နားပြည်ယိုရောဂါဆိုတာ ............

နားပြည်ယိုရောဂါဟာ အထူးသဖြင့် ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းအရာကတော့ ကလေးရဲ့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ရောဂါဖြစ်တဲ့အခါ၊ အလယ်နားနဲ့နှာခေါင်း အနောက်က လည်ချောင်းထဲကို ဆက်ထာ...
းတဲ့ပြွန် (Eustachian tube)ရှိတယ်။ အဲဒီပြွန်ထဲကို ဘက်တီးရီးယား (သို့) ဗိုင်းရပ်(စ်)ပိုးဝင်ပြီးပြွန် ပိတ်သွားတယ်။ ပြီးတော့ အလယ်နားထဲကို ပိုးပျံ့နှံသွားပြီး ရောင်တယ်။
နားက အူပြီးလေးတေးတေးဖြစ်လာတယ်။ ပြီးတော့မှ ကိုက်တယ်။ နားကအရမ်းကိုက်တယ်။ ကိုက်တယ် ဆိုတာနားကိုကိုင်လို့ ကိုင်ကြည့်လို့ပိုဆိုးမသွားဘူး။ နားနာတယ်ဆိုတဲ့သူကတော့ ကိုင်ကြည့် ရင်ပိုဆိုးတယ်။ နားပြည်ယိုသူ နားကိုက်ရင် ကိုက်တဲ့အချိန်ကာလ ဆယ်စက္ကန့်မှ တစ်မိနစ်ခွဲလောက်အထိပဲ၊ ပြီးရင်ပြန်သက်သာသွားတယ်။ ကိုက်လိုက်ပြန်သက်သာလိုက်၊ တစ်ရက် (သို့) နှစ်ရက်ကြာရင် အခြေအနေပိုဆိုးလာပြီးနားစည်အမြှေးပါးပေါက်သွားကာ ပြည်တွေယိုလာတယ်။ ပြည်ထွက်သွားရင်သက်သာ သွားတယ်။
အအေးမိရင် ကလေးတစ်ယောက် အာသီးလည်းရောင်တယ်။ နှာခေါင်းလည်းပိတ်တယ်၊ အိပ်ပျော်နေတုန်း ညတစ်နေရီ၊ နှစ်နာရီလောက် ရုတ်တရက်ထပြီး ငိုတတ်တယ်။ နာကျင်ခြင်းကြောင့် ငိုခြင်းဖြစ်တယ်။ တစ်ရက်၊ နှစ်ရက်ကြာလို့နားပြည်ယိုလာတော့မှ နားပြည်ယိုရောဂါဖြစ်မှန်းသိရတယ်။
နားစည်ပေါက်တဲ့အပေါက်က နားရဲ့တည်ဆောက်ပုံ ဘယ်လောက်မှန်ကန်တယ်၊ ကိုယ်ခံစွမ်းအားဘယ်လောက်ကောင်းတယ် ဆိုတာပေါ်မူတည်ပြီး နားစည်အမြှေးပါးအပေါက်အကြီးအသေးကွာတယ်။ တမင်ဖောက်ပြီး ပြည်ကိုထုတ်ယူတာလည်းရှိတယ်။ နားစည် အမြှေးပါးအပေါက်သေးရင် ဆေးကုပြီးတဲ့နောက်အကောင်းပကတိပြန်ဖြစ်နိုင်တယ်။
နားစည်အမြှေးပါး အပေါက်ကြီးရင်တော့ အသက်ကြီး တဲ့အထိ ပြန်မပိတ်တော့ဘဲ ကျန်နေတတ်တယ်။ ရေကျော်ပေါက်တဲ့ ကလေး၊ ၀က်သက်ပေါက်တဲ့ကလေး၊ အာဟာရမပြည့်ဝတဲ့ကလေး တွေမှာ နားစည်အမြှေးပါး အပေါက်ကကြီးတတ်တယ်။ နားစည်အမြှေးပါး အပေါက်ကြီးရင် နာတာရှည်နားပြည်ယိုရောဂါ ဖြစ်မယ်။ နားလည်း လေးသွားနိုင်ပါတယ်။ နောက်နားတစ်ဖက်က ကောင်းတဲ့အတွက် နားလေးမှန်းမသိသာဘူး။ နားအူတူတူဖြစ်တယ်လို့ပဲ ပြောတတ်တယ်။
အရွယ်မရွေးဖြစ်နိုင်ပေမယ့် ကလေးတွေကပိုဖြစ်တယ်။ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်တဲ့သူတွေ၊ ကိုယ်ခံအားချို့တဲ့သူ တွေ၊ အာဟာရချို့တဲ့သူတွေ ခဏခဏပိုးဝင်ခံရတတ်တဲ့သူတွေ မွေးကတည်းကနားရဲ့ တည်ဆောက်ပုံ၊ နားပြွန်ပုံမမှန်ဖြစ်သူတွေမှာ ပိုဖြစ် တယ်။ ရာသီဥတုအပြောင်းအလဲပေါ်မှာလည်းမူတည်တယ်။ မိုးဦးကျ၊ ဆောင်းဦးပေါက် တုပ်ကွေးအအေးမိဖြစ်လေ့ရှိတဲ့ ရာသီမှာ အဖြစ်များတယ်။ နားရောဂါနဲ့လာတဲ့သူ အားလုံးရဲ့ ၂၀%ဟာ နားပြည်ယိုခြင်းကြောင့် ဖြစ်တယ်။ ရေကူးတဲ့သူတွေမှာလည်း ရေ၀င်ပြီး နားပြွန်ထဲပိုးဝင်သွားကာ နားပြည်ယိုရောဂါဖြစ်နိုင်ပါတယ်။
ရောဂါရာဇ၀င်မေးကြည့်ရင် ကလေးဟာ ညမှာရုတ်တရက်ထအော်မယ်။ နားကိုပွတ်နေမယ်။ လူကြီးတွေဆိုရင် နားအူတယ်။ နားလေးတယ်လို့ပြောမယ်။ နားကိုက်တယ်လို့ပြောမယ်။ ဒါကတော့ ပထမတစ်ရက်နှစ်ရက်အတွင်းမှာ ခံစားရတာ တချို့ကျတော့ ကုသမှု မခံယူဘဲ၊ နားပြည်ယိုပြီး နားလေးတာ၊ နားကိုက်တာ သက်သာသွားတယ်။ နားကြည့်ကိရိယာနဲ့စမ်းသပ်စစ်ဆေးကြည့်ရှုရင် နားစည် အမြှေးပါးမပေါက်သေးပါက နီရဲပြီး ရောင်နေတာတွေ့ရတယ်။
တစ်ခါတစ်ရံ မီလောင်ဖုကြီးတွေလိုတွေ့ရတယ်။ တချို့ကျတော့ နားစည် အမြှေးပါးမှာ အပေါက်သေးသေးလေးနဲ့ ပြည်ထွက်နေတာတွေ့ရတယ်။ ပြည်စကိုယူပြီး ပိုးမွေးကာ ဘယ်လို ပဋိဇီဝဆေးမျိုးနဲ့ ကုရမလဲ ဆိုတာ စမ်းသပ်နိုငတယ်။
နာကျင်ကိုက်ခဲမှုသက်သာအောင် ပြုလုပ်ပေးရတယ်။ နှာခေါင်း၊ လည်ချောင်းနဲ့နားကို ဆက်ထားတဲ့ ပြွန်ပိတ်နေတာကို ပွင့်သွား အောင် နှာခေါင်းထဲကိုဆေးထည့်ပေးရတယ်။ ရောင်နေတာတွေ လျော့စေတဲ့ဆေးတွေ ပေးရတယ်။ ပဋိဇီဝဆေးကိုလည်း ပေးရတယ်။ နားစည်အမြှေးပါးရောင်ပြီး၊ နီရဲနေတဲ့အချိန်မှာ နားစည်ကို မကိုင်သင့်ပါဘူး။
နားဆေးလည်းမထည့်ရပါဘူး။ များသောအားဖြင့် လူတွေက နားနာတယ်ဆိုရင် နီးစပ်ရာ လွယ်လွယ်ကူကူရတဲ့ နားဆေးတစ်ခုခုကို ကောက်ထည့်လိုက်တယ်။ အဲဒီအခါ သေးသေးလေးပေါက်ရမယ့် အစား နားစည်အမြှေးပါးက အကျယ်ကြီး ပေါက်သွားတတ်တယ်။ အဲဒါ သိပ်အရေးကြီးတယ်။
အကောင်းဆုံးက နားအတွင်းကိုကြည့်ပြီး ပေါက်နေတယ်၊ ပြည်ထွက်နေတယ်ဆိုရင် သန့်ရှင်းရေး (Dry Dressing)လုပ်နိုင်ပါတယ်။ စနစ်တကျကုသမှုရပြီးတဲ့အခါမှာ နားဆေးကို ထည့်နိုင်ပါတယ်။ နားဆေးကြောင့် ဒုက္ခရောက်နိုင်ပါတယ်။ ပြည်ယိုနေတဲ့ နားထဲကြုံရာ နားဆေးတစ်ခုခုထည့်မယ်ဆိုရင် မှိုစွဲတဲ့ရောဂါပါ ထပ်တိုးလာတယ်။ နားမှိုစွဲတဲ့ရောဂါက ယခု အတော်အဖြစ်များလာတယ်။ ဆေးကြောင့်ဖြစ်ရတာများပါတယ်။ သူ့အလိုလိုဆိုရင်ဖြစ်ခဲ တယ်။
ကလေးငယ်တစ်ဦး ညမှာအိပ်ရာမှထပြီး လန့်နိုးအော်ငိုတယ်။ နားရုတ်တရက်ကိုက်တယ်။ နားကိုက်ပုံက ရပ်သွားလိုက်၊ အကိုက် ပျောက်တာနဲ့ ကလေးပြန်ဆော့နေလိုက်ပြီးတော့ နားပြန်ကိုက်လို့ငိုလိုက်၊ အဲဒီလိုခဏခဏဖြစ်မယ်။ အဖျားလည်း နည်းနည်းလေးရှိလာ မယ်။ အခြားအကြောင်းရင်းလည်းရှာမရဘူးဆိုရင် ကလေးက နားပြည်ယိုတာဖြစ်နိုင်တယ်။
နားမကိုက်ခင် နားလေး၊ နားအုံတယ်ဆိုရင် စောစောစီးစီးကုသမှုခံယူပါမှ သဘာဝအတိုင်း အကောင်းပကတိပြန်ဖြစ်နိုင်ပါတယ်။
နားထဲကို တွေ့ကရာနားဆေးတွေ ကိုယ့်စိတ်ကူးနဲ့ ကိုယ် မထည့်သင့်ပါဘူး။ နားဆေးထည့်တဲ့အတွက်ကြောင့် ဆိုးကျိုးတွေ အများကြီးဖြစ်သွားနိုင်တယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင် ပြီးမှပဲ နားဆေးထည့်သင့်ပါတယ်။

Health
Credit Mgmandalay
0 comments:
Post a Comment