~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
Monday, 17 September 2012
Gmail အဟောင်း မှ Data နှင့် အချက်အလက်များ Gmail အသစ် ထဲသို့ Backup ပြောင်းရွှေ.သိမ်းနိုင်ရန်
Gmail အဟောင်း မှ Data နှင့် အချက်အလက်များ Gmail အသစ် ထဲသို့ Backup ပြောင်းရွှေ.သိမ်းနိုင်ရန်
ပထမဆုံးအနေနဲ အသစ်ဖွင့်ထားတဲ့ gmail ကို ဖွင့်လိုက်ပါ
(1)(နောက်ပြီးတော့ setting ကို သွားပါ.....
(2) account and Import tab ထဲကို ၀င်လိုက်ပါ......
(3) add POP3 email account button ကို click လိုက်ပါ....
(4) ပြီးတာနဲ gmail အဟောင်းရဲ့ mail add ကိုထည့်လိုက်ပါ ....
(5) Next step ကို ကလစ်နှိပ်လိုက်ပါနော် ....
(6) Gmail အဟောင်းက password အဟောင်းကို ထည့်ပြီး Label Incoming massage box ရှေ့မှာ အမှန်ခြစ်ပေးလိုက်ပါ........
(7) ပြီးတာနဲ ကိုယ်ကြိုက်တဲ့ Dropdown မှာကိုယ်စိတ်ကြိုက် label
နာမည်ကို ပေးလိုက်နော် ...
(8) Add account မှာကလစ်နှိပ်ပြီး
(9) နာမည်ဖြည့်... Next step ကိုသွားနော်
(10) Send Verification button ကို click ပါ
(11) code ကိုထည့်ရန်နေရာနဲ Verification button တစ်ခုကျလာမယ်၊ code ကိုရရန်အတွက် မူလအကောက်ထဲ ပြန်ဝင်ပါ၊ Inbox မဟုတ် span mail ထဲသို့code နံပါတ်ပါသော မေးတစ်စောင်ရောက်ပါမယ်..
(12) code နံပါတ်ဖြည်ပြီး Verify လုပ်လိုက်ပါ မိနစ်ပိုင်းအတွင်း မေးရောက်လာပါလိပ်မယ်..
Thursday, 2 August 2012
1.Gmail Account အဟောင်းမှ Account အသစ်ဆီ Friends List ကို Import လုပ်ခြင်း|2.မိမိ gmail account အားခိုးသုံးနေသူ ရှိမရှိ ထောက်လှမ်းမယ်
Gmail Account အဟောင်းမှ Account အသစ်ဆီ Friends List ကို Import လုပ်ခြင်း
ကျွန်တော် Gmail Account စသုံးတုန်းက အကောင့်နာမည်ကို ဆိုင်က Helper တွေလုပ်ပေးတာပါ။ အကောင့်နာမည်က ကျွန်တော်အကြိုက် မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် Friend List တွေကို ပြန် add ရမှာ ခေါင်းကိုက်လို့ Gmail account အသစ်လုပ်ထားပေမယ့် အရင်အဟောင်းကိုပဲ
သုံးနေတုန်းပါ။ ဒီ post မှာ အဟောင်းကနေ အသစ်အကောင့်ဆီ add တာကို တစ်ခုချင်းလုပ်စရာမလိုဘဲ လုပ်နည်းကို ဖော်ပြပေးပါမယ်။အရင် အကောင့်ထဲ Login ဝင်ပါ၊ Gmail Inbox ထဲရောက်ရင် Contacts ထဲကိုသွားပါ။ အဲဒီကနေမှ အပေါ်ညာဘက်ထောင့်မှာ Import,Export, Print ဆိုတာတွေ့ရပါမယ်။ Export ကိုရွေးပြီး အကောင့်အဟောင်းထဲက list တွေကို Export လုပ်ရမယ်။ Export ဖိုင်က .csv
Extension နဲ့ ကြိုက်ရာ filename ပေးပြီး တစ်နေရာမှာ Save ထားပါ။ ကဲ ပြီးရင်တော့ အကောင့်အသစ်ဆီကို သွားပါ။ အထက်ကနည်းလိုပဲ Contacts ထဲဝင်ပြီးImport ကိုနှိပ်၊ ခုနားက Save ထားတဲ့ ဖိုင်ကိုရွေးပြီး Import လုပ်လိုက်ရင်ရပါပြီ။
==============================
မိမိ gmail account အားခိုးသုံးနေသူ ရှိမရှိ ထောက်လှမ်းမယ်
မိမိ accont အားခိုးသုံးနေသူ ရှိမရှိ မသင်္ကာပါက gmail အားဝင်လိုက်ပါ။ -account၏ အောက်ဆုံးသို့ဆင်းကာ detail ဆိုသည့်စာသားအားရှာပြီး click လိုက်ပါ။
ထိုအခါ box တစ်ခုပွင့်သွားပါလိမ့်မည်။ ထိုbox ထဲတွင်မိမိ account အားဖွင့်ခဲ့သည့်အချိန်နှင့်သုံးခဲ့သော အင်တာနက် IP address များကို ဇယားဖြင့်ဖော်ပြပေးပါလိမ့်မည်။ ဥပမာ..
Recent activity:
Access Type [ ? ]
(Browser, mobile, POP3, etc.)
Location (IP address) [ ? ]
Date/Time
(Displayed in your time zone)
Browser *
Myanmar(203.81.166.21)
3:38 pm (0 minutes ago)
Browser *
China (118.143.230.151)
2:56 pm (42 minutes ago)
Browser China (118.143.230.151) 2:24 pm (1 hour ago)
Browser China (118.143.230.151) 2:04 pm (1.5 hours ago)
Browser China (118.143.230.151) 11:50 am (3.5 hours ago)
ဤကဲ့သို့ပေါ်ပေလိမ့်မည်။... အကယ်၍ယခုမိမိနှင့်တစ်ပြိုင်တည်းသုံးစွဲနေသူရှိပါက ဇယားအပေါ်တွင် sign out all other section ဆိုပြီး ပေါ်နေလိမ့်မည်ဖြစ်ပြီး ၄င်းကိုနှိပ်ခြင်းဖြင့် မိမိမဟုတ်ဘဲအခြားသုံးစွဲသူ၏ account မှာ သုံးနေရင်းနှင့်ပင် sign out ဖြစ်သွားပေလိမ့်မည်။ မိမိaccount အားခိုးယူသုံးစွဲနေသူ ထိုအချိန်၌မည်သည့်မြို့တွင် ရောက်ရှိနေသည်ကို သိလိုပါက ဇယားထဲရှိ ထိုသူသုံးစွဲခဲ့သည့် IP address အားကူးယူပြီး www.whatismyipaddress.com ကိုဖွင့်ကာAdditional IP Details အကွက်ထဲတွင် ရိုက်ထည့်ရပါမည်။
IP Information: 203.81.166.21
ISP: Bagan Cybertech Teleport, Internet Service Provide
Organization: Bagan Cybertech Teleport, Internet Service Provide
Connection: Broadband
Proxy: Suspected Network Sharing Device
City: Yangon
Region: Yangon
Country: Myanmar myanmar flag
Wednesday, 1 August 2012
ကိုယ်နားဆင်နေတဲ့ သီချင်းကို သူငယ်ချင်းတွေကိုလည်း နားဆင်စေချင် သူအတွက် Simple Way | Show ur gtalk in Current music မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း
ကိုယ်နားဆင်နေတဲ့ သီချင်းကို ကိုယ်သူငယ်ချင်းတွေကိုလည်း နားဆင်စေချင်တဲ့ သူငယ်ချင်းအတွက်
ကိုယ်နားဆင်နေတဲ့ သီချင်းကို ကိုယ်သူငယ်ချင်းတွေကိုလည်း နားဆင်စေချင်တဲ့ သူငယ်ချင်းအတွက်
ကျွန်တော်လည်း ဘာတင်ရမှန်းမသိတာနဲ့ မသိသေးတဲ့သူတွေ အတွက် မျှဝေပေးလိုက်ပါတယ်
အဆင်ပြေပါစေ
အဲဒီအတွက် သီချင်းဖွင့်မယ်ဆို windows Media Play နဲ့ဖွင့်ရပါမယ် ပြီးတော
Windows Media Play>>>>>Tool>>>Options>>>Copy Music>>>Backgroung
အထိဝင်ပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အမှတ်ပေးပြီးတော့ Ok လုပ်လိုက်ပါ
အဲဒါဆိုရပါပြီ တစ်ဖက်နားထောင်မယ်ဆို Gtalk call လုပ်လိုက်ပါ ကိုယ်က လက်ခံလိုက်ရင် ကိုယ်ဖွင့်ထားတဲ့သီချင်း တစ်ဖက်က ကြားရပါပြီ ကွန်နက်ရှင်ကောင်းရင် နားထောင်ရအဆင်ပြေပါတယ်
Monday, 30 July 2012
(1)G talk Hack ချင်သူတွေအတွက် software လေးပါ။|(2)G-TALK ချက်ဘောက် နောက်ခံမှာ မိမိပုံလေးတွေ ထည့်ချင်ရင်
G talk Hack ချင်သူတွေအတွက် software လေးပါ။
ဒီ software လေးက G talk လိုပဲတစ်ပုံစံထဲပေါ်ပါတယ်။
username နဲ. password ရိုက်ထည်.ရင် username and password do not match ပဲပြမှာပါ။
တကယ်တော. username နဲ. password က ကိုယ်. notepad ထဲမှာ လာပေါ်မှာပါ။
စိတ်ဝင်စားသူတွေစမ်းကြည်.ပါ။
http://www.mediafire.com/?svdxbcw2pit1q1a  
.
===================================================
G-TALK ချက်ဘောက် နောက်ခံမှာ မိမိပုံလေးတွေ ထည့်ချင်ရင်
မိမိ ကိုယ်ပိုင် ကွန်ပြူတာ နဲ့ ချက်တင်သမား တွေ အတွက် မိမိ ဂျီတော့ ချက်ဘောက် လေးကို
အပုံလေး ထည့် ပြီး အသုံးပြုနည်းလေး ပြောချင်ပါတယ်..သိပြီးသူများရှိမယ် ထင်ပါတယ်
မသိသေးမရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်..ညီလုပ်ထားတဲ့ ဒီဇိုင်းလေး ကို အရင်ကြည့် လိုက်ပါဦး
မိမိ ဥာဏ်ရှိသလို ဖိုတိုရှော့ သုံးပြီး ပြုလုပ်လို့ ရပါတယ်..
နမူနာ ပုံလေး က
အိုကေ ကြိုက်ရင် စလိုက်ရအောင်..
အဆင့်  ၁။။။ RUN ကို ခေါ်လိုက် run ကို start ကနေပြီး နှိပ်လိုက်ရတယ် နောက်ခေါ်နည်းက window key နဲ့  r ကို တွဲနှိပ်ရင် run ဘောက် ပေါ်လာမယ်..
အဆင့်  ၂။။   Local Settings\Application Data\Google\Google Talk\themes\system\chat\ClassicPicture\Contents\Resources
အထက်ပါစာသားကို တစ်လုံးမကျန်အောင် ထည့်  ပြီးရင် အိုကေ နှိပ်လိုက်..ဒီလိုပုံလေး ပေါ်လာမယ် xp ၀င်းဒိုးမှာနော် w 7 လဲရတယ် ..
 ပြီးရင် မိမိ ကြိုက်ရာ ဓါတ်ပုံ တစ်ခု ကို အခုမြင်ရတဲ့  ဖိုင် ထဲ ထည့် လိုက်
ခြောက် ဖိုင် ဖြစ်သွားမယ် ဓါတ်ပုံ ကို မှတ်မိလွယ်တဲ့  နာမည် တစ်ခုပေးထားဗျာ..
အိုကေ ဆက်မယ်..
အဆင့်  ၃။။ အဲဒီ ဖိုင်တွေ ထဲက main ဖိုင် ကို ရိုက်ကလစ် open with notepad နဲ့ ဖွင့် လိုက်ပါ..
အခုလိုပေါ်လာပြီး
ဒီစာသားလေးကို ရှာလိုက်ပါ..
BODY {
  margin: 6px;နောက်မှာ  ဒီစာသားလေး ကို ထည့် လိုက်
background-image: url(N2
.jpg)
N2 နေရာမှာ မိမိ ဓါတ်ပုံ နာမည်လေးကို အစားထိုး ပေးလိုက်ပါ..
ဓါတ်ပုံ က jpg အမျိုးစား မှ ရ မယ်နော် သတိပေးတာ..
ပြီးရင် notepad ဖိုင် က နေ save နှိပ်လိုက် ပြီးရင် ချက်ဘောက် ကို
ဖွင့် ကြည့် လိုက်ပါ..
မိမိ ထည့် ထားသော အပုံလေး ကို ချက်ဘောက် မှာ မြင်တွေ့ ရမှာဖြစ်ပါသည်..
အဆင်ပြေကြပါစေ .. ဆန္ဒများစွာဖြင့်  ဘလော့ဂါ ညီ
phone No. ထည့်စရာမလိုပဲ ဂျီမေး အကောင့်ဖွင့်နည်း
phone No. ထည့်စရာမလိုပဲ ဂျီမေး အကောင့်ဖွင့်နည်း
ကဲဗျာ.. မြန်မာပြည်မှာ Gmail Account ဖွင့်တာ ခုနောက်ပိုင်း မရတော့ပါဘူး - Phone နံပါတ်ထည့်မှဆိုတော့လည်း မြန်မာပြည်ဖုန်းနံပါတ်က ထည့်မရ... ဒါနဲ့ လျှောက်မွှေတော့ mysteryzillion.org က အတိုချုပ်လေးရေးထားတာကို စမ်းရင်း ပုံနဲ့တကွဖော်ပြပေးလိုက်ပါတယ်.. 100% အကောင့်လုပ်လို့ရတယ်နော...
.
Step 1. https://hidemyass.com/ ကိုရိုက်ထည့်ဖွင့်ပါ။
.
Step 2. box ထဲတွင် http://mail.google.com ရိုက်ထည့်ပြီးဘေးက Hide My Ass button နှိပ်ပါ။ Access denied ဟုပေါ်လျှင် https://mail.google.com ဟုရိုက်ထည့်ပါ။
Gmail ရဲ့ Features အတိုင်းပေါ်လာပေမည်။ Create an account နှိပ်ပါ။
Step 3. အောက်ပါအတိုင်း မေးလ်အကောင့်လုပ်နိုင်ပါပြီဗျာ...။
ှတစ်ခုတော့ရှိတယ်။ Login Name ကို Check Availability တော့စစ်မရဘူး။ အကုန်ဖြည့်သွား နောက်ဆုံး Account လုပ်မယ်လို့ နှိပ်လိုက်တဲ့အခါမှ ကိုယ်ထည့်တဲ့ Login Name က မရရင် ပြန်ထည့်ရတယ်။ အဲ့တစ်ခုတော့ စိတ်ရှည်ရတယ်ဗျ။ ကျန်တာ ဘာမှ ပြဿနာမရှိ။ ကိုယ်ထည့်တဲ့ Login Name ရပြီဆိုရင်တော့ မေးလ်အသစ်လုပ်ပြီးသွားပါပြီ။ ဒါဆို အောက်ကအတိုင်း ပေါ်လာပါမယ်။
Step 4. ကဲ... အကောင့်သစ် ရ မရ gtalk မှာဖြစ်ဖြစ် ၀င်စမ်းကြည့်လိုက်ပါ။ တခါတည်း မီးအစိမ်းလေးလင်းလာရောဗျာ...။
...
...
Credit aunglay
Sunday, 29 July 2012
G-talk အကောင့် ဖွင့်မရတော့ဘူး ဆိုရင်
G-talk အကောင့်ဖွင့်မရတော့ဘူးဆိုရင်
ကျွန်တော် အခုရေးမဲ့ ပို့စ်လေးက အခုတလောမှာ နေရာတိုင်းနီးပါးမှာ ကြုံနေရတဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ဖွင့်လို့မရတော့ဘူး Hack ခံလိုက်ရပြီလို့ ထင်တဲ့သူတွေ မိမိ G-mailဖွင့်လို့ မရတော့တဲ့ အတွက် စိတ်ညစ်နေရသူတွေ အတွက်ပါ .. သတိထားမိ ကြရင်တော့ သိပါလိမ့်မယ် .. အခုလိုမျိုးတွေ ကြားနေရတာ ဒီလပိုင်းအတွင်းမှာပါ .. အဲ့ဒါဘာကြောင့် ဖြစ်ရလည်းဆိုတော့ ကျွန်တော်တို့ရဲ့ Google ကြီးကနေပြီးတော့ သူရဲ့ User တွေရဲ့ အကောင့်တွေကို အခိုးခံရတာတွေ မဖြစ်ရလေအောင် G-mail အကောင့် Password လွယ်လွယ်လေးတွေ ပေးထားတဲ့ အကောင့်တွေကို Verify ပြန်လုပ်ခိုင်းပြီး Password တွေကို လွယ်လွယ်ကူကူနဲ့ ယူလို့မရအောင် Securityပိုင်းမြှင့် လိုက်တာကြောင့် ဖြစ်ပါတယ် .. ကြုံဖူးတဲ့သူတွေ သတိထား ကြည့်လိုက်ပါ .. အခုလိုမျိုး ဘယ်လိုအကောင့် မျိုးတွေမှာ ဖြစ်တက်လည်း ဆိုရင် Password ကို ( ဥပမာ ။ ။ 12345 , nayminmaung , maungmaung , 5201457 ) အစရှိသဖြင့် ပေးထားတဲ့ အကောင့်မျိုး တွေဖြစ်တာများ ပါတယ် ..
အခုလိုမျိုး မိမိတို့ရဲ့ G-talk အကောင့်ဟာ အသုံးပြုနေရင်းနဲ့ ရုတ်တရက် အကောင့်က ပိတ်သွားပြီး ပြန်ဝင်လို့ မရတော့ ဘူးဆိုရင် မိမိတို့ရဲ့ အကောင့်ကို Google က Verify လုပ်ခိုင်းနေ ပြီဆိုတာကို တန်းသိလိုက်ပါတော့ .. သိတဲ့သူတွေအတွက် လွယ်ပေမယ့် မသိသေးတဲ့ သူတွေအတွက်တော့ အခက်အခဲရှိတာမို့ ကျွန်တော် Verify ဘယ်လို လုပ်ရမယ်ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ရှင်းပြပေးထားပါတယ် ..
အရင်ဆုံး မိမိတို့ရဲ့ G-talk အကောင့်က သုံးနေရင်းနဲ့ ပိတ်သွား ပါလိမ့်မယ် .. အဲ့ဒါနဲ့ ပြန်ဖွင့်ကြည့် လိုက်ရင် အောက်က ပုံအတိုင်း ပြနေပါလိမ့်မယ် ..
ဒါဆိုရင်တော့ G-talk ကိုမဖွင့်ပါနဲ့တော့ .. Google ကနေပြီးတော့ Gmail ကိုဝင်လိုက်ပါ .. ပြီးရင် မိမိတို့ အကောင့်ကို ပုံမှန်အတိုင်း Sign in ၀င်လိုက်ပြီဆိုရင် အောက်က ပုံအတိုင်း Verify လုပ်ခိုင်းပါလိမ့်မယ် .. အောက်က ပုံမှာ မြင်ရတဲ့ အတိုင်း ကျွန်တော်တို့ အနေနဲ့ G-mail အကောင့် အသစ်တစ်ခု ဖောက်သလိုပဲ Phone နဲ့ Verification လုပ်ပေးရမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အနေနဲ့ Voice Call ကိုရွေးလိုက်ပါတယ် .. ဘာလို့လည်းဆိုတော့ Text Massage က ဖုန်းနံပါတ် တစ်ခုကို အကောင့် ငါးခုသာ Verification Code ပို့ဖို့ ခွင့်ပြုထားလို့ပါ .. ဒါကြောင့် ကျွန်တော်တို့က Voice Call ကိုရွေးချယ် ပေးလိုက်တာပါ ..
အောက်က ပုံအတိုင်း မိမိတို့ Phone number ကိုဖြည့်ပြီးလို့ Send Verification code ကိုနှိပ်လိုက်ပြီ ဆိုရင် ခဏစောင့် နေလိုက်ပါ .. ဖုန်းကိုတော့ ဖွင့်ထားပေးပါ .. 1 မိနစ် 2 မိနစ်လောက် ကြာရင် မိမိတို့ ဖုန်းကို ဖုန်းဝင်လာပါလိမ့်မယ် .. ဖုန်းကိုင်လိုက်ပါ .. ဒါဆိုရင် Google ကနေပြီးတော့ ထည့်ရမယ့် ကုဒ်ကို ပြောပေးပါလိမ့်မယ် .. နှစ်ကြိမ်ပြောပေးပါလိမ့်မယ် ..
Google ကပြောပေးတဲ့ ကုဒ်နံပါတ်ကို အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Verfication code မှာထည့်ပေးလိုက်ပါ .. ပြီးရင် Verify ကိုနှိပ်ပေးလိုက်ပါ .. ဒါဆိုရင် မိမိတို့ G-mail ကိုပြန်ဝင်ခိုင်းပါလိမ့်မယ် ..
ဒီအောက်က အဆင့်မှာတော့ တစ်ချို့ အကောင့်တွေက Current password ဆိုပြီး အရင် Password ကိုပြန် ထည့်ခိုင်းတက်ပါတယ် .. ဒီနေရာမှာ Password ပြန်ပေးတဲ့အခါမှာ အရင်တုန်းကလို လွယ်လွယ်ကူကူ မပေးပါနဲ့တော့ .. Password ပေးတဲ့အခါမှာ အနည်းဆုံး 15 လုံး ပြည့်အောင် ပေးဖို့လိုပါလိမ့်မယ် .. 15 လုံးအောက်ဆို စိတ်မချရပါဘူး .. ပြီးရင် Password ပေးတဲ့အခါမှာ & ^ % # @ % $ * စတဲ့ သင်္ကေတ တွေကို ထည့်ပြီးပေးတာ ပိုစိတ်ချရပါတယ် .. သတိထားရမှာက မိမိတို့ ပေးလိုက်တဲ့ Password က 15 လုံးအောက် မဖြစ်ဖို့ပါ .. နောက်ပြီး Password တွေကို ရိုးရိုး နားမည်တွေ ဂဏန်းပဲ မပေးပါနဲ့ စိတ်ချရမှု မရှိပါဘူး ..
ဒီလောက် ဆိုရင်တော့ G-Mail အကောင့်ကို Google က Verify လုပ်ခိုင်းလို့ ဖွင့်မရတော့ ဘူးဆိုရင် ကျွန်တော် ရှင်းပြပေးထားတဲ့ နည်းလမ်း အတိုင်း ဖြေရှင်းနိုင်သွား ပါလိမ့်မယ်လို့ ထင်ပါတယ် ..
မြန်မာပြည်မှ Phone Verification လုပ်ဖို့ အခက်အခဲ ရှိသူများ ကူညီပေးပါမယ် .. ကျွန်တော့်ကို G-mail အကောင့်နဲ့ Password ပေးပြီး အကူအညီတောင်း နိုင်ပါတယ် .. nayminmaung89@gmail.comသို့ ဆက်သွယ်ပြီး အကူအညီ တောင်းခံနိုင်ပါတယ် .. ပြည်ပမှ သူများကတော့ ကျွန်တော် အခုရှင်းပြထားတာကို ကြည့်ပြီး လုပ်လိုက်ရင် အဆင်ပြေသွားမယ်လို့ ထင်ပါတယ် ..
ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်ကလင့်မှာ ယူလိုက်ပါ ..
အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Credit နေမင်းမောင်
Saturday, 28 July 2012
(1)မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း | (2)Gmail တွင် နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ မှတ်ချင်သူများအတွက် |(3)Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင် | (4)Javascript To CSS ပြောင်းနည်း | (5)Google Chrome မှာမြန်မာလိုဖတ်လို့ရရန်
မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း
မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း
Gtalk staus တွင် မိမိနားထောင်နေသော သီချင်းပေါ်ချင်လျှင်
windows media ကိုဖွင့်ပါ
tools>plugin>option ကိုသွားပါ
plug ins အောက်တွင် background ကိုရွေးပါ
တဖက် box လေးထဲတွင် google talk music plugin ကို အမှတ်ပေးပါ
apply နှိပ်ပြီး ok ဖြင့်ပြန်ထွက်ပါ
မိမိ gtalk staus တွင် show carrent music track ကို အမှတ်ပေးပါ
ဒါဆို ရင် နားထောင်နေတဲ့ သီချင်းခေါင်းစဉ်လေးကို တဖက်မှ သူငယ်ချင်းများက မြင်တွေ့နိုင်မှာဖြစ်ပါတယ်
အထက်ဖေါ်ပြပါ နည်းလမ်းဖြင့်မရပါက gtalk ကို uninstall လုပ်ပါ
ပြီးလျှင် gtalk setup ကို run au administrator ဖြင့် install ပြန်လုပ်ပါ
ပြီးလျှင် အပေါ်ကတိုင်းပြန်လုပ်ကြည့်ပါ
ဒါဆိုရင်တော့ရပါပြီ
====================================================
မိမိနားထောင်နေသော သီချင်း Gtalk staus တွင် ပေါ်အောင်လုပ်နည်း
show carrent music track in gtalk staus
Gtalk staus တွင် မိမိနားထောင်နေသော သီချင်းပေါ်ချင်လျှင်
windows media ကိုဖွင့်ပါ
tools>plugin>option ကိုသွားပါ
plug ins အောက်တွင် background ကိုရွေးပါ
တဖက် box လေးထဲတွင် google talk music plugin ကို အမှတ်ပေးပါ
apply နှိပ်ပြီး ok ဖြင့်ပြန်ထွက်ပါ
မိမိ gtalk staus တွင် show carrent music track ကို အမှတ်ပေးပါ
ဒါဆို ရင် နားထောင်နေတဲ့ သီချင်းခေါင်းစဉ်လေးကို တဖက်မှ သူငယ်ချင်းများက မြင်တွေ့နိုင်မှာဖြစ်ပါတယ်
အထက်ဖေါ်ပြပါ နည်းလမ်းဖြင့်မရပါက gtalk ကို uninstall လုပ်ပါ
ပြီးလျှင် gtalk setup ကို run au administrator ဖြင့် install ပြန်လုပ်ပါ
ပြီးလျှင် အပေါ်ကတိုင်းပြန်လုပ်ကြည့်ပါ။
ဒါဆိုရင်တော့ရပါပြီပေါ့။
Views: 728
====================================================
Gmail တွင် နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ မှတ်ချင်သူများအတွက်
သိပြီးသူများမပါ )
အခု ပြောပြချင်တာကတော့ Gmail မှာ ပိုလာတဲ့ ၀န်ဆောင်မှု့ 2 ခုထဲက 1 ခုကိုပြောပြချင်ပါတရ် ……
( ကျွန်တော်လည်း သိလို့တော့မဟုတ်ပါဘူး ….. ဂျာနယ်ထဲမှာ ပါလာလို့ ဖတ်ကြည့်ပြီး တင်ပေးလိုက်တာပါ )
အခု Gmail မှာ Contacts ဆိုတာလေး နဲ့ Tasks ဆိုတာလေး 2 ခုပိုလာပါတရ်
အဲ့ဒီ့ထဲက Contacts ဆိုတာကိုပြောမှာဖြစ်ပါတရ် …….
Contacts ဆိုတာကတော့ “ ဆက်သွယ်မှု့ ” ဆိုပြီးအဓိပ္ပာယ်ရပါတရ်
အဲ့ဒီ့ Contacts ဆိုတာကတော့ ကိုယ့်အကောင့်ထဲမှာရှိတဲ့ လူတွေရဲ့ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ စတာတွေကို မှတ်သားလို့ရပါတရ်
 လုပ်မရ်ဆိုရင်တော့ အဲ့ဒီ့ Contacts ဆိုတာလေးကို နှိပ်လိုက်ပါ
ပြီးရင် ကိုယ်အကောင့်ထဲမှာ ရှိတဲ့လူရဲ့ နေရပ်လိပ်စာ ၊ ဖုန်းနံပါတ် ၊ မွေးနေ့ ကို မှတ်ချင်တရ်ဆိုရင် အဲ့ဒီ့ အကောင့်ကို နှိပ်လိုက်
ပြီးရင် သူ့ အကောင့် နာမည်နဲ့ မှတ်ဖို့ နေရာလေးတွေ ပါလာပါလိမ့်မရ်
ကိုယ်သိထားသမျှကို ရေးမှတ်ပြီးပြီ ဆိုရင် Save Now ကို နှိပ်လိုက်ပါ
အဲ့ဒါဆိုရင် မှတ်ထားပြီးသားဖြစ်သွားပါလိမ့်မရ်
ဖုန်းစာအုပ်ဖိုးမကုန်တော့ဘူးပေါ့ဗျာ
ဒီလိုလေးပေါ့ဗျာ ….
======================================================
Desktop ပေါ်မှာလှုပ်ရှားနေတဲ့ Gif ဖိုင်ပုံလေးတင်ကြည့်ရအောင်
Run box မှာ control desktop လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ
Desktop option
အောက်က customize desktop ဆိုတဲ့ button ကို click ပါ
Desk Itoms dialog box မှ web ကို click ပါ new , New Desktop Item မှာ မိမိထည့်ချင်တဲ့
Gif file ကို browse ကနေရွေးပြီး ထည့်လိုက်ပါ
ပြီးရင်တော့ ok , apply, ok ပေါ့
ကျွန်တော့် တို့ Desktop ပေါ်မှာ Gif ပေါ်လာပါပြီ
ပြီးရင်တော့
ကိုလိုချင်တဲ့ နေရာမှာထားလိုက်ပေါ့ စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ Desktop ပေါ်မှာ
right click ထောက်ပြီး Desktop Item ဆိုတဲ့ dialog box ထိရောက်အောင်ပြန်သွား လိုက်ပါဦး
Lock desktop item ဆိုတဲ့စာသားလေး check ပေးပြီး Ok ,Apply,Ok…….
အခုဆိုရင် gif file ဟာသူငယ်ချင်းတို့စိတ်ကြိုက်ထား ထားတဲ့နေရာမှာလှပစွာနဲ့ မြင်တွေ့ ရပါလိမ့်မယ်
အဆင်ပြေကြပါစေခင်ဗျာ.............
==================================================
မသိဖူးပေမယ့်..လွန်ခဲ့၂နှစ်က မိတ်ဆွေတယောက်ပြောတာ.......မယုံခဲ့ပါဘူး.. အခုတော့လည်းတကယ်ရှိတာပေါ့။
mcxeros: ဒါနဲ.java ကို css ဘယ်လိုပြောင်းရမလဲ သိလား ညီ
http://www.glazman.org/JSCSSP/ မှာသွားပြီး convert လုပ်နိုင်ပါတယ်။ ဒီအရာလေးကတကယ်တမ်းလည်းအလုပ်လုပ်ပါတယ်။
စမ်းကြည့်ပါ
======================================================
Google Chrome မှာမြန်မာလိုပြောင်းနည်း   
 Google Chrome မှာမြန်မာလိုဖတ်လို့ရရန်
Google Chrome မှာမြန်မာလိုပြောင်းနည်းလေးပါ သိပြီးသားလူတွေတော့ များမယ်ထင်ပါတယ် မသိသေးတဲ့လူတွေအတွက်ပါgoogle chorme မရှိရင် ဒီနေ၇ာကယူပါ http://www.filehippo.com/download_google_chrome/download/9c8ecdad4c...ပြီးရင် install လုပ်ပြီး browser ကို ဖွင့်လိုက်ပါ ...ပထမဦးဆုံး Browser ရဲ့ setting ထဲကို ၀င်ပါမယ် အောက်ကပုံလေးကိုကြည့်ပါ setting ထဲ က option ထဲဝင်ပါ option ထဲရောက်ရင် Under the Hood ကိုရွေးပြီး၊ Customize fonts.. ထဲကိုဝင်လိုက်ပါ Customize fonts ထဲရောက်ရင် အားလုံးကို Zawgyi One font ပြောင်းပေးလိုက်ရင် ရပါပြီ ဒါဆိုရင်တော့ google chrome မှာမြန်မာလိုဖတ်လို့ရပါပြီ အားလုံးပဲအဆင်ပြောကျပါစေ
                                                                                              Credit သလဲဦးပုံပြင်
098Tr0j4n မှတင်ဆက်ပါသည်။
Friday, 27 July 2012
Gmail Account ဖွင့်နည်း (နောက်တစ်မျိုး) အထူး | UltraSurf ဖြင့် ထိုးဖောက်ကျော်လွှားခြင်း configure လုပ်ခြင်း
                     Gmail Account ဖွင့်နည်း (နောက်တစ်မျိုး) အထူး
              Gmail account ကို ဖွင့်ရာတွင် verification code တောင်းမြဲဖြစ်ပါတယ်။အဲ့ဒီcode တောင်းခြင်း
ကို code ထည့်ပြီး Gmail account create လုပ်လို့ရပါတယ်။
မှတ်ချက် - ထိုနည်းသည် MZ မှ ကို Iceforge22 ပြုလုပ်သည့် create new gmail နည်းလမ်းကိုမှိငြမ်းကာ ကျနော့်တွင်ရှိသော နည်းလမ်းဖြင့်ပေါင်းစပ်ကာ အကောင့်ဖွင့်ခြင်းဖြစ်ပါသည်။
လိုအပ်ချက်များ။
Ultrasulf
IE
Mozilla Firefox
ယခုအသုံးပြုနေသော Gmail account တစ်ခုသင့်တင့်သော connection ရှိရမည်။Ultrasulf ကို http://www.mediafire.com/?x6i3e5x59h6b4yx တွင်ရယူပါ။
 IE နဲ့ firefox ကတော့စာဖတ်သူများမှာရှိမှာပါ။
Gmail account တစ်ခုလဲစာဖတ်သူမှာရှိမှာပါ။
OK ကျနော်တို့စဖွင့်ကြစို့ ( account ကိုပြောတာ :P)
အရင်ဆုံး Ultra Sulf ကိုဒေါင်းလုပ်ချပီး ဖွင့်လိုက်ပါ။ configure လုပ်ခြင်းကို ကိုညီနေမင်းဆိုဒ်တွင်ကြည့်ပါ။ http://www.nyinaymin.org/2009/10/ultrasurf_03.html ။ဖွင့်ပြီးလျှင် IE တွင် Ultra sulf home page တက်လာလျှင်သုံးလို့ရပါပြီ။အခု ultra sulf ဖြစ်ကျော်ထားသော IE browser တွင် https://www.google.com/voice ကိုရိုက်ထည့်ပြီး Enter နှိပ်ပါ။
ယခုသုံးနေသောGmail username နဲ့ password ထည့်ပီး sign in လုပ်ပါ။
ထို box ပေါ်လာမည်။ I want a new number ကိုနှိပ်ပါ။
Word,phrase,number တွင်ကိုယ်ကြိုက်နစ်သက်သော number သုံးလုံးကိုရိုက်ထည့်ပါ။ဘာဖြစ်ဖြစ်
၇ပါတယ်။ပြီးလျှင် Search numbers ကိုနှိပ်ပါ။
ထို number များပေါ်လာလိမ့်မည်။ကြိုက်နှစ်သက်သည့် number ကို ရွေးပြီး notdpad ဖြင့်မှတ်ထားပါ။
 သေချာမှတ်ထားပါ။အရေးကြီးပါသည်။ကျနော်ကတော့ (970) 765-8456 ကိုရွေးပြီးမှတ်ထား
ပါတယ်။ပြီးလျှင် continue ကိုနှိပ်ပါ။
Enter PIN box တွင်ကြိုက်နှစ်သက်တဲ့ number လေးလုံးကိုရိုက်ထည့်ရပါမယ်။ကျနော်ကတော့1234
 ပဲရိုက်ပါတယ်။ confirm PIN box တွင်လည်းအပေါ်က Enter PIN number နဲ့တူအောင်ရိုက်ရပါမယ်။
ကျနော်ကတော့ 1234 ပဲထည့်ပါတယ်။ I accept Google Voice’s Terms and Privacy Policky. တွင်အမှန်ခြစ်ပေးပါ။ပြီးရင် continue ကိုနှိပ်ပါ။
Box ပေါ်လာပါမယ်။ဒီနေရာမှ ခနရပ်ထားပါ။ဘာမှမနှိပ်ပါ။ firefox ကိုဖွင့်ပါ။https://mail.google.com/
 ကိုသွားပါ။ Create an account ကိုနှိပ်ပါ။ Create An Account page ပေါ်လာပါပြီ။ဖြည့်သင့်တာဖြည့်ပါ။ location တွင် United State ကိုပဲရွေးပါ။အရေးကြီးပါတယ်။ဖြည့်ပီးရင် I accept ကိုနှိပ်ပါ။
Box ပေါ်လာပါလိမ့်မယ်။ country တွင် United States ကိုရွေးပြီး Phone number ကိုခုနက Notepad 
 ဖြင့်မှတ်ထားတာကိုထည့်ပေးရပါမယ်။ကျနော်ကတော့ (970) 765-8456 ပါ။ပြီးရင် Send Verification 
code ကိုနှိပ်ပါ။ ပြီးရင် IE ကိုပြန်သွားပါ။ခုနကရပ်ခဲ့သော
တွင် Cancel ကိုနှိပ်လိုက်ပါ။ခနစောင့်ပါ။ voice mail တစ်စောင်ပို့ပေးပါလိမ့်မယ်။
Verification code ရလာပါပီ။ 861278 ဖြစ်သည်။ firefox ကိုသွားပြီး Verification code တွင်ရလာသော
 code number ကိုရိုက်ထည့်ပါ။
Verify ကိုနှိပ်လိုက်ပါ။ယခုအခါတွင် သင်သည်Gmail accountကိုအောင်မြင်စွာလုပ်ဆောင်နိုင်ပါပြီခင်ဗျာ။
မှတ်ချက်။ ။ နောက်တစ်ခါ Gmail account ကိုဖွင့်ချင်ပါက သုံးနေကျGmail နဲ့ www.google.com/voice ကိုဝင်ကာ ဘယ်ဘက်ရှိ UPGRADE ကိုနှိပ်ပီးထပ်လုပ်နိုင်ပါတယ်။
ကျနော်ဒီနည်းနဲ့ဖွင့်တိုင်း အကောင့်ဖွင့်လို့ရပါတယ်။အဆင်မပြေတာရှိရင်ပြန်ပြောနိုင်ပါတယ်ခင်ဗျာ။
Mmitd member များ Gmail account ဖွင့်ရအခက်အခဲရှိနေရင် ဒီနည်းလေးနဲ့ဖြေရှင်းနိုင်ပါတယ်ခင်
ဗျာ။ ခုတလောတွေ့နေရတယ်လေ။ IT ဂျာနယ်တွေမှာ Gmail တစ်ခါဖွင့် ၉၀၀၀ ကျပ်တဲ့။ရိုက်စားဗျာ။
တော်တော်ကိုဆိုးပါတယ်။ခုဆိုဒီနည်းနဲ့အေးအေးဆေးဆေးဖွင့်လို့ရပါပြီခင်ဗျ။တပြားမှမကုန်ပါဝူး :P
ဟိမရရင်ရင်ပြောဦးနော်။ ဒီနည်းကို မလှျိုထားပါနဲ့။များများဖြန့်ပါ။ဒါမှ သူများလိမ်တာမခံရမှာလေ။
ကျနော်ကတော့မလှျိုဖူးနော် :P  mmitd အဖွဲ့သားများကျန်းမာချမ်းသာ ကြပါစေ။
Post By....BoBoAung :) MMiTD
=======================================
configure လုပ်ခြင်း
UltraSurf ဖြင့် ထိုးဖောက်ကျော်လွှားခြင်း
ဒါကတော့ ကျွန်တော်တို့ရဲ့ ရွှေမြန်မာများ အတွက်ပါ . အထူးသဖြင့် ပြောနေကျအတိုင်း မြန်မာပြည်ကသူတွေ အတွက်ပေါ့ . ဟိုဖက်ပိတ်လိုက် ၊ ဒီဖက်ပိတ်လိုက်၊ ပိတ်ပြီးတော့ ဆို့လိုက်၊ ဆို့ပြီးတော့ ပိတ်လိုက် ဆိုတဲ့သီချင်း လိုမျိုးဖြစ်နေပြီ ၊ ပိတ်ပြီးတော့ ထပ်ဆို့တော့ ဘယ်အပေါက်က အသက်ရှုမတုန်း၊ ကဲဒါတွေ ထားလိုက်ပါတော့ အခုကျွန်တော်ရေးမှာက ကိုကြည့်သင့်တဲ့ဆိုက်လေးတွေကို ခက်ခက်ခဲခဲကြည့်စရာ မလိုအောင်လို့ ကျွန်တော် UltraSurf နဲ့ ကျော်လွှားနည်းကို တင်ပေးလိုက်ပါတယ် . အဆင်ပြေနိုင်ကြပါစေ . တောင်းဆိုထားတာတော့ အတော်ကိုများပါပြီ . ရေးဖို့ ဒီဖက်ကို အလှည့်မရောက်တာလဲ ပါတယ် ..
  • (၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..
  • (၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။
  • (၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
  • (၄) Double click နှိပ်ပြီး Run လိုက်ပါ .
  • (၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ .
  • (၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ .
  • (၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ .
  • (၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ .
  • (၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ .
  • (၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ .
  • (11) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီး ဖြည့်ပါ။ ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ . မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ် . ကဲ အဆင်ပြေနိုင်ပါစေဗျာ ..
တစ်ခုအကြံပေးချင်ပါတယ် . Ultrasurf ကို သုံးမယ်ဆိုတိုင်း အသစ်ကို Download ချချပြီးမှ သုံးပါ . သူတို့က အမြဲတမ်း Update လုပ်နေတာဖြစ်တဲ့အတွက် version အသစ်ကို သုံးရင် ပိုပြီးအဆင်ပြေနိုင်ပါတယ် . ဆိုက်က သေးသေးလေးပါ . မပင်ပန်းပါဘူး Download လုပ်ရတာ  1 MB over
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏
We r Watching U
.
Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team
Weekly All Myanmar Journal Free Download
မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ
Oxford English to Eng dictionary
.
Online Radio Collection
~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
MYMC Radio
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
အဖြူရောင်သံစဉ် ရေဒီယို
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
IT Palace Radio
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
အိမ်မက်လှိုင်း ရေဒီယို
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
95.1 Street FM
Online Radio Collection
~ကြိုဆိုပါ၏~
........................Popular Posts......................