~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday, 23 July 2012

ရေသောက်ခြင်း နှင့် ကျန်းမာရေး ,ဝိတ်လျှော့မယ် ဆိုရင် , တင်ပါး အဆီများ၏ အကျိုး ကျေးဇူး


ရေသောက်ခြင်းနှင့်ကျန်းမာရေး


ရေနှင့်ပတ်သက်၍စိတ်ဓာတ် ကျခြင်းနှင့်မောပန်းနွမ်း နယ်ခြင်း ဟာရေဓာတ် ခန်းခြောက် ခြင်း ၏ရောဂါလက္ခဏာများဖြစ်ပါတယ်။ ထမင်းစားနေ စဉ်ရေသောက်ခြင်းသည် အစာခြေလုပ်ငန်းကို ကူညီပေး ရာရောက်ပါတယ်။Water Retention ဖြစ်ခြင်းကို သက်သာစေတဲ့ နည်းလမ်း တစ်ခုကတော့ ရေများများသောက်ပေးခြင်းပါပဲ။ ခန္ဓာကိုယ်ထဲမှ အဆီတွေကို ချေဖျက်ရာတွင်ရေက ထိရောက်စွာကူ ညီပေးနိုင် ပါ တယ်။

... အဓိကလိုအပ်တဲ့ အစာတစ်ခုလို့ပြောနိုင်ပါတယ်။ ကလေးငယ်တွေဟာ လူကြီးများ ထက်စာလျှင် ပိုပြီးရေငတ်ကြပါတယ်။ လေ့လာမှု တစ်ခုအရ ကျောင်းနေ အရွယ်ကလေးများ၏ ၆၅ ရာခိုင်နှုန်းဟာ ရေသောက် သုံးမှုနည်းကြတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်မှ ရေဓာတ် ၂ ရာခိုင် နှုန်းဆုံးရှုံးလျှင် ထိုသူ၏ စိတ်ပိုင်း ဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှု များ လည်း ၂၀ ရာခိုင်နှုန်းလျော့နည်း သွားပါတယ်။

ဇင်မာမြင့်
By Health Digest


ဝိတ်လျှော့မယ်ဆိုရင်

ဝိတ်လျှော့မယ်ဆိုရင်ဝိတ်လျှော့ မယ်ဆိုရင် လိုက်နာသင့်သော အချက်များ

-ရေများများသောက်ပါ။
... -နံနက်စာမစားခင် သိပ်မပြင်းထန်သော ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ပါ။
-နံနက်စာစားပြီးနောက် အတန် အသင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းပြုလုပ်ပါ။
-မှုန့်ညက်နေသော သကြားများ၊ ရှုပ်ထွေးကစီဓာတ်များကို မစားပါနှင့်။
-ညစာမစားခင်နှစ်နာရီအလို အတွင်းဘာမှမစားပါနှင့်။
-အလေးတုံးများဖြင့် လေ့ကျင့်ခန်း ပြုလုပ်ပါ။
-ညစာစားပြီးနောက် ပေါ့ပါးသော လေ့ကျင့်ခန်းများကို ပြုလုပ်ပါ။
-သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များစားပါ။
-အသား၊ငါး၊ဥအမျိုးမျိုး စတဲ့ ပရိုတင်းကြွယ်ဝစွာပါဝင်သောအစားအစာများကို စားသုံးပေးပါ။
-ဗီတာမင်ဖြည့်စွက်အားဆေး၊ ငါးကြီး ဆီဖြည့်စွက်ဆေးများ သောက်သုံးပါ။
- ခြေလျင်တောင်တက်ခြင်း၊ လှေကားတက်ခြင်းများ ပြုလုပ်ပါ။
-လေ့ကျင့်ခန်းပြုလုပ်သည့်အခါ အားစိုက်ထုတ်ပြီး ပြုလုပ်ပါ။
-အလုပ်ရှိ သင့်ရဲ့ထိုင်ခုံကို လေ့ ကျင့်ခန်းလုပ်တဲ့ ဘောလုံးကြီးနဲ့ အစား ထိုးလိုက်ပါ။

ဇင်မာမြင့်
By Health Digest


တင်ပါး အဆီများ၏ အကျိုး ကျေးဇူး

တင်ပါးဆုံဟားဗတ် သုတေသီ များ တွေ့ရှိ ခဲ့တဲ့ အချက် တစ်ခု ကတော့ အမျိုး သမီးများ ၏ အောက်ပိုင်း တင်ပါး တွင် စုပုံနေသော အဆီများ (Fatbottoms) သည် ကောင်းမွန်သော ကျန်းမာရေးကို ပြသသည့် သင်္ကေတ ဖြစ်ကြောင်း သိပ္ပံနည်းကျ တွေ့ရှိခဲ့ ကြသည်။ Jennifer Lopez, Beyonce တို့ကဲ့သို့သော မင်းသမီး များ၏ အောက်ပိုင်းပုံသဏ္ဌာန်ရှိသော အမျိုးသမီးများသည် အချို့သော ဟော်မုန်းများ ထုတ်လွှတ်ပေးခြင်းဖြင့် ...ရောဂါများမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ တင်ပါး အဆီများက အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါမဖြစ်ပွားအောင်ကာကွယ် ပေးကြောင်းတွေ့ခဲ့ရသည်။ြွကက်မ များ၏ တင်ပါးမှအဆီများ ကိုထုတ်ပြီး အခြားသောြွကက်များ၏ ခန္ဓာကိုယ် ထဲထိုးသွင်းလိုက်သည့်အခါ ဆေးထိုး ခံရသောြွကက်များသည် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိ ပေးသည့် အင်ဆူလင်ဟော်မုန်း ပို၍ ကောင်းမွန် စွာ အသုံးချလာနိုင်ကြောင်း သိရ သည်။ ကိုယ်အလေးချိန်လည်း ကျ သွားစေသည်။ သိပ္ပံပညာရှင်များ သည် အဆီအမျိုးအစားများ၏ ကျန်းမာရေးအပေါ်အကျိုးသက် ရောက်မှုကို သိရှိလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တင်ပါးတွင် အဆီစုသော အမျိုးသမီးများ၏ ပုံစံမှာ Pearshaped သစ်တော်သီးပုံစံဖြစ်သည်။ အဆီအမျိုးအစား အားလုံးသည် ကျန်းမာရေးအတွက် ဆိုးကျိုးပေးခြင်း မရှိကြောင်း သိရသည်။ Ref: Daily Health News.

မောင်
By Health Digest


တင်ပါး အဆီများ၏ အကျိုး ကျေးဇူး

တင်ပါးဆုံဟားဗတ် သုတေသီ များ တွေ့ရှိ ခဲ့တဲ့ အချက် တစ်ခု ကတော့ အမျိုး သမီးများ ၏ အောက်ပိုင်း တင်ပါး တွင် စုပုံနေသော အဆီများ (Fatbottoms) သည် ကောင်းမွန်သော ကျန်းမာရေးကို ပြသသည့် သင်္ကေတ ဖြစ်ကြောင်း သိပ္ပံနည်းကျ တွေ့ရှိခဲ့ ကြသည်။ Jennifer Lopez, Beyonce တို့ကဲ့သို့သော မင်းသမီး များ၏ အောက်ပိုင်းပုံသဏ္ဌာန်ရှိသော အမျိုးသမီးများသည် အချို့သော ဟော်မုန်းများ ထုတ်လွှတ်ပေးခြင်းဖြင့် ရောဂါများမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ကြောင်း သိရသည်။ တင်ပါး အဆီများက အမျိုးအစား(၂) ဆီးချို သွေးချိုရောဂါမဖြစ်ပွားအောင်ကာကွယ် ပေးကြောင်းတွေ့ခဲ့ရသည်။ြွကက်မ များ၏ တင်ပါးမှအဆီများ ကိုထုတ်ပြီး အခြားသောြွကက်များ၏ ခန္ဓာကိုယ် ထဲထိုးသွင်းလိုက်သည့်အခါ ဆေးထိုး ခံရသောြွကက်များသည် သွေးတွင်း သကြားဓာတ်ကိုထိန်းညှိ ပေးသည့် အင်ဆူလင်ဟော်မုန်း ပို၍ ကောင်းမွန် စွာ အသုံးချလာနိုင်ကြောင်း သိရ သည်။ ကိုယ်အလေးချိန်လည်း ကျ သွားစေသည်။ သိပ္ပံပညာရှင်များ သည် အဆီအမျိုးအစားများ၏ ကျန်းမာရေးအပေါ်အကျိုးသက် ရောက်မှုကို သိရှိလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ တင်ပါးတွင် အဆီစုသော အမျိုးသမီးများ၏ ပုံစံမှာ Pearshaped သစ်တော်သီးပုံစံဖြစ်သည်။ အဆီအမျိုးအစား အားလုံးသည် ကျန်းမာရေးအတွက် ဆိုးကျိုးပေးခြင်း မရှိကြောင်း သိရသည်။ Ref: Daily Health News.

မောင်
By Health Digest
ဆေး ဖက်ဝင် ပဲပုပ် ပုံမှန်စားပေးပါ


ဆေး ဖက်ဝင် ပဲပုပ် ပုံမှန်စားပေးပါပဲပုပ်(ခေါ်) ပဲငပိ (ခေါ်) ဆိုယာပဲ (Soya Bean) သည် သက်ရှည် ကျန်းမာရေး အတွက် အာဟာ ရပြည့်ဝ ပြီး ဆေး အစွမ်းထက်၊ ဆေးဖက်ဝင်လှသော အာဟာရဓာတ်စာတစ်မျိုးဖြစ်ပါသည်။ ဆေးဖက် ဝင်ပုံမှာ-
(၁) ကင်ဆာရောဂါစွဲကပ် ဖြစ်ပွားမှုကို တားဆီး ကာကွယ်ပေးခြင်း
... (၂) သွေးကြောကျဉ်း၊ သွေးကြောပိတ်ရောဂါ၊ နှလုံး ရောဂါစွဲကပ်ဖြစ်ပွားခြင်းမရှိရန်တားဆီးကာကွယ်ပေးခြင်း
(၃) သွေးပြောင်း၊ ရာသီပြောင်း၊ အသက်အရွယ် ကြီးရင့်လာသည့်အခါ စွဲကပ်ဖြစ်ပွားလာတတ်သော ရောဂါ ဝေဒနာများ မဖြစ်ပွား၊ မစွဲကပ်နိုင်ရန် တားဆီး ကာကွယ်ပေးခြင်း
(၄) ခန္ဓာကိုယ်ပိန်ခြောက်ပြီး၊ အဆင်းအလှပျက်စေခြင်း ကို ကာကွယ်ပြီး၊ အသားအရေစိုပြည်လာစေနိုင်ခြင်း
(၅) အရိုးဖွံ့ဖြိုးကြီးထွားမှုကို များစွာအထောက်အကူ ပြုစေခြင်း စသည်တို့ဖြစ်ပါသည်။

ဆိုယာပဲစားသုံးမှီဝဲရာတွင် သတိပြု ဆင်ခြင်ရှောင်ကြဉ်ရန် အချက်များကတော့ -
(၁) ဆိုယာပဲကို ကျက်အောင်ချက် ပြုတ်စားသောက်ရပါမည်။ အစိမ်း မစားရ။ ဝမ်းဖောဝမ်းရောင်တတ်၏။
(၂) ဆိုယာပဲမှာ အစာကြေခဲသဖြင့် အလွန်အကျွံ စားသုံး ခြင်းမပြုရပါ။ ရင်ပြည့်တတ်၏။
(၃) အမြဲစားသောက်ခြင်း မပြုကြရပါ။ သွေးအားနည်းရောဂါ ရတတ်၏။ သတိနှင့် ဆင်ခြင်ပါလေ။

ကေတီအောင်သိန်း ရန်ကုန်တက္ကသိုလ်
Ref : Sin Chew Weekly (Malaysia)
By Health Digest

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................