~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday, 18 August 2012

(1)ပျောက်သွားတဲ့ဖိုင်(hidden ဖိုင်)တွေကို Manual နည်းနဲ့ ပြန်ရှာခြင်း။(2)Run Command တွေ ဖန်တီးခြင်း။(3)USB Write Protected Error အတွက် ဖြေရှင်းနည်း

ဖွယ်ဖွယ်ရာရာ နည်းပညာ လေ့လာစရာများ စုစည်းမှု

filename.exe Virus ထိလို့ ပျောက်သွားတဲ့ဖိုင်(hidden ဖိုင်)တွေကို Manual နည်းနဲ့ ပြန်ရှာခြင်း။

ဒီ Virus က စက် သို့မဟုတ် Memory Stick ထဲကို ဝင်ရောက်လာပြီ ဆိုရင် လက်ရှိဖိုင်တွေကို နောက်က Extension ကို .exe ( eg: originalfilename.exe )နဲ့ ပြောင်းလိုက်ပါတယ်။ မှုလဖိုင်ကိုတော့ Hidden လုပ်ထား လိုက်ပါတယ်။ပုံမှန်အနေနဲ့ ပျောက်သွားတဲ့ ဖိုင်ကို ပြန်တွေ့ ချင်တယ်ဆိုရင် Folder Option ထဲက View Tab အောက်မှာ Show Hidden Files and Folders ကို အမှန် ခြစ်ပေးလိုက်ရင် ပြန်တွေ့ နိုင်ပါတယ်။ ဒါပေမယ့် .exe Virus ဝင်ရောက် လာပြီ ဆိုရင်တော့ အထက်ပါ နည်းလမ်းနဲ့ ပြန်ဖော်လို့ မရတော့ ပါဘူး။ နောက်တစ်ခုက Virus ကို ရှင်းပြီးချိန်မှာတောင် Show Hidden Files and Folders ကို အမှန်ခြစ် လုပ်ရင်တောင် Hidden ဖိုင်တွေကို ပြန်မမြင်ရတော့ပါဘူး။

Registry ထဲ ဝင်ရောက် ပြန်ရှာခြင်း။

Registry Editor ကိုဖွင့်ဖို့အတွက် Run ကိုခေါ်ပါ။

( Win+R )Run Dialog Box မှာ regedit လို့ ရိုက်ထည့်ပြီး OK ကိုနှိပ်လိုက်ပါ။

Registry Editor ထဲမှ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows \CurrentVersion\Explorer\Advanced\Folder\Hidden\SHO WALL ကိုသွားလိုက်ပါ။ အဲဒီက Check Value ကို Double Click နှိပ်ပါ။ Value Data ကို 0 ကနေ 1 ကိုပြောင်းလိုက်ပါ။ဒါဆိုရင်တော့ .exe Virus ဖွက်ထားတဲ့ Hidden ဖိုင်တွေကို မှုန်ဝါးဝါး အနေအထားနဲ့ ပြန်လည်မြင်တွေ့ နိုင်ပြီ ဖြစ်ပါတယ်။
Control Panel ထဲမှာ Folder Options ပျောက်နေလား။

Control Panel ထဲမှာ Folder Options ပျောက်နေရင် နည်းလမ်း (နှစ်) လမ်းနဲ့ ပြန်ဖော်ယူရပါ့မယ်။ registry ထဲဝင်ပြီး ပြင်ရတဲ့ နည်းလမ်းများသည် အဆင်မပြေရင် ကွန်ပြူတာစနစ်ကို ထိခိုက်နိုင်ပါတယ်။ Folder Options ပျောက်ရတဲ့ အကြောင်းရင်းက အများကြီးပါ။ အများဆုံး ဖြစ်နိုင်တာက ဗိုင်းရပ်စ် ကြောင့်ပါ။

ပထမ နည်း

  • Run box မှာ regedit ရိုက်ထည့်ပါ။
  • HKEY_CURRENT_USER ကနေ Software> Microsoft>Windows>Current Version>Policies>Explorer ကို တစ်ဆင့်ချင်း ဖွင့်ပါ။
  • Explorer ကို ကလစ်လုပ်ပြီး တဖက် မြင်းကွင်းမှာ ပေါ်လာတဲ့ စာသားတွေထဲက “No Folder Options” ကိုရှာပါ။ တွေ့ရင် မောက်စ်ကလစ် နှိပ်ပြီး DWORD value ကို 00000000 လို့ပြင်ပါ။
  • ကွန်ပျူတာကို restart ပြန်လုပ်ပါ။

ဒုတိယ နည်း

  • ၄င်းသည် Group Policy Setting ကြောင့် ဖျောက်ထားခြင်း ဖြစ်နိုင်ပါတယ်။
  • ကွန်ပျူတာကို Administrator အနဲ့ ဖွင့်ပါ။ ဒါမှမဟုတ် ဖွင့်ထားတဲ့ အနေအထားသည် administrator အဖြစ် သုံးနိုင်ရပါမယ်။
  • Run box မှာ regedit ရိုက်ထည့်ပါ။၎င်းသည် Group Policy ကို ဖွင့် ခြင်းဖြစ်ပါတယ်။
  • Group Policy (box) ထဲမှာ Local Computer Policy>User Comfiguration> Adminsitrstive Templates Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။
  • ညာဘက်မြင်ကွင်းမှာ ‘Hide specified Control Panel applets’ ကို စစ်ကြည့်ပါ။ ၄င်းတွင် Enable ဖြစ်နေပါက ကလစ် နှစ်ချက်နှိပ်ပြီး Disabled လို့ ပြင်ပါ။ Ok ကိုနှိပ်ပါ။
  • ထို့အတူ ‘Show only specified Control Panel ကိုစစ်ပြီး Enabled ဖြစ်နေပါက Disabled ကို ရွေးချယ်လိုက်ပါ။Ok ကိုနှိပ်ပြီး Group Policy မှ ပြန်ထွက်ပါ။
  • Control Panel ကိုဖွင့်ပါ။Menu က view ကိုဖွင့်ပြီး Refresh ကို ကလစ်လုပ်ပါ။

ထိုသို့ ပြုလုပ်ရာမှာ Group Policy (box) အတွင်း Enables စသည် မတွေ့ပါက Folder Options ပျောက်ရခြင်းသည် အခြား အကြောင်း ကြောင့် လို့ မှတ်ယူရပါမယ်။Windows XP Home ကဲ့သို့ OS မှာ မပါတာမျိုး ရှိပါတယ်။ ၄င်းအတွက် Rigistry Editor မှာ စောစောကလို Explorer သို့ တစ်ဆင့်ချင်း ဝင်ပါ။၎င်းတွင် DisallowCpl ရဲ့ တန်ဖိုးကို စစ်ကြည့်ပါ။ အဲဒီမှာ တန်ဖိုး (0) ဆိုရင် Policy Disabled ဖြစ်ပြီး တန်ဖိုး (1) ဆိုရင် Policy Enabled ဖြစ်ပါတယ်။
'
===================================================

Run Box ကနေ Command တွေရိုက်ပြီး လှမ်းခေါ်လို့ရတယ်။တစ်ကယ်လို့ Run Box ထဲမှာ note-pad လို့ ရိုက်ရင် Note-pad Program ပေါ်လာမယ်။ဒါပေမယ့် Third Party သီးခြား Program တစ်ခုကို Run ထဲကနေ ခေါ်ကြည့်တဲ့အခါ အဲဒီ Command ကမရှိဘူးဆိုပြီး Error ကျလာလိမ့်မယ်။ Run Command တွေက သူ့မှာ ရှိတာတွေပဲ သုံးလို့ရမှာပါ။ဒါကြောင့် ကိုယ်သုံးနေတဲ့ Window မှာ စိတ်ကြိုက် Program တွေ၊ File တွေကို ထည့်သွင်းပြီး Run Command တွေ ဖန်တီးကြရပါမယ်။

Run Command တွေ ဖန်တီးခြင်း။

Start ထဲက Run ထဲမှာ regedit လို့ ရိုက်ပြီး Registry Editor ကိုဖွင့်ပါ။ ပြီးလျှင် ..HKEY-LOCAL-MACHINE\SOFT-WARE\Microsoft\Windows\Current Version\App Paths သို့ ရောက်အောင် သွားပါ။ App Paths ထဲရောက်လျှင် Right-Click နှိပ်ပြီး New ထဲက Key ကို Click လိုက်ပါ။

Registry Editor ရဲ့ ဘယ်ဘက်အခြမ်းမှ App Paths အောက်မှာ New Key#1 ဆိုပြီး Folder အသစ်တစ်ခုပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့ New Key#1 ကိုယ်ကြိုက်တဲ့ နာမည်ပြောင်းပြီး နောက်မှာ .exe ထည့်ပေးရပါမယ်။ဥပမာ gtalk ကို Run Command လုပ်ချင်ရင် Key နာမည်မှာ gtalk.exe လို့ပေးရမယ်။ဒီ Key က Run ထဲမှာ ရိုက်ရမယ့် Command ပါပဲ။
ဒီ Key ကို Click နှိပ်လိုက်ပါ။ပြီးလျှင် ညာဘက်ဘေးက Default registry key ဆိုတဲ့ String Value ကို Right-Click နှိပ်ပြီး Modify ကိုရွေးလိုက်ပါ။Value Data အောက်မှာ ကိုယ် Run ချင်တဲ့ File ရဲ့ လမ်းကြောင်းကို File နာမည် အထိ အတိအကျ ပြည့်ပြည့်စုံစုံ ထည့်ပေးရမယ်။ ရှေ့ က ဆိုခဲ့တဲ့ gtalk ကို Run ချင်တာဆိုရင် အဲဒီ gtalk ကို Run ပေးမယ့် .exe ရှိတဲ့ လမ်းကြောင်းကို အတိအကျ ထည့်ပေးရမယ်။ပြီးရင် OK ကိုနှိပ်ပါ။

အဖြူရောင် လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး New ထဲက String Value ကိုယူပါ။
နာမည်ကို Path လို့ပေးပြီး ၎င်းကို ကိုယ် Run ချင်တဲ့ File ရှိတဲ့ လမ်းကြောင်းကို ပေးရမယ်။ဒီလိုဆိုရင် အားလုံးပြီးပါပြီ။ သတိထားရမှာက Default Registry Key က ကိုယ် Launch လုပ်ချင်တဲ့ File အထိ ထည့်ပေးရမှာဖြစ်ပြီး Path ကတော့ File ရှိနေတဲ့ Directory ထဲပဲ လမ်းကြောင်း ထည့်ပေးရမှာပါ။ ဒီလောက်ဆိုရင် ကိုယ်တိုင် Run Command တွေ စိတ်ကြိုက်ထည့်လို့ ရပါပြီ။

=====================================================

USB အတွက် ဖြေရှင်းစရာ နည်းလမ်း၊၊

USB အသုံးပြုတဲ့အခါမှာ အဖြစ်များတဲ့ ပြဿနာလေးတစ်ခုဖြစ်ပါတယ်။ကွန်ပျူတာကို USB တပ်လိုက်တဲ့အခါ USB ကိုတွေ့ ပြီး ဘာမှကူးလို့မရ၊ ဘာမှလုပ်လို့မရတဲ့ အခါမျိုးမှာ ရှင်းဖို့ နည်းလမ်းလေးပါ။

Start > Run (or) Win+r >regedit ကိုသွားပါ။

HKEY_LOCAL_MACHINE>>SYSTEM Current Control Set>>Control ကိုရှာလိုက်ပါ။

Control ပေါ်မှာ right click နှိပ်ပြီး New>>Key ကို ရွေးလိုက်ပါ။

Storage Device Policies အမည်တပ်လိုက်ပါ။

Storage Device Policies ကို Click ခေါက်ပြီး ညာဘက်မှာ right click နှိပ်ကာ New မှ DWORD ကို Click ပေးပြီး Write Protect ဟု အမည်ပေးလိုက်ပါ။

Write Protect မှာ Doulble click (or) right click နှိပ်ပြီး Modify မှ Value ကို 0 ထည့်ပေးလိုက်ပါ။

Registry Editor ကိုပိတ်ပြီး USB ကိုပြန်ထည့်ကာ အသုံးပြုနိုင်ပါသည်။

Wednesday, 15 August 2012

USB Stick ပြုပြင်ခြင်း နှင့် ဖြစ်တတ်သော ပြဿနာများ Total Detail

USB Stick ပြုပြင်ခြင်းနှင့် ဖြစ်တတ်သော ပြဿနာများ

USB Drive ၏ လျှို့ ဝှက်ချက် တစ်ချို့ 

(၁) USB Drive ကို Custom Icon အနေဖြင့် ပေးနိုင်သည်။

USB Drive ကို Custom Icon အနေဖြင့် သုံးစွဲသောအခါ တစ်ခုချင်းသုံးစွဲတဲ့ အခါမျိုးတွေမှာ ၎င်း Function သည် သိသာထင်ရှားမှု မရှိသော်လည်း USB Hub ကနေတစ်ဆင့် Drive များကို အများအပြား သုံးစွဲသောအခါတွင် ကိုယ်ထည့်ထားသော အချက်အလက်များကို icon ဖြင့် သီးသန့်ခွဲခြားနိုင်စွမ်းရှိသည်။

(၂) Chrome OS ကို Drive ထဲတွင် ထည့်ထားနိုင်သည်။
အလွယ်တကူ သယ်ယူသွားနိုင်သော Application များ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ ထိုကဲ့သို့ Portable Application များဆန်ဆန် Portable OS ( အလွယ်တကူ သယ်ယူသွားနိုင်သော စက်လည်ပတ်ရေးစနစ် ) ကို Drive ထဲတွင် ထည့်ထားပြီး ကိုယ်သွားတဲ့နေရာ ဥပမာ Cyber Cafe လိုမျိုးတွင် ကိုယ့် OS နှင့် ကိုယ်သုံးစွဲသည့် အခါ လုံခြုံစိတ်ချမှု အပြည့်အ၀ ရရှိစေနိုင်သည်။

(၃) Portable Program ငယ်များကို ထည့်သွင်းသွားနိုင်သည်။
အချို့ Cyber Cafe တွေနဲ့ ရုံးတွေမှာ Hardware လိုအပ်ချက် မြင့်မားတဲ့ Software ( ဥပမာ- Photoshop ) တွေကို တင်မထားတတ်ဘူး။ အဲလိုနေရာတွေမှာ ကိုယ့်ရဲ့ Drive ထဲမှာရှိတဲ့ Portable Application က ကိုယ်လုပ်ဆောင်ချင်တဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၄) အမြန်ဆုံး ရွှေ့ပြောင်းနိုင်စွမ်းရှိပါတယ်။
အခုလက်ရှိမှာ USB 2.0 နှင့် 2.0 Plus ကို လက်ရှိ သုံးစွဲနေကြပြီး USB 3.0 မကြာခင် တစ်ခေတ်ရောက်တော့ မည် ဖြစ်ပေမယ့် အမှန်တကယ်တမ်းမှာ USB Drive ကို သုံးပြီး USB နှင့် Harddisk ကြားမှာ အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး အချက်အလက်တွေ ရွှေ့ပြောင်းစေနိုင်ဖို့ Sync back ကဲ့သို့သော software ကလေးကို ထည့်သွင်းသွားလိုက်မယ်ဆိုရင် သာမန်အချက်အလက်တွေ ရွှေ့ပြောင်းနှုန်းထက် ပိုမိုမြန်ဆန်တာကို တွေ့ရ ပါလိမ့်မယ်။

(၅) Windows စနစ်တစ်ခုလုံးကို သိမ်းဆည်းထားနိုင်ပါတယ်။
တကယ်လို့ Ubuntu ကို Thumb drive ထဲမှာထည့်ပြီး Portable OS အနေနဲ့ သုံးစွဲမယ်ဆိုရင် အဲဒီအချိန်မှာ computer မှာ Primary ရှိတဲ့ Windows OS ကို Temp File တွေ ရှင်းလင်းတာ၊ Error တွေ ရှင်းလင်းတာ၊ စနစ်ကို စီစဉ်တကျ ပြန်လည်ဖွဲ့စည်းတာ၊ Drive ၏ နေရာကို သန့်ရှင်းရေးလုပ်တာ စတာတွေ အကုန်လုံးကို Drive ထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ အဆင့်အနည်းငယ် များပေမယ့် အလွယ်တကူ နဲ့ Recovery ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

Source: NetGuide (Vol-1 ISSUE: 42) 31 July 2010 & knowledge is free blog
Memory Stick ကို ပိုထည့်ရအောင်

ကိုယ်က ကိုယ့် USB Memory Stickကို အမြဲတမ်းလိုလို မလုံလောက်ဘူး ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ သိုလှောင်မူ ပမာဏကို တိုးစေဖို့ အလွန် လွယ်ကူတဲ့ နည်းလမ်းလေး တစ်ခုတော့ ရှိနေပါသေးတယ်။

ကိုယ့် USB Memory Stick ထဲက ဖိုင်များကို သိမ်းထားချင်သေးတယ်ဆိုရင် သူ့ထဲက ဖိုင်များကို ကွန်ပျူတာရဲ့ တစ်နေရာရာကို ကူးထားလိုက်ပါ။ ပထမဦးဆုံး Start ကို ဖွင့်ပြီး Computer ကို ရွေးလိုက်ပါ။ ပြီးတော့ ကိုယ့် Memory Stick ပေါ်ကို ညာကလစ် တစ်ချက်နှိပ်လိုက်ပြီး Format ကို ရွေးပါ။ File System ရဲ့ ရွေးချယ်စရာထဲက NTFS အမျိုးအစားကို ရွေးလိုက်ပြီးတော့ Format ချဖို့အတွက် Start ခလုတ်လေးကို နှိပ်လိုက်ပါ။ Format ချလို့ ပြီးသွားပြီး
ဆိုရင် Computer Window ထဲက ကိုယ့် Memory Stick ပေါ်ကို နောက်တစ်ကြိမ် ညာကလစ်နှိပ်လိုက်ပြီး Properties ကို ရွေးလိုက်ပါ။ General Tab ရဲ့ အောက်ခြေနားက Compress this drive to save disk space ဆိုတဲ့ Box လေးကို အမှန်ခြစ်လိုက်ပါ။ အခုဆိုရင် ကိုယ့်ရဲ့ USB Memory Stick ထဲကို ကူးထည့်တဲ့ ဘယ်ဖိုင်ကို မဆို အလိုအလျောက် ချုံ့သွားပါလိမ့်မယ်။ ဒါကြောင့် သိုလှောင်မူ အရွယ်အစားကို နေရာယူမူနည်းသွားပြီး Memory Stick ထဲကို ဖိုင်များ ပိုပြီး ထည့်နိုင်သွားပါပြီ။ ဒီနည်းလမ်းလေးက Memory Stick အရွယ်အစားကို ပိုပြီး ထည့်နိုင်သွားဖို့ အခမဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။
Credit to လင်းငယ်@ mandalay gazette

Repairing Memory Stick
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။
Image and video hosting by TinyPic
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Image and video hosting by TinyPic
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)

ဒေါင်းမယ်
http://www.mediafire.com/?k2y3kpsbimgq6mj

Download TestDisk (1.44MB)
ဒေါင်းမယ်
http://www.mediafire.com/?zuqq2axrpiipe1e

Credit to kokhaant.multiply

Memory Stick မှ Virus ကွန်ပြူတာသို့ မ၀င်အောင်
Virus အများစုရဲ့File Extensions တွေက.exe .vbs .inf(autorun file) .com .bat .cmd တို့ဖြစ်ပါတယ်။
ဒီ File တွေ ဟာ Memory Stick မှာhidden လုပ်ထားတယ်။
ဒါမှမဟုတ် ပုံစံတူFolder လုပ်ပြီး Exe File လုပ်ထားမယ်။
ဒီFile တွေကို Run လိုက်ရင်တော့.... Virus ၀င်သွားပြီပေါ့ ဒီတော့ ဒီ File တွေကို မ Run အောင်လုပ်ထားလို့ရပါတယ်။
လုပ်ရမှာကStart>Run> secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။
Local security Settings ပေါ်လာပါပြီ။
Software Restriction ကို Right Click နိပ်ပြီး Create New Policies ကိုနိပ်ပါ။
Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right Click > New Path Rule ကိုရွေးပါ။
Path နေရာမှာ ကိုယ့် Memery Stick ရဲ့ Drive Letter ကိုပေးရ ပါမယ်။
ဥပမာ Fဆိုရင်ဒီလိုရေးရပါတယ်။ f:\*.exe လို့ရိုက်ပြီးSecurity Level မှာ Disallowedကိုရွေးပါ။
ဒါဆိုရင် Memory Thick မှာရှိတဲ့ Exe File တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပေါ့။
ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက Exe File တွေကတော့ Run ပါသေးတယ်။
Virus တွေက Memory Stick ထဲမှာပဲ Hidden လုပ်ထားပြီး Run တာပါ။
ဆင့်ပွား Folder ထဲမှာ Run တယ်ဆိုတာ ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။
Right Click နိပ်ပြီး New Path Rule ကိုရွေးပါ။ f:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed Disallowed ကိုရွေးပေးပါ။
vb Script File တွေ Run လို့မရတော့ပါဘူး။ဒီနည်းအတိုင်း
တခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။
Memory Stick မှာ Virus အများစုရဲ့ File တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ။
Credit to kokhaant.multiply

USB - stick ထိုးမရခြင်းနှင့်ဖြစ်တက်တာလေးများ

စက်မှာ USB PORT ကို အသုံးပြုလို့ မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်
တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ့ ပြီဆိုရင် Universal serial
bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….

USB PORT ကို သုံးလို့ မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….
ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…

USB ရှေ့ပေါက် motherboard ပေါ်က ကြိုးကို ထိထိမိမိ သေချာတပ်ရဲ့လား/တခါတခါ ကြိုးလွတ်နေလိုdetected
မရတာဖြစ်နိုင်ပါတယ်..ဒါကြောင့် USB ကြိုးကိုသေချာစစ်ကြည့်လိုက်ပါ။

Usb port ကို registry ကနေပိတ်ထားတာလဲဖြစ်နိုင်တယ်…
start>run>regedit>
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor ကို
ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာပါလိမ့်မယ်။ Value တန်ဖိုးက
default ဆိုရင် (3) ပါ။ တန်ဖိုးကတစ်ခုခုဖြစ်နေတယ်ဆိုမူလတန်ဖိုး(3)ကို
ပြောင်းထားပေးလိုက်ပါ…

ကိုယ့်စက်မှာပဲဖြစ်ဖြစ် သူများစက်မှာပဲဖြစ်ဖြစ် usb အသုံးပြုတဲ့အခါတိုင်း virus စစ်ဖို့ လိုပါမယ်..ဘာလို့လဲဆိုရင်
အဲကနေပဲအဝင်များဆုံးပါ။ဒုတိယကကျွှန်တော်တို့ internet ကနေ software ဒေါင်းလိုက်တိုင်းမှာ vrius ဆိုတာ ကဖိုင်လေးတွေနဲ့ကပ်ပါလာတက်ပါတယ်ဗျ။

stick ထဲမှာပြည့်နေရင်လည်းလက်မခံဘူး…မလိုအပ်တဲ့ ဖိုင်တွေကိုဖျက်ပြီးမှထည့်သင့်တယ်….

Stick ကကောင်းပါရက်နဲ့ usb port ကအလုပ်မလုပ်တာ usb port ကအလုပ်လုပ်ပါရက်နဲ့ stickကမကောင်း တော့ ရင်တခြားသောကွန်ပျူတာတွေမှစမ်းသပ်ကြည့်ပါ…
နောက်တစ်ခုက reinstall ဖြစ်နေတာပါ။အဲလိုဖြစ်ရင် install ပြန်လုပ်ပေးပါ။

တခါတခါဝင်းဒိုး driver တွေကြောင့်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.. device manager ထဲက usbdriver detail
ကနေ ခေါ်ကြည့်ရင်သိပါတယ်…driver မတင်ရသေးရင် driver warning တောင်းပါတယ်..motherboard driver
ပြန် run ပေးလိုက်ပါ…(သို့ )usb driver ရှိရင် usb driver ပြန် run ပေးလိုက်ပါ…..

USB stick ကိုထိုးလို့ဘာမှကိုမပေါ်ဘူးဆိုရင်တော့ သူ့ ကို virus အရင်စစ်ကြည့်ရမယ်…virus အရင်ရှင်းထုတ်ပြီး
မှ ကိုယ်လိုချင်တဲ့ဒေတာ တွေကို fomat ချရမယ်…တခါတခါကျတော့ fomat ချတာ NTFS file နဲ့ ချ မှရတာမျိုးရှိ
သလို FAT file system နဲ့ ချမှရတဲ့ အခါလည်းရှိပါတယ်..

stick ကဘာနဲ့ format ချမှအဆင်ပြေမလဲလို့ ဆိုတော့NTFS file နဲ့အရင် စမ်းကြည့်ရမှာပဲ …သူနဲ ချလို့မှမရရင်
error message ထုတ်ပေးပါလိမ့်မယ်…အဲဒီအခါကျတော့ FAT file ပေးပြီး format ချကြည့်သင့်တယ်….

ဒီလိုလဲ တစ်နည်းရှိပါတယ်.

run>cmd>format/x E:

or

run>cmd>convert E: /fs:ntfs

E: နေရာမှာ drive name ပေါ့ဗျာ

Credit to MITR Forum

Write Protect Error

1- Click Start->Run.

2-Type regedit and hit enter.

4-Click on the plus sign next to HKEY_LOCAL_MACHINE

5-Click on the plus sign next to SYSTEM

6-Click on the plus sign next to CurrentControlSet

7-Click on the plus sign next to Control ကိုသွားပါ ပြီးရင် ..
StorageDevicePolicies
ဆိုတာကိုရှာပါ..မရှိရင် Control ကို Select လုပ်ပြီး Right click>New>Key မှတစ်ဆင့် StorageDevicePolicies ဟု နာမည်ပေးလိုက်ပါ။မမှားပါစေနှင့်။
http://techsalsa.com/wp-content/uploads/2008/10/write_protect_1.jpg

8-Click on the plus sign next to StorageDevicePolicies
http://techsalsa.com/wp-content/uploads/2008/10/write_protect_2.jpg
StorageDevicePolicies ကိုထောက်ပြီး Right Click>New>Dword Value ကိုနှိပ်လိုက်လျင်.ညာဘက်မှာ
New Value #1 ဆိုပြီးပေါ်လာလိမ့်မယ်..အဲဒီ New Value #1 ကိုဖျက်ပြီး WriteProtect ဟုနာမည်ပေးလိုက်ပါ

9-Write click on WriteProtect and click modify.

ပြီးရင် အဲဒီ WriteProtect ကို Double Click နှိပ်ပြီး Value Data ကို 0 ဟုထားလိုက်ပါ။

မှတ်ချက်။ ။Write Protect ဖြစ်ပြီး သုံးမရ ဖြစ်စေချင်ရင် 0 မဟုတ်ပဲ 1 ဟုထားပါ။
http://techsalsa.com/wp-content/uploads/2008/10/write_protect_3.jpg

အထက်ပါအတိုင်း ControlSet001 နှင့် ControlSet002 တို့ ကိုလဲ လိုက်ပြောင်းလိုက်ပါ..။

ပြီးပါက ကွန်ပျူတာကို Restart လုပ်လိုက်ပါ။

(1)Windows 7 တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ (1)Windows XP တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ

Windows 7 တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ

  တစ်ခါတစ်လေမှာ ကိုယ်သုံးနေတဲ့ USB လေးက အကြောင်းအမျိုးမျိုးကြောင့် ဖိုင်တွေထည့်လို့မရတော့တာမျိုး၊ ထုတ်လို့မရတော့တာမျိုး virus ကိုက်တာမျိုးလေးတွေရှိတက်ပါတယ်။ အဲ့လိုအခါမျိုးမှာ USB လေးကို Format ရိုက်ပေးလိုက်ရင် များသောအားဖြင့် အဆင်ပြေသွားပါတယ်။ အောက်ကနည်းလေးကတော့ USB driver ကို NTFS နဲ့ Format ချနည်းလေးပါ။

(၁) ပထမဆုံး USB driver ကိုတပ်လိုက်ပြီးရင် My Computer ကို Right Click နှိမ့်ပြီး Manageကိုသွား။

(၂)အဲ့ဒါဆိုရင် computer management ကိုရောက်မယ်။အဲ့ဒီကိုရောက်ရင် System Tools က Device Driver ဆိုတာလေး တွေ့ပါမယ်။ အဲ့ဒါကိုကလစ်လိုက်ရင် အဲ့ဒီမှာ ကိုယ့် USB Driver ကိုတွေ့ပါလိမ့်မယ်။

(၃)တွေ့ပြီဆိုရင် USB Driver ကို Right Click ထောက် Properties ကိုသွား။ ရောက်ရင် Tag မှာ Policies ကိုရွေး၊ အဲဒီမှာ ၂ ခုတွေ့လိမ့်မယ်။"Optimitze for quick removal" နဲ့ "Optimize for Better performance" ဆိုပြီးတွေ့ပါလိမ့်မယ်။ "Optimize for performance" ကိုရွေးပေးလိုက်ပါ။

(၄)ဒါဆို USB driver ကို format ချဖို့ enables ဖြစ်သွားပါပြီ။

(၅)အားလုံးပြီးရင် OK ပေါ့။ ပြီးရင် My Computer ကိုသွား USB Driver ပေါ် Right Click နှိမ့်ပြီး Format ချကြည့်ပေါ့။ချတဲ့နေရာမှာ files system ကိုကြည့်လိုက် NTFS format optionကိုတွေ့လိမ့်မယ်။ ဒါဆိုရင် USB driver ကို NTFS နဲ့ Format ချလို့ပြီးသွားပါပြီ။ အားလုံးအဆင်ပြေစွာ အသုံးချနိုင်ကြပါစေ။
အားလုံးအဆင်ပြေစွာအသုံးပြုနိုင်ကြပါစေ
 ===================================================

USB stick ကို Format ချနည်းလေးပါ။

မင်္ဂလာပါ။
USB stick ကို format ချရင် window was unable to format လို့ပြနေတယ်ဆိုတဲ့ ကိုအေးမင်းမေးထားတဲ့ USB format ချနည်းလေးကိုတင်ပေးလိုက်ပါမယ်နော်။ command ကနေချနည်းနဲ့ Software သုံးပီးတော့ ချနည်းနှစ်ခုကိုတင်ပေးလိုက်ပါတယ်ခင်ဗျာ။ ပထမဆုံးတော့ My Computer ကိုအရင်ဖွင့်ပါ။ ပီး၇င် မိမိ Drive letter ကိုအရင်မှတ်ထားလိုက်ပါ။ ဥပမာ E: တို့ F: တို့ပေါ့နော်။
ပီးရင် window+r ကိုနှိပ်ပီး run box ကိုခေါ်လိုက်ပါ။ ပီး၇င်တော့ cmd လို့ရိုက်ပီးတော့ command box ကိုခေါ်လိုက်ပေါ့နော်။ပီးရင် Format Drive:/fs:fat လို့ရိုက်ပီးတော့ Enter ခေါက်ပေးလိုက်ပါ။ အော်တို formatကျသွားပါလိမ့်မယ်။
နောက်တစ်နည်းကတော့ ကျွန်တော် software လေးတစ်ခု တင်ပေးလိုက်ပါ့မယ်။ သူကတော့ Portable လေးပါ။ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလုတ်ဆွဲသွားပါနော်။ အားလုံးအတွက် ကိုဖိုးအေး။
 
..
..
 
 ================================================
..
.
 Windows XP တွင် USB Stick ကို Format ချပြီးအသုံးပြုပုံ
USB ကို ဖွင့်လို့မရတော့ဘူး format လဲချလို့မရတော့ဘူး ဆိုရင်
Removable Storage Devices တွေထဲ USB လို့ ခေါ်ကြတဲ့ flash Drive လေးကို အခုခေတ်မှာ တော်တော်များများ အသုံးပြုလာကြပါတယ် ၊
ဈေးနှုန်းသက်သာပြီး computer အသုံးပြုသူတွေကိုများစွာအထောက်အကူပြုတဲ့ဒီပစ္စည်း လေးဟာတခါတရံ မှာ virus တွေရဲ့တိုက်ခိုက်မှုကိုခံရပြီး သုံးမရလောက်အောင် အခြေအနေမျိုးကိုရောက်သွားတတ်ပါတယ်။
USB ဟာ virus တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကိုခံရပြီဆိုရင် အချို့ devices တွေက memory size ပါပြောင်းသွားပါတယ်၊(ဥပမာ - memory 2GB ကနေ 6MB ကို)။
ဒီလိုဖြစ်သွားပြီဆိုရင်တော့ ပြန်လည်ပြုပြင်ဖို့မလွယ်ပါဘူး၊ဒါပေမဲ့ သူ့ သက်ဆိုင်ရာ software ရှိမယ်ဆိုရင်တော့ ရနိုင်မှာပါ။

ဒါကအလွန်ဖြစ်ခဲပြီး၊အရည်အသွေးညံ့တဲ့ USB တွေမှာသာဖြစ်လေ့ရှိတာပါ၊
အခု ကျနော်ပြောချင်တာက USB တွေမှာ အဖြစ်အများဆုံးပြဿနာ၊
အဲဒါက - USB stick ကို ကွန်ပျူတာ မှာ တပ်ပြီး ရင် *ကွန်ပျူတာက USB stick ကို သိပါတယ် ၊ဒါပေမဲ့ USB ကို ဖွင့်လို့မရတော့ဘူး format လဲချလို့မရတော့ဘူး ဆိုတဲ့ပြဿနာပါ။
* ပထမဆုံး HP USB Disk Storage format tool / V2.1.8 လေးနဲ့ အရင်စမ်းသုံးကြည့်ပါ။ အဆင်မပြေရင်တော့ အောက်ကနည်းလေးနဲ့လုပ်ကြည့်ပါ၊
ပြုလုပ်နည်းလေးကတော့ computer ကို windows ခွေထည့် boot တက်ပြီး usb ကို format ချလိုက်၊ ပြီးရင် memory size ပြန်ပြီး သတ်မှတ်ပေး လိုက်ရုံပါပဲ။ ဒါကို မလုပ်တတ်သူများအတွက်ကတော့---

၁.USB ကို computer မှာ အရင်ဆုံး တပ်ပါ၊
၂.windows ခွေကိုထည့်ပါ၊( for windows XP )
၃.computer ကို restart လုပ်ပါ၊
၎.windows တင်ပုံတင်နည်းအတိုင်းပဲဆက်လုပ်သွားပါ၊
၅.windows တင်နည်းကိုမသိရင် အောက်ကနည်း အတိုင်းလုပ်ပါ၊

အပေါ်က နံပါတ် ၁.။ ၂.။ ၃.။အတိုင်း restart လုပ်ပြီးတာနဲ့ လက်ကို enter key ပေါ်မှာအဆင်သင့်တင်ထားပြီး computer မှာ Press any key to boot from to CD လို့ ပေါ်လာတာနဲ့ enter ကို နှိပ် ပါ။(တစ်ချက်ထဲနဲ့ နှိပ်လို့ မရရင် ဆက်သာနှိပ်ပါ တစ်ချို့စက်တွေမှာ keyboard က computerကrestartလုပ်လုပ်ချင်းမှာချက်ချင်းအလုပ်မလုပ်နိုင်တာကြောင့်အဆင်မပြေဖြစ်တတ်ပါတယ်၊ မှတ်ချက်--computer ရဲ့ bios setup ထဲမှာ first boot device ကို [CD ROM] ထားပြီးဖြစ်ရပါမယ်။ ပြီးရင် computer က သူ့ဟာသူ windows setup လုပ်နေပါလိမ့်မယ်၊ခနစောင့်ပါ၊ Setup is loading file ပြီးတာနဲ့ Enter=Continue မှာ Enter နှိပ်ပါ၊ခနစောင့်ပါ၊ F8=I agree မှာ F8 ကိုနှိပ်ပါ၊ ESC=Don’t Repair မှာ ESC ကိုနှိပ်ပါ၊ ENTER=Install မှာ ENTER ကိုနှိပ်ပါ၊
အဲဒီမှာ ဘယ်မှာ install လုပ်မလဲ မေးရင် မိမိ တပ်ထားတဲ့ USB ကိုရွေးပေးပြီး Format ချပေး ပါ။ F=format မှာ F ကို နှိပ် ပေါ့။ပြီးရင် computer က သူ့ဟာသူ restart လုပ်သွားပါလိမ့်မယ်။ windows ခွေပြန်ထုတ်၊ USB ပြန်ဖြုတ်၊ ဒါပါပဲ။

 ဒီနည်းနဲ့မှအဆင်မပြေသေးဘူး USB က free space အရမ်းနည်းနေလို့ မရဘူးဆိုရင်တော့Computer မှာ USB တပ်ပြီး windows နောက်တစ်ခု အသစ်တင်၊အဲဒီကျမှပဲ ပုံမှန်အတိုင်းပဲပြန်ပြီး Format ချပေတော့။အားလုံးအဆင်ပြေသွားမှာပါ။
နောက်တစ်နည်းကတော့ NTFS နဲ့ Format ချကြည့်ပါ ။ USB drive ကို computerမှာတပ် ။ ပြီးရင် My Computer > Right Click > Manage > System Tools > Device Manager ညာဘက်ခြမ်းမှာ Disk drives ကို click ရင် ကိုယ့်USB Drive ကို တွေ့ပါမယ်။
ကိုယ့်USB ကို right click > Propereties > Policies > Optimize for performance ကိုရွေး ok လိုက်။ ပြီးရင် My Computer ကို သွား USB Drive ပေါ် မှာ Rightclick နှိပ် file system မှာ NTFS ကို ရွေး quick format > start ခနစောင့် format complete ဆိုရင် ok လိုက်တော့။

USB အတွက် ရတက်အေးနိုင်ကြပါစေဗျာ။
ကျနော် ရေးတဲ့ ဒီစာက computer ကို အခုမှစတင်လေ့လာနေသူတွေအတွက်အလွယ်ကူဆုံးနားလည်ရန်ရည်ရွယ်ရေးသားခြင်းသာဖြစ်ပါတယ်၊ ကျနော် IT ပညာရှင်မဟုတ်ပါ။ကိုယ်တွေ့ ကြုံခဲ့ရသမျှ အခြားသူများလဲသိစေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်ပါခင်ဗျာ။ Computer ကျွမ်းကျင် ဆရာများနဲ့ သိပြီးသူတွေအတွက် sorry ပါ။

(1)Hard Disk အမှားတွေကိုစစ်ပေးပြီး စက်ကိုသွက်စေမယ့် ဆော့ဝဲလေးပါ (2)USB stick ကို format လုံးဝချလို့မရပဲ အခက်တွေ့နေသော ဘော်ဘော်တွေ အတွက်ပါ

Hard Disk အမှားတွေကိုစစ်ပေးပြီး စက်ကိုသွက်စေမယ့် ဆော့ဝဲလေးပါ

ဒီဆော့ဝဲလေးက Hard Disk အမှားတွေကိုစစ်ပေးပြီး ပြုပြင်ပေးတဲ့ ဆော့ဝဲ
ကောင်းလေးတစ်ခုပါ Portable လေးဖြစ်တာကြောင့် အင်စတောလုပ်စရာ
မလိုဘဲ သုံးနိုင်ပါတယ် Hard Disk မှာ Error တွေများရင် စက်ဖွင့်တာရော
Window Loading Time နဲ့  File ဖွင့်တဲ့အခါ ချက်ချင်းမပွင့်တာတွေ ဖြစ်စေ

တတ်ပါတယ် Hard disk ပျက်ရင် Window တက်မလာတော့တာတွေလည်း
ရှိပါတယ် ဒါကြောင့် Hard Disk ကိုစစ်ဆေးပြီး error Repair လုပ်သင့်သလို့ 
Disk Clean up မကြာခဏ ပြု လုပ်ပေးချင်းဟာ ကွန်ပျူတာကို မြန်ဆန်
သွက်လက်စေတဲ့ အကြောင်းတစ်ခု ဆိုတာ အခြေခံပညာသင် ၀ါသနာတူ
သူငယ်ချင်းတွေကို ပြောပြချင်ပါတယ် လုံးဝအခြေခံတွေဆိုတော့ Hard Disk
ကိုမသိတဲ့သူရှိပါတယ် Hard disk memory နဲ့ RAM Memory ကိုမကွဲပြား
တဲ့သူတွေလည်း အများကြီးပါ အဲထဲမှာတော့ အနော်လဲအပါအ၀င်ပေါ့ဗျာ...ဟဟဟ..တိုက်ဆိုင်သူရှိရင် အကျိုးထူးစေဖို့ ရည်ရွယ်
ရေးသားတင်ဆက်နေခြင်းဖြစ် ကြောင်းအသိပေးရင်း Hrad Disk Checking
ကို လေ့လာကြပါစို့ ....................။

ဒီမှာ Download ယူ ပါ Check Drive and Repair Error

အသေးစိတ်ကြည့်ရန် http://www.checkdrive2011.com

==========================================
.

USB stick ကို format လုံးဝချလို့မရပဲ အခက်တွေ့နေသော ဘော်ဘော်တွေ အတွက်ပါ

NTFSကိုပြောင်းထားအားဖြင့် security ပိုကောင်းပါတယ်... စလိုက်ကြ ရအောင်...Memory Stick ကို စက်မှာတပ်လိုက်ပါ.. run ဘောက်ကနေ devmgmt.msc ၇ိုက်လိုက်ပါ..ဒါဆိုရင် devices manger ကို ရောက်သွား လိုက်မယ်...

disk driver ကို ဖြည်ချ လိုက်ပါ..တပ်ထားတဲ့ drivers. တွေ့ရလိမ့်မယ်.... ကိုယ်ရဲ့ stick right click ....properties ကိုသွား ...အဲဒီမှာ policies tab ... Optimize for performance radio button ကို on လိုက်ပါ.. restart တောင်းလိမ့်မယ်....
...

ပြန်တက်လာရင် format tab မှာNTFS တိုးလာလိမ့်မယ် ..

အာလုံးအဆင်ပြေကြပါစေ..
 
Credit kolin

Sunday, 12 August 2012

(1)USB မှ Virus ၀င်ခြင်းကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တဲ့ USB Disk Security 6.8.0.501 with Serial & Crack ,(2) USB Software Collection 19 မျိုး

USB မှ Virus ၀င်ခြင်းကို ရာနှုန်းပြည့်ကာကွယ်ပေးနိုင်တဲ့ USB Disk Security 6.8.0.501 with Serial & Crack

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ4cofBIj7MsSnmoI52PN7pPg1dHj14P9ZkO8pbG8hSkyaMNXFuRpJWjP_ArOv78ZXwJxqKgAg01HAMsYcz-ZZIiy2bDuT_AMTekhqYxNZNHrgamtEjWIsd37SbXSOXHlYHXGLZGmDJsQ/s1600/USB+Disk+Security+Pro+Poster+Cover.jpg

                       အခုရက်ပိုင်းအတွင်းမှာ ကွန်နယ်ရှင်မကောင်းလို့ Upload တွေလည်းမတင်နိုင်တာနဲ့ဘဲ Post လည်းအသစ်မတင်ဖြစ်ဘူးဗျာ။ အခုတော့ နည်းနည်းလေးကောင်းသလိုလိုရှိလာတာနဲ့ Software
လေးတစ်ခုတော့ တင်ဖြစ်တယ်ဗျာ။ ဘာလေးလည်းဆိုတော့ USB Disk Security 6.8.501 လေးပါ။ အသစ်ထွက်လာတုန်းလေးမို့တင်ပေးလိုက်ပါတယ်ဗျာ။ ဒါလေးကတော့ ကွန်ပြူတာ အသုံးပြုသူတွေကြား မှာရင်းနှီးပြီးသားလေးဖြစ်လို့ ထွေထွေထူးထူးကျွန်တော်ရှင်းပြပေးဖို့မလိုပါဘူးဗျာ။ အရှေ့မှာလည်း ကျွန်
တော် အခြား Version လေးတွေတင်ထားပေးပြီးသားဖြစ်ပါတယ်။
ဒီကောင်လေးကတော့ Versionအသစ်
လေးဆိုတော့ ပိုကောင်းတာပေါ့ဗျာ။ Software တစ်ခုတည်းကိုဘဲ Version အသစ်ထွက်လာတိုင်းတင်ပေး
နေရတာကတော့ တကယ်ကိုကောင်းတဲ့ Software ဖြစ်နေလို့ပါ။ USB ကနေတဆင့် ၀င်နိုင်တဲ့ Virus
တွေကိုတော့ တကယ့်ကိုအံ့မခန်းကာကွယ်ပေးနိုင်ပါတယ်ဗျာ။ Full Version လေးဖြစ်အောင် Crack နဲ့ Serial လေးတွေထည့်ပေးလိုက်ပါတယ်ဗျာ။ တကယ်အသုံးတည့်တဲ့ Software လေးဖြစ်လို့ အောက်က Link မှာဒေါင်းယူထားစေချင်ပါတယ်ဗျာ။အားလုံးဘဲအဆင်ပြေကြပါစေနော်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4NcQIIeaqbaETk0ISwjkgplQWsVIzPkibmNyFaFDK5HOx09jh2pPQIv-1j9y2VrkJx3Nv7koP1eQbOhAO-EETXB5l8JROTD0RcYn11_CTzio7wmwsq63ZbiXmucuyuKsJAqVdv4M5Og/s1600/1.Download+Here.gif
 
.
.
 
=================================================
..

USB Collection 19 မျိုး (ကိုချစ်၏ Post အားပြန်လည်မျှဝေခြင်းဖြစ်သည်)

                       သင်ဆရာမြင်ဆရာများထဲမှ တစ်ဦးအပါအ၀င်ဖြစ်တဲ့ ကိုချစ်ရဲ့ Post လေးကိုပြန်ပြီး Share လုပ်ပေးတာပါ။အားလုံးက ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူဒေါင်းလို့ရပါတယ်ဗျာ။အောက်က Link တွေမှာကိုယ်ကြိုက်တဲ့ USB Software တွေကိုဒေါင်းယူကြပါနော်။ အားလုံးအဆင်ပြေကြပါစေဗျာ။

.
.
 
credit pyaephyo.com

Thursday, 2 August 2012

စီဒီခွေကို Memory Stick သုံးသလို သုံးမယ်

စီဒီခွေ ကို Memory Stick သုံးသလို သုံးမယ်

စီဒီခွေကို Memory Stick သုံးသလို သုံးလို့ရသွားပြီ ဆိုရင်ကော။

အဲဒီအကြောင်းလေး မပြောသေးခင် UDF File System ဆိုတာကို အရင်ပြောချင်ပါတယ်။ အရင်တုန်းက CD ခွေ တွေမှာ သုံးတဲ့ File System ဟာ CDFS ဖြစ်ပါတယ်။ အခုတော့ အဲဒီ CDFS အစား UDF ကို အသုံးများ လာပါပြီ။ CDFS နဲ့ UDF ဘာကွာသလဲဆိုတော့ CDFS ဟာ ခွေကူးချိန်ဆိုတာ သက်သက်ပေးရပါတယ်။ ကူးမဲ့ဖိုင်တွေ ရွေးရမယ်။ ပြီးတော့ အကုန်လုံးကို တပြိုင်နက် ကူးရပါတယ်။

UDF ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ခွေလွတ်ပေါ်မှာ ဖိုင်တွေကို တစ်ဖိုင်ချင်းစီ ထည့်လို့ရမယ်။ ထည့်ထည့်ချင်း Burn မယ်။ ပြီးရင် ထပ်ထည့်ကြည့်။ ထပ် Burn ပေးပါလိမ့်မယ်။ အဆုံးသတ်ကျမှ Session ကို ပိတ်ပေးရပါတယ်။ ကဲ Windows 7 ပေါ်မှာ UDF ကို အသုံးပြုပြီး ခွေကူးကြည့်ရအောင်။

၁။ ပထမဆုံး Drive ထဲကို CD/DVD ခွေလွတ်တစ်ချပ် ထည့်လိုက်ပါ။

၂။ ပြီးရင် ခွေထဲကို ထည့်မယ့် ဖိုင်တွေထဲက ဖိုင်တစ်ဖိုင်ကို ကော်ပီကူးပါ။ Computer ထဲက ကိုယ့် Drive ကို ဖွင့်ပြီး Paste လုပ်ပါ။

၃။ အဲဒီအခါ အောက်မှာပြထားသလို Box တစ်ခုပေါ်လာပါလိမ့်မယ်။ Use a USB Flash Drive ကို ရွေးပြီး OK နှိပ်လိုက်ပါ။

၎။ အဲဒီအခါမှာ Windows 7 ဟာ ခွေလွတ်ကို UDF File System အနေနဲ့ Format ချပါလိမ့်မယ်။

၅။ Format ရိုက်ပြီးသွားရင် အစောက ကော်ပီကူးခဲ့ဖိုင်ကို Paste လုပ်လိုက်ပါ။ Windows 7 က အဲဒီဖိုင်ကို ခွေလွတ်ထဲ ချက်ချင်းထည့်ပေးပါလိမ့်မယ်။

၆။ နောက်ထပ် ဖိုင်တွေကိုလည်း Copy/Paste နည်းသုံးပြီး ခွေလွတ်ထဲကို ထည့်ကြည့်ပါ။

၇။ ပြီးသွားရင် Drive က Eject ခလုတ်ကို နှိပ်ပြီး ခွေကို ထုတ်လိုက်ပါ။ ခွေက ချက်ချင်းထွက်လာဦးမှာ မဟုတ်ပါဘူး။ Windows 7 က ခွေကို Session ပိတ်ပါလိမ့်မယ်။ အဲဒါလေးကို ခဏစောင့်လိုက်ပါ။

၈။ ဟော ပြီးသွားပါပြီ။ဖျက်နည်း၁။ အဲဒီခွေကိုပဲ Drive ထဲ ပြန်ထည့်ပါ။ ခွေထဲက ကြိုက်တဲ့ဖိုင်ကို ရွေးပြီး ဖျက်လိုက်ပါ။ ပျက်သွားပါလိမ့်မယ်။ ကဲ RW ခွေ တွေ သုံးစရာမလိုတော့ဘူးနော်။

..

Credit By ကိုလင်း- သလ္လာဝတီ in Technology My Noat

Wednesday, 25 July 2012

Panda Antivirus Pro 2012 . , USB Security , Advanced System Optimizer Registry Cleaner

သူငယ်ချင်းတို့အတွက်သတင်းကောင်းလေးပါ Panda Antivirus Pro 2012
ပန်ဒါကိုသုံးတဲ့သူတွေအတွံက် သတင်းကောင်းပေါ့ဗျာသူကတော့ face book အကောင့် ရှိယုံနဲ့ ခြောက်လလိုင်စင် free ရပါတယ်...

https://www.facebook.com/PandaUSA?sk=app_190322544333196

... ထဲကိုဝင်ပီးတော့ like လုပ်လိုက်ပါ ....

အခုကျနော်တင်ထာတဲ့ ပုံအတိုင်းဆိုဆို Download လုပ်နိုင်ပါပီ 70.2 MBရှိပါတယ်...သူလည် တော်တော်ကောင်းပါတယ်....Antivirus အကောင်းဆုံး ထဲမှာသူလည်ပါတယ်...

သူငယ်ချင်းတို့အတွက်သတင်းကောင်းလေးပါ Panda Antivirus Pro 2012
ပန်ဒါကိုသုံးတဲ့သူတွေအတွံက် သတင်းကောင်းပေါ့ဗျာသူကတော့ face book အကောင့် ရှိယုံနဲ့ ခြောက်လလိုင်စင် free ရပါတယ်...

https://www.facebook.com/PandaUSA?sk=app_190322544333196

ထဲကိုဝင်ပီးတော့ like လုပ်လိုက်ပါ ....

အခုကျနော်တင်ထာတဲ့ ပုံအတိုင်းဆိုဆို Download လုပ်နိုင်ပါပီ 70.2 MBရှိပါတယ်...သူလည် တော်တော်ကောင်းပါတယ်....Antivirus အကောင်းဆုံး ထဲမှာသူလည်ပါတယ်...
Credit Ko Lin
==================================================
 USB Security

ဒီsoftware လေးကို အင်တာနက်ဆိုင်တွေ ဒါမှမဟုတ် အများသုံးစက်တွေ မှာ ဆောင်ထားသင့် ပါတယ် ဘာကြောင့်လည်ဆိုတော့ USBဆောင်ထာတဲ့သူတွေက အင်တာနက်ဆိုင်တွေမှာ မိမိUSBကို ပြီးတော့ မိမိစက်မှာပြန်USBကိုသုံးမယ် အဲသလိုဆိုvirus အတွက်စိတ်ပူရပါတယ် ဒီsoftware လေးကို မိမိစက်မှာ သွင်းထာမယ်ဆို

USBအပေါက်ထိုးတာနဲ့virus ရှိမရှိတန်းစစ်ပေးပါ တယ်ရှိရင်ရက်ရက်စက်စက်ကိုသတ်ပစ် လိုက်တာ ....အမတန်ကို စက်အတွက်စိတ်ပူရတယ်ဆို ဒီsoftware အဲဒီ USB ကိုလုံးဝကို ပေးမ သုံးပဲပိတ်ထား လိုက်ပါတယ်..အဲသလောက်ကောင်းတာပါ....

serialနံပါတ်တွေပါထည့်ထာပေးပါတယ်....register လုပ်ရန်အတွက်information ကိုသွားပါပီးရင် register ကိုနှိပ်ပေါ်လာတဲ့နေရာမှာNotrpad ထဲကဟာတွေကိုကော်ပီလုပ်ပီးထည့်လို ဒါဆို အဆင်ပြေသွားပါပြီး full version သုံးလို့ရပါပြီး...
...
USB သုံးတတ်တဲ့ သူငယ်ချင်းတွေအနေနဲ့ မိမိစက်တွေvirus အတွက်စိတ်မပူရအောင် အောက် ကလင့်တွေမှာဒေါင်းလိုက်ပါ...

minus၌ Download ယူပါ
http://minus.com/l6LaFlmgcv3mg

mediafire၌ Download ယူပါ
http://www.mediafire.com/?lp9ed2e9fq6o1ap

အဆင်ပြေကြပါစေ..

Credit Ko Lin
============================================
Advanced System Optimizer 3.5.1000.13987 Full
အခု software လေးကိုတစ်ချို့သူတွေသိကြလိမ့်မယ်လိုထင်ပါတယ် ။
Registry Repair လုပ်တဲ့နေရာမှကော့ Registry Cleaner လုပ်တဲ့နေရာမှအရမ်း
ကောင်းတဲ့ software တစ်ခုပါ။ Advanced System Optimizer
က 2012 ရဲ Top 10 နေရာ ရဲ နံပါတ် ၁
နေရာမှရှိနေတဲ့ software တစ်ခုပါ

Features:
- Removal of empty and unnecessary files from your system
- Removing incorrect entries in the registry
- Manage startup programs
- Restoration and cleaning of RAM
- Defrag and optimize the system registry
- The ability to carefully configure Windows
- View detailed information about your system
- Get detailed information about the desired files and folders
- Maintaining security in the system
- Tool to safely remove files and folders
- Built-in organizer media files
- Backup and restore system files
- Protection of sensitive data
- Remove programs with built-in uninstaller
- Monitoring and cleaning of unused duplicate files in memory
- Setting different icons, and much more

Friday, 20 July 2012

How to Fix "USB Drive Not Recognized" (USB ပြဿနာ)

How to Fix "USB Drive Not Recognized" (USB ပြဿနာ)

How To Fix Windows XP and 7 USB Device Not Recognized Error Message

သူငယ်ချင်းတစ်ယောက်မေးထားတာလေးပါ....ကြာနေပါပြီ .... USB Stick ကို ကွန်ပြူတာမှာ တပ်လိုက်တော့ "USB Drive Not Recognized" ဆိုတဲ့ Error တတ်နေလို့ပါတဲ့ ဘယ်လိုဖြေရှင်းရမလဲ ကူညီပါဦး... တဲ့လေ .... ဆိုတော့ မေးနေတဲ့ လူကိုလည်း အားနာပါတယ် ချက်ချင်း ပြန်မဖြေပေးနိုင်တဲ့ အတွက် ...:) ကွန်ပြူတာနဲ့ ပတ်သက်ပြီး မိမိတို့မှာ ဖြစ်နေတဲ့ ပြဿနာ အထွေထွေကို မေးမြန်းကြတဲ့ နေရာမှာ တချို့သော လူတွေက နည်းပညာနဲ့ ပတ်သက်ပြီး Blog ရေးနေသူတိုင်း အကုန်သိ အကုန်တတ်ကြတယ်လို့ ထင်နေတတ်ကြပါတယ် (တချိန်က ကျနော် အပါဝင်ပါပဲ) တကယ်တမ်းတော့ ကွန်ပြူတာ နည်းပညာ ဟာ အရမ်းကျယ်ပြန့်တဲ့ အတွက် လိုက်မမှီနိုင်ပါဘူး.....:) အကုန်သိ အကုန်တတ်ဖို့ရာတော့ တော်တော်ကြီးကို အချိန်ပေးရမှာပါ...:)
ဒါ့ကြောင့် မေးခွန်းတွေနဲ့ ပတ်သက်ပြီး ကိုယ် ကိုယ်တိုင် ဖြစ်ဖူး ကြုံဖူးတဲ့ မေးခွန်းလေးတွေနဲ့ တိုက်ဆိုင်တာမျိုး ရှိခဲ့ရင်တော့ချက်ချင်း အချိန်ရရင် ဖြေပေးထားနိုင်ပါတယ် ...:) အဲတချို့ မေးခွန်းတွေကျတော့ ကိုယ်တိုင် မကြုံဖူးသေးတဲ့ အပြင် ကြားတောင် မကြားဖူးသေးတဲ့ မေးခွန်းမျိုး ဆိုရင်တော့ တော်တော် အချိန်ပေးပြီး အင်တာနက်ထဲ မှာ စမ်းတဝါးဝါးနဲ့ ရှာဖွေ လေ့လာရပါတယ်... ဒါတောင် တိကျတဲ့ အဖြေကို ချက်ချင်းမရနိုင်ပါဘူး ပြဿနာချင်းတူနေပေမဲ့လည်း ဖြေရှင်းကြတဲ့ နည်းလမ်းကျတော့ မတူကြပြန်ပါဘူး...:) ဟုတ်ရဲ့လား ဖြစ်နိုင်ပါ့မလားဆိုပြီး ကိုယ်တိုင် စမ်းသပ်ကြည့်ရသေးတဲ့ အခြေအနေမျိုးလည်းကြုံရပါသေးတယ်.... ဖြစ်နိုင်တယ် သေချာတယ်ဆိုမှ စာဖတ်ပရိတ်သတ်ဆီကို တဆင့် ပြန်လည်မျှဝေပေးရတာပါ.... Software တွေဆိုရင် ပိုတောင်ဆိုးပါသေးတယ် ကိုယ်က Software တိုင်းကို အလကား ပိုက်ဆံ မပေးရပဲ လိုချင်တာဆိုတော့ အချိန်ပေးပြီး ရှာ ... တွေ့ပြီဆိုတော့ Download လုပ် .. ပြီးတော့ ဖိုင်ကို ဖြည် စမ်းသပ် Run ပြီးကာမှ Serial Key က အဆင်မပြေ Crack က အလုပ်မလုပ် Patch ကသုံးမရ Keygen က Run မရ နဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ပါ... Key ပြန်ရှာ .. ရှာလို့ရလာပြန်တော့ လက်ရှိ Version နဲ့ မကိုက် အလုပ်မလုပ် ..... ဟူးးးးးးးးးး မရမချင်း အလုပ်ရှုတ် အရှုတ်တွေ လုပ်နေရပါတော့တယ်...... ဒီကြားထဲ သွင်းထားတဲ့ Software တွေ အချင်းချင်း မသင့်မြတ်ကြလို့ (သို့) Virus ဆိုတဲ့ အကောင် ပါသွားလို့ Window ပြန်တင်နေရတာလည်း အကြိမ်ကြိမ်ပါပဲ....:P

ဒါ့ကြောင့် တချို့ မေးထားတာလေးတွေ ကို ချက်ချင်း အကြာင်းမပြန်နိုင်ခဲ့ရင် နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်...:)

ခုအပေါ်မှာမေးထားတာလေးကို နိုင်ငံခြား ဖိုရမ် တွေမှာလည်း ရေးထားတာရယ် ဒီဆိုက်ဒ် လေးမှာ ရေးထားတာရယ် ဖြေရှင်းပုံချင်းတူနေတာကြောင့် သေချာတယ်ထင်ပြီး ပြန်လည်မျှဝေပေး
လိုက်ပါတယ်.....:)

USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detectမမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတတ်ပါတယ်။

ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Windowချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့ ဖြေရှင်းပါလိမ့်မယ်။

နည်းလမ်း(၁)

- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)

- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။

-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။

နည်းလမ်း(၂)

- နောက်တစ်နည်းကတော့ Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။

- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)

- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။

ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။

ref:http://aungphyopyae.blogspot.com

Monday, 16 July 2012

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁ဝ)ခု

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁ဝ)ခု

Photo: USB Thumb Drive ၏ လျှို့ဝှက်ချက် (၁ဝ)ခု

Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရ ပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ် တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အဝ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ဝင်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်Portableapps.com မှာ ရွေ့ပြောင်း သယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefo×, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက် မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ဝင်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ဝှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွေ့ပြောင်းနိုင်ပါတယ်USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop bo× နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop bo× ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linu× OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်Linu× အနွယ်ဝင် OS တွေဟာ virus အနတရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linu× OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Credit  ရည်းစားလေး website
Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစ...ီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

Credit Kolin

..

===============================================

USB Drive ၏ လျှို့ဝှက်ချက်များ

(၁) USB Drive ကို Custom Icon အနေဖြင့် ပေးနိုင်သည်။
USB Drive ကို Custom Icon အနေဖြင့် သုံးစွဲသောအခါ တစ်ခုချင်းသုံးစွဲတဲ့ အခါမျိုးတွေမှာ ၎င်း Function သည် သိသာထင်ရှားမှု မရှိသော်လည်း USB Hub ကနေတစ်ဆင့် Drive များကို အများအပြား သုံးစွဲသောအခါတွင် ကိုယ်ထည့်ထားသော အချက်အလက်များကို icon ဖြင့် သီးသန့်ခွဲခြားနိုင်စွမ်းရှိသည်။

(၂) Chrome OS ကို Drive ထဲတွင် ထည့်ထားနိုင်သည်။
အလွယ်တကူ သယ်ယူသွားနိုင်သော Application များ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ ထိုကဲ့သို့ Portable Application များဆန်ဆန် Portable OS ( အလွယ်တကူ သယ်ယူသွားနိုင်သော စက်လည်ပတ်ရေးစနစ် ) ကို Drive ထဲတွင် ထည့်ထားပြီး ကိုယ်သွားတဲ့နေရာ ဥပမာ Cyber Cafe လိုမျိုးတွင် ကိုယ့် OS နှင့် ကိုယ်သုံးစွဲသည့် အခါ လုံခြုံစိတ်ချမှု အပြည့်အ၀ ရရှိစေနိုင်သည်။

(၃) Portable Program ငယ်များကို ထည့်သွင်းသွားနိုင်သည်။
အချို့ Cyber Cafe တွေနဲ့ ရုံးတွေမှာ Hardware လိုအပ်ချက် မြင့်မားတဲ့ Software ( ဥပမာ- Photoshop ) တွေကို တင်မထားတတ်ဘူး။ အဲလိုနေရာတွေမှာ ကိုယ့်ရဲ့ Drive ထဲမှာရှိတဲ့ Portable Application က ကိုယ်လုပ်ဆောင်ချင်တဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၄) အမြန်ဆုံး ရွှေ့ပြောင်းနိုင်စွမ်းရှိပါတယ်။
အခုလက်ရှိမှာ USB 2.0 နှင့် 2.0 Plus ကို လက်ရှိ သုံးစွဲနေကြပြီး USB 3.0 မကြာခင် တစ်ခေတ်ရောက်တော့ မည် ဖြစ်ပေမယ့် အမှန်တကယ်တမ်းမှာ USB Drive ကို သုံးပြီး USB နှင့် Harddisk ကြားမှာ အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး အချက်အလက်တွေ ရွှေ့ပြောင်းစေနိုင်ဖို့ Sync back ကဲ့သို့သော software ကလေးကို ထည့်သွင်းသွားလိုက်မယ်ဆိုရင် သာမန်အချက်အလက်တွေ ရွှေ့ပြောင်းနှုန်းထက် ပိုမိုမြန်ဆန်တာကို တွေ့ရ ပါလိမ့်မယ်။

(၅) Windows စနစ်တစ်ခုလုံးကို သိမ်းဆည်းထားနိုင်ပါတယ်။
တကယ်လို့ Ubuntu ကို Thumb drive ထဲမှာထည့်ပြီး Portable OS အနေနဲ့ သုံးစွဲမယ်ဆိုရင် အဲဒီအချိန်မှာ computer မှာ Primary ရှိတဲ့ Windows OS ကို Temp File တွေ ရှင်းလင်းတာ၊ Error တွေ ရှင်းလင်းတာ၊ စနစ်ကို စီစဉ်တကျ ပြန်လည်ဖွဲ့စည်းတာ၊ Drive ၏ နေရာကို သန့်ရှင်းရေးလုပ်တာ စတာတွေ အကုန်လုံးကို Drive ထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ အဆင့်အနည်းငယ် များပေမယ့် အလွယ်တကူ နဲ့ Recovery ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

Source of : NetGuide (Vol-1 ISSUE: 42) 31 July 2010
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................