ရှေ့ပြောနောက်ကြည့်
“ဘာလို့ အလုပ်က ထွက်လာတာလဲ”
“သူဌေးက အပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကို သိပ်လှတာပဲတဲ့”
“ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”
အရှင်းဆုံးအဖြေ
လူနာ - Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?
သည်းခံတတ်သောမိန်းမ
ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊ ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”
အကြောင်းအရင်း
တစ်နေ့ ပန်းချီဆရာ တစ်ယောက် က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကို
တွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”
တွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲ မှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”
ယုံပါ
လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...
"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ် ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်း ချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ် ဆရာ"
ပြောရမှာခက်တယ်
မိန်းမဖြစ်သူမီးဖွားတော့မည်ဖြစ် သောကြောင့် ယောက်ျားဖြစ်သူကဆရာဝန်ကို
ဖုန်းဆက်ခေါ်သည်။ ဆရာဝန်မကြီးရောက်လာပြီး.....
"လူနာရော"
"အခန်းထဲမှာ"
"ရှင် အပြင်မှာနေနော်"
"ဟုတ်ကဲ့"
ခဏလေးကြာတော့ ဆရာဝန်မကြီးက တံခါးဟလိုက်ပြီး
"ကျောက်လှည့်ရှိရင် အမြန်ပေးပါ"
"ဟုတ်"
ယောက်ျားဖြစ်သူကယူပေးလိုက်တယ်။ ဆရာမကြီးက၀င်သွားပြီး ပြန်ထွက်လာတယ်။
"ပလာယာပါလို ချင်တယ်"
"ဟုတ်"
တစ်မိနစ်လောက်ကြာတော့
"စို့ နဲ့ တူသာပေးပါတော့"
ဒီတော့လူနာရှင်ကစိုးရိမ်ပြီး-
"ဗျာ လူနာရဲ့ အခြအနေကတော်တော်ဆိုးလို့ လား"
"မပြောတတ်သေးဘူးရှင် ဆေးသေတ္တာကိုဖွင့်လို့ မရသေးလို့ "
သူ့လဲမေးပဲနဲ့
ကိုတောသား အိမ်သာတက်နေသည်။ ထိုအချိန်တွင်တစ်ဖက်အခန်းမှအသံ ထွက်လာသည်။
"ဟေ့လူနေကောင်းလားဗျ"
ကိုတောသား "ကောင်းပါတယ်ဗျ"
တစ်ဖက်မှလူ "ခင်ဗျားဘာတွေလုပ်နေလဲ'"
ကိုတောသား "အိမ်သာထဲရောက်မှတော့အိမ်သာတက်ေ နတာပေါ"့
တစ်ဖက်မှလူ "အလုပ်တွေရှုပ်နေလား"
ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေ လာမေးနေတာလဲ"
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝု န်းဆိုပိတ်ခါ
"ဟေ့သူငယ်ချင်းငါနောက်မှဖုန်ြး ပန်ဆက်လိုက်မယ်။ဒီမှာ တစ်ဖက်အခန်းက အူကြောင်ကြောင်ကောင်က ငါမင်းကိုမေးသမျှကို လိုက်ဖြေနေလို့။"
"ဟေ့လူနေကောင်းလားဗျ"
ကိုတောသား "ကောင်းပါတယ်ဗျ"
တစ်ဖက်မှလူ "ခင်ဗျားဘာတွေလုပ်နေလဲ'"
ကိုတောသား "အိမ်သာထဲရောက်မှတော့အိမ်သာတက်ေ
တစ်ဖက်မှလူ "အလုပ်တွေရှုပ်နေလား"
ကိုတောသား "ဟေ့လူအိမ်သာတက်နေပါတယ်ဆိုဘာတွေ
တစ်ဖက်မှလူ "ကျွန်တော်လာခဲ့ရမလား"
ကိုတောသား "ဟာဟေ့လူမလာနဲ့လေ မလာနဲ့မလာနဲ့"
ထိုစဉ်တစ်ဖက်အခန်းမှလူကတံခါးဝု
"ဟေ့သူငယ်ချင်းငါနောက်မှဖုန်ြး
0 comments:
Post a Comment