ဘယ်သူ ဘာဖြစ်တယ်ဆိုတာ အဓိက မဟုတ်ပါဘူး

ဘယ်သူဘာဖြစ်တယ်ဆိုတာက အဓီကမဟုတ်ပါဘူး။ စစ်ပွဲတွေရဲ့သမိုင်းတွေထဲက Alexander the great, ပုံနှိပ်ထုတ်ဝေမူသမိုင်းမှာဆိုရင် John Gutenberg , ရေနွေးငွေ့ကိုထီထွင်ခဲ့သောသမိုင်းမှ Jame Weston, physics ရဲ့ သမိုင်းမှာပြောင်းလဲခဲ့တဲ့ သိပ္ပံပညာရှင် Einstein, သူတို့ အားလုံးဟာ ဆိုရင် အသေးဆုံး အရာကနေ စတင်လာခဲ့ကြတာ ဖြစ်တယ်။ ဒီကနေ့မှာ ဒီလိုလူတွေကို ရိုးရိုးသာမန် လူတွေ ထက်ပိုပြီး သာလွန်တယ်လို့ခေါ်ဆိုကြတယ်။

ကျွန်တော်တို့ လူတိုင်းမှာလည်း ကြောက်ရွံမူဆိုတာ ကိုယ်စီ ရှိကြတယ်။ စတင်ရမှာကို ကြောက်ရွံမူရယ်၊ ဆက်လက်လုပ် ဆောင်ရမှာကို ကြောက်ရွံမူရယ်၊ အဆုံးရောက်သွားမှာကို ကြောက်ရွံမူရယ် ဆိုပြီးရှိကြတယ်။ ဒီလိုဘဲ သာမန်လူတွေထက်ထူးချွန်ကြတဲ့ ဒီလူတွေမှာလည်းကြောက်ရွံမူဆိုတာ ကိုယ်စီရှိကြပါတယ်။ Darwin သီအိုရီ ( ၁၉ ရာစုနှစ်ရဲ. Biologist မှာထင်ရှားခဲ့တဲ့) သူ့ရဲ့အဆိုပြုချက်အရ တစတစ တိုးတက် ပြောင်းလဲမူရဲ့ အဓိက သော့ချက်ကတော့ သိချင်စိတ်ဖြစ် ပြင်းပြစွာ လုပ်ဆောင်ခြင်းဖြစ်တယ်တဲ့။ သူရဲ့သီအိုရီဟာ မြောက်များစွာသော အခြေအနေမှာ မှန်ကန်မူရှိတယ်ဆိုတာလည်းတွေ့နိုင်ပါတယ်။
ဟိုးရှေးတုန်းက ကမ္ဘာမြေကြီးမှာ ရေဘဲရှိတယ် ငါးနဲ့တခြား ပင်လယ်သတ္တ၀ါ ကောင်တွေဟာ ပင်လယ်ထဲမှာနေထိုင်ကြတယ် ။ ငါးတွေဟာ ပင်လယ်ထဲမှာ စူးစမ်းလေ့လာ လှုပ်ရှားပြီး သွားလာကြတဲ့အတွက် သူတို့ရဲ့အဆုတ်နဲ့ပါးဟပ်ဟာ ပိုကြီးထွားလာကြတယ်။ အဲဒါတွေကြောင့် တချို့ သော ငါးနှင့်အခြား ပင်လယ်သတ္တ၀ါကောင်တွေဟာ ကုန်းပေါ်မှာရော ရေပေါ်မှာရော နေထိုင်နိုင်ကြတယ်။
ကျွန်တော့ အနေနဲ့ ဒီသီအိုရီကို ပြန်စဉ်းစား လိုက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ကျော်လွန်ပြီး မစဉ်းစားဘူးဆိုရင် ဘယ်မှာတိုးတက်မှူရှိမှာလဲ။ ကျွန်တော်တို့ရဲ့ အစဉ်အလာဟောင်း ကြောက်ရွံ့မှုတွေကို ဖယ်လိုက်ရင် ဘာဖြစ်မလဲ…
ကျွန်တော်ပြောချင်တာက ကျော်ကြားတဲ့သူတွေ နဲ့အသက်ရှင်ဖို့ ရည်ရွယ်ချက်မရှိတဲ့သူတွေကြားမှာ ခြားနားမှုဆိုတာမရှိတော့ပါဘူး။ မသိခြင်းရဲ့ကြောက်ရွံ့မှုတွေကို ပြင်းပြတဲ့သိချင်စိတ်၊ စူးစမ်းစိတ် တွေ နဲ့ အစားထိုးပြီး ဒီကမ္ဘာကြီးကို ကြည့်လိုက်ရင် ကျွန်တော်တို့ ဖော်ထုတ်ဖို့၊ စူးစမ်းဖို့အများကြီးရှိပါတယ်။
ဒီလို ကြောက်ရွံ့တဲ့စိတ်တွေကို ပြင်းပြတဲ့သိချင်စိတ်၊ စူးစမ်းစိတ် တွေနဲ့ အစားထိုးလိုက်တဲ့လူသား တွေဟာ ကမ္ဘာ မှာ ဥာဏ်ရည်အထက်မြက်ဆုံး သတ္တ၀ါလို့ခေါ်ခံရတဲ့ သာမန်လူသားတွေပါဘဲ… ခင်ဗျာ။
( ဘာသာပြန်သူ....... ညီမလေးနိုရာ ( Ravi Shankar ဆောင်းပါးကို ညီမလေး နိုရာ မြန်မာမှုပြု ဘာသာပြန် ထားခြင်းဖြစ်ပါသည်။)

0 comments:
Post a Comment