ရင်သားကင်ဆာ ရှိမရှိကို Mammography စက်အသုံးပြု၍ သာရှာဖွေနိုင်သည်ဆိုလျှင် ယုံကြည် ပါသလား။ မဟုတ်ပါ။ အကုန်အကျ သက်သာပြီး ရိုးရှင်းလွယ်ကူသော လက်ဖြင့်ကိုယ်တိုင် ကိုင်တွယ်စမ်း သပ်ပြီး သိရှိနိုင်ပါသည်။ ယခုအခါ တွင်မှု ရင်သားကင်ဆာကို ရှာဖွေတွေ့ ရှိနိုင်မည့် နည်းလမ်းသစ်တစ်ခုကို ဆယ်ကျော်သက်တစ်ဦးက ရှာဖွေပေး လိုက်ပြီဖြစ်သည်။
(၂၀ဝ၈)ခုနှစ် စာရင်းဇယားများ အရ ရင်သားကင်ဆာဖြစ်သော အမျိုး သမီးတစ်သိန်းတွင် (၄၀၆၀ဝ)သေဆုံး နိုင်သောရင်သားကင်ဆာရောဂါသည် အချိန်မီစမ်းသပ်ရှာဖွေကုသမှု
ပြုရမည့် ရောဂါဖြစ်သည်။
Brittany Wenger ဟုခေါ် သော (၁၇)နှစ်အရွယ် မိန်းကလေး တစ်ဦးသည် သူမ၏ ရင်သားကင်ဆာ ရောဂါကို ရှာဖွေပေးနိုင်မည့် ကွန်ပျူ တာပရိုဂရမ်တစ်ခုအတွက် Annual Google Science Fair တွင် အထူးဆု ချီးမြှင့်ခြင်းခံရသည်။ Califonia, Palo alto မြို့တွင်ကျင်းပသော ဆယ် ကျော်သက်လူငယ်များ၏ သိပ္ပံထူးချွန် ပြိုင်ပွဲတွင်သူမသည် လူသားဦးနှောက် ကဲ့သို့ စဉ်းစားနိုင်ပြီး
ရင်သားကင်ဆာ တစ်ရှူးနမူနာများတွင် ကင်ဆာဖြစ်နေ သောအစိတ်အပိုင်းကို တိကျစွာ ညွှန် ပြနိုင်သောဆော့ဖ်ဝဲကိုတီထွင်ခဲ့သည်။
ပရို ဂရမ်ကို Golbal Neural Network Cloud Service for Breast Cancer ဟုအမည်ပေးခဲ့သည်။
ရင်သားကင်ဆာရောဂါတွင်အစဉ် အလာအရ fine needle aspirate ခေါ်အပ်ဖြင့်အသားစယူခြင်းကို
အသုံး များခဲ့သည်။ သို့သော် ယင်းနည်း လမ်း သည် နာကျင်မှုရှိသည်။ အသားစ ယူခြင်းအားဖြင့် တိကျသောအဖြေကို ရရှိနိုင်ရန် အခွင့်အလမ်းများသော် လည်းတစ်ခါတစ်ရံ အခြားသောနည်း လမ်းကို ထပ်မံအသုံးပြုရတတ်သည်။
Wenger သည် သူမ၏ နည်း လမ်းဖြင့် ကင်ဆာဆဲလ်များကို ရှာဖွေ ရာတွင် တိကျသေချာမှုရှိစေရန်အကြို စမ်းသပ်မှုကြိမ်ရေ(၇.၆) သန်းပြု လုပ်ခဲ့ ရသည်။ သူမ၏ နည်းလမ်းဖြင့် ရှာဖွေရာတွင် အောင်မြင်မှုနှုန်းမှာ (၉၇.၄)ရာခိုင်နှုန်းရှိသည်ဟုသိရသည်။ ကင်ဆာရောဂါကုဆရာဝန်များအတွက် ရင်သားကင်ဆာကို ရှာဖွေကုသရာ တွင်နာကျင်မှုမရှိဘဲကိုယ်ခန္ဓာကို ထွင်း ဖောက်စရာမလိုသော နည်းလမ်းသစ် တစ်ခုကိုရှာဖွေနိုင်ခဲ့ပြီဖြစ်သည်။
ယခုရှာဖွေတွေ့ရှိမှုကြောငွှ့်ျနညါနမ သည် ဒေါ်လာငါးသောင်းကို ဆုကြေး အဖြစ်ရရှိသည့်အပြင် တစ်နှစ်တာစမ်း သပ်မှုပြုလုပ်ရန် ငွေကြေး အထောက် အပံ့ကို ရရှိခဲ့ကြောင်းသိရှိရသည်။
ရွှေရည်
Ref: ANI
Health Updates Journal မှ ကူးယူဖော်ပြခြင်းပါ။
0 comments:
Post a Comment