~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 2 October 2012

အလုပ်အကိုင် အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်

အလုပ်အကိုင်အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်


မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရှိနေပါတယ်။ ရှားတယ်လို့လည်း ဆိုကြ ပြန်ပါတယ်။ စာဖတ်သူအချို့ အလုပ်ဝင် နေပြီထင်တယ်။ အချို့ လည်း အလုပ်ရှာနေ ဆဲ ဖြစ်မယ်ထင်တယ်။ သို့တည်း မဟုတ် အလုပ် တွေတစ်ခုပြီးတစ်ခု ဝင်လိုက်ထွက် လိုက် ဖြစ်နေသူများလည်း ရှိမယ် ထင်ပါတယ်။ ဒါဟာ မြန်မာပြည် မှာ တော်တော်ဖြစ်နေ တဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။

လုပ်ငန်းရှင်များဘက်မှ ထွက်လာတဲ့ စကားက ဒီလိုပါ။ ဝန်ထမ်းတွေ အသုံးမကျဘူး။ လခတော့ ပိုယူချင်တယ်။ လုပ်သားဘက်က ထွက်လာတဲ့ စကားကလည်း တို့သူဌေး လူလည် ကျတယ်။ လခနည်းတယ်။ အစရှိသဖြင့် လုပ်ငန်းရှင်နဲ့ လုပ်သားကြား ကွန်းဖလင့်တွေ ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ မြန်မာပြည်မှာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်စေခြင်း ဖြစ်ပါတယ်။ အလုပ်ရပြန်တော့လဲ နှစ်ဦးနှစ်ဖက် အဆင်မပြေမှု များကြောင့် လိုသလောက် ခရီးမရောက်ပဲ လုပ်ငန်းမတွင်ကျယ်၊ လုပ်သား အသုံးမကျ ဖြစ် ရပါတယ်။ ဒီတော့ လုပ်သားနဲ့ လုပ်ငန်းရှင်တို့ သိရှိရမယ့် အခြေခံအချက်တို့ ရှိလာပါတယ်။

လုပ်သား (ဝန်ထမ်း)

စာဖတ်သူတို့ အလုပ်လျှောက်နေပြီလား။ အလုပ်ရရင်ပြီးရော အသိ၊မိတ်ဆွေ သွင်းပေးလို့ သွားလိုက်တာမျိုးက ခပ်များများဖြစ်နေပါတယ်။ အချို့ ကျတော့လည်း ကိုယ်တိုင် အပင်ပန်း ခံသွားလျှောက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆိုရင် အင်တာဗျူးဝင်ရပါမယ်။ အင်တာဗျူးဟာ လုပ်သားတစ်ဦးရဲ့  အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါ တယ်။ တော်တော် များများ အင်တာဗျူး မြင်ဖူးပါတယ်။ ဟုတ်ကဲ့။ အင်း၊ ဟုတ်၊ အဲ၊ ဟို အစရှိသဖြင့် ကိုယ့်ကိုယ် ယုံကြည်ချက်မရှိတဲ့ လေသံနဲ့ အင်တာဗျူးခံ ဝင်သူများရှိပါတယ်။ ဒါမျိုးလုံးဝ မလုပ်ပါနဲ့။ ကိုယ်က အလုပ်ရချင်လို့ လာတာမှန်ပါတယ်။ ကျွန်လုပ်ရန် လာတာမဟုတ်ပါ။ ကိုယ့်တတ် ထားတဲ့ ပညာကို သူ့ရဲ့  လုပ်ငန်းဆောင်တာမှာ ပြန်လည်အသုံးချခြင်းသာ ဖြစ်ပြီး မိမိ ပညာနဲ့ အလုပ်အား ငှားရမ်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ငှားရမ်းသူဖက်က ရင်ကော့ခေါင်းမော့နေနိုင်ပါတယ်။ အမူအရာကို မဆိုလိုပါ။ မိမိရဲ့ စိတ်ထဲမှာ ယုံကြည်မှု ရှိနေဖို့ ဖြစ်ပါတယ်။

အင်တာဗျူးပြီဆိုပါစို့။ မေးသမျှကို အင်း၊အဲ လုပ်ပြီးဖြေတာမျိုးမဟုတ်ပဲ သာမန်လူတစ်ဦးအား စကားပြောသလို ပြောဆိုနိုင်ပါတယ်။ အသက်ကြီးသူဆိုရင်တော့ ယဉ်ကျေးစွာနဲ့ေ တာ့ ပြောဆိုရပါမယ်။ အင်တာဗျူးသူကို ပြောခွင့် အများကြီး မပေးပါနဲ့။ သူမေးလိုက် တဲ့ မေးခွန်းတစ်ကြောင်းတိုင်းက ဟုတ်၊ အင်းတို့နဲ့ပဲ ဖြေနေရရင် ကိုယ့်ရဲ့  အင်ပရက် ရှင်ဟာတော်တော်လေးကျနေပါပြီ။ မိမိလုပ်ခဲ့တာတွေကို တစ်ခုချင်းဆီ ဂုဏ်ယူ စွာပြောပြနိုင်ရပါမယ်။ .မိမိလုပ်လိုတဲ့ ဆန္ဒ၊ ရှိနေတဲ့ အိုင်ဒီယာတို့ကို ထုတ်ဖော်ပြနိုင်ရမယ်။ အလုပ်စလုပ်ဖို့ အင်တာဗျူး ဝင်တာဆိုရင်လည်း မကြောက်မရွံ့  ဆွေးနွေးနိုင်ရမယ်။ အမှန်တော့ အလုပ်ဝင်ရန် အင်တာဗျူးဟာ စာမေးပွဲ စစ်တာမဟုတ်ပါဘူး။ အရိုးရှင်းဆုံး ဥပမာပေးရင်- မင်းမီးမွေးတတ်လား၊ ငါတို့မှာ ထင်းနဲ့ အသားတွေရှိတယ်။ မီးမွေးဖို့ လူမရှိဘူး။ လို့ မေးတဲ့သဘောဖြစ်ပြီး ဖြေဆိုသူကလည်း ဟုတ်ကဲ့ မီးမွေးတတ်ပါတယ်။ သို့ပေမယ့် ကောင်းကောင်းကြီးမမွေးတတ်ဘူး။ အရင်ကတော့ ဒီလိုမီးမွေးဖူးပါတယ်။ အစရှိသဖြင့် သူလိုအပ်နေတဲ့ ကဏ္ဍမှာ ကိုယ်က လုပ်နိုင်လား မနိုင် တိုင်ပင်ဆွေးနွေး ၊ မေးမြန်းခြင်းသာ ဖြစ်ပါတယ်။ အင်တာဗျူး ဝင်ဖြေသူ လူများလာတဲ့အတွက် အပြိုင်အဆိုင် သဘောသတ်မှတ်လို့ စာမေးပွဲတစ်ခုပမာ ဖြစ်လာရပါတယ်။

အလုပ်ရသွားပြီဆိုပါစို့။ တကယ်စေတနာထားပြီး လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး လုပ်ပါ။ သူခိုင်းလို့လုပ်ရတာ တာဝန်ပြီး ပြီးရော လုံးဝမလုပ်ပါနဲ့။ စေတနာ တစ်ခုချို့ ရင် ယင်းအလုပ် မအောင်မြင်နိုင် ပါဘူး။ ကိုယ့်ရဲ့ အိုင်ဒီယာများကို အလုပ်ထဲ မှာ ပေါင်းစပ်ပါ။ ခိုင်းတာတွေပဲ လိုက်လုပ်တာမျိုးမလုပ်ပါနဲ့။ သူဒါခိုင်းလို့ ဒီလိုပဲလုပ်လိုက် တယ်ဆိုရင် ရိုးရိုးကြည့်တော့ကောင်းပေမယ့် စဉ်းစားကြည့်ရင် မကောင်းပါဘူး။ ဒီမှာ ကိုယ့်ရဲ့  ဦးနှောက်ကို ပြည့်ပြည့်ဝဝအသုံးမချပါဘူး။ အိုင်ဒီယာလေးတွေပေါင်းပြီး သက်ဆိုင်ရာ စီနီယာ၊ သူဌေး အစရှိသဖြင့် တို့ကို အကြံဥာဏ်ပေးပါ။ ကိုယ်လုပ်ရတဲ့ ဘောင်လေးမှာတင် ဘယ်လိုအကောင်းဆုံးလုပ်ပြီး ချပြရင် အထက်လူကြီးတို့ ဘယ်လိုသဘောကျမယ်ဆိုတာကို သိထားရပါမယ်။ တကယ်လည်း ဖန်တီးနိုင်ရ ပါမယ်။ ဒီလိုဖန်တီးနိုင်မှုတွေ၊ အလုပ်ကြိုးစား မှုတွေကိုကြည့်ပြီးတော့ လုပ်ငန်းရှင်တို့က လခတိုးမြင့်ခြင်း၊ ရာထူးတိုးမြင့်ခြင်းတွေ လုပ်ပေးပါတယ်။ သို့ပေမယ့် ဆန္ဒမစောပါနဲ့။ ဒီအတွက် အချိန်ကာလတစ်ခုကြာပါတယ်။ ခန့်မှန်းထားတာထက် ကြာပြီး ကိုယ့်အရည်အချင်းကို လုပ်ငန်းရှင်က အသိအမှတ်မပြုဘူး ဆိုရင် စာဖတ်သူတို့ ဘာလုပ်သင့်တယ်ဆိုတာကို သိရှိမယ်ထင်ပါတယ်။

ဒီအလုပ်ကိုဆက်လက်မတွဲပါနဲ့။ ကိုယ့်အတွက် တက်လမ်းမရှိပါဘူး။ အချို့ လုပ်ငန်းရှင် သူခိုင်းတာပဲလုပ်စေ ချင်ပါတယ်။ သူလိုချင်တာလေးပဲ ထုတ်သုံးပြီး ဝန်ထမ်းရဲ့  စွမ်းရည် ကို ဘောင်ခတ်ထားတတ်ပါတယ်။ ဒီလို ဘောင်ခတ်ထားတတ်တဲ့ သူဌေးမျိုး၊ လုပ်ငန်းရှင် မျိုးဆိုရင်တော့ ဆက်လက်မတွဲပါနဲ့။ ကိုယ်က တစ်သက်လုံး ဝန်ထမ်းလုပ် မယ့်သူမှမ မဟုတ်တာ။ ဘဝဆိုတာ ရှည်လျားပြီး ကြိုးစားဖို့ လမ်းက အမြဲပွင့်နေဖို့ လိုပါတယ်။ ဒီလို လမ်းပိတ်တတ်ရင်တော့ နောက်အလုပ် တစ်ခု ပြောင်း ဖို့လိုအပ်ပါတယ်။ ဒီတော့ အပြင်လော ကနဲ့လည်း အဆက်အသွယ် မပြတ်ပါနဲ့။ ကိုယ်လုပ်နေတာနဲ့ သက်ဆိုင်တဲ့ နယ်ပယ်ကို အမြဲလေ့လာထားပါ။ အခြေအနေကို အမြဲတမ်းစောင့်ကြည့်ပါ။ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်။

သို့ပေမယ့် လုပ်ငန်းရှင်ကို ကျေးဇူးကန်းတာမျိုးတော့ မလုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ အလုပ် လုပ်နေတယ်။ နောက်အလုပ်တစ်ခုက လစာကောင်းလို့ ပြောင်းပစ်လိုက်တယ် မလုပ်ပါနဲ့ ။ ငွေကိုချည်းကြည့်ပြီးတော့ ယခုလို တစ်ခုပြီးတစ်ခုပြောင်းခြင်းက ကိုယ့်အတွက် မကောင်း ပါဘူး။ ခဏခဏ ခြံခုန်တတ်တဲ့ မြင်းကို ဘယ်သူမှ မမွေးရဲ တော့သလို၊ ခဏခဏ လစာကောင်းရာ ပြောင်းတတ်တဲ့ ဝန်ထမ်းကိုလည်း လုပ်ငန်းရှင်တို့ ကြောက်ပါတယ်။ ဒါကြောင့် အလုပ်စဝင်ကတည်းက ကိုယ်ရသင့်တဲ့ လစာကို တစ်ခါတည်း ညှိနှိုင်းဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် အင်တာဗျူးမှာကတည်းက ကိုယ်ရသင့်တဲ့ လခကို တစ်ခါတည်း ပြောဖို့ လိုအပ် ပါတယ်။ ပိုလည်း မပြောပါနဲ့။ လျော့လည်း မပြောပါနဲ့။ အစမ်းခန့်ကာလအတွင်း ရသင့်တဲ့ လစာ၊ ပြီးရင် ရသင့်တဲ့ လစာ အားလုံးကို တစ်ခါတည်းတွက်ချက်ပြီး အင်တာဗျူးမှာ တစ်ခါတည်း ညှိနှိုင်းပါ။ ညှိနှိုင်းလို့ မရရင် မတွန့်ဆုပ်ပါနဲ့။ ယနေ့ခေတ်မှာ အလုပ်မရှားပါ။ နောက်အလုပ် တစ်ခုပြောင်းလျှောက်ဖို့ တိုက်တွန်းပါတယ်။


အကယ်၍ ကိုယ်စိတ်ကြိုက်တွေ့တဲ့ အလုပ်တစ်ခုရလိုက်ပြီဆိုရင် စေတနာ၊ ဝီရိယ၊ ပညာ အားလုံး ပေါင်းစပ်လို့ တကယ် စွမ်းဆောင်လုပ်ကိုင်ရပါမယ်။ ဒါဆို ကြိမ်းသေအောင်မြင် ပါတယ်။ ကိုယ့်ဘဝအတွက်လည်း တက်လမ်းတွေ အများကြီးရှိလာပါတယ်။


လုပ်ငန်းရှင် (ဝန်ထမ်းငှားရမ်းသူ)

ကိုယ့်က လုပ်သားလိုလို့ခေါ်တယ်ဆိုပါစို့။ အင်တာဗျူးမှာကတည်းက လုပ်သားကို သေချာ စစ်ဆေး မေးမြန်းပါ။ ယင်းမေးမြန်းချက်ထဲမှာ သူ့ရဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်မှုစွမ်းရည် အားလုံးကို တစ်ခါတည်းသိရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်က လုပ်သားကို ထိုက်တန်တဲ့ လစာတစ်ခု သတ်မှတ်ထားရပါမယ်။ ကိုယ်လည်း ပေးနိုင်မယ်။ ပေးသင့်တဲ့ ပမာဏတစ်ခု လည်း ဖြစ်ကို ဖြစ်ရပါမယ်။ ဒီမှာကတည်းက လုပ်ငန်းရှင်ဟာ သမာသမတ်ကျဖို့လိုအပ် ပါတယ်။ အင်တာဗျူးဝင်ဖြေသူက တောင်းဆိုလာတဲ့ ပမာဏသာ ပိုများနေပါက ညှိနှိုင်းကြည့် ပါ မရင်ရင် မခန့်ပဲ နောက်ထပ် အင်တာဗျူးဝင်လျှောက်သူများကို စစ်ဆေးနိုင်ပါတယ်။ ဒီခေတ်မှာ လုပ်သားမရှားပါ။

ကိုယ်ရွေးတဲ့ လုပ်သားဟာ ကိုယ့်လုပ်ငန်းအတွက်လည်း တကယ် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်။ လုပ်သားတွေမှာ မထင်မှတ်တဲ့ အိုင်ဒီယာတွေ၊ ပညာရပ်တွေ ရှိပါတယ်။ ဒါတွေကို ယူသုံးလိုက်ရင် လုပ်ငန်းပို တွင်ပြီး လုပ်သားစွမ်းရည်များများကို ရရှိနိုင်ပါတယ်။ ဝန်ထမ်းများကို အမြဲစောင့်ကြည့်နေရပါမယ်။ တကယ် ကြိုးစားအားထုတ်သူ၊ ဝီရိယရှိသူ၊ ဦးဆောင်လမ်းပြပေးနိုင်သူများရှိရင် Promote လုပ်ပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ရာထူး တိုးပေးဖို့ မတွန့်ဆုပ်ပါနဲ့။ နေရာပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ဒီလိုသာ မလုပ်ရင် ဒီလိုလုပ်ပေးတဲ့ နေရာတစ်ခု ကို ထွက်ခွာသွားနိုင်လို့ ဖြစ်ပါတယ်။ ကိုယ် သွေးထားပေးတဲ့ ဓားက အခြားလူလက်ထဲရောက် သလို ဖြစ်သွားပြီး ယင်း ဝန်ထမ်းဟာ အခြား နေရာမှာ လက်စွမ်းတွေ ပြနေတတ်ပါတယ်။ ကိုယ့်စီမှာ ဝန်ထမ်းမြဲနေအောင် ကြိုးစားရပါမယ်။ ဒါကြောင့် လုပ်သားတွေရဲ့ အရည်အချင်း၊ ကြိုးစားမှု၊ သစ်ဆန်းနိုင်မှုများကို လေ့လာစောင့်ကြည့် အသုံးချပေးနေရပါမယ်။

လုပ်ငန်းလည်း ပိုမိုတွင်ကျယ်သလို ဝန်ထမ်းလည်း မိမိပေးတဲ့ အလုပ်ကို မြတ်နိုးလာ တတ်ပါ တယ်။ တစ်ခါခါမှာ စုန်းပြူးပါတတ်ပါတယ်။ အင်တာဗျူးမှာတုန်းက သတိမထားမိပေး မယ့် နောက်တော့ သူ့ဟာ အလုပ်မတွင်တဲ့ သူတစ်ယောက်မျိုး ဖြစ်လာတတ်ပါ တယ်။ ရေသာမခိုရင်တောင် တာဝန်ပြီးပြီးရောလုပ်တတ်ပါတယ်။ နောက်အခြား အလုပ်များကောင်းမလား စောင့်ကြည့်နေတတ်ပါတယ်။ ဒါမျိုးဆိုရင် လက်တွဲဖြုတ်ဖို့ ဝန်လေးစရာ မလိုပါဘူး။ မိမိကို ခုတုံးလုပ်ပြီး အခြားနေရာမှာ လက်စွမ်းပြမယ့်သူ များ ဖြစ်ပါ တယ်။

ဝန်ထမ်းကောင်းသာ ရထားရင် လုပ်ငန်းရှင်ဘက်ကလည်း တူညီသော ပေးဆပ်မှု၊ ထိုက် တန်သော ပေးဆပ်မှုကို အမြဲ ပေးစွမ်းနိုင်ရပါမယ်။ ကိုယ့်ဘက်က ဆက်မပေးနိုင်ဘူးဆိုရင် လည်း သူ့ကို ပျံသန်းခွင့်ပေးလိုက်ပါ။ ဒီတော့ အလုပ်ကို ချစ်အောင် ကိုယ်က ဖန်တီးပေးထား ရင်တော့ လစာနည်းရင်တောင် ဝန်ထမ်းအချို့ က ဒီမှာပဲ မြဲအောင်လုပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းမြဲဖို့ဆိုတာ ငွေက အဓိကမဟုတ်ပါဘူး။ ဝန်ထမ်းတွေအတွက် ငွေမဟုတ်တဲ့ အခြား စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြစ်ပါတယ်။ ဝန်ထမ်းတွေချစ်ခင်တဲ့ သူဌေးဖြစ်အောင် နေ ရပါမယ်။

လုပ်ငန်းရှင်ဘက်ကလည်း လုပ်သားဆီက လိုအပ်တာကိုယူသုံးတယ်။ ထိုက်သင့်သလို ပြန် လည် ပေးချေမယ်။ လုပ်သားများကလည်း လုပ်ငန်းရှင်တောင်းဆိုတဲ့ စွမ်းဆောင်ရည်ကို ၁၀၀ရာခိုင်နှုန်းပေးစွမ်းနိုင်ရပါမယ်။ ကိုယ်ကလည်း ထိုက်တန်သလို ပြန်ရပါမယ်။ ဒါဆိုရင် လုပ်သားနဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ လုပ်သားလည်း အလုပ်မြဲသလို လုပ်ငန်းရှင်အတွက်လည်း လုပ်သားမြဲမှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းရှင်များမှလည်း ဂျာနယ်မှာ ကြော်ငြာခဏခဏထည့်ခေါ်ရတာကင်းသလို၊ လုပ်သားများလည်း ဂျာနယ်စောင့် ဖတ်ပြီး အလုပ်လျှောက်ရတဲ့ ဘဝက ကင်းပါတယ်။

ဒီနေရာမှာ အဓိက စကားပြောတာ အတ္တနဲ့ ပရပဲ ဖြစ်ပါတယ်။ ပုထုဇဉ်လူသားတိုင်းမှာ အတ္တကိုယ်စီ ရှိနေကြပါတယ်။ ကိုယ်အတွက်ချည်း ကြည့်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ငန်းရှင်ရယ်မှ မဆိုလို လုပ်သားများပါ ကိုယ့် အတ္တကိုယ်ချည်း ရှေ့ တန်းတင်မယ်ဆိုရင်၊ မိမိအတွက်ပဲ စဉ်းစားနေမယ်ဆိုရင် အလုပ်မတွင်ပါဘူး။ ကိုယ့်အတွက် အတ္တ သူ့အတွက် ပရ နှစ်မျိုးလုံးကို အချိုးညီညီ စဉ်းစားပြီး လုပ်ဆောင်တတ်မယ်ဆိုရင် နှစ်ဘက်လုံး ကြိမ်းသေ အောင်မြင်ရမှာ ဖြစ်ပါတယ်။

စာဖတ်သူ လုပ်ငန်းရှင်များ လုပ်သားမြဲလို့ လုပ်သားများလည်း အလုပ်မြဲကြပါစေ။


--
အောင်ခမ်း (TSJ team)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................