~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday, 26 September 2012

အမျိုးသားများ ဆံပင်ကျွတ်ခြင်း အကြောင်းသိကောင်းစရာများ

အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ



၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း

ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?

မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။

၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။

လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။

၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။

ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။

၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။

အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။

ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။

၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil

မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။

၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။

မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။

၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။

ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။

၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride

ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။

၁၁ ။ ဆံပင်တု တပ်သင့်လား ။

ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။

၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။

ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။

၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။

သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။


၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။

ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။

Ref : WebMD

သက်တန့်ချို

Saturday, 1 September 2012

(1)မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း (2)အိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး

မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း...................

 Photo: မုတ်ဆိတ်မွေးရိတ်ပြီးနောက် အသားအရေထိန်းသိမ်းနည်း...................

ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိပ်မွေးရိတ်ပြီး အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ၊ ခြောက်သွေ့စေတာ၊ ကြမ်းရှရှဖြစ်စေတာ၊ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီးချိန်မှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန်များကို ရှောင်ပါ

မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီင်္းတဲ့အခါ အသားအရေချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ Balm လိမ်းပေးပါ။

၂။ ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်

ဆပ်ပြာအများစုက အယ်လ်ကာလီဓာတ်တွေဖြစ်ပြီး အရေပြားက အနည်းငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက်နှာသစ်တဲ့အခါ၊ မုတ်ဆိပ်မွှေးရိတ်တဲ့အခါတွေမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊ မုတ်ဆိပ်မွှေးရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြုတာကြောင့် အသားအရေခြောက်သွေ့ကာ အရွယ်မတိုင်မီ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

သင့်အသားအရေတွေ ခြောက်သွေ့နေပါက အရေပြားရဲ့ သဘာဝကာကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေတာကြောင့် အရေးကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်မှု နည်းစေအောင်အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို ခြောက်နာရီ-၁၂နာရီအထိသာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန်ထက်ကျော်သွားရင်တော့ အသားအရေခြောက်သွေ့လာတာကြောင့် နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့လိုပါတယ်။

၎။ ကြက်သီးနွေးရေနှင့် မျက်နှာသစ်ပါ

ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။ မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက်သီးနွေးရေကိုသာ အသုံးပြုပါ။

၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ

စစ်တမ်းကောက်ယူမှုအရ မိန်းကလေးအများစုက ယောက်ျားလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။ သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ်ပေးပြီး ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက်ကို ကြေးချွတ်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပေးပါ။
 Good Health
ဆပ်ပြာနဲ့ အယ်လ်ကိုဟော အခြေခံပြုလုပ်ထားတဲ့ မုတ်ဆိပ်မွေးရိတ်ပြီး အသုံးပြုရတဲ့အရည်တွေက အရေပြားကို ယားယံစေတာ၊ ခြောက်သွေ့စေတာ၊ ကြမ်းရှရှဖြစ်စေတာ၊ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါေ...
ကြာင့် မုတ်ဆိတ်မွေးရိတ်ပြီးချိန်မှာ သင့်အသားအရေကို ထိန်းသိမ်းဖို့ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

၁။ အယ်လ်ကိုဟော အခြေခံထုတ်ကုန်များကို ရှောင်ပါ

မုတ်ဆိတ်မွေးရိတ်ပြီး အသုံးပြုရတဲ့အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေးရိတ်ပြီင်္းတဲ့အခါ အသားအရေချောမွေ့စေပြီး အစိုဓာတ်ထိန်းပေးတဲ့ Balm လိမ်းပေးပါ။

၂။ ကြေးချွတ်အားပြင်းသော ဆပ်ပြာကို အသုံးမပြုပါနှင့်

ဆပ်ပြာအများစုက အယ်လ်ကာလီဓာတ်တွေဖြစ်ပြီး အရေပြားက အနည်းငယ်အက်စစ်ဓာတ်ဖြစ်နေပါတယ်။ မျက်နှာသစ်တဲ့အခါ၊ မုတ်ဆိပ်မွှေးရိတ်တဲ့အခါတွေမှာ ကြေးချွတ်အားပြင်းတဲ့ ဆပ်ပြာဖြစ်စေ၊ မုတ်ဆိပ်မွှေးရိတ်ရာမှာ အသုံးပြုရတဲ့ အမြှုပ်ထစေတာဖြစ်စေ အသုံးပြုတာကြောင့် အသားအရေခြောက်သွေ့ကာ အရွယ်မတိုင်မီ အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။

၃။ အစိုဓာတ်ထိန်းခရင်မ် လိမ်းပါ

သင့်အသားအရေတွေ ခြောက်သွေ့နေပါက အရေပြားရဲ့ သဘာဝကာကွယ်စောင့်ရှောက်မှုစနစ် အားနည်းနေတာကြောင့် အရေးကြောင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ အသားအရေခြောက်သွေ့ပြီး အရေးကြောင်းတွေ ဖြစ်ပေါ်မှု နည်းစေအောင်အစိုဓာတ်ထိန်းခရင်မ်လိမ်းထားတဲ့အခါ အစိုဓာတ်ကို ခြောက်နာရီ-၁၂နာရီအထိသာ ထိန်းထားနိုင်ပါတယ်။ အဲဒီအချိန်ထက်ကျော်သွားရင်တော့ အသားအရေခြောက်သွေ့လာတာကြောင့် နောက်တစ်ကြိမ် ထပ်လိမ်းပေးဖို့လိုပါတယ်။

၎။ ကြက်သီးနွေးရေနှင့် မျက်နှာသစ်ပါ

ရေပူပူကို အသုံးပြုပါက သင့်အရေပြားမှာ သဘာဝအတိုင်းရှိနေတဲ့ အဆီတွေကို ဖယ်ရှားပစ်လိုက်ပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သင့်အသားအရေအတွက် ကြက်သီးနွေးရေကို အသုံးပြုတာက အသင့်တော်ဆုံးပါ။ မုတ်ဆိတ်ရိတ်တာနဲ့ မုတ်ဆိတ်ရိတ်ပြီး မျက်နှာသစ်ရာမှာ ကြက်သီးနွေးရေကိုသာ အသုံးပြုပါ။

၅။ လက်သည်း၊ ခြေသည်းကို ဂရုပြုပါ

စစ်တမ်းကောက်ယူမှုအရ မိန်းကလေးအများစုက ယောက်ျားလေးတွေရဲ့ လက်သည်း၊ ခြေသည်း ဂရုပြုမှုအပေါ် အကဲဖြတ်တတ်တာကို တွေ့ရပါတယ်။ သင့်မျက်နှာကို အမြဲဂရုပြုသလို လက်သည်း၊ ခြေသည်းတွေကိုလည်း ပုံမှန်ညှပ်ပေးပြီး ဘေးဆွယ်တွေကို သေချာစွာ တံစဉ်းနဲ့ တိုက်ပေးပါ။ ခြေထောက်ကို ကြေးချွတ်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်လိမ်းတာတွေ ပြုလုပ်ပေးပါ။
 

Good Health
 
======================================================
 
အိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ......................

 Photo: အိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ......................

အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်အား အားအင်ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပြီး အထွေထွေကျန်းမာရေးအတွက် အကျိုးများစွာ ဖြစ်ထွန်းစေ ပါတယ်။ အိပ်စက်ချိန် လုံလောက်ရန်လိုအပ်သကဲ့သို့ အိပ်စက်အနားယူရာ၌ နှစ်ခြိုက်မှုရှိရန် အရေးကြီးပါတယ်။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူ ခြင်းသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက်လည်း လိုအပ်မည်ဖြစ်သည်။

ဆေးပညာရှင်တချို့က အိပ်စက်အနားယူခြင်းကို အားကုန်သွားသော ဘက်ထရီအား အားပြန်လည်ဖြည့်သွင်းပေးခြင်းနှင့် အလားတူသည်ဟု တင်စားပြောဆိုလေ့ရှိသည်။
အိပ်စက်ခြင်းသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့အတွက် အရေးကြီးကြောင်းနှင့် လူအများစုမှာ အိပ်စက်မှုလုံလောက်ခြင်း မရှိသဖြင့် ပြဿနာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားခဲ့သည်။ လူတစ်ယောက်အတွက် အိပ်စက်ချိန် ရှစ်နာရီခန့် လိုသည်။ ကလေးငယ်များအတွက် အိပ်စက်ချိန် ပိုမိုလိုအပ်မည်ဖြစ်၏။

အိပ်စက်ချိန်လုံလောက်မှု မရှိပါက ရုပ်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး လိင်ဆန္ဒတက်ကြွမှုနှင့် ဆန္ဒပြီးမြောက်မှုတို့အတွက် အခက်အခဲများ ဖြစ်စေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဝင်စားမှုနည်းခြင်း၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း၊ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့သည် အိပ်ချိန်မလုံလောက်မှု၏ နောက်ဆက်တွဲ ဖြစ်လာဖွယ်ရာများ ဖြစ်သည်။ လိင်ဆက်ဆံရာ ၌လည်း နာကျင်ကိုက်ခဲမှု ဝေဒနာနှင့် မောပန်းမှုတို့ကို ခံစားရတတ်သည်။

Dr.Dement က လူတစ်ယောက်အတွက် နိုးထချိန်နှစ်နာရီအတွက် အိပ်စက်ချိန် တစ်နာရီရှိရန် လိုအပ်သည်ဟု ဆိုသည်။ တစ်နေ့တာအတွက် အိပ်စက် အနားယူချိန် ၈ နာရီလိုအပ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပေ။ အချို့အတွက် ပိုမိုလိုအပ်၍ တချို့အတွက်မူ အနည်းငယ်လျော့နည်းနေတတ်ပါသည်။

နေ့ခင်းနေ့လည်၌ မောပန်းခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း စသည်တို့ဖြစ်ပါက အိပ်ချိန်လုံလောက်မှုမရှိကြောင်း သိသာသည်။ အိပ်စက်ချိန်၌ ဦးနှောက် အတွင်းရှိ အာရုံကြောကလာပ်စည်းများတွင် Neurotransmitters ခေါ် အာရုံကြောများ ဆက်သွယ်ရာတွင် လိုအပ်သည့် ပစ္စည်းများ တည်ဆောက် ဖြည့်တင်း ပေးနေကြောင်း တွေ့ရသည်။ နော်အက်ဒွီနယ်လင်တို့သည် လိင်ဆန္ဒဖြစ်ပေါ်မှုနှင့် တက်ကြွမှုတို့အတွက် အရေးကြီးကြသည်။

ယောက်ျားလေးများတွင် ညအိပ်စက်စဉ် လိင်အင်္ဂါတောင့်တင်းမှု အလိုအလျောက် ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် အိပ်မက်မက်၍ သုက်လွှတ်ခြင်းလည်း ဖြစ်တတ်သည်။ အလားဖြစ်စဉ်မျိုးကို အမျိုးသမီးများတွင်လည်း တွေ့ရနိုင်သည်။ သားမွေးလမ်းကြောင်းသို့ သွေးဝင်စီးဆင်းမှုမြင့်မားပြီး အရည်များ ထွက်ခြင်းကို ညအိပ်နေစဉ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ Wet dreams ခေါ် အိပ်ပျော်စဉ် ဆန္ဒပြည့်ဝပြီးမြောက်သွားမှု (ယောက်ျားလေးများ သုက်လွှတ် ခြင်းကဲ့သို့) လည်း ဖြစ်နိုင်ကြသည်။
Health
အိပ်စက်အနားယူခြင်းသည် ခန္ဓာကိုယ်အား အားအင်ပြန်လည်ဖြည့်တင်းပေးရာ ရောက်ပြီး အထွေထွေကျန်းမာရေးအတွက် အကျိုးများစွာ ဖြစ်ထွန်းစေ ပါတယ်။ အိပ်စက်ချိန် လုံလောက်ရန်လိုအပ်သကဲ့သို့ အ...
ိပ်စက်အနားယူရာ၌ နှစ်ခြိုက်မှုရှိရန် အရေးကြီးပါတယ်။ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်အနားယူ ခြင်းသည် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုအတွက်လည်း လိုအပ်မည်ဖြစ်သည်။

ဆေးပညာရှင်တချို့က အိပ်စက်အနားယူခြင်းကို အားကုန်သွားသော ဘက်ထရီအား အားပြန်လည်ဖြည့်သွင်းပေးခြင်းနှင့် အလားတူသည်ဟု တင်စားပြောဆိုလေ့ရှိသည်။
အိပ်စက်ခြင်းသည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် လိင်ဆက်ဆံခြင်းတို့အတွက် အရေးကြီးကြောင်းနှင့် လူအများစုမှာ အိပ်စက်မှုလုံလောက်ခြင်း မရှိသဖြင့် ပြဿနာအခက်အခဲများ ကြုံတွေ့နေရကြောင်း ကျွမ်းကျင်သူများက ထုတ်ဖော်ပြောကြားခဲ့သည်။ လူတစ်ယောက်အတွက် အိပ်စက်ချိန် ရှစ်နာရီခန့် လိုသည်။ ကလေးငယ်များအတွက် အိပ်စက်ချိန် ပိုမိုလိုအပ်မည်ဖြစ်၏။

အိပ်စက်ချိန်လုံလောက်မှု မရှိပါက ရုပ်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပြီး လိင်ဆန္ဒတက်ကြွမှုနှင့် ဆန္ဒပြီးမြောက်မှုတို့အတွက် အခက်အခဲများ ဖြစ်စေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဝင်စားမှုနည်းခြင်း၊ ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း၊ ဆုံးဖြတ်ချက် မှားယွင်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းတို့သည် အိပ်ချိန်မလုံလောက်မှု၏ နောက်ဆက်တွဲ ဖြစ်လာဖွယ်ရာများ ဖြစ်သည်။ လိင်ဆက်ဆံရာ ၌လည်း နာကျင်ကိုက်ခဲမှု ဝေဒနာနှင့် မောပန်းမှုတို့ကို ခံစားရတတ်သည်။

Dr.Dement က လူတစ်ယောက်အတွက် နိုးထချိန်နှစ်နာရီအတွက် အိပ်စက်ချိန် တစ်နာရီရှိရန် လိုအပ်သည်ဟု ဆိုသည်။ တစ်နေ့တာအတွက် အိပ်စက် အနားယူချိန် ၈ နာရီလိုအပ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။ လူတစ်ယောက်နှင့်တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုချင်း မတူညီပေ။ အချို့အတွက် ပိုမိုလိုအပ်၍ တချို့အတွက်မူ အနည်းငယ်လျော့နည်းနေတတ်ပါသည်။

နေ့ခင်းနေ့လည်၌ မောပန်းခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း စသည်တို့ဖြစ်ပါက အိပ်ချိန်လုံလောက်မှုမရှိကြောင်း သိသာသည်။ အိပ်စက်ချိန်၌ ဦးနှောက် အတွင်းရှိ အာရုံကြောကလာပ်စည်းများတွင် Neurotransmitters ခေါ် အာရုံကြောများ ဆက်သွယ်ရာတွင် လိုအပ်သည့် ပစ္စည်းများ တည်ဆောက် ဖြည့်တင်း ပေးနေကြောင်း တွေ့ရသည်။ နော်အက်ဒွီနယ်လင်တို့သည် လိင်ဆန္ဒဖြစ်ပေါ်မှုနှင့် တက်ကြွမှုတို့အတွက် အရေးကြီးကြသည်။

ယောက်ျားလေးများတွင် ညအိပ်စက်စဉ် လိင်အင်္ဂါတောင့်တင်းမှု အလိုအလျောက် ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် အိပ်မက်မက်၍ သုက်လွှတ်ခြင်းလည်း ဖြစ်တတ်သည်။ အလားဖြစ်စဉ်မျိုးကို အမျိုးသမီးများတွင်လည်း တွေ့ရနိုင်သည်။ သားမွေးလမ်းကြောင်းသို့ သွေးဝင်စီးဆင်းမှုမြင့်မားပြီး အရည်များ ထွက်ခြင်းကို ညအိပ်နေစဉ်ဖြစ်ပေါ်ကြောင်း တွေ့ရသည်။ Wet dreams ခေါ် အိပ်ပျော်စဉ် ဆန္ဒပြည့်ဝပြီးမြောက်သွားမှု (ယောက်ျားလေးများ သုက်လွှတ် ခြင်းကဲ့သို့) လည်း ဖြစ်နိုင်ကြသည်။
 
 

 Health



credit Mg Mandalay ( FB )
 

Monday, 20 August 2012

ဆံပင် ကျွတ်စေသော အကြောင်း အရာများ အတွက် ဖြေရှင်းနည်း







မိန်းကလေး တစ်ယောက် အတွက် ဆံပင်က သူရဲ့ အလှတရားပါ။ သုတေ သီတွေက ဆံပင်ဟာ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖော်ညွှန်းနိုင်တယ်လို့ မှတ်ချက် ပြုပါတယ်။

၁။ သိုင်းရွိုက် ပြဿနာများ
သိုင်းရွိုက်ဆိုတာ သင့်လည်ပင်းရဲ့ အခြေလေးမှာ ရှိနေတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းတစ်ခုပါ။ သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု အတော်များများကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။ အဲဒီဂလင်းက ပုံမှန် မဟုတ်ဘဲ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းတာ၊ များတာတွေ ဖြစ်တဲ့အခါ ဆံပင်ပေါက်တဲ့ ဖြစ်စဉ်ကလည်း လွဲချော် သွားတတ်ပါတယ်။ ဒါပေမဲ့ သိုင်းရွိုက်ရောဂါကြောင့် ဆံပင်ကျွတ်တာကို တခြား ရောဂါလက္ခဏာတွေ ဖြစ်တဲ့ ကိုယ်အလေးချိန် တက်တာ၊ ကျတာ၊ အပူ၊ အအေးဒဏ် မခံနိုင်တာနဲ့ နှလုံးခုန်နှုန်း ပြောင်းလဲတာတွေလောက် မတွေ့ရတတ်ပါဘူး။

၂။ ခန္ဓာကိုယ် ခုခံအားစနစ်က တိုက်ခိုက်ခြင်း
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဆံချည်မျှင် အိတ်တွေကို မှားယွင်း တိုက်ခိုက်တာကြောင့် ဆံပင်ကျွတ်ရတာပါ။ တွေ့ရခဲတဲ့ ရောဂါ တစ်ခုပါ။ ဒါပေမဲ့ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ နောက်ခြောက်လကနေ တစ်နှစ်အတွင်း ဆံပင်အသစ်တွေ ထပ်ထွက်လာပါတယ်။

၃။ ပွေးပေါက်ခြင်း
ဦးရေပြားမှာ ပွေးပေါက်တဲ့အခါ မှိုပိုးကြောင့် ဦးရေပြား ယားယံတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေပါတယ်။ မှိုပိုးသတ်ဆေးနဲ့ ကုသရပါမယ်။ မှိုပိုးက တိုက်ရိုက် ထိမိတဲ့ နေရာတွေကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။

၎။ ကလေးမွေးဖွားခြင်း
တချို့ မိန်းကလေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ များလာတတ်တာကို သတိပြုမိတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ များလာတာကြောင့် ဆံပင်တွေ မကျွတ်ဘဲ ခဏတာ ရပ်တန့်နေတာပါ။ ဒါဟာ ပုံမှန်ပါပဲ။ ကလေးမွေးပြီးချိန်မှာတော့ ဟော်မုန်း ပမာဏက ပုံမှန် အခြေအနေကို ပြန်ရောက်သွားတာကြောင့် ရပ်တန့်နေတဲ့ ဆံပင်တွေက အလျင်အမြန် ကျွတ်ကျလာပါတယ်။ တစ်ချိန်တည်းမှာ ဆံပင်တွေ အများကြီး ကျွတ်သွားတာကြောင့် အံ့အားသင့်နိုင်ပါတယ်။ နောင်နှစ်နှစ် ကြာတဲ့အခါ ဆံပင်တွေ နဂိုအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

၅။ ဆေးဝါးများ သောက်သုံးရခြင်း
ပဋိသန္ဓေတားဆေးတွေက ဆံပင် ကျွတ်စေပါတယ်။ သားဥကြွေတဲ့ ဖြစ်စဉ်ကို ဖိနှိပ်ထားတဲ့ ဟော်မုန်းတွေက တချို့ မိန်းကလေးတွေမှာ ဆံပင် ကျွတ်စေပါတယ်။ မိဘမျိုးရိုးမှာ ဆံပင်ကျွတ်ဖူးတဲ့ ရာဇဝင်ရှိရင် သင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ တချို့ မိန်းကလေးတွေကတော့ ပဋိသန္ဓေတားဆေး သုံးနေရာမှ ဖြတ်လိုက်တဲ့အခါ ဆံပင် ကျွတ်တတ်ပါတယ်။ သွေးကျဲဆေး၊ သွေးပေါင် ထိန်းညှိပေးတဲ့ တချို့ ဆေးဝါးတွေ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အရိုးအဆစ် ရောင်ရမ်းနာတွေအတွက် အသုံးပြုရတဲ့ တချို့ ဆေးတွေကလည်း ဆံပင်ကျွတ်တာနဲ့ ဆက်စပ်မှု အနည်းငယ်ရှိပါတယ်။

၆။ အစာ လျှော့စားခြင်း
သင်က ကိုယ်အလေးချိန် လျှော့ချချင်လို့ အစားအသောက်တွေ လျှော့ချ စားသောက်နေတာကြောင့်လည်း ဆံပင်ကျွတ်တာကို ဖြစ်စေပါတယ်။ ကိုယ်အလေးချိန် လျှော့ချလိုက်တာ ၁၅ ပေါင် လျော့ကျသွားပြီး သုံးလကနေ ခြောက်လအတွင်း ဆံပင် ကျွတ်လာတာကို သင်သတိထားမိမှာပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်ပါတယ်။

၇။ ဆံပင်စတိုင်
ဦးရေပြားကနေ ကျစ်ဆံမြီး သေးသေးလေးတွေကို တင်းတင်း ကျစ်ထားတာကလည်း ဆံပင်ကျွတ်စေပါတယ်။ ကျစ်ဆံမြီးကို ဖြေလိုက်ပါက တဖြည်းဖြည်းနဲ့ ပုံမှန် ဆံပင် အနေအထားကို ပြန်ရောက်နိုင်ပါတယ်။ ဒီဆံပင်စတိုင်ကို ကြာရှည် စွဲမြဲစွာ ပြုလုပ်ထားပါက ဆံပင် ကျွတ်တာကို ပိုဆိုးစေပါတယ်။

၈။ ကင်ဆာရောဂါ
ကုသနေခြင်း ကင်ဆာရောဂါ ကုသမှုနှစ်ခုဖြစ်တဲ့ ခီမိုဆေးတွေ ပေးတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသတာတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဆံပင် ကျွတ်စေပါတယ်။ ဒီကုသမှု နှစ်ခုစလုံးက ဆံချည်မျှင် အိတ်တွေကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်တာက အမြဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ကုသမှု ပြီးမြောက်လို့ ဆေးဖြတ်လိုက်တဲ့အခါ ဆံပင် ပြန်ပေါက်လာပါတယ်။

၉။ ဖိစီးမှု များလွန်းခြင်း
ကိုယ်ပင်ပန်း၊ စိတ်ပင်ပန်းမှုတွေ အလွန်အမင်း များလွန်းတဲ့အခါ ဦးရေပြားမှာ ရှိနေတဲ့ ဆံပင်တွေရဲ့ လေးပုံတစ်ပုံလောက်က ရုတ်တရက် ကျွတ်နိုင်ပါတယ်။

၁၀။ ကျန်းမာရေး မကောင်းခြင်း
ကျန်းမာရေး မကောင်းတာကြောင့် ဆံပင်ကျွတ်တာက ခြောက်လကနေ ရှစ်လအထိ ဖြစ်နိုင်ပါတယ်။ ဥပမာ- အလွန်အမင်း နေမကောင်းဖြစ်ခြင်း၊ အကြီးစားခွဲစိတ်မှု ပြုလုပ်ထားခြင်း၊ ထိခိုက်မှုကြောင့် သွေးဆုံးရှုံးမှု ဖြစ်ပေါ်ခြင်း၊ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရခြင်း စတာတွေကြောင့်လည်း ဆံပင် ကျွတ်နိုင်ပါတယ်။


ဆံပင်ကျွတ်ခြင်းအတွက် ကုသမှု

၁။ ဆေးဝါးဖြင့် ကုသခြင်း
မိန်းကလေးတွေမှာ ဆံပင်ကျွတ်တာအတွက် ကုသဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက Minoxidil ဆေးကို အတည်ပြု ထားပါတယ်။ ဒီဆေးက မိန်းကလေးအများစုမှာ ဆံပင်ကျွတ်တာကို နှေးသွားစေတာ ဒါမှမဟုတ် လုံးဝ ရပ်တန့်သွားစေပါတယ်။ ဒါ့အပြင် ဆံပင် ပြန်ပေါက်စေဖို့လည်း အားပေးပါတယ်။ ဆံပင်ကျွတ်တဲ့ တချို့ မိန်းကလေးတွေမှာ ကော်တီကိုစတီးရွိုက်ဆေးက ဆံပင် ပြန်ပေါက်စေပါတယ်။ ခန္ဓာကိုယ်မှာ တခြားရောဂါတွေ ခံစားနေရပါက ကုသမှု ခံယူတာ၊ အာဟာရ မျှတအောင် စားတာတွေကလည်း ဆံပင် ပြန်ထွက်စေပါတယ်။

၂။ လေဆာဖြင့် ကုသခြင်း
ဆံပင်ကျွတ်တာအတွက် လေဆာနဲ့ ကုသမှု ခံယူနိုင်ပါတယ်။ လေဆာရောင်ခြည် အနည်းငယ် ပေးပြီး ဆံပင်ပြန်ထွက်စေဖို့ လှုံ့ဆော်မှု ပြုလုပ် တာပါ။ ဆေးခန်း မှာ ပြုလုပ်နိုင် သလို အိမ်မှာ ကိုယ့်ဘာသာ ပြုလုပ်နိုင်တဲ့ ပစ္စည်းတွေလည်း ပေါ်နေပါပြီ။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက စမ်းသပ် မှုတွေ ပြုလုပ်နေ ပါတယ်။ မကြာခင်မှာ တိကျတဲ့ အဖြေထွက်ပေါ်လာမှာပါ။ ဆံပင်ကျွတ်တာအတွက် ရေရှည် သုံးစွဲပါက ထိရောက်မှု ရှိ၊ မရှိနဲ့ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ၊ မရှိကတော့ မသိရှိရသေးပါဘူး။

၃။ လိမ်းဆေးများဖြင့် ကုသခြင်း
ဆေးတွေကတော့ အမျိုးစုံ ပေါ်နေတာပါ။ သင်နဲ့ သင့်တော်မှုရှိတဲ့ အမျိုးအစားကို ရွေးချယ် အသုံးပြုရမှာပါ။ ဝယ်ယူတဲ့အခါ အရေပြား အထူးကုရဲ့ ထောက်ခံမှု၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနရဲ့ ထောက်ခံမှုတွေပါ ရှိ၊ မရှိ သေချာအောင် စစ်ဆေး ကြည့်ပြီးမှ ဝယ်ယူ သုံးစွဲပါ။


ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)

Sunday, 19 August 2012

(1)ပန်းသီးနှင့် အသည်းရောင် ဘီပိုး ,(2)အသည်းရောင် ဘီ ကာကွယ်ဆေး အကြောင်း

ပန်းသီးနှင့် အသည်းရောင် ဘီပိုး

ပန်းသီးနဲ့ အသည်းရောင်ဘီပိုးတစ်နေ့ ပန်းသီးတစ်လုံး စားပါက သက်ရှည် ကျန်းမာပြီး ဆရာဝန်နဲ့ ဝေးဝေး နေခွင့်ရ ပါလိမ့် မယ်တဲ့။ တကယ်တော့လူတွေဟာ မိမိစားနေကျ အစာအပြင်အသီးအနှံတစ်မျိုးမျိုးကို နေ့စဉ် စားမယ်ဆိုရင် ကျန်းမာရေးကောင်းမယ်လို့ ထင်ပါတယ်။ ဥပမာ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး စသဖြင့် မှန်မှန်စားရင်ကျန်းမာရေးနဲ့ ပြည့်စုံမယ်လို့ ထင်တယ်။ ပန်းသီးမှာ ဗီတာမင်စီ များများပါတယ်။ Immue System ခေါ်တဲ့ ကိုယ်ခံစွမ်းအားကို တက်စေတယ်။ အဆီဓာတ် Cholesterol ကိုလည်း ကျစေတယ်။ ကန်စွန်းဥတို့၊ ငှက်ပျောသီးတို့စားသလိုကိုက်စားရင် သွားချေးမကပ်ဘဲ ခံတွင်းရှင်းတယ်၊ ဦးနှောက်အားကောင်းတဲ့အတွက် သူငယ်ပြန်မှု နည်းစေတယ်။ ကယ်လိုရီ နည်းတဲ့အတွက် ငှက်ပျောသီး စားတာလို ဝတာ အားမပေးဘူး။ ပန်းနာရင်ကျပ်ရောဂါတို့၊ အဆုတ်ရောဂါတို့ နည်းစေတယ်လို့ ပြောကြတယ်။

တစ်ခါက အားကစားသမား တစ်ယောက်က ပြောတယ်။ သူ့မှာ အရင်တုန်းက အသည်းရောင် ဘီ ပိုးမရှိဘူးတဲ့။ နိုင်ငံခြားကို သွားပြိုင်ဖို့ စခန်းသွင်းပြီး လေ့ကျင့်တဲ့အခါမှသာ အသည်း ရောင်ဘီပိုး ပေါ်လာရတယ်လို့ ဆိုတယ်။ အဆောင်အတူ နေသူတွေ အများကြီးရှိပေမယ့် သောက်ရေခွက်လည်း သီးသန့်သုံးတယ်၊ သွားပွတ်တံလည်း သုံးတယ်၊ဟင်းချိုခွက်နဲ့ ဇွန်း သီးသန့်သုံးတယ်။ဘီးနဲ့ မုတ်ဆိတ်ရိတ်ကိရိယာတွေလည်းသီးသန့် သုံးတယ်။ ဘာကြောင့် ကူးရတာလဲလို့ ဆိုတယ်။ ဒါပေမဲ့တစ်ခုတော့ရှိတယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် အလွန်ခင်မင်တယ်၊ ပန်းသီးတစ်လုံးရရင် သူတစ်ကိုက်၊ ကိုယ်တစ်ကိုက်စားကြတယ်။ လက်ဖက်သုပ်ကိုလည်း ဇွန်းတစ်ချောင်း၊ နှစ်ချောင်းနဲ့ ဝိုင်းစားကြတယ်၊ ဒါပဲလို့ ဆိုတယ်။ ဘီပိုးဟာသွေးသွင်းရာ၊ ဆေးထိုးရာ၊ လိင်ဆက်ဆံရာက အဓိကကူးတဲ့ရောဂါပိုးဖြစ်တယ်။

                အတိ အကျကူးတယ်လို့ ပြောနိုင်တဲ့နည်း ရှိသလို အတိအကျမပြောနိုင်တဲ့နည်းတွေနဲ့လည်း ကူးမှာပါပဲ။ ဒီနှစ် ကမ္ဘာ့အသည်းရောင်အထိမ်းအမှတ်နေ့ (World Hepatitis Day) ရဲ့ဆောင်ပုဒ်က "This is hepatitis... It is closer than you think" အသည်းရောဂါပိုးဟာ မင်းထင်တာထက် ပိုကူးလွယ်တယ်၊ လက်တစ်ကမ်းမှာပဲ အသည်းရောင်ပိုးက ရှိနေတယ်။ အသည်းရောင်ပိုးတွေရဲ့ ရောဂါလက္ခဏာ တစ်ခုက ရောဂါလက္ခဏာမပြတာဘဲ။ ဒါကြောင့် သွေးစစ် ကြည့်ရတယ်၊ သွေးစစ်ကြည့်မှရှိမှန်း သိမယ်။ မရှိရင် ကာကွယ်ဆေးထိုးမယ်။ သိလည်းသိ၊ စစ်လည်းစစ်၊ ကာကွယ်ဆေးလည်းထိုး လုပ်တာကို လုပ်ရမယ်။ အသည်းရောင် ဘီပိုးကို ရန်ကုန်သံဃာ့တက္ကသိုလ်က စစ်ဆေးတယ်၊ ကာကွယ်ဆေးထိုးတယ်။ မှော်ဘီ၊ ရွှေပေါက်ကံ၊ ပဲခူးက တောရကျောင်းစာသင်တိုက်တွေမှာသွေးစစ်၊ ကာကွယ်ဆေးထိုးပြုလုပ်တယ်။

 တရုတ်(တိုင်ပေ)ဆရာတော်တစ်ပါးက မန္တလေးက ကျောင်းတိုက်တွေမှာ အသည်းရောင်ဘီပိုး ကာကွယ်ဆေးလှူတယ်။ မန္တလေးက သံဃာတွေကိုလည်း ထိုးပေးတာ ဖတ်ရတယ်။ မွန်ပြည်နယ်၊ ဇင်းကျိုက်က အထက်တန်းကျောင်းသား၊ ကျောင်းသူတွေက အသည်းရောင်ဘီပိုးကို စစ်ကြည့်တယ်၊ ကာကွယ်ဆေး ထိုးကြတယ်၊ ဒါဟာ ကောင်းတဲ့ ခြေလှမ်းတွေပဲ။တစ်နေ့မှာ သတင်းတစ်ပုဒ်ကို တစ်ပိုင်းတစ်စကြည့်လိုက်တော့ ပန်းသီးဖောင်ဒေးရှင်းက မိဘမဲ့ကလေးတွေနဲ့ အမျိုးသမီးမူလတန်းကျောင်းက ကလေးတွေကိုသွေးစစ်ပြီး အခမဲ့ ကာကွယ်ဆေးထိုးနေတာကို တွေ့ရတယ်လို့ ထင်တယ်။ အရမ်းဝမ်းသာမိတယ်။ စားဝတ်နေရေး ပြည့်စုံရုံ၊ ပညာသင်ကြားရုံသာမက အသည်းရောဂါ ကင်းစင်တဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်လေးတွေကိုပါ ဖန်တီးစပြုနေကြပြီ။ အသည်းရောင်ရောဂါကင်းစင် အနာဂတ်မျိုးဆက်သစ်တွေလို့လည်း ဆိုနိုင်လာတော့မယ်။

အားကူကြိုးပမ်းကြပါစေ။

ပါမောက္ခ ဦးစံသစ် (အသည်းအထူးကု)
Good Health


အသည်းရောင် ဘီ ကာကွယ်ဆေး ထိုးထားလား
လူနာကို ရောဂါ ရာဇဝင်မေးတိုင်း ထည့်မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ လူနာတိုင်းကို မေး လေ့ရှိ
သော်လည်း အရက်သောက်သူ၊ အသည်းရောဂါခံစားနေရသူနှင့် ကျန်းမာရေးဆေးစစ်သူများတွင် အဓိကထားမေးသည်။ မြို့ပြနေကျန်းမာရေး အသိရှိသူနှင့်ခေတ်မီသူတော်တော်များများထိုးပြီးဖြစ်နေ တတ်သော်လည်း အများစုက မထိုးရ သေးသည်ကိုတွေ့ရသည်။

ဈေး အတော်အတန်ရှိသဖြင့် မထိုးကြသည် ထက် ကာကွယ်ဆေး၏ အကျိုးနှင့် ထိရောက်မှုကို မသိ
သည်က များ သည်။ ထိုးပြီးသူကလည်း ကာကွယ် ဆေးအောင်၊ မအောင် မသိ။ဘယ်တုန်းက ထိုးခဲ့မှန်း
မသိ၊ မမှတ်မိသူ က များသည်။ ဆေးနှစ်လုံးထိုးပြီး ဆက်မထိုးဖြစ်သူ၊ ဆေးပတ်မပြည့်သူ များလည်းရှိသည်။ အားဖြည့်အလုံး (Booster Dose) မထိုးဖြစ်သူများ လည်း ရှိသည်။ ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဝန်ထမ်း များ အသည်းရောင်ဘီကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိ မေးကြည့်ရာ အားလုံးနီးပါး ထိုးမထားကြ။

ယင်း ဆေးရုံမှ ဆရာဝန်ငယ်များတွင်ပင် ဘီပိုးကာကွယ်ဆေးမထိုးရသေးသူများ ရှိသည်။ အခြားသာမန်လူများ
နည်းတူ ဆေးပတ်မလည်သူ၊ ကာကွယ်ဆေး အောင်၊ မအောင် မသိသူ၊ အားဖြည့် ဆေး (Booster Dose) မထိုးရသေး သူ၊ ကာကွယ်ဆေးမအောင်သဖြင့် ဘာဆက်လုပ်ရမှန်း မသိသူများလည်း ပါသည်။ စာရေးသူ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အလုပ်လုပ်စဉ်က လည်း ဆေးရုံသို့ စရောက်လာသည့် တတိယနှစ် ဆေးကျောင်းသားများကို ဘီပိုးကာကွယ်ဆေးထိုးထား၊ မထား မေးကြည့်လေ့ရှိသည်။
မထိုးကြသည် က များသည်။ မထိုးရသေးသူများကို ထိုးခိုင်းရသည်။ အသည်းရောင် Virus ပိုးများနှင့် အသည်းရောဂါအမျိုးမျိုးအကြောင်းကို အသည်းရောဂါအထူးကုဆရာဝန်ကြီး များက ဘက်စုံထောင့်စုံမှ အခါမလပ် အသေးစိတ် ရေးကြသည်ကို တွေ့ရ ပါသည်။

 ယခုစာစုသည် အသည်း အထူးကုဆရာဝန်ကြီးများ
ရေးသကဲ့ သို့ ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ် မဟုတ်မူဘဲဘီကာကွယ်ဆေးအကြောင်း ကိုသာ အဓိက
ထား၍ ရေးသားခြင်း ဖြစ်ပါသည်။ မည်သည့်အသိ၊ မည်သည့်ပညာမဆို မည်မျှလွယ်လွယ်မသိသူများအတွက်
ခက်ခဲနေတတ်သည်။ ဝိုးတိုးဝါးတားဖြစ်နေတတ်သည်။ ဘီ ကာကွယ်ဆေးအကြောင်းနှင့် စနစ် ကျထိုးနည်းကို
မသိကြသူများ ရှိ သည်။ ဘီကာကွယ်ဆေးရှိမှန်း မသိ ကြသူများပင် ရှိသည်။

အသည်းရောင်ဘီပိုး
အသည်းရောင် Virus များ အနက် ဘီပိုးနှင့် စီပိုးသည် ပုံစံတူ သည်။ သွေးနှင့်ခန္ဓာကိုယ်အရည်များ မှတစ်ဆင့် ကူးသည်။ Virus နှစ်မျိုး စလုံးသည် နာတာရှည်အသည်း ရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေသည်။ သို့ရာတွင်Virus နှစ်မျိုး ကွာခြား ချက်ရှိသည်။ ဘီပိုးသည် စီပိုးထက် ဆယ်ဆ ပိုးကူးစက်လွယ်သည်။ ဘီပိုး အတွက် ထိရောက်သော ကာကွယ် ဆေးရှိသည်။ စီပိုးအတွက် ကာကွယ် ဆေးမရှိ။ အသည်းရောင်ဘီပိုးသည် အသည်းရောင်စေသည်။ အချို့တွင် ရောဂါလက္ခဏာပြပြီး အများစုတွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသည်။ကူးစက်ခံရသူ ၉၅ ရာခိုင်နှုန်း ခန့်တွင် ရောဂါပိုးပျောက်
သွားသော် လည်း ကျန် ၅ ရာခိုင်နှုန်းခန့်တွင် လုံးဝမပျောက်၊ တစ်သက်လုံးဆက်ရှိ နေတတ်သည်။ နာတာရှည်ဘီပိုး သယ်ဆောင်သူဖြစ်နိုင်ခြေသည် အ သက်အရွယ်ပေါ်မူတည်သည်။ မွေးကင်း စအချိန်တွင် ကူးစက်ခံရပါက ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ နာတာရှည်ဘီပိုး သယ်ဆောင်သူ ဖြစ်သွားလေ့ရှိသည်။

ကမ္ဘာပေါ်တွင် နာတာရှည်ဘီပိုးရှိသူ သန်း ၃၀ဝ ခန့်ရှိသည်။ ယင်းလူနာ များသည် နောင်တွင်အသည်းခြောက်
ရောဂါနှင့် အသည်းကင်ဆာဖြစ်နိုင် ခြေများသော လူနာများဖြစ်သည်။ နာတာရှည်ဘီပိုးရှိသူ ၁၅ မှ ၂၀ ရာခိုင်နှုန်းသည် ၅ နှစ်မှ ၂၀ နှစ် အကြာတွင် အသည်းခြောက်သွား တတ်သည်ဟု ဆိုသည်။ နာတာရှည် ဘီပိုးရှိသူ အသည်းခြောက်၊ အသည်း ကင်ဆာဖြစ်ပွားမှုသည် မည်သည့် အရွယ်တွင် ကူးစက်ခံရသည်အပေါ် တွင်လည်း တည်သည်။ မွေးကင်းစ အရွယ် ကူးစက်ခံရပါက ဖြစ်နိုင်ခြေ အလားအလာ ပိုများသည်။ နာတာရှည်ဘီပိုး သယ်ဆောင် သူတို့၏ အခြားနောက်ဆက်တွဲ ပြဿနာမှာ အသည်းကင်ဆာ ဖြစ် သည်။ နာတာရှည်ဘီပိုးရှိသူသည် မရှိသူထက် အသည်းကင်ဆာဖြစ်ရန် အလားအလာ အဆ ၁၀ဝ ပိုများ သည်။

မွေးကင်းစနှင့် ကလေးအရွယ် တွင် ဘီပိုးကူးစက်မှုများသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အသည်းကင်ဆာဖြစ် ပွားမှုမှာမြင့်မားလျက်ရှိသည်။ ယင်း နိုင်ငံများတွင် အသည်းကင်ဆာ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် ဘီပိုးနှင့် ဆက်နွှယ်ပတ်သက်မှုရှိသည် ဟုဆိုသည်။

အသည်းရောင်ဘီ ကာကွယ်ဆေး
ဘီကာကွယ်ဆေးသည် အန္တရာယ် ကင်းသည်။ ဘီပိုးမဝင်အောင် ကာ ကွယ်နိုင်စွမ်းကောင်းသည်။ ဘီပိုး မျိုးကွဲ (Genotypes) အားလုံးကို ကာကွယ်နိုင်သည်။ ကာကွယ်နိုင်မှု သည် ရေရှည်ခံသည်။ ဘီကာကွယ်
ဆေးသည် ကာကွယ် ဆေးထိုးသူ ၉၅ ရာခိုင်နှုန်းတွင် ထိ ရောက်သော ကာကွယ်မှုပေးသည်။ ကလေးနှင့် လူငယ်များတွင် ကာကွယ် နိုင်မှု ပိုစွမ်းသည်။ ထို့ကြောင့် ဘီ ကာကွယ်ဆေးထိုးခြင်းဖြင့် ဘီပိုး ကြောင့်ဖြစ်
သော အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှု ကို ကာကွယ်နိုင်မည်ဖြစ်သည်။

အသည်းရောင်ဘီပိုးအဖြစ်များ သော တရုတ်နိုင်ငံ၊ ထိုင်ဝမ်ကျွန်းတွင် ၁၉၈၄ ခုနှစ်မှစတင်ပြီး ဘီကာကွယ်
ဆေးကို တစ်နိုင်ငံလုံး လွှမ်းခြုံထိုးပေးခဲ့ သည်။ ထို့ကြောင့် ၆ နှစ်အရွယ် ကလေးများတွင် ဘီပိုးကူးစ
က်ဖြစ်ပွားမှု ၁၀.၅ ရာခိုင်နှုန်းမှ ၁.၇ ရာခိုင်နှုန်းထိ လျော့ကျသွားသည်။ ဘီပိုးရှိ ကိုယ်ဝန် ဆောင် မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်မှုကို ကာကွယ်နိုင်သဖြင့် ဘီ ပိုးရှိ ကလေးဦးရေသည် ၈၆-၉၆ ရာခိုင်နှုန်းမှ ၁၂-၁၄ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သည်။ အကျိုးဆက်အနေ ဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာဖြစ်ပွားမှုလည်း သိသိသာသာ ကျဆင်းသွားသည်။ ၆ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများတွင်
နှစ်စဉ် အသည်းကင်ဆာဖြစ်ပွားမှု ကလေး ၁၀ဝ၀ဝ၀လျှင် ဝ.၇၀ ရာခိုင် နှုန်းမှ ဝ.၃၆ ရာခိုင်နှုန်းထိ ၁၀ နှစ် အတွင်း ကျဆင်းသွားသည်။ အသည်း ကင်ဆာကြောင့်သေဆုံးမှုလည်း လျော့ နည်းသွားသည်။


ပါမောက္ခနေ၀င်း(ဆေးပညာ)
Health Digest
(အကျိုးရှိမည်ယူဆ၍ထပ်ဆင့်ကူးယူဖော်ပြအပ်ပါသည်။)

Thursday, 16 August 2012

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက် ကာကွယ်ထိန်းသိမ်းနည်းများ

ခြောက်သွေ့တက်သော အသားအရေပိုင်ရှင် များအတွက် ကာကွယ်ထိန်းသိမ်းနည်းများ

ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ခြောက်သွေ့တက်သော အသားအရေ ပိုင်ရှင်များအတွက် ဘယ်လို ကိုယ့် အသားအရေကို ထိန်းသိမ်းကာကွယ်ရမယ် ဆိုတဲ့ နည်းလေးကို ကျွန်တော် သိသလောက်ပြောပြပေးပါ့မယ်ဗျာ။အသားအရေက စိုပြေမှုမရှိဘဲ ခြောက်သွေ့ပြီး တင်းနေလို့ စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် ခြောက်သွေ့တဲ့အသားအရေ အကြောင်း သိကောင်းစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘယ်သူမဆို ကိုယ့်အသားအရေအကြောင်း ကိုယ် သိချင်ကြမှာပဲလေ။ ဒါမှလည်း ဆောင်ရန် ရှောင်ရန်လေးတွေသိမှာပေါ့။ ခုတော့ ခြောက်သွေ့တဲ့အသားအရေအကြောင်းရော၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေလည်း တခါထဲ ဖော်ပြထားတာမို့ သူငယ်ချင်းတို့က ဖတ်ပြီး လိုက်နာရုံပဲနော်။ ခု ခြောက်သွေ့တဲ့အသားအရေနဲ့ ပတ်သက်သမျှကို တူတူလေ့လာရအောင်ဗျာ။

ခြောက်သွေ့တဲ့အသားအရေ

- အရေပြားက အဆီထုတ်လုပ်မှုနည်းတဲ့ ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေဟာ အစိုဓာတ်ကို မထိန်းနိုင်တော့ အရေပြားက ခြောက်သွေ့ပြီး အကွက်လေးတွေဖြစ်နေသလို ထင်နေရတယ်နော်။
- မျက်နှာသစ်ပြီးလို့ အစိုဓာတ်ထိန်းခရမ် တစ်ခုခုမလိမ်းဘူးဆိုရင် မျက်နှာကတင်းပြီး သက်တောင့်သက်သာ မရှိတော့ပါဘူး။အသားအရေဟာ စိုပြေမှုမရှိတော့ဘဲ အထူးသဖြင့် ပါးနဲ့ မျက်လုံးတ၀ိုက်မှာ ပိုဆိုးတတ်တယ်လေ။
- အဲ့ဒီနေရာတွေနဲ့ ပါးစပ်ထောင့်တွေမှာ အရေးအကြောင်းတွေကိုလည်း တွေ့ရတတ်ပါတယ်။ အရေးအကြောင်းတွေဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါပဲ။
- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လှပါတယ်။ ဓာတ်မတည့်မှုတွေ ဖြစ်လွယ်တာပေါ့။
- လေဒဏ်၊ Air Con ဒဏ်နဲ့ အရမ်းပူ အရမ်းအေးတဲ့ အခြေအနေတွေဟာလည်း အသားအရေကို ပိုခြောက်သွေ့စေလို့ အသားအရေဟာ အရမ်းတင်းလာတတ်တယ်။ ပြီးတော့ အသားပတ်ပြီး အဖတ်လေးတွေ ကွာနိုင်ပါတယ်။
- အသားပတ်ခြင်းဖြစ်လာပြီဆိုရင်တော့ သင့်အသားအရေဟာ အလွန်ခြောက်သွေ့ပြီး ရေဓာတ်လည်း ခမ်းခြောက်နေတယ်လို့ သတိပေးနေတာပါပဲ။
- ဒါကြောင့် သေချာဂရုစိုက်ရမယ့် အသားအရေပဲနော်။

ခြောက်သွေ့တဲ့အသားအရေကို ဖြစ်စေတဲ့အကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း

- Vitamin A နှင့် Vitamin B ချို့တဲ့ခြင်း

- နေဒဏ်၊ လေဒဏ်၊ အအေးဒဏ်ခံရခြင်း

- ဓာတုပစ္စည်းများ၊ အလှကုန်ပစ္စည်းများ

- အပြင်းစားဆပ်ပြာများကို အလွန်အကျွံသုံးစွဲခြင်း

- အရေပြားရောဂါများ

- သွိုင်းရွိက်ရောဂါများ

- ဆေးအချို့

ဘယ်လိုဂရုစိုက်ရမလဲ
- ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေဟာ ရေနွေးနဲ့ မျက်နှာသစ်ခြင်း ရေချိုးခြင်းတွေကို ရှောင်ရမယ်နော်။ မျက်နှာသစ်ရင်လည်း ရေများများသုံးပြီး သစ်ပေးပါ။

- ခြောက်သွေ့တဲ့ အသားအရေဟာ ထိခိုက်လွယ်လို့ မျက်နှာကို ညင်ညင်သာသာလေး ကိုင်တွယ်ရမယ်နော်။

- မျက်နှာသစ်တဲ့အခါမှာ ဆပ်ပြာကို လုံးဝမသုံးပါနဲ့။ မျက်နှာသစ်ဆေးတွေ ရေချိုးဆပ်ပြာတွေကို ဓာတုပစ္စည်းပါဝင်မှု နည်းတာတွေကိုပဲ ရွေးဝယ်ပါ။ သခွားသီး၊ ရှားစောင်းလက်ပတ် ကျွန်တော်တို့ မြန်မာနိုင်ငံကဆို မြန်မာ့ ရှင်မတောင်သနပ်ခါး စစ်စစ်တို့လို သဘာဝပစ္စည်းတွေနဲ့ ဖော်စပ်ထားတာတွေကတော့ ပိုကောင်းတယ်နော်။ For Dry Skin ဆိုတာတွေကို ရွေးဝယ်ဖို့ မမေ့ပါနဲ့။ Alcohol စတာတွေပါတဲ့ အပြင်းစားအလှကုန်တွေကိုတော့ ဝေးဝေးကသာ ရှောင်ပေတော့။

- သင်ရေချိုးပြီးတဲ့အခါနဲ့ မျက်နှာသစ်ပြီးတဲ့အခါ အမွေးနုတဘက်လေးနဲ့ ညင်သာစွာ သုတ်ပေးပါ။

- ပြီးရင် အစိုဓာတ်ထိန်းခရမ်ကောင်းကောင်းလေး လိမ်းပြီး နှိပ်နယ်ပေးဖို့ လိုပါတယ်။ Baby Oil ကိုလည်း သုံးလို့ရတယ်နော်။

- ညအိပ်ရာဝင်ခါနီးတိုင်း ညလိမ်းအစိုဓာတ်ထိန်းခရမ်လေး လိမ်းပြီး နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။အထူးသဖြင့် နို့နဲ့ ပြုလုပ်ထားတဲ့ အေးမြတဲ့ Skin Lotion တို့လို ဟာမျိုးကို ခပ်ပါးပါးလေး လိမ်းပေးသင့်ပါတယ်။

-နှုတ်ခမ်းလေးတွေ ခြောက်သွေ့ကွဲအက်နေလို့ စိတ်ညစ်မနေနဲ့တော့နော်။ Vitamin E ပါတဲ့ နူတ်ခမ်းနီအဆီလေး ဆိုးပေးရုံနဲ့ အစိုဓာတ်လေးတွေ ပြည့်ဝပြီး နူးညံ့သွားမှာပါ။ နှုတ်ခမ်းနီမဆိုးခင်မှာတော့ နှုတ်ခမ်းက ကွာလန်နေတဲ့ အရေပြားဖတ်လေးတွေကို နူးညံတဲ့ပုဝါ ၊ ဒါမှ မဟုတ် တီရှူးတို့ဖြင့် ဖြည်းဖြည်း ပွတ်တိုက်ပြီး ဖယ်ရှားပေးရမယ်နော်။

- ခန္ဓာကိုယ်အရေပြားတွေ အလွန်ခြောက်သွေ့ပြီး အသားပတ်နေတယ်ဆိုရင်လည်း Vitamin E လိမ်းဆေးလေးတွေ လိမ်းပေးနိုင်ပါတယ်။

- အသားကြမ်းတဲ့အ၀တ်တွေက အသားအရေကို ထိခိုက်စေလို့ မ၀တ်သင့်ဘူးနော်။

- အရမ်းပူတဲ့ အေးတဲ့နေရာတွေမှာ မနေပါနဲ့။ အပူချိန် ချက်ချင်းပြောင်းလဲတာတွေကို သတိပြုရှောင်ကြဉ်ပါ။ နေဒဏ်၊ လေဒဏ်ကိုလည်း ကာကွယ်ရမယ်နော်။

- နေရောင်ခြည်ဒဏ်က အရေပြားကိုခြောက်သွေ့စေရုံမက အရေးအကြောင်းများလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေပူထဲမသွားခင် နေရောင်ကာလိမ်းဆေး ကောင်းကောင်းလိမ်းပါ။ ထီး၊ ဦးထုပ်၊ မျက်မှန်စတဲ့ အကာအကွယ်တွေကိုလည်း မမေ့ပါနဲ့။
- ဆေးလိပ်သောက်ခြင်းဟာလည်း အရေပြားကို ခြောက်သွေ့စေပြီး ပင်ပန်းနေတဲ့အသွင်ဖြစ်ပေါ်စေတာမို့ ဆေးလိပ်ကိုရော ဆေးလိပ်ငွေ့ကိုပါ ဝေးဝေးက ရှောင်ပါ။


အာဟာရ အကြံပြုချက်

- အသားအရေ အာဟာရပြည့်စေဖို့ အသီးအရွက်၊ အသား၊ ပဲ အစုံစားပေးဖို့တော့ အသားအရေအမျိုးအစား အားလုံးမှာ လိုတယ်နော်။

- ပဲအမျိုးမျိုးကို များများစားပေးပါ။

- အသီး၊ အရွက်တွေကိုလည်း လတ်လတ်ဆတ်ဆတ် အစိမ်းစားပေးပါ။ ရေသေချာဆေးဖို့တော့ လိုမယ်နော်။

- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ကညွတ် တွေများများစားပေးပါ။ သင့်အသားအရေကို နူးညံ့ပြီး နုပျိုစေတဲ့ အစားအစာတွေပါပဲ။

- သခွားမွှေး၊ မုန်လာဥ၀ါနဲ့ ဆီးသီး တွေဟာ ခြောက်သွေ့တဲ့ အသားအရေအတွက် အရမ်းကောင်းတဲ့ စားစရာတွေ ပါပဲ။ Vitamin A နဲ့ C ကြောင့် အရေပြားကို နူးညံချောမွေ့စေတယ်လေ။

- Vitamin B5 ( Pantothenic acid ) ကြွယ်ဝတဲ့ ချိစ်၊ ဒိန်ချဉ်၊ အစိမ်းရောင်အသီးအရွက်များ၊ ဂျုံနဲ့လုပ်ထားတဲ့အစားစာများ၊ တဆေး စတာတွေကို စားပေးပါ။ Vit B5 ဟာအရေပြားရဲ့ အဆီထုတ်လုပ်မူအတွက် အလွန်အရေးပါလှပါတယ်။

- ရေကို နေ့စဉ် ၂ လီတာခန့် သောက်ပါ။

- ဆီကြော်နဲ့ ပတ်သတ်တဲ့ မုန့်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

-အချိုရည်တွေနဲ့ အသင့်စားစရာတွေကိုလည်း ရှောင်ရမယ်နော်။

-အရက်နဲ့ ကော်ဖီကိုရှောင်ပါ။ ဆီးရွှင်စေလို့ ဆီးခဏခဏသွားပြီး ခန္ဓာကိုယ်ထဲက ရေတွေဆုံးရူံးနိုင်လို့ဖြစ်ပါတယ်။

အထွေထွေ အကြံပြုချက်

- Evening Primrose Oil ပါတဲ့ဆေးတွေသောက်ပါ။ အဲမှာပါတဲ့ Gamma Linolenic acid (GLA) ကအရေပြားဆဲလ်တွေကို ကြံခိုင်သန်စွမ်းစေပြီး အစိုဓာတ်ကိုပြည့်ဝစေတယ်လေ။

- အရေပြားက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးတဲ့ လုပ်ဆောင်ချက် အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ အိပ်ရေးဝအောင် အိပ်ဖို့ လိုတယ်နော်။

- သွေးလှည့်ပတ်မှုကောင်းပြီး အရေပြားက လိုအပ်တဲ့အာဟာရတွေ ရရှိစေဖို့နဲ့ မလိုတဲ့အညစ်အကြေးတွေ သန့်စင်စေဖို့ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်ပေးပါ။ ကျွန်တော် ပြောချင်တာကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် အပြင်ကို ထွက်သွားအောင်လို့ပါ။

- ခြောက်သွေ့တဲ့အသားအရေအတွက် အလွယ်ဆုံး မျက်နှာပေါင်းတင်ဆေးကတော့ ငှက်ပျောသီး ပါပဲ။ပြီးတော့ သခွားသီး၊ရှားစောင်းလက်ပတ်တို့ပေါ့။ကိုယ့် သန်ရာ ကိုယ်လုပ်လို့ရပါတယ်။ကျွန်တော်ကတော့ အလွယ်ဆုံး ငှက်ပျောသီး နဲ့ပဲ ပြောပြပါရစေဗျာ။ ငှက်ပျောသီးကို ကျေညက်အောင်ချေပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ် ကြာတဲ့အခါမှာ ရေကြက်အေး ခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။အရမ်းကြီး ပူလို့လဲ မရပါဘူး။ကဲ....ဘယ်လိုလဲ ကျွန်တော် ပြောတဲ့ နည်းလေးက အရမ်းလွယ်တယ် မဟုတ်လား။
ကဲ.....သူငယ်ချင်းတို့လည်း ခြောက်သွေ့တဲ့အသားအရေအကြောင်းကို တော်တော်သိသွားပြီဆိုတော့ ကိုယ့်ဘာသာ အားတဲ့အချိန်လေး လုပ်ကြည့်ပြီး စိုပြေ၀င်းမွတ်တဲ့ အသားအရေ ပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Myanmar Sky Link မှ ကူးယူထားပြီး စာသားအနည်းငယ်လေးကို ထပ်မံဖြည့်သွင်းထားပါတယ်ဗျာ။
From - (Myanmar Sky Link)


ကြိုးစားလျက်....!



(Yekyawphyo)

Wednesday, 15 August 2012

မျက်နှာမှာ အမည်းစက်အပြောက်လေးတွေ ရှိနေလို့ စိတ်ညစ်နေရတဲ့ ကိုကို မမ တွေ အတွက်ပါ။

မျက်နှာမှာ အမည်းစက်အပြောက်လေးတွေ ရှိနေလို့ စိတ်ညစ်နေရတဲ့ ကိုကို မမ တွေ အတွက်ပါ။

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ မျက်နှာမှာ ၀က်ခြံ တို့ တင်းတိပ်တို့ မဟုတ်ပဲ အလှဖျက်နေတက်တဲ့ အမည်းစက် လေးတွေအကြောင်းလေးပါ။ပြီးတော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလေးလေးပါ ပြောပြပေးသွားမှာပါ။ကျွန်တော် သိသလောက်လေးပေါ့ဗျာ။
မျက်နှာပေါ်မှာ အစက်အပျောက်တွေရှိနေရင် တော်တော်စိတ်ညစ်ရမှာပါ။အထူးသဖြင့် မိန်းကလေးတော်တော်များများ မှာ အဖြစ်များတယ်လို့လဲ ကျွန်တော်ထင်မိပါတယ်။အဲ့ဒီလို ဖြစ်ရင် မိန်းကလေး တစ်ယောက်အနေနဲ့ လှချင်ပချင်ကြမှာပါပဲ။ဒါမဲ့ အဲ့ဒီ အမည်းစက်လေးတွေ ကြောင့် ကိုယ့်ရှိတဲ့ အလှကို မပြရဲ အပြင်မထွက်ရဲနဲ့ တော်တော် စိတ်ညစ်ရပါလိမ့်မယ်။ကဲ....အဲ့ဒီ အတွက် ကျွန်တော့ သူငယ်ချင်းတွေ စိတ်မညစ်ကြပါနဲ့ဗျာ။ အဲဒီ အစက်အပျောက်တွေကို ရိုးရှင်းလွယ်ကူတဲ့ သဘာဝနည်းလမ်းကောင်းတွေနဲ့ တိုက်ထုတ်ကြရအောင်ဗျာ။ အစွမ်းလည်းထက်ရမယ်။ အကုန်အကျလည်း မများစေရဘူး။ ဘယ်လိုလည်း... စိတ်ဝင်စားစရာကောင်းတယ်နော်။ ကဲ...စမ်းကြည့်ကြရအောင်ဗျာ။


နည်းလမ်း ( ၁ )
- မျက်နှာက သနပ်ခါးတွေ၊ မိတ်ကပ်တွေကို တစ်နေကုန်လုံးလိမ်းထားသမျှ ကိုယ့်အားတဲ့ အချိန်လေးမှာ ဖျက်ပါ။အားတဲ့ အချိန်ဆိုတာ အထူးသဖြင့် ညဘက် အလုပ်က ပြန်ချိန် ကျောင်းက ပြန်ချိန်လေးတွေပေါ့။
- ချွေးပေါက်တွေပွင့်အောင် ရေနွေး ခပ်နွေးနွေးလေးနဲ့မျက်နှာသစ်ရမှာပါ။
- သံပုရာသီးလေးကို အစိတ်သေးသေးလေးတွေစိတ်ပါ။ ပြီးတော့ မျက်နှာပေါ်က အစက်အပျောက်တွေရှိတဲ့နေရာမှာ တင်ထားပါ။ မိနစ် ၂၀ ထက်တော့မပိုရပါဘူး။
- ၁၅-၂၀ မိနစ်ကြာရင် သံပုရာသီးတွေကိုဖယ်ပြီး Daily Cleanser နဲ့ ရေအေးတို့ကိုသုံးပြီး မျက်နှာသစ်လိုက်ပါ။
နေ့တိုင်းသာ စိတ်ရှည်ရှည်လေးနဲ့သာလုပ်သွားမယ်ဆိုရင် အစက်အပျောက်တွေကို Bye Bye လို့ နှုတ်ဆက်နိုင်ပါပြီ။

နည်းလမ်း ( ၂ )
- သံပုရာသီးရဲ့ Acid ဒဏ်ကိုမခံနိုင်တဲ့၊ ထိခိုက်လွယ်တဲ့အသားအရေတွေအတွက်ကတော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါဘဲ။
- မနက်အိပ်ရာထတိုင်းမှာ အစက်အပျောက်တွေရှိတဲ့နေရာပေါ်ကို ရှားစောင်းလက်ပတ် အတွင်းကဂျယ်လီလေး လိမ်းပေးပါ။
ရှားစောင်းလက်ပတ်က အသားလည်းမခြောက်စေဘဲ အစက်အပျောက်တွေကင်းစေမယ့် နည်းကောင်းလေးပါ။

နည်းလမ်း ( ၃ )
- အစက်အပျောက်တွေဟာ နေရောင်ခြည်နဲ့ထိတွေ့မှုများတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- ဒါကြောင့် ကာလအတော်ကြာအောင် နေရောင်ခြည်နဲ့မထိတွေ့အောင် သတိထားနေထိုင်ရင်လည်း အစက်အပျောက်တွေကို တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားစေနိုင်ပါတယ်။
- နေပူထဲကိုသွားရတော့မယ်ဆိုရင် ထီး၊ ဦးထုပ် စတဲ့ အကာအကွယ်တွေကို မမေ့ပါနဲ့။
- အသားအရေကို နေရောင်ခြည်ဒဏ်က အပြည့်အ၀ကာကွယ်ပေးနိုင်မယ့် Sun Cream တစ်မျိုးမျိုးကိုလည်း မဖြစ်မနေလိမ်းသင့်ပါတယ်။

နည်းလမ်း ( ၄ )
- အချိုရည်တွေကို ဝေးဝေးရှောင်ပြီး ရေကိုသာများများသောက်ပေးပါ။
- တစ်နေ့ကို အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးလောက်စားပေးပါ။

နည်းလမ်း ( ၅ )
- အသားအရေကို သေချာဂရုစိုက်ထိန်းသိမ်းပါ။
- အခြေခံအသားအရေ ထိန်းသိမ်းနည်း ၄ ဆင့် ကို ဖြစ်အောင်လုပ်ပါ။
- တစ်ခုပိုလာတာက Whitening Essence ပါ။ ဈေးကွက်ထဲမှာ တင်းတိပ်၊ မှဲ့ခြောက်၊ နေလောင်တာတွေအတွက် Whitening Essence တွေ အများကြီးရှိတယ်နော်။ ကိုယ်နဲ့ အဆင်ပြေတာလေးကို ရွေးသုံးပေါ့။

- အဲဒီတော့ မျက်နှာသစ်ဆေးလေးနဲ့ မျက်နှာသစ်၊ တိုနာလေးလိမ်းပြီးရင် Whitening Essence လေး လိမ်းပေးပါ။ မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးရမှာပါ။ကဲ.......မျက်နှာမှာ အမည်းစက်လေးတွေ ထင်နေတက်တဲ့ ကိုကို တွေ မမ တွေအားလုံး စိတ်ညစ်စရာမလိုတော့ပါဘူးဗျာ။ကျွန်တော် ပြောတဲ့ အပေါ်က နည်းလေးတွေ အတိုင်းသာ လုပ်သွားလိုက်ယုံပါပဲ။ငွေကုန်ကြေးကျ နည်းပြီး အလွယ်တကူ လုပ်လို့ရတဲ့ နည်းလေးတွေဆိုတော့ သူငယ်ချင်းတွေ သဘောကျ နှစ်ခြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကဲ....သူငယ်ချင်းတွေ အားလုံး မျက်နှာမှာ အမည်းစက်လေးတွေ ကင်းပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ဖြင့် အပြင်ထွက်နိုင်ကြပြီး ဖြူစင်ဝင်းမွတ်တဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးလဲ Myanmar Sky Link မှာ ကူးယူထားပြီး ကျွန်တော် လိုအပ်တဲ့ စာသားအနည်းငယ် ထပ်မံဖြည့်စွက်ထားပါတယ်ဗျာ။

credit  (Myanmar Sky Link)

Saturday, 11 August 2012

(1)သင့်ပေါင်တံ ကျစ်လျစ်သွယ်လျသွားစေမည့် အလွယ်နည်းများ (2) အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့် ရှိနေစေရန်

ပေါင်အဆီတွေ လျော့ကျပြီး သွယ်လျလှပစေဖို့ ကျွမ်းကျင်သူတွေက အောက်ပါအိမ်တွင်းနည်းတွေကို သုံးဖို့ အကြံပြုထားပါတယ်။


(၁) Firming Cream လိမ်းပါ

ပေါင်တံ ကျစ်လျစ်ကာ တင်းရင်းလှပသွားစေမယ့် Firming ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ Firming ခရင်မ်ကို ရွေးချယ်ရာမှာ ကဖင်းဓာတ်နဲ့ Hyaluronic acid တို့ ပါဝင်တဲ့ အမျိုးအစားဟာ ပေါင်က အဆီပိုတွေကို ရှစ်နာရီကျော်ကြာတဲ့အထိ ဖုံးကွယ်ထားနိုင်ပါတယ်လို့ နယူးယောက်ခ် တက္ကသိုလ်က ပါမောက္ခဒေးက ရှင်းပြပါတယ်။

(၂) ပေါင်တံကို နှိပ်နယ်ပေးပါ

“ပေါင်တံကို နှိပ်နယ်ပေးတာကြောင့် အရေပြားတွင်း သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ချောမွတ်တင်းရင်းတဲ့ ပေါင်တံအလှကို ရရှိစေပါတယ်။ နှိပ်ရမယ့်နည်းက အရင်ဆုံး ပေါင်အတွင်းသားနေရာကို လက်ဖဝါးနဲ့ ခပ်ဖွဖွရိုက်ပေးပါ။ ပြီးရင် လက်ချောင်းတွေကို သုံးပြီး စက်ဝိုင်းပုံအတိုင်း လှည့်လည်ဖိနှိပ်ပေးပါ။

(၃) ဆောင့်ကြောင့်ထိုင်ပါ

“ပေါင်ကြွက်သားတွေကို သန်စွမ်းအောင် လေ့ကျင့်လေလေ၊ အဆီတွေက လျော့ကျလေလေ ဖြစ်တတ်ပါတယ်” လို့ နစ်ကိုးကဒ်မင်းရဲ့ နည်းပြစတုန်းက ရှင်းပြပါတယ်။ ပုံမှာ ဖော်ပြထားတဲ့အတိုင်း ဆောင့်ကြောင့်ထိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးတာကြောင့် ပေါင်တံကျစ်လျစ် သွယ်လျစေပါတယ်။ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပြီး မတ်တပ်ရပ်ကာ တင်ပါးကို နောက်ပစ်ရင်း ဒူးကွေး ထိုင်ချပါ။ တစ်နေ့ ၁၅ ကြိမ်လောက်နဲ့ တစ်ပတ်မှာ သုံးရက်လောက် လေ့ကျင့်ပေးပါ။

ကြယ်စင်

Ref: By Good Health Originally posted 07/08/2012 11:56AM
Source: http://www.yatanarpon.com.mm/cp/goodhealth/news-63828


======================================================


အလုပ်လုပ်သူများ တစ်နေ့လုံး စွမ်းအင်အပြည့် ရှိနေစေရန်




နံနက်ခင်းမှာ ကြည်နူးလန်းဆန်းမှု အပြည့် ရှိနေဖို့ဆိုရင် စွမ်းအင် အလုံအလောက် ရှိနေမှဖြစ်မှာပါ။ ဒါကြောင့် နံနက်ခင်းမှာ ကျန်းမာလန်းဆန်းနေစေဖို့ စွမ်းအင်ပြည့်ဝစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ညအချိန် လုပ်ဆောင်ရမည့် နည်းများ

အိပ်ရေးဝဝအိပ်ပါ


အမေရိကန်လူမျိုး ၆၃ ရာခိုင်နှုန်းက သီတင်းပတ်တစ်ပတ်လုံး အိပ်ချိန် အလုံအလောက် မရှိတတ်ဘူးလို့ အမျိုးသား အိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်းက ဆိုပါတယ်။ အရွယ်ရောက်သူတွေက တစ်ညမှာ ၇-၉ နာရီလောက် အိပ်ချိန်ပေးသင့်ပေမယ့် လူတိုင်းက ဒီစည်းမျဉ်းကို မလိုက်နာနိုင်ကြပါဘူး။ တချို့က လိုတာထက် ပိုအိပ်ပြီး တချို့က အိပ်ချိန်နည်းနေပါတယ်။ နံနက်ခင်းနိုးလာချိန်မှာ စွမ်းအင် အပြည့်ရှိဖို့ဆိုရင် အိပ်ချိန် အလုံအလောက် ရှိရပါမယ်။

ညစာကို လျှော့စားပါ


ညစာစားချိန်နဲ့ စားတဲ့ ပမာဏက အိပ်စက်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ညစာကို နောက်ကျမှ စားတာက ခန္ဓာကိုယ်ကို အစာကြေညက်ဖို့ အခက်အခဲ ဖြစ်စေတဲ့အပြင် ရင်ပူတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ အစာကို များများစားတာကြောင့် လေပွတာ၊ အစာမကြေတာတွေဖြစ်ပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။

အယ်လ်ကိုဟော ရှောင်ပါ


အယ်လ်ကိုဟောဟာ အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဆီးသွားများစေတာကြောင့် အိပ်မောကျရမယ့် ညအချိန်မှာ အိမ်သာကို မကြာခဏ သွားနေရတတ်ပါတယ်။ အရက်သောက်ပြီး အိပ်ပျော်ရင်တောင် အချိန် သုံး-လေးနာရီ ကြာသွားချိန်မှာ ဦးနှောက်ကို နိုးကြားနေစေပါတယ်။

ပုံမှန် အိပ်စက်သော အချိန်ဇယား ဆွဲထားပါ


အိပ်ချိန်ကို ညတိုင်း ပုံမှန်ထားပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝနာရီကို ဟန်ချက်ညီစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။ နံနက်ခင်းမှာလည်း အားအင်အပြည့်နဲ့ နိုးထလာပါလိမ့်မယ်။

အမှောင်ချကာ အိပ်ပါ


အိပ်ချိန်မှာ အလင်းရောင်ရနေတာက ခန္ဓာကိုယ်ရဲ့ မယ်လတိုနင်ဟော်မုန်း ထွက်ရှိမှုကို အနှောင့်အယှက် ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေပါဘူး။ ဒါကြောင့် အခန်းကို အမှောင်ချပြီး အိပ်စက်ပါ။

နံနက်ခင်းတွင် လုပ်ဆောင်ရမည့် နည်းများ

ရေသောက်ပါ


အိပ်ရာကနိုးလာချိန်မှာ ရေဓာတ် ခန်းခြောက်နေနိုင်တာကြောင့် ပင်ပန်းနေနိုင်ပါတယ်။ ဒါကြောင့် ရေသောက်တာက ရေဓာတ် ပြည့်ဝစေတဲ့အပြင် လန်းဆန်းသွားစေပါတယ်။

နံနက်စာစားပါ


နံနက်စာက တစ်နေ့တာအတွင်း အစားသင့်ဆုံး အစာပါ။ နံနက်စာ စားပေးရင် ဦးနှောက်ဆီကို ဂလူးကို့စ် ရောက်ရှိစေပြီး တစ်နေ့တာလုံး အလုပ်ကောင်းကောင်း လုပ်စေပါတယ်။ နံနက်စာစားတာက သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေပါတယ်။

နေခြည်နုနု ခံယူပါ


နံနက်ခင်း သဘာဝအလင်းရောင်ထဲမှာ အချိန် ၁၀-၁၅ မိနစ်လောက် နေတာက ဦးနှောက်ထဲက Pineal Gland ကို လှုံ့ဆော်မှုရှိစေပြီး မယ်လတိုနင် ထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ မယ်လတိုနင်အဆင့် လျော့ကျတာကြောင့် ပိုတက်ကြွ လန်းဆန်းသွားစေပါတယ်။

တရားထိုင်ပါ


မျက်လုံးတွေကို စုံမှိတ်ပြီး ငြိမ်ငြိမ်သက်သက်ထိုင်တဲ့ တရားထိုင်နည်းဟာ ဦးနှောက်ကို တက်ကြွစေပါတယ်။ အကြောင်းကတော့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ကောင်းမွန်စေလို့ပါ။

လှုပ်ရှားပါ


နံနက်ခင်းမှာ အချိန် အနည်းငယ်ပေးပြီး လေ့ကျင့်ခန်းလုပ်တာက သွေးစီးဆင်းမှုကို ကောင်းစေကာ စွမ်းအင်ကို ချက်ချင်း ရရှိစေပါတယ်။ ယောဂကျင့်တာ၊ ထိုက်ချိကစားတာ၊ အိမ်သန့်ရှင်းရေး လုပ်တာတွေကို လုပ်ဆောင်ပေးပါ။

တစ်နေ့လုံး လုပ်ဆောင်ရမည့် နည်းများ

ကဖင်းဓာတ်လျှော့ပါ


ကဖင်းဓာတ်ပါတဲ့ အရည်တွေကို သောက်တာက အဒရီနယ်လင်ဟော်မုန်း ထွက်အောင် လှုံ့ဆော်ပေးတာကြောင့် လန်းဆန်းနေစေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်နဲ့ မတည့်သူဖြစ်ရင် အိပ်ရာမဝင်ခင် အနည်းဆုံး ခြောက်နာရီအတွင်း ကော်ဖီကို ထပ်မသောက်သင့်တော့ပါဘူး။

ရေနွေးကြမ်းသောက်ပါ


ပင်ပန်းနေချိန်မှာ အင်တီအောက်ဆီးဒင့်ပါတဲ့ လက်ဖက်စိမ်း လက်ဖက်ရည်ကြမ်းကို သောက်ပေးသင့်ပါတယ်။

ဇွန်
By Good Health

Friday, 10 August 2012

ဝက်ခြံဆိုတာ ( pimples ) ဘာလဲ။ ၀က်ခြံရောဂါ ဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။

၁။ ၀က်ခြံဆိုတာ ( pimples ) ဘာလဲ။ 

 Photo: ၁။ ၀က်ခြံဆိုတာ ( pimples ) ဘာလဲ။ 

အရေပြားပေါ်တွင် ဖြစ်ပွားတတ်သော အဖြူအမည်း ၀တ်ဆံငယ်ကလေးများပါတဲ့ အဖုငယ်ကလေးများဖြစ်ပါတယ်။ အရေပြားတွင်း မှာ ရှိတဲ့အဆီအကျိတ်နဲ့ အမွေးအမှင်တို့ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါပဲ။ ထိုမှတစ်ဆင့် ပြည်တည်ဖုများဖြစ်လာခြင်း၊ အဖုအမာအဆင့် ရောက်သွားပြီး အမာရွတ်များ ကျန်ရစ်တတ်ပါတယ်။ မျက်နှာ၊ ကျောနဲ့ ရင်ဘတ်ပေါ်တွင် အဖြစ်များပါတယ်။ အခြားသော အရေပြား ရောဂါများနဲ့ လွဲမှားတတ်ပါတယ်။


၂။ ၀က်ခြံရောဂါ ဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။ 

အပျို၊ လူပျိုပေါက်အရွယ် ၈၅% မှာတွေ့ရပြီး၊ အမျိုးသမီး ၁၂%နဲ့ အမျိုးသား ၃%မှာ အသက်လေးဆယ်ကျော်အထိ တွေ့ရတတ်ပါ တယ်။ မိဘတစ်ဦး (သို့)နှစ်ဦးစလုံး ၀က်ခြံပေါက်ပါက သားသမီးတွေလည်း ၀က်ခြံပေါက်တတ်ပါတယ်။ ညစ်ပတ်သော အရေပြားကြောင့် ၀က်ခြံပေါက်ခြင်း မဟုတ်ပါ။ ချောကလက်၊ ကိုကာ၊ ကြော်လှော်ထားသော အစားအစာများ၊ အပူအစပ်များက ၀က်ခြံပိုဆိုးစေတယ်လို့ ပြောကြပေမယ့်၊ သိပ္ပံနည်းကျ သက်သေပြထားတာတော့ မရှိသေးပါဘူး။ စိတ်ဖိစီးမှု၊ မောပန်းနွမ်းနယ်ခြင်း၊ နေရောင်ခြည်နှင့်အချို့သော အလှပြင်ပစ္စည်းများနဲ့ ဆံပင်အလှပြင်ပစ္စည်းများ၊ ဥပမာခေါင်းလျှော်ရည်၊ ပုံသွင်းဆေး စသည်တို့က ၀က်ခြံကို ပိုဆိုးစေပါတယ်။


၃။ ၀က်ခြံဘာကြောင့်ဖြစ်ရသလဲ။ 

(က) အဆီထုတ်လုပ်မှုများခြင်း - အပျို၊ လူပျိုဖော်ဝင်စချိန်တွင် Androgen ဟော်မုန်းအထွက်များပြီး အဆီအကျိတ်များမှ အဆီကို ပိုထုတ်စေသည့်အတွက် ၀က်ခြံဖြစ်ပွားရပါတယ်။
(ခ) အဆီအကျိတ် ထွက်ပေါက်၏ နံရံရှိကလာပ်စည်းများ - ပွားများပြီး အပေါက်ပိတ်သွား၍ ၀က်ခြံအဖုများအဖြစ် ထွက်ပေါ်လာ နိုင်ပါတယ်။
(ဂ) အဆီပေါက်များပိတ်သွားသောအခါ ဘက်တီးရီးယားပိုးများ ပိုမိုပေါက်ပွားလာပြီး၊ ဓါတုပစ္စည်းများ ထွက်လာသောကြောင့် ရောင်ရမ်းနေသော ၀က်ခြံဖုများဖြစ်ပေါ်လာပါတယ်။
(ဃ) မျိုးရိုးလိုက်ခြင်းကြောင့် ၀က်ခြံပေါက်ရပါတယ်။


၎။ ခေတ်မီကုထုံးဘာတွေရှိသလဲ။ 

လိမ်းဆေးများရှိပါတယ်။ ဥပမာ- ရက်တင်အေခရမ်၊ သောက်ဆေးများရှိပါတယ်။ ဥပမာ - ဒေါက်ဆီဆိုက်ကလင်း။ အမျိုးသမီးများ အတွက် အီစထရိုဂျင်များများပါတဲ့ (သို့) အန်ဒရိုဂျင်ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေးများပါတဲ့ ဟော်မုန်းနှင့် ကုသခြင်းပြုလုပ်နိုင်ပါတယ်။ ဥပမာ - ဒိုင်အိမ်း -၃၅။ နောက်ဆုံးပေါ်ဆေးဝါးအနေနဲ့ကတော့ အက်နိုတင်လို့ခေါ်တဲ့ ဗီတာမင်အေပါတဲ့ဆေး။ လိမ်းဆေးအနေနဲ့ ဒစ်ဖာရင်ဂျယ်ဆိုတဲ့ဆေးဟာ အလွန်ကောင်းပါတယ်။ ဒါ့အပြင် အရေးပြားအဆီ ထုတ်လုပ်မှုကိုနည်းစေပြီး ဘက်တီးရီးယားပိုးကိုလည်း သေစေတဲ့ Laser Therapy ကိုလည်း သုံးနေကြပါပြီ။ LED- Photon Absorption Therapy (LED- PAT)လို့ခေါ်တဲ့ ရောင်ခြည်နှင့် ကုသတဲ့နည်းလည်းပေါ်ပေါက်နေပါပြီ။


၅။ အများပြည်သူအား မှာကြားချက်သော အကြံပေးချက်။ 

ဝက်ခြံပေါက်လာပြီဆိုရင် ကျွမ်းကျင်တဲ့ အရေပြားအထူးကု ဆရာဝန် တစ်ဦးဦးနှင့် ပြသပါ။ ၀က်ခြံဟာ အမာရွတ်ကျန်နေတတ်တယ် ဆိုတာ သတိချပ်ပါ။ ၀က်ခြံအမာရွတ်များဖြစ်လာလျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး၊ ကိုယ်ရည်ကိုယ်သွေးကျတာ လူတောထဲမတိုးဝံ့ ဖြစ်တတ်ကြပါတယ်။ ၀က်ခြံအမာရွတ်ဖြစ်သွားလျှင် ငွေကုန်ကြေးကျများတဲ့ ကုသနည်းတွေ သုံးရတတ်ပါတယ်။ ၀က်ခြံပေါက်ပြီးစဉ်တွင် နေရောင်ကာကွယ်ဖို့အတွက် Sun Protection Factor (SPF) ၁၅+ရှိတဲ့ နေရောင်ခံ လိမ်းဆေးတစ်မျိုးကို လိမ်းသင့်ပါတယ်။
Health Digest

 အရေပြားပေါ်တွင် ဖြစ်ပွားတတ်သော အဖြူအမည်း ၀တ်ဆံငယ်ကလေးများပါတဲ့ အဖုငယ်ကလေးများဖြစ်ပါတယ်။ အရေပြားတွင်း မှာ ရှိတဲ့အဆီအကျိတ်နဲ့ အမွေးအမှင်တို့ဖြစ်တတ်တဲ့ ရောဂါတစ်ခုပါပဲ။ ထိုမှတစ်ဆင့် ပြည်တည်ဖုများဖြစ်လာခြင်း၊ အဖ...
ုအမာအဆင့် ရောက်သွားပြီး အမာရွတ်များ ကျန်ရစ်တတ်ပါတယ်။ မျက်နှာ၊ ကျောနဲ့ ရင်ဘတ်ပေါ်တွင် အဖြစ်များပါတယ်။ အခြားသော အရေပြား ရောဂါများနဲ့ လွဲမှားတတ်ပါတယ်။


၂။ ၀က်ခြံရောဂါ ဖြစ်နိုင်ချေရှိသူတွေက ဘယ်သူတွေလဲ။

အပျို၊ လူပျိုပေါက်အရွယ် ၈၅% မှာတွေ့ရပြီး၊ အမျိုးသမီး ၁၂%နဲ့ အမျိုးသား ၃%မှာ အသက်လေးဆယ်ကျော်အထိ တွေ့ရတတ်ပါ တယ်။ မိဘတစ်ဦး (သို့)နှစ်ဦးစလုံး ၀က်ခြံပေါက်ပါက သားသမီးတွေလည်း ၀က်ခြံပေါက်တတ်ပါတယ်။ ညစ်ပတ်သော အရေပြားကြောင့် ၀က်ခြံပေါက်ခြင်း မဟုတ်ပါ။ ချောကလက်၊ ကိုကာ၊ ကြော်လှော်ထားသော အစားအစာများ၊ အပူအစပ်များက ၀က်ခြံပိုဆိုးစေတယ်လို့ ပြောကြပေမယ့်၊ သိပ္ပံနည်းကျ သက်သေပြထားတာတော့ မရှိသေးပါဘူး။ စိတ်ဖိစီးမှု၊ မောပန်းနွမ်းနယ်ခြင်း၊ နေရောင်ခြည်နှင့်အချို့သော အလှပြင်ပစ္စည်းများနဲ့ ဆံပင်အလှပြင်ပစ္စည်းများ၊ ဥပမာခေါင်းလျှော်ရည်၊ ပုံသွင်းဆေး စသည်တို့က ၀က်ခြံကို ပိုဆိုးစေပါတယ်။


၃။ ၀က်ခြံဘာကြောင့်ဖြစ်ရသလဲ။

(က) အဆီထုတ်လုပ်မှုများခြင်း - အပျို၊ လူပျိုဖော်ဝင်စချိန်တွင် Androgen ဟော်မုန်းအထွက်များပြီး အဆီအကျိတ်များမှ အဆီကို ပိုထုတ်စေသည့်အတွက် ၀က်ခြံဖြစ်ပွားရပါတယ်။
(ခ) အဆီအကျိတ် ထွက်ပေါက်၏ နံရံရှိကလာပ်စည်းများ - ပွားများပြီး အပေါက်ပိတ်သွား၍ ၀က်ခြံအဖုများအဖြစ် ထွက်ပေါ်လာ နိုင်ပါတယ်။
(ဂ) အဆီပေါက်များပိတ်သွားသောအခါ ဘက်တီးရီးယားပိုးများ ပိုမိုပေါက်ပွားလာပြီး၊ ဓါတုပစ္စည်းများ ထွက်လာသောကြောင့် ရောင်ရမ်းနေသော ၀က်ခြံဖုများဖြစ်ပေါ်လာပါတယ်။
(ဃ) မျိုးရိုးလိုက်ခြင်းကြောင့် ၀က်ခြံပေါက်ရပါတယ်။


၎။ ခေတ်မီကုထုံးဘာတွေရှိသလဲ။

လိမ်းဆေးများရှိပါတယ်။ ဥပမာ- ရက်တင်အေခရမ်၊ သောက်ဆေးများရှိပါတယ်။ ဥပမာ - ဒေါက်ဆီဆိုက်ကလင်း။ အမျိုးသမီးများ အတွက် အီစထရိုဂျင်များများပါတဲ့ (သို့) အန်ဒရိုဂျင်ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေးများပါတဲ့ ဟော်မုန်းနှင့် ကုသခြင်းပြုလုပ်နိုင်ပါတယ်။ ဥပမာ - ဒိုင်အိမ်း -၃၅။ နောက်ဆုံးပေါ်ဆေးဝါးအနေနဲ့ကတော့ အက်နိုတင်လို့ခေါ်တဲ့ ဗီတာမင်အေပါတဲ့ဆေး။ လိမ်းဆေးအနေနဲ့ ဒစ်ဖာရင်ဂျယ်ဆိုတဲ့ဆေးဟာ အလွန်ကောင်းပါတယ်။ ဒါ့အပြင် အရေးပြားအဆီ ထုတ်လုပ်မှုကိုနည်းစေပြီး ဘက်တီးရီးယားပိုးကိုလည်း သေစေတဲ့ Laser Therapy ကိုလည်း သုံးနေကြပါပြီ။ LED- Photon Absorption Therapy (LED- PAT)လို့ခေါ်တဲ့ ရောင်ခြည်နှင့် ကုသတဲ့နည်းလည်းပေါ်ပေါက်နေပါပြီ။


၅။ အများပြည်သူအား မှာကြားချက်သော အကြံပေးချက်။

ဝက်ခြံပေါက်လာပြီဆိုရင် ကျွမ်းကျင်တဲ့ အရေပြားအထူးကု ဆရာဝန် တစ်ဦးဦးနှင့် ပြသပါ။ ၀က်ခြံဟာ အမာရွတ်ကျန်နေတတ်တယ် ဆိုတာ သတိချပ်ပါ။ ၀က်ခြံအမာရွတ်များဖြစ်လာလျှင် ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး၊ ကိုယ်ရည်ကိုယ်သွေးကျတာ လူတောထဲမတိုးဝံ့ ဖြစ်တတ်ကြပါတယ်။ ၀က်ခြံအမာရွတ်ဖြစ်သွားလျှင် ငွေကုန်ကြေးကျများတဲ့ ကုသနည်းတွေ သုံးရတတ်ပါတယ်။ ၀က်ခြံပေါက်ပြီးစဉ်တွင် နေရောင်ကာကွယ်ဖို့အတွက် Sun Protection Factor (SPF) ၁၅+ရှိတဲ့ နေရောင်ခံ လိမ်းဆေးတစ်မျိုးကို လိမ်းသင့်ပါတယ်။
 

 Health Digest

Credit Mg Mandalay

ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်



အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

၁။ သန့်ရှင်းတဲ့ အစာနဲ့ စတင်ပါ

ဆိုလိုတာက သဘာဝအတိုင်းဖြစ်တဲ့ အစာတွေဖြစ်ပြီး ဘာမှ မပြုပြင်ထားတဲ့ အစာတွေပါ။ ဥပမာအားဖြင့် ကြက်ဥ၊ ငါး၊ ကြက်သား၊ မြက်စားနွား၊ အခွံမာသီး၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တို့ ဖြစ်ကြပါတယ်။

ဘယ်လိုအလုပ်လုပ်သလဲ

သစ်သီးတွေမှ သဘာဝအချိုဓာတ်တွေ ရပေမယ့် သကြားနဲ့ အချိုပါဝင်တယ်လို့ စာတန်းကပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေလောက် ကယ်လိုရီ မများတဲ့အတွက် အဲဒါတွေကို ရှောင်ကြဉ်တာကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ရရှိမှု နည်းသွားနိုင်ပါတယ်။

၂။ တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏစားပါ

တစ်နေ့တာလုံးအတွက် အစာကြီးသုံးကြိမ်နဲ့ အဆာပြေအစာ သုံးကြိမ်စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

သကြားပါဝင်မှုနည်းတဲ့ အစာမျိုးစုံဖြစ်ပေမယ့် အဲဒီအစာတွေကို ပမာဏများများ စားလိုက်တာကြောင့် သွေးတွင်း သကြားဓာတ် မြင့်တက်သွားနိုင်ပါတယ်။ မကြာခဏ သကြားဓာတ်မြင့်တက်တာကြောင့် Insulin အဆင့်တွေ မြင့်သွားတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ Insulin ဆိုတာ အဆီလောင်ကျွမ်းမှုကို ပိတ်ပင်ပြီး အဆီစုဆောင်းမှုကို အားပေးတဲ့ဟော်မုန်းပါ။ အစာပမာဏ အနည်းငယ်ကို မကြာခဏ စားလိုက်တာကြောင့် ခန္ဓာကိုယ်က Relax ရရှိသွားပြီး လပေါင်းများစွာ သကြားစုဆောင်းမှု များတဲ့အတွက် ပျက်စီးမှုဖြစ်စဉ်တွေကို မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။

၃။ ကစီဓာတ်အစား ပရိုတင်း စားပေးပါ

ကာဗိုဟိုက်ဒရိတ်ခေါ်တဲ့ ကစီဓာတ်ပါဝင်တဲ့ ဆန်၊ ပေါင်မုန့်၊ ခေါက်ဆွဲ အစရှိတာတွေကို တစ်နေ့ နှစ်ကြိမ်ထက် ပိုမစားပါနဲ့။ သင်အစာစားတဲ့ အချိန်တိုင်း ပရိုတင်းပါဝင်အောင် စားပေးပါ။

ဘယ်လိုအလုပ်လုပ်သလဲ

ကစီဓာတ်ကို ကန့်သတ်ပြီးစားကာ ပရိုတင်း ပိုမိုစားသုံးတာကြောင့် သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပရိုတင်း များများစားတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်ပါတယ်။

၎။ သကြားဓာတ်ကို ဖြိုခွဲနိုင်တဲ့ အစာစားပါ

သစ်ကြံပိုးခေါက်နဲ့ ပန်းသီးဝိုင်ရှာလကာရည် (Apple Cider Vinegar) တွေပါဝင်အောင် စားပါ။

ဘယ်လိုအလုပ်လုပ်သလဲ

အစာမစားခင် Vinegar အနည်းငယ်သောက်လိုက်တာကြောင့် သွေးတွင်း သကြားအဆင့်မြင့်တက်မှု ၈၁ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါတယ်။ သစ်ကြံပိုးခေါက်မှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ဆဲလ်တွေမှ သကြားဓာတ်ကို လောင်ကျွမ်းနှုန်း ပုံမှန်ထက်အဆ ၂၀ ပိုမြန်ပါတယ်။


ဒေါက်တာခင်မိုးမိုး
Ref: Good Health
Source: http://www.yatanarpon.com.mm/news/article-54485

Saturday, 4 August 2012

အနာမျိုး (၉၆)ပါး သင်သိပါသလား ?

အနာမျိုး(၉၆)ပါး ရောဂါများ ကင်းဝေးပါစေလို့  ဆုတောင်းပေးကြတယ် ဒါပေမဲ့ ......သင်သိပါသလား ?

မြန်မာရိုးရာဆေးပညာ အရ အနာမျိုး(၉၆)ပါး ရှိပါသည် ။

1. စက္ခုရောဂါ (မျက်စိရောဂါ)
2. သောတရောဂါ (နားရောဂါ)
...
3. ဃာနရောဂါ (နှာခေါင်းရောဂါ)
4. ဇိဝှာရောဂါ (လျှာရောဂါ)
5. ကာယရောဂါ (ကိုယ်၌ဖြစ်သောရောဂါ)
6. သီသရောဂါ (ဦးခေါင်း၌ဖြစ်သောရောဂါ)
7. ကဏ္ဏရောဂါ (နားရွက်၌ဖြစ်သောရောဂါ)
8. မုခရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
9. ဒန္တရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ)
10. ကာသော (ချောင်းဆိုးရောဂါ)
11. သာသော (ပန်းနာရောဂါ)
12. ပိနာသော (ထိပ်ကပ်နာရောဂါ)
13. ဒါဟော (ကိုယ်ပူရောဂါ)
14. ဇရော (အဖျားရောဂါ)
15. ကုစ္ဆိရောဂေါ (ဝမ်းဗိုက်၌ဖြစ်သောရောဂါ)
16. မုစ္ဆာ (မူးမေ့သောရောဂါ)
17. ပက္ခန္ဒိကာ (သွေးဝမ်းရောဂါ)
18. သူလာ (ထိုးအောင့်သောရောဂါ)
19. ဝိသုဓိကာ (ဝမ်းရောဂါ)
20. ကုဋ္ဌ (နူနာရောဂါ)
21. ဂဏ္ဍော (ထွက်မြင်းနာရောဂါ)
22. ကိလေသော (ပြောက်ကျားသော ခရုသင်းနာ)
23. သောသော (မြစ်ခြောက်နာ)
24. ဒန္ဒု (ဝဲကြီးဝဲစိုနာ)
25. ကဏ္ဍု (ဝဲခြောက်နာ)
26. ကစ္ဆု (ပွေးနာ)
27. ဝိကစ္ဆိကာ (လက်ဖဝါး ခြေဖဝါး ကွဲသောအနာ)
28. လောဟိတပိတ္တံ (သွေးအံ သွေးကျနာ)
29. မဓုမေဟော (ဆီးချိုရောဂါ)
30. အံသာ (မြင်းသရိုက်ရောဂါ)
31. ပိဠကာ (ထွတ်အိုင်းနာ)
32. ဘဂန္ဒလာ (ဘရင်ဂျီနာ) - ပေါင်း အနာမျိုး(၃၂)မျိုးရှိသည်။

ထိုအနာ(၃၂)မျိုးတို့ကို လေ၊ သည်းခြေ၊ သလိပ် တည်းဟူသော ဒေါသပျက်(၃)မျိုးနှင့် မြှောက်လျှင် အနာမျိုး(၉၆)ပါး ဖြစ်သည်။
 
Photo: အနာမျိုး(၉၆)ပါးရောဂါများကင်းဝေးပါစေလို့  ဆုတောင်းပေးကြတယ် ဒါပေမဲ့  ......သင်သိပါသလား ?
 
မြန်မာရိုးရာဆေးပညာ အရ အနာမျိုး(၉၆)ပါး ရှိပါသည် ။

1. စက္ခုရောဂါ (မျက်စိရောဂါ) 
2. သောတရောဂါ (နားရောဂါ) 
3. ဃာနရောဂါ (နှာခေါင်းရောဂါ) 
4. ဇိဝှာရောဂါ (လျှာရောဂါ) 
5. ကာယရောဂါ (ကိုယ်၌ဖြစ်သောရောဂါ) 
6. သီသရောဂါ (ဦးခေါင်း၌ဖြစ်သောရောဂါ) 
7. ကဏ္ဏရောဂါ (နားရွက်၌ဖြစ်သောရောဂါ) 
8. မုခရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ) 
9. ဒန္တရောဂါ (ခံတွင်း၌ဖြစ်သောရောဂါ) 
10. ကာသော (ချောင်းဆိုးရောဂါ) 
11. သာသော (ပန်းနာရောဂါ) 
12. ပိနာသော (ထိပ်ကပ်နာရောဂါ) 
13. ဒါဟော (ကိုယ်ပူရောဂါ) 
14. ဇရော (အဖျားရောဂါ) 
15. ကုစ္ဆိရောဂေါ (ဝမ်းဗိုက်၌ဖြစ်သောရောဂါ) 
16. မုစ္ဆာ (မူးမေ့သောရောဂါ) 
17. ပက္ခန္ဒိကာ (သွေးဝမ်းရောဂါ) 
18. သူလာ (ထိုးအောင့်သောရောဂါ) 
19. ဝိသုဓိကာ (ဝမ်းရောဂါ) 
20. ကုဋ္ဌ (နူနာရောဂါ) 
21. ဂဏ္ဍော (ထွက်မြင်းနာရောဂါ) 
22. ကိလေသော (ပြောက်ကျားသော ခရုသင်းနာ) 
23. သောသော (မြစ်ခြောက်နာ) 
24. ဒန္ဒု (ဝဲကြီးဝဲစိုနာ) 
25. ကဏ္ဍု (ဝဲခြောက်နာ) 
26. ကစ္ဆု (ပွေးနာ) 
27. ဝိကစ္ဆိကာ (လက်ဖဝါး ခြေဖဝါး ကွဲသောအနာ) 
28. လောဟိတပိတ္တံ (သွေးအံ သွေးကျနာ) 
29. မဓုမေဟော (ဆီးချိုရောဂါ) 
30. အံသာ (မြင်းသရိုက်ရောဂါ) 
31. ပိဠကာ (ထွတ်အိုင်းနာ) 
32. ဘဂန္ဒလာ (ဘရင်ဂျီနာ) - ပေါင်း အနာမျိုး(၃၂)မျိုးရှိသည်။ 

ထိုအနာ(၃၂)မျိုးတို့ကို လေ၊ သည်းခြေ၊ သလိပ် တည်းဟူသော ဒေါသပျက်(၃)မျိုးနှင့် မြှောက်လျှင် အနာမျိုး(၉၆)ပါး ဖြစ်သည်။


Credit Mgmandalay

Saturday, 28 July 2012

1.လူသိနည်းနေသေးသော အလှအပ လျှို့ဝှက်ချက်များ | 2.လှချင်သူများ အတွက် ပါ .......| 3.အလှပလေးတွေ တိုးလာအောင် လုပ်ဆောင်ချက်လေး

လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ ) | ဘယ်အချိန်တွေမှာ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ .....(

လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ )


တိုးတက်လာသော လူအဖွဲ့ အစည်းတွင် ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ... ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် တဖြေးဖြေးနဲ့ လုပ်လာနေကြပါပြီ အခုနောက်ပိုင်းတွင် များပြားလာကြောင်းသိရပါသည် အနောက်နိုင် ငံတွေ မှာခေတ်ကာလ အတော်လေးကြာခေတ်စားလာခဲ့သော လုပ်ဆောင်ချက်များဖြစ်ပါသည် ။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ကျားကနေ မလို ပုံစံပြောင်းလွဲဖန်းတည်းရန်အတွက်လည်း လုပ်ဆောင်လာနေကြပါသည် ။

ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ အမျိုးအစား သုံးမျိုးရှိပါသည် ။
(၁)saline ၊
(၂)silicon့
(၃)silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။

Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့်အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ်
ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။

breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) ဖြစ်ပေါ်စေရန်အတွက်ကို ပြုပြင်ပြောင်း လဲရန် အသုံးပြုခဲ့ကြပါတော့သည် ။

အခုတောင် ကိုယ့်လူမျိုး တော်တော်များများက ကိုယ့်ပိုင်ယဉ်ကျေးမှု့ နဲ့  ဝတ်စားမှု့ တွေတောင် အားနည်းလာပြီ....... ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အခုလို မျိုးကို လူနည်းစု ၊အသိုင်းအဝန်းတခုမှ လုပ်ဆောင်လာပေမဲ့  နောင်နှစ်မကြာခင်တွင် လုပ်ဆောင်လာကြသည်မှာပါ လို့ မောင်မန္တလေးမှ့ တွေးမိနေပါတော့သည် ။
 
Photo: လူသားတဦး၏ ရင်သားအတွင်း ဆီလီကွန် ထည့်ခြင်း .....( ကျန်းမာရေး အသိ )


တိုးတက်လာသော လူအဖွဲ့ အစည်းတွင် ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ အမျိုးသမီးတွေအတွက် အလှအပရေးရာဆိုင်ရာ ကုထုံးအဖြစ် အတော်လေး ရေပန်း စားလို့လာ ပါပြီ ။ မြန်မာနိုင်ငံမှာသာ ယဉ်ကျေးမှုအရ ဓလေ့ထုံးတမ်းစဉ်လာတွေအရ ရင်သားခွဲစိတ်ပြုပြင်ခြင်းဟာ သိပ်ပြီးခေတ်မစားပေမယ့် တဖြေးဖြေးနဲ့ လုပ်လာနေကြပါပြီ အခုနောက်ပိုင်းတွင် များပြားလာကြောင်းသိရပါသည် အနောက်နိုင် ငံတွေ မှာခေတ်ကာလ အတော်လေးကြာခေတ်စားလာခဲ့သော လုပ်ဆောင်ချက်များဖြစ်ပါသည် ။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ရင်သားခွဲစိတ်ပြုပြင်တယ်ဆိုတာ အမျိုးသမီး တစ်ယောက်ရဲ့ရင်သားအရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အလုံးအကြိတ်တွေခွဲထုတ်ပြီးလို့ ရင်သားကို ပြန်လည် ပြုပြင်ခြင်း အတွက် ခွဲစိတ်ပြုပြင်ခြင်းတစ်မျိုးဖြစ်ပါတယ် ။ ကျားကနေ မလို ပုံစံပြောင်းလွဲဖန်းတည်းရန်အတွက်လည်း လုပ်ဆောင်လာနေကြပါသည် ။

 ရင်သားအတွင်း ထည့်သွင်းတဲ့နေရာမှာ အမျိုးအစား သုံးမျိုးရှိပါသည် ။ 
(၁)saline ၊ 
(၂)silicon့ 
(၃)silicon+saline ဆိုပြီး သုံးမျိုးရှိပါတယ် ။ 

Saline implant ဟာ elastomer silicone အခွံ ပါဝင်ပြီး saline အရည် တွေဖြည့်ထားခြင်းဖြစ်ပြီး Silicon implant ကတော့ အခွံခြင်းတူပေမယ့်အထဲမှာ silicon gel ထည့်သွင်းထားခြင်းဖြစ်ပါတယ် 
ပေါင်းစပ်ထည့်သွင်းခြင်းဖြစ်တဲ့ Alternative composition မှာတော့ များစွာသောအရာတွေဖြစ်တဲ့ soy အဆီ ၊ polypropylene ကြိုး ၊ et cetera စသည်တို့ ပါဝင်ပါတယ် ။ 

Pectoral implant လို့ခေါ်တဲ့ ရင်ဘတ်တစ်ခုလုံး ခွဲစိတ်ပြုပြင်ခြင်းဟာ ယောင်္ကျားလေးတွေမှာ အလှအပရေး ရာအတွက် ( ကျားမှ မပြောင်းခြင်း) ဖြစ်စေ ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ( gynecomastia - အမျိုးသားတွင် ရင်သားကြီးခြင်း ) စသည်တို့ကြောင့်ခွဲစိတ်ပြုပြင်ခြင်းဖြစ်ပါတယ် ။ ရင်သားခွဲစိတ်ပြုခြင်ခြင်းမှာ ရင်သားတစ် ရှူးတွေ ကြီးအောင် လုပ်တဲ့ breast tissue expander ဟာ ရင်သားခွဲစိတ်ပြုပြင်ခြင်းအဆင့်မှာ ယာယီသုံးတဲ့ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ် ။ 

 breast implant device တွေကို ရင်သားရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သား အာရုံခံစားမှု ( feel) ဖြစ်ပေါ်စေရန်အတွက်ကို ပြုပြင်ပြောင်း လဲရန် အသုံးပြုခဲ့ကြပါတော့သည် ။

အခုတောင် ကိုယ့်လူမျိုး တော်တော်များများက ကိုယ့်ပိုင်ယဉ်ကျေးမှု့ နဲ့  ဝတ်စားမှု့ တွေတောင်  အားနည်းလာပြီ....... ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အခုလို မျိုးကို လူနည်းစု ၊အသိုင်းအဝန်းတခုမှ လုပ်ဆောင်လာပေမဲ့  နောင်နှစ်မကြာခင်တွင် လုပ်ဆောင်လာကြသည်မှာပါ လို့ မောင်မန္တလေးမှ့ တွေးမိနေပါတော့သည် ။
 
 
 
 
==============================================
 
 
ဘယ်အချိန်တွေမှာ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ .....( အမျိုးသမီးများ အတွက် ကျန်းမာရေး အသိ )

ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။... ရေရှည်တော့မသင့်တော်ပါဘူး ။

မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။

မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။ ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။
 
Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။
 
Photo: ဘယ်အချိန်တွေမှာ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို  သုံးစွဲဖို့လိုအပ်သလဲ .....( အမျိုးသမီးများ အတွက် ကျန်းမာရေး အသိ )

ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ရေရှည်တော့မသင့်တော်ပါဘူး ။

 မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့် စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။

မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။ ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။
 
 
 
Credit Mg Mandalay
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................