
Chorme Browser မှာ မြန်မာပြက္ခဒိန်လေးထည့်နည်းဆိုတာ သိပ်ပင်ပန်းတာတော့ မဟုတ်ပါဘူး Add on လေး ထည့်ပေးလိုက်ရုံပါ ထည့်ထားချင်သူများ
https://chrome.google.com/webstore/detail/bfbgnebfagepniiegoaohlfjigknlidp?utm_source=chrome-ntp-icon ဒီလင့်လေးမှာ ADDED TO CHORME ကို နှိပ်ပြီး Add ပေးလိုက်ရင် ရပါပြီဗျာ
=====================================================
SOFTWARE တွေ UNINSTALL လုပ်မရခဲ့ ရင်

Software တွေ Uninstall လုပ်မရဘူးပြောလာလို့ တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်....:)
တချို့ တွေက Game တို့  Software တို့ ကို install လုပ်ပြီးခါမှ ကိုယ့် စက်နဲ့ မကိုက်လို့ Uninstall ပြန်လုပ်ချင်တဲ့ အခါမျိုးမှာ ခပ်လွယ်လွယ်ပြန်လုပ်လို့  မရလို့ စိတ်အနှောင့်အယှက်ဖြစ်တတ်ကြတာမျိုးတွေ တွေ့ နေရလို့ အဆင်ပြေအောင် ပြောပြရခြင်းပါ။ အခုပြောပြမည့် နည်းလမ်းလေးကတော့ Uninstaller software တို့ ဘာတို့ လို အချိန်ကုန်ခံ Download လုပ်ပြီးတော့ Uninstall လုပ်စရာ မလိုဘဲ ကိုယ်တိုင်စမ်းကြည့်လို့ ရမယ့် နည်းလမ်းတစ်ခုပါ။
၁။ အရင်ဆုံး Start ထဲက Run ကိုခေါ်ပြီး Run Box မှာ Regedit လို့ ရိုက်ထည့်ပါ။ (Windowkey+R ကိုရိုက်ပြီး run box ကိုခေါ်လို့ ရပါတယ်)
၂။ HKEY_LOCAL-MACHINE/Software/Microsoft/Windows/Current Version/Uninstall မှာရှိတဲ့ Uninstall လုပ်လို့ မရတဲ့ software ကိုနှိပ်လိုက်ပါ။
၃။ ညာဘက်မှာရှိတဲ့  uninstall string file ကို double click နှိပ်ပါ။ ပြီးတာနဲ့  value data မှာရှိတဲ့ BOX
မှာ C:\Program File\WordWeb\uninset.exe ကိုcopy လုပ်ပြီးတော့ ok ကိုနှိပ်ပေးပါ။
၎။ Start ထဲမှာရှိတဲ့  Run ကိုသွားပြီး C:\Program File\WordWeb\uninset.exe ကိုရိုက်ထည့်ပေးပါ။သူ့ အလိုအ
လျောက် uninstall လုပ်သွားတာကိုတွေ့ ရပါလိမ့် မယ်။
Software Uninstall လုပ်လို့ မရတဲ့ သူတွေအဆင်ပြေနိုင်ကြပါစေ………
===========================================
WEBCAM ဇောက်ထိုးဖြစ်နေရင်

ဇောက်ထိုးဖြစ်နေတဲ့ webcam camera ကို ဘယ်လိုပြုပြင်ရမလဲ ဆိုရင် အောက်က အချက်အလက်တွေကို ကြည့်လိုက်ပါ။
မိမိရဲ့ webcam camera ဇောက်ထိုးဖြစ်ပါက အရင်ဆုံး device manager ကိုသွားလိုက်ပါ။ other device သို့မဟုတ် processors မှာသွားကြည့်လိုက်ပါ . အဲမှာ အဝါရောင် လေးပေါ်ပါတယ်။ အဲတာကို double နှိပ်လိုက်ပါ သို့မဟုတ် right ကို နှိပ်ပြီး update driver software ကိုရွေးလိုက်ပါ ။ အဲတာအလုပ်လုပ်ပြီးရင် ကိုယ်ရဲ့ chatbox camera ကိုပွင့်ကြည့်ပါ ။ နဂုံအတိုင်း ပြန်ဖြစ်သွားပါတယ်။ အဲတာက desktop / laptop အတွက်ဖြစ်ပါတယ်။
ဒုတိယတစ်ချက်ကတော့ ကိုယ့် computer laptop မှာ camera ဇောက်ထိုးသွားပြီး device manager မှာရှာလည်း မရ ဘူးဆိုရင် ကိုယ့် ကွန်ပျူတာရဲ့ driver ကို internert ပေါ်ရှာပြီး download လုပ်ပေးရပါတယ်.။
online မှာကိုယ့် ကွန်ပျုတာရဲ့ webcam အမျိုးအစားတွေကို မသိပါက တစ်ချို့နေရာမှာ အသေအချာမသိဘူး online မှာ free 30 day ဆွဲနေသလိုလဲ ရှိပါတယ်။ အဲတာလည်း မပြောင်းလဲပါဘူး...
ဥပမာ ။ ကိုယ့် VZO camera ကဇောက်ထိုးဖြစ်ပါက Setting ကိုသွားပြီး configuration wizard ကိုသွားပြီးနှိပ်လိုက်ပါ ။ Next > သုံးခေါက်လိုက်နှိပ်ပြီးရင် hardwawre wizard ကိုရောက်နေပါသည်။ အဲမှာ default ကိုတွေ့ပါတယ် အဲမှာ နှိပ်လိုက်ပါ default / ဥပမာ Fj camera ပေါ့... ကိုယ့် laptop မှာသူ့နာမည်နဲသူပါပါတယ် အမျိုးမျိုးပေါ့ / none ကိုလည်း ပါပါတယ်။ အဲမှာ အလည်ကဟာလေးကို တွေ့ရင် ကိုယ့်ရဲ့ laptop camera နာမည်ဖြစ်ပါတယ်။ အဲတာကို ရေးမှတ်ပြီး google မှာရေးထည့်လိုက်ပြီးရင် install လုပ်လိုက်ပါ။ အဲတာဆို vzo ဖွင့်ကြည့် ပြန်ကောင်းသွားမှာပါ။
.
Credit ZawLin ( IT World )
0 comments:
Post a Comment