော မကြောက်နဲ့ ဆိုပြီး သင်ပေးတယ်
ပြောခိုင်းတယ်….
အဲဒီမှာ နိုင်ငံခြားသားတစ်ယောက်က ဘီလူးရုပ်ကလေးတစ်ခုကိုမေးလိုက်ယ်…..
How much is it? (ဘယ်လောက်လဲ)
It is 80$. ဒေါ်လာရှစ်ဆယ်ကျပါတယ်ပေါ့… အဲဒီအထိဟုတ်နေတုန်းပဲ…
နိုင်ငံခြားသား ဆက်ပြောလိုက်တာက…
Oh… very Expensive….
အစ်မကြီးက.. အင်္ဂလိပ်စကားလဲပြောချင် သူ့အရုပ်လေးမရောင်းရမှာကို
စိုးရိမ်ပြီးတော့ ပြောလိုက်တာက…
မExpensiveဖူးလေ… very cheap တယ်လေ… If you like I လျှော့ပေးမယ်လေ.. တဲ့…
ဂိုက်အစ်ကိုကြီးတောင် ပါးစပ်အဟောင်းသားဖြစ်သွားတယ်….
-----------
တစ်ခါက အဲဒီအစ်မကြီးကိုပဲ နိုင်ငံခြားသားတစ်ယောက်က အိမ်သာတက်ချင်လို့မေးတယ်…
Where is toilet? ဆိုတော့…
အိမ်သာကတည့်တည့်သွားလို့မရဘူး… ခြံရဲ့အစွန်မှာ… လမ်းမှာ
နှစ်ခါလောက်ကွေ့ရမှာ… အဲဒါနဲ့အစ်မကြီးပြောလိုက်တာက…
This way… you go. You go and ကွေ့ ...... ကွေ့ go         ဆိုပြီး
လက်ဟန်ခြေဟန်နဲ့ပြလိုက်တာ နိုင်ငံခြားသားလဲ အိမ်သာကိုတန်းရောက်သွားတယ်တဲ့…
သြော်..... သူ့ဟာနဲ့သူတော့ ဟုတ်နေတာပဲလို့….  
 
.
(from golden myanmar blog)







===================================================









ကြားဖူးနားဝ နိုင်ငံတကာ ဟာသများ…

ရိုက်စစ်စရာတောင်မလိုဘူး…
==============

လူတစ်ယောက်ဟာ ကားမောင်းနေစဉ်မှာ သူ့နောက်က ရဲကားလိုက်လာတာနဲ့ ရပ်ပေးလိုက်ရတယ်. ပြတင်းပေါက်မှန်ကိုချပြီးတော့ ကားမောင်းသူက ရဲကိုပြန်မေးတာပေါ့.

ကားမောင်းသူ။ “ဘာများပြဿနာရှိလို့လဲ ဆရာ”

ရဲအရာရှိ။ “No. No. ဘာမှ ပြဿနာမရှိပါဘူး. ခင်ဗျားကားမောင်းသွားတာ အရမ်းကိုကောင်းမွန်ပါတယ်. ဒါကြောင့်မို့ Safe Driver Award အနေနဲ့ $ 5000 ဆုချမလို့ပါ. ချီးကျူးပါတယ်ဗျာ. ဒါနဲ့ ဒီဆုကြေးငွေကို ခင်ဗျားဘာလုပ်မယ် စိတ်ကူးထားလဲဗျ.


ကားမောင်းသူက ခဏလောက်စဉ်းစားပြီးတော့

“အင်း. ကားလိုင်စင် သွားလျှောက်မယ်လို့ စဉ်းစားထားပါတယ်..”

အဲဒီ့အချိန်မှာပဲ ကားနောက်ခန်းမှာ ထိုင်နေတဲ့ အမျိုးသမီးက ရဲအရာရှိကို အော်ပြောသတဲ့။

“ဆရာ. သူပြောတာတွေကို အရေးစိုက်မနေပါနဲ့. သူကမူးရင်အဲလိုပဲ ပေါက်ကရလေးဆယ် လျှောက်ပြောတတ်တယ်..”

အဲလိုပြောနေစဉ်မှာပဲ နောက်ခန်းမှာထိုင်နေတဲ့ နောက်ထပ် ယောင်္ကျားတစ်ယောက်က လှမ်းပြောသတဲ့။
“ငါ မင်းတို့ကို ပြောသားပဲ. ခိုးလာတဲ့ကားကိုမောင်းရင် ဒီလောက်ဝေးဝေးသွားနိုင်မှာ မဟုတ်ဘူးလို့”

အဲလိုချီတုံချတုံပြောနေစဉ်မှာပဲ ကားနောက်ခန်းအံဝှက်ထဲကနေ အသံခပ်အုပ်အုပ်ထွက်လာသတဲ့။

“ပော့ ငါတို့ နယ်စပ်ကို ကျော်ပြီးသွားပြီလား..”

****************************************

ရွှေဥာဏ်တော်စူးရောက်လိုက်ပုံက…
===================

ဗိုက်ကြီးသည် အမျိုးသမီးတစ်ယောက်ဟာ Coma လို့ခေါ်တဲ့ရောဂါကြောင့် ၆ လလောက် မေ့မျောနေခဲ့ပါတယ်. သူမပြန်လည်သတိရလာတဲ့အချိန်မှာ သူမဟာ ကလေးမွေးပြီးသွားပြီဆိုတာကို သိလိုက်ရတယ်.

စိတ်အရမ်းပူပန်သွားပြီးတော့ သူမကလေးအကြောင်းကို ဆရာဝန်ကို မေးသတဲ့.

ဆရာဝန်။ ။ “စိတ်မပူပါနဲ့ အန်တီရယ်။ အန်တီက ယောင်္ကျားလေးနဲ့ မိန်းကလေး အမြွှာပူးလေးမွေးတာဗျ. ကလေးတွေအားလုံး နေကောင်းကြပါတယ်. အန်တီ့ရဲ့ အစ်ကိုလာပြီး နာမည်တွေဘာတွေတောင် ပေးသွားသေးတယ်ဗျ.

အမျိုးသမီး။ ။ “ဘာပြောတယ်. ကျွန်မ အစ်ကိုလာသွားပြီး နာမည်ပေးသွားတယ်ဟုတ်လား. သွားပါပြီရှင်. သူက နလပိန်းတုံးရှင့် ဒါနဲ့ မိန်းကလေးကို ဘယ်လို နာမည်ပေးသွားလဲ.”

ဆရာဝန်။ ။ “Denise လို့ နာမည်ပေးသွားပါတယ်”

အမျိုးသမီး။ ။ “မဆိုးပါဘူး. ဒီတစ်ခါတော့ ကျွန်မထင်တာ မှားသွားပြီ။ ဒီနာမည်လေးကို ကျွန်မ ကြိုက်တယ်. ယောင်္ကျားလေးကိုရော ဘာနာမည်ပေးသွားလဲရှင်…”

ဆရာဝန်။ ။ “Denephew လို့ပေးသွားပါတယ်ခင်ဗျာ…”

ရေးသားသူ >>>>>ရန်အောင်

အခန်းမကျော်အောင် | ယုံကြည်လာသူ :) Joke

အခန်းမကျော်အောင်

၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။

“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”

“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”





..............


ချစ်ရတဲ့ မြေးလေး


အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။

“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”

“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”





.............................................


ဧည့်နှင်နည်း





“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”

“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”


...........................................





ရိုက်မှာစိုးလို့

“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”

“ဟင့်အင်း၊ သားကြောက်တယ် မေမေ”

“ဘာဖြစ်လို့လဲ”

“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
.....................................................................


သူဆိုရင် လက်တည့်တယ်

“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျား သားဖြစ်မယ်ထင်တယ်”

“ခင်ဗျားကို ထိသွားလို့လား”

“ဟင့်အင်း”

“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
................................................................................................


ယုံကြည်လာသူ



“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”

“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”

“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”


...................................







သမက်ရဲ့ စေတနာ



“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”

“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”


....................................................





ပေါက်ကရ မပြောနဲု့





ယာဉ်ထိန်းရဲက အမြန်မောင်းလာသာကိုပြောလိုက်သည်။

“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”

“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”

.....................................................................



မိထားတဲ့သူက

“ဟဲလို.. ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”

“ဘယ်တစ်ယောက်လဲ”

“အလုပ်ခံရတဲ့သူ”


..........................................................................................


သဘာဝ







“မင်းက င့ါကို အရူးလုပ်နေတာလား”

“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
..........................................................................




ထိုင်ခုံမရှိလို့



“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”

“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”

................................................




မေမေ မှာထားလို့




“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”

“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”




.....

.

ဘ၀ အမောပြေ စေဖို့ ဟာသ ....

ဘ၀အမောပြေစေဖို့
  
(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတ၀ှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတ၀ိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁၀ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပွိုင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအ၀တ်အထည်ဟုယူဆရသော အ၀တ်ထည်ကို
ေ၇ှးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအ၀တ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
ဝမ်းမြောက်ကြောင်းသ၀န်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသ၀န်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
ထထ Dance.... အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/
ပျံကျားရေးဝံကြီး မေးထဲက ကြိုက်လို့ ပြန်တင်ပေးတာပါခင်ဗျာ
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................