~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday, 15 September 2012

Microsoft အသိအမှတ်ပြု Phone Technician Specialist ဖြစ်ရန်

Microsoft အသိအမှတ်ပြု Phone Technician Specialist ဖြစ်လိုပါသလား ????
Windows OS တွေနဲ့ Microsoft Office တွေနဲ့ အစဉ်အလာကောအရှိန်အ၀ါကောကြီးမားတဲ့ Microsoft
က ခုနောက်ပိုင်း သူ့ ရဲ့ Products သစ်တွေကိုစဉ်ဆက်မပြတ်ထုတ်လာခဲ့တာ Windows Phone တွေ
လည်းပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ ခုအချိန်မှာ Apple နဲ့ Android တို့ အကြိတ်အနယ်နပန်းသတ်နေတုန်း
ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ Microsoft ကလည်း သူ့ ရဲ့ windows phone 7 နဲ့ အဲဒီနပန်းပွဲထဲကိုဝင်လာပါ
တော့မယ်။




အဲဒီလိုဝင်မယ့်အထဲမှာ Microsoft အနေနဲ့ လည်း သူ့ ရဲ့ Products တွေကို ကျွမ်းကျင်တဲ့ အသိအမှတ်
ပြုစာမေးပွဲတွေစစ်ပြီး Microsoft Certified ပညာရှင်တွေမွေးထုတ်လာခဲ့တာ ကမ္ဘာတစ်ဝှမ်းမှာ Microsoft
အသိအမှတ်ပြုလက်မှတ်ရသူပေါင်း မနည်းမနောရှိလာခဲ့ပြီဖြစ်ပါတယ်။ ခုလည်း Microsoft ကနေသူထုတ်
မယ့် windows phone တွေနဲ့ ပတ်သက်ပြီး development ပိုင်းမှာ microsoft အသိအမှတ်ပြု
mobile developer တွေမွေးထုတ်ဖို့ အတွက် Windows Mobile စာမေးပွဲတွေကို ၂၀၁၁ July ထဲကနေ
စပြီးလုပ်ခဲ့ပါပြီ။ Microsoft ရဲ့ ထုံးစံအတိုင်း MCPD ( Microsoft Certified Phone Developer ) လက်မှတ်ရတဲ့  phone technician ဟာ Windows phone Platform တွေမှာအကျွမ်းတ၀င်လုပ်နိုင်
စွမ်းရှိသလို ဖုန်းနဲ့ ပတ်သက်တဲ့ certificate တစ်ခုအနေနဲ့ လည်းအသုံးတည့်နိုင်မှာဖြစ်ကြောင်း ။

MCPD ရဖို့ အတွက် ...ဘာတွေလိုအပ်လဲဆိုရင်

Microsoft Exam 70-516 ...Access Data with .Net Framework 4.0
Microsoft Exam 70-506 ... Silverlight 4, Development
Microsoft Exam 70-577 ....Designing and Developing Windows Phone Applications


သုံးဘာသာဖြေဖို့ အောင်မြင်ဖို့ လိုအပ်ပါတယ်။ အဲဒီ ၃ ဘာသာလုံးအောင်မယ်ဆိုရင်တော့ Microsoft
အသိအမှတ်ပြု MCPD mobile developer တစ်ယောက်အဖြစ် တရားဝင်ရပ်တည်နိုင်မည်ဖြစ်ကြောင်း
ရေးသားလိုက်ရပါတယ်။


Microsoft site ကထုတ်ပြန်ထားတာကိုကြည့်ချင်ရင် ဒီမှာ နှိပ်ပါ။



နောက်ပိုင်း ထုတ် Nokia, HTC နဲ့ အခြားသော company တွေကလည်း windows phone OS တွေကို
စိတ်ဝင်စားလာပြီဖြစ်တဲ့အတွက် windows phone ရဲ့ နောက်ပိုင်း အလားအလာပိုမိုကောင်းမွန်လာဖွယ်
လည်းရှိကြောင်းမျှော်လင့်ရပါတယ်။
 
 
 
 
 
credit phyo sithu maung

Wednesday, 8 August 2012

ကမ္ဘာ့အသက်ငယ်ဆုံး အသက် ၈နှစ်သား ကွန်ပျူတာ နည်းပညာရှင် Microsoft Techonology Specialist

ကမ္ဘာ့အသက်ငယ်ဆုံး အသက် ၈နှစ်သား ကွန်ပျူတာ နည်းပညာရှင်
 
ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့မှာ နေထိုင်တဲ့ အသက် ၈နှစ်သား Shafay ဟာ မိုက်ခရိုဆော့ အသိမှတ်ပြု Techonology Specialist တစ်ဦးဖြစ်ပါတယ်။

၂၀၀၄ ခုနှစ် မတ်လ ၁၃ ရက်က မွေးဖွားပြီး ၂၀၁၂ခုနှစ် ဧပြီလဆန်းမှာဆန်းမှာ Microsoft မှကျင်းပတဲ့ Prometric Test စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့ပါတယ်။ အံ့သြစွာပဲ ရမှတ် ၉၁ မှတ်နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် ၁၃ လသာသင်ကြားခဲ့ရပါတယ်။
...

Shafay Thobani ဟာငယ်ငယ်လေးကတည်းက ကွန်ပျူတာအသုံးပြုမှုကို နက်နက်နဲနဲစိတ်ဝင်စားသူ ဖြစ်ပြီး Network ရဲ့လုပ်ဆောင်ချက်များကို အမြဲလေ့လာနေတတ်သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို သင်ကြားပေးတဲ့ ဆရာ Faisal Durrani အနေနဲ့ Domain Name စနစ် (DNS) နဲ့ Internet Protocol (IP) သင်ခန်းစာတွေကို သင်ကြားရတာ အခက်အခဲမရှိခဲ့ပါဘူး။

Shafay ဟာ Microsoft Hyper-V virtualization ကိုလည်း ၆၅ မှတ်နဲ့ အောင်မြင်ထားပါတယ်။ အသက် ၈ နှစ်သာ ရှိသေးပြီး အသက် ၂၀ ဝန်းကျင်လူများ လေ့လာသင်ယူရတဲ့ ဘာသာရပ်ကို ငယ်ငယ်လေးနဲ့ ထူးချွန် အောင် လေ့လာသင်ကြားနိုင်ခဲ့ပါတယ်။

ဒါကြောင့် Shafay ကို ကမ္ဘာ့အသက်အငယ်ဆုံး Microsoft အသိမှတ်ပြု နည်းပညာ စပယ်ရှစ်လစ် တစ်ဦး အဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
---
Ref:Khaleei times

Monday, 6 August 2012

About Microsoft MCTS and MCITP Exam

About Microsoft MCTS and MCITP Exam

 


Network ပိုင်းကို လေ့လာနေတဲ့ သူတွေအတွက် အခုလက်ရှိ Microsoft Company ရဲ့ အမြင့်ဆုံးအောင်လက်မှတ်ဖြစ်တဲ့ MCITP Exam အကြောင်း ရေးချင်စိတ်ပေါ်လာတာနဲ့ ရေးလိုက်တာပါ။ MCITP ဆိုတာ Microsoft Certified IT Professional ကိုဆိုလိုခြင်းဖြစ်ပါတယ်။ နောက်တစ်ခု MCTS ဆိုတာကတော့ Microsoft Certified Technology Specialist ကိုဆိုလိုတာပါ။ အရင်တုန်းကတော့ Microsoft က MCSE (Microsoft Certified System Engineer) နဲ့ MCSA (Microsoft Certified System Administrator) ဆိုပြီး စစ်ဆေးပေးခဲ့ပါတယ်။ 2008 ခုနှစ် ဖေဖေါ်ဝါရီ 27 ရက်နေ့မှာ Windows Server 2008 ကိုတရားဝင်ထွက်လာပြီး နောက်ပိုင်းကြတော့လဲ MCITP ဆိုပြီး သူ့ရဲ့ Trend ကိုပြောင်းပြစ်လိုက်ပြန်တယ်။ MCITP စာမေးပွဲကိုဖြေဆိုမဲ့သူတွေ အနေနဲ့ကတော့ Server 2008 ကိုအထူးကျွမ်းကျင်ဖို့ လိုအပ်လိမ့်မယ်။ (ချွင်းချက်အနေနဲ့ကတော့ Microsoft Exam ကစာကျက်ဖြေမယ်ဆိုလည်း ရနိုင်ပါတယ်။ ဒါပေမဲ့ သူများနိုင်ငံတွေမှာ အလုပ်သွားလုပ်မယ်ဆိုရင် အဲလိုလူမျိုးတွေ မျက်နှာငယ်ပြီး အနှိမ်ခံရတက်ပါတယ်) ဘာပဲဖြစ်ဖြစ် ကိုယ်တစ်ကယ်တက်လို့ စာမေးပွဲ ၀င်ဖြေတယ်ဆိုတာပဲ ဖြစ်သင့်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ တစ်ကယ်မတက်ပဲနဲ့ လက်မှတ်ကြီးကိုင်ထားပြီး ဘာလုပ်မှာလဲ ?????
MCTS (Microsoft Certified Technology Specialist) Exam
MCTS (Microsoft Certified Technology Specialist) ဆိုတာကတော့ နည်းပညာ နယ်ပယ်တစ်ခုတည်းကိုပဲ အဓိက စစ်ဆေးပေးတာပါ။ MCITP ကိုသွားဖို့အတွက် ပထမ ခြေလှမ်းပေါ့။ ဥပမာ - Exam 070-680 Microsoft Windows 7 စာမေးပွဲကို ဖြေလို့ အောင်မယ်ဆိုရင် MCTS လက်မှတ်ရပါပြီ။ အရင် MCSA/MCSE တုန်းကတော့ Client အနေနဲ့ Windows XP ကို MCP (Microsoft Certified Professional) ဆိုပြီး စစ်ဆေးခဲ့တာပေါ့။ နောက် Exam 070-620 Microsoft Windows Vista စာမေးပွဲကို ဖြေလို့ အောင်မယ်ဆိုရင်လည်း MCTS ဖြစ်သွားပါပြီ။ သူကတော့ MCITP ကိုသွားဖို့အတွက် Client Configuration စာမေးပွဲလို့လဲ ပြောလို့ရပါတယ်။

MCITP (Microsoft Certified IT Professional) Exam
 

MCITP (Microsoft Certified IT Professional) Exam ဆိုတာကတော့ IT Infrastructures အပိုင်းကို ကောင်းမွန်စွာ Planning (စီမံခန့်ခွဲ) လုပ်နိုင်ရပါမယ်။ Deploying လို့ခေါ်တဲ့ ထိထိရောက်ရောက် အသုံးချနိုင်ရမယ်။ Supporting လည်း လုပ်ပေးနိုင်ရမယ်။ နောက်တစ်ခု Maintaining လည်း လုပ်ပေးနိုင်ရမယ်။ Optimizing လည်း လုပ်နိုင်ရပါမယ်။ အဲဒီထဲမှာ Supporting နဲ့ Maintaining ဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်မယ် ထင်ပါတယ်။ Optimizing ဆိုတာကတော့ ရနိုင်သလောက် စွမ်းအားကုန် ထုတ်သုံးတာကို ပြောတာပါ။ လွယ်လွယ်ပြောရရင် Computer တစ်လုံးရဲ့ ရနိုင်သလောက် performance ကိုမြှင့်သုံးနိုင်ရမယ်ပေါ့။ တစ်ကယ်တမ်း MCITP သမားတစ်ယောက်က အဲဒါတွေကို ကျွမ်းကျင် ပိုင်နိုင်ရပါမယ်။ နောက်တစ်ခုက MCITP စာမေးပွဲမှာ MCITP - SA (Server Administrator) နဲ့ MCITP – EA (Enterprise Administrator) ဆိုပြီးရှိပါတယ်။

MCITP – SA (Microsoft Certified IT Professional – Server Administrator)


Server Administrator ဆိုမှတော့ Client ပိုင်းဖြစ်တဲ့ Windows 7 တို့ Vista တို့ ဖြေစရာ မလိုတော့ပါဘူး ။ သူများနိုင်ငံတွေမှာ အလုပ်တွေက Standard ရှိတယ်လေ ။ Server Administrator ဆိုရင် Server ရှေ့မှာပဲ ထိုင်ရမယ်။ Server ကိုပဲ ကြည့်ရမယ်။ တစ်ချို့ကျတော့လဲ ရုံးမတက်ပဲ အိမ်ကနေ ရုံးက Server ကို Remote နဲ့ လှမ်းပြီး ပုံမှန် Maintaining လုပ်ပေးရုံပဲပေါ့။ ကျွန်တော်တို့ နိုင်ငံမှာတော့ မရဘူးနော် ။ အလုပ်တွေက Standard မရှိဘူး။ Network သမား Server Administrator လည်း Client စက်တွေ တစ်ခုခုဆို ကြည့်ရတာပဲ ။ အစုံတက်ရတယ်။ Network သမား၊ ကွန်ပျူတာ Hardware လဲ သိ့ရမယ်။ Client စက်တွေပျက်ရင်လဲ ပြင်ပေးရမယ်။ Server ပျက်ရင်လည်း ပြင်ရမယ်။ MCITP – Server Administrator ဖြစ်ဖို့အတွက် Client စာမေးပွဲ Windows 7 တို့ Vista တို့ ဖြေဖို့ မလိုပါဘူး ။ Exam (၃) ခုဖြေရင် ရပါတယ်။ ဒီက သင်တန်းတွေတော်တော်များများကတော့ MCITP – SA အတွက်လဲ Client တစ်ဘာသာပါ ထည့်သင်ပြီး စာမေးပွဲ (၄) ခု ဖြေခိုင်းကြပါတယ်။ ဒါကလဲ သင်တန်းဆရာတွေ က အောက်သက်ကြေအောင် စေတနာနဲ့ လုပ်တဲ့ သဘော နေမှာပါ။ စာမေးပွဲ ကြေးနဲ့ သင်တန်း ကြေးနဲ့ ပိုက်ဆံတော့ ပိုကုန်တာပေါ့နော် ။ ကျွန်တော်တော့ မတက်နိုင်ဘူး ။

MCITP – SA ဖြစ်ချင်တယ်ဆိုရင် ……
(၁) 70-640 TS: Windows Server 2008 Active Directory, Configuration ကိုအောင်ရပါမယ်။ ကျွန်တော်တို့ လွယ်လွယ်ခေါ်ကြတဲ့ AD ပေါ့ ။

(၂) 70-642 Ts: Windows Server 2008 Network Infrastructure, ကိုအောင်ရပါမယ်။ Network Infrastructure Configuration ပေါ့။

(၃) ဒီ Exam ကတော့ Pro ဖြစ်သွားပါပြီ ။ 70-646 PRO: Windows Server 2008 Server Administrator ကို အောင်ရပါမယ်။ အဲဒီ Exam သုံးခု အောင်သွားပြီဆိုရင်တော့ MCITP – SA လက်မှတ်ရသွားပါပြီ။

MCITP – EA (Microsoft Certified IT Professional – Enterprise Administrator)


Enterprise Administrator ဆိုတာကတော့ အပေါ်မှာ ပြောခဲ့သလို IT Infrastructure , Deploying , Supporting , Maintaining , Optimizing စသည်ဖြင့် ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။ စုစုပေါင်း Exam (5)ခု ဖြေရပါတယ်။ Enterprise Administrator ဖြစ်ဖို့အတွက်ကတော့ Client စာမေးပွဲဖြစ်တဲ့ MCTS - Windows Vista (or) Windows 7 တစ်ခုခုကို ဖြေရပါတယ်။

MCITP – EA ဖြစ်ချင်တယ်ဆိုရင်တော့ …….

(၁) 70-620 TS: Microsoft Windows Vista (or) 70-680 TS: Microsoft Windows 7 , Configuration ကိုအောင်ရပါမယ်။

(၂) 70-640 TS: Microsoft Windows Server 2008 Active Directory, Configuration ကိုအောင်ရပါမယ်။

(၃) 70-642 TS: Windows Server 2008 Network Infrastructure , Configuration ပိုင်းကို အောင်ရပါမယ်။

(၄) 70-643 TS: Server 2008 Application Infrastructure , Configuration ကိုအောင်ရပါမယ်။

(၅) 70-647 PRO: သူကတော့ Pro ပေါ့ Windows Server 2008 Enterprise Administrator ကို အောင်မြင်ရပါမယ်။

အဲဒီ exam (၅) ခုကို အောင်မြင်သွားပြီဆိုရင် MCITP – EA ဖြစ်သွားပါပြီ။ အဲဒီမှာ SA နဲ့ EA နှစ်မျိုးလုံးမှာ 70-640 နဲ့ 70-462 နှစ်ဘာသာလုံးက အတူတူပါပဲ ။ SAနဲ့EA နှစ်မျိုးစလုံးမှာ ဖြေဖို့လိုပါတယ်။ ဖြေမယ်ဆိုရင် အကောင်းဆုံးကတော့ အရင်ဆုံး SA ကိုဖြေ နောက်မှ EA ကို ထပ်ကူးဖြေကြပေါ့။

Note: နောက်တစ်ခု အရင် MCSA နဲ့ MCSE ကိုအောင်ထားပြီးသားလူတွေကတော့ 70:648 TS: Upgrading Your MCSA on Widows Server 2003 to Windows Server 2008 ဆိုတဲ့ တစ်ဘာသာနဲ့ ကျန်တာကတော့ MCITP Server Administartor ဆိုရင် 70-646 Pro: Windows Server 2008 Server Administrator ကိုဖြေရင် ရပါပြီ။ နောက်တစ်ခု EA ဖြေချင်တဲ့ သူတွေကလဲ update စာမေးပွဲတစ်ခုနဲ့ 70-647 PRO စာမးပွဲတစ်ခု ဖြေလိုက်ရင် ရပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့် … သူရ ….
 
 
Credit http://www.tramyanmar.net/2012/01/about-microsoft-mcts-and-mcitp-exam.html
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................