KBG Archiver (File များကို အံ့မခန်း ချုံ့ပေးနိုင်သည်)
သူငယ်ချင်းတွေအားလုံး စိတ်ဝင်စားနေကြတဲ့( Highly Compress ) အံ့မခန်းဖွယ် File
တွေကိုချုံ့ပေးနိုင်တဲ့ Software လေးကို ကျွန်တော်ရှာတွေ့ခဲ့ပါပြီဗျာ။ ရှာတွေ့ထားတာတော့ ကြာပါပြီ
သေချာအောင်စမ်းပြီးသုံးနေလို့အခုမှ ပြန်လည်မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ကျွန်တော်တစ်ယောက်
တည်းစမ်းသုံးကြည့်တာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ဘော်ဒါတွေကိုလည်း စမ်းသုံးကြည့်ဖို့ ပြောထားပါ
တယ်။ အားလုံးကလည်းအဆင်ပြေကြတယ်ပြောလို့ ကျွန်တော်သုံးတာလည်းအဆင်ပြေသွားလို့အခုလိုစိတ်ချလက်ချမျှဝေပေးလိုက်ပါတယ်ဗျာ။
File တွေကို 10MB လောက်ဘဲကျန်အောင်ချုံ့နိုင်လို့ပါဘဲ။ ဒါပေမယ့်အချိန်တော့စိတ်ရှည်ရှည်ထားပြီးပေးရပါတယ်ဗျာ။ ကျွန်တော်ချုံ့တာ 5နာရီ ၀န်းကျင်ကြာပါတယ်။ အသုံးပြုပုံလေးကလည်း လွယ်ကူရိုးစင်းပါတယ်။ အောက်က ပုံလေးကိုကြည့်ပါ။
Step - 1 အပေါ်ဆုံးက Archive အကွက်မှာ မိမိပေးချင်တဲ့ File Name ပေးလိုက်ပါ။
Step - 2 Archive Format မှာတော့ KGB ကိုရွေးပေးပါ။ Zip ကိုရွေးလည်းရပါတယ်။ KGB က ပိုပြီး ချုံ့
နိုင်လို့ပါ။
Step - 3 Compression Level မှာတော့ Maximun ကိုရွေးပေးပါ။
Step - 4 Add File နေရာမှာတော့ မိမိချုံ့ချင်တဲ့ File ကိုရွေးပေးပါ။
Step - 5 ပြီးသွားရင်တော့ Next ကိုနှိပ်ပေးပါ။ သင့်ရဲ့ File ကိုစတင်ချုံ့ပေးမှာဖြစ်ပါတယ်။
မှတ်ချက် ။ ။ အချိန်တော့ပေးနိုင်ရပါလိမ့်မယ်။
သူငယ်ချင်းများအားလုံးအောက်က Link မှာဒေါင်းယူနိုင်ပါတယ်ဗျာ။ အားလုံးဘဲအဆင်ပြေကြပါစေနော်။
Credit ko Pyae Phyo
2 comments:
ကျွန်တော် ဖိုင်ကိုချုံ့တာ နဂိုမူလ ဆိုဒ်အတိုင်းဘဲ့ရတယ်။ ကြုံ့မသွားဘူးဗျာ။ ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေလို့ပါ။
ကျေးဇူးတင်ပါတယ်။
(1) File Format KGB နေရာတွင် ZIP ကိုရွေးပေးရင် အဆင်ပြေမယ်ထင်ပါတယ် ကျနော်စမ်းကြည့်တာ 72 MB size ကို 32 MB ရပါတယ် ( Zip ကတော့မြန်တယ် )
(2) KGB Compression Level Maximum နေရာတွင် Extreme ကိုရွေးပေးရင် အဆင်ပြေမယ်ထင်ပါတယ် ကျနော်စမ်းကြည့်တာ 72 MB size ကို 22 MB ရပါတယ် ( .KGB တော်တော်ကြာတယ် )
thanks bro
Post a Comment