တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်မှာပါ
ကုမ္ပဏီသူဌေးကြီးတစ်ဦးသည် သူ၏အလုပ်သမားတစ်ယောက်အား အရေးပေါ် ပြဿနာ ပေါ်နေသော သူ့ကွန်ပြူတာအတွက် ဖြေရှင်းပေးရန် သူ့အလုပ်သမားအိမ်မှ ဖုန်းနံပါတ်ကို နှိပ်လိုက်ရာ ကလေးတစ်ယောက်၏ အသံတိုးတိုးဖြင့် ပြန်ပြောသံကို ကြားရ၏။
“ဟယ်လို”
ကလေးနှင့် သူ စကားမပြောလိုသည့်အတွက် သူက ကလေးအား “ဒါမင်းအဖေအိမ်လား” ဟု မေးရာ ကလေးက “ဟုတ်ပါတယ်” ဟု အသံသေးသေးလေးဖြင့် တိုးတိုးလေး ဖြေလေသည်။ ထိုအခါ သူဌေးကြီးက “ငါသူနဲ့ စကားပြောလို့ရမလား” ဟု မေးလေရာ ကလေးက “နိုး” ဟုဖြေ၏။
သူက လူကြီးတစ်ယောက်ယောက်နှင့် စကားပြောလိုသဖြင့် “မင်းအမေ အဲဒီ့မှာ ရှိလား” ဟု မေးပြန်သည်။ ကလေးက “ဟုတ်ကဲ့” ဟုဖြေသည်။ သူဌေးကြီးက “ငါသူနဲ့ စကားပြောချင်လို့” ဟု ပြောပြန်ရာ ကလေးက “နိုး” ဟု အသံတိုးတိုးဖြင့် ပြောပြန်၏။
သူဌေးက သူ့အလုပ်သမားနှင့် မိန်းမတို့သည် ကလေးအား တစ်ယောက်တည်း အိမ်မှာထား၍ အပြင်သွားနေကြဟန်တူသည် ဟု စဉ်းစားမိပြီး ကလေးအား စောင့်ရှောက်ရန် ထားခဲ့သည့် အခြားတစ်ယောက်ယောက်အား စကားမှာထားလိုသဖြင့် “အဲဒီ့မှာ တစ်ယောက်ယောက် မရှိဘူးလားကွ” ဟုမေးရာ ကလေးက “ဟုတ်ကဲ့၊ ရဲတစ်ယောက်ရှိတယ်” ဟု လေသံတိုးတိုးဖြင့် ပြောလေသည်။
သူအံ့သြသွားသည်။ သူ့အလုပ်သမားအိမ်တွင် ထိုရဲသားက ဘာလာလုပ်နေသနည်း ဟု တွေးမိသည်။
ထို့ကြောင့်
ကလေး : “အဲဒီ့ရဲနဲ့ ငါစကားပြောလို့ရမလား” ဟုမေးလိုက်သည်။ ကလေးက တိုးတိုးပြောသည်။ “မရဘူး၊ သူအလုပ်ရှုပ်နေတယ်”
သူဌေး : “အလုပ်ရှုပ်နေတယ်၊ ဟုတ်လား ?? ဘာလုပ်နေတာလဲ”
ကလေး : “ဒယ်ဒီရယ်၊ မာမီရယ်၊ မီးသတ်သမားရယ်နဲ့ စကားပြောနေတယ်”
သူဌေးစိတ်ပူသွားမိသည်။ ထိုစဉ် သူ့နားထဲ၌ ဟယ်လီကော်ပတာသံနှင့်တူသော အသံသဲ့သဲ့ ကြားရလေသည်။ ထို့ကြောင့်
သူဌေးက “အဲဒါ ဘာသံလဲ” ဟုမေးလိုက်သည်။ ကလေးက “ဟယ်လီကော်ပတာ” ဟုဖြေလေရာ သူအထိတ်တလန့် ဖြစ်သွားသည်။
“အဲဒီ့မှာ ဘာတွေဖြစ်နေတာလဲကွ” ဟု မေးလိုက်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် အသံသေးသေးကလေးသံက “ရှာဖွေရေးအဖွဲ့ ဟယ်လီကော်ပတာ ဆင်းလာပြီ” ဟုဖြေလေသည်။ သူဌေးလည်း စိတ်ပူခြင်း၊ ထိတ်လန့်ခြင်းနှင့်အတူ မချင့်မရဲဖြစ်ကာ မေးပြန်သည်။ “သူတို့က အဲဒီ့ကို ဘာကြောင့်လာတာလဲ??”
အသံသေးသေးကလေးသည် အသံမထွက်အောင် အုပ်၍ တခစ်ခစ်ရယ်ကာ ပြောလိုက်သောစကားကြောင့် သူဌေးစိတ်ညစ်သွားလေသည်။ သူပြောလိုက်သည်ကား……
“သူတို့ ကျွန်တော့်ကို ရှာနေတာလေ”… ဟု၏။
0 comments:
Post a Comment