သင့်ကံကြမ္မာ ၁ ကြွင်း ....
အောက်တွင် မိမိရဲ့မွေးဖွားသော မြန်မာခုနှစ်ကို
ကြည့်၍သင့်ရဲ့ဘဝတစ်သက်တာ ကံဇာတာကိုကြည့်ရအောင်ပါ။
ကြည့်၍သင့်ရဲ့ဘဝတစ်သက်တာ ကံဇာတာကိုကြည့်ရအောင်ပါ။
၁၂၈၉ ၊၁၂၉၆ ၊ ၁၃၀၃ ၊ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ၊၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊
၁၃၅၂ ၊ ၁၃၅၉ ......
၁။လူအများနဲ့စပ်တူလုပ်ရသောကိစ္စများ အဆင်မပြေပါ ၊ အကျိုးလည်းရှိမည်မဟုတ်ပါ။
၂။မိဘမောင်ဖွား ၊ ညီအစ်ကိုမောင်မ ၊ သားသမီး အိမ်ထောင်ရှင်တို့၏ချစ်ခင်မှုခံရကိန်းနည်းပါး၏။
၃။လူမှုရေး ၊ နိုင်ငံရေး ၊ အသင်းအဖွဲ့များ လုံးဝအကျိုးမပြုပါ။
၎။လူအများတွက်မိမိက အနစ်နာခံရျွ် လုပ်ကိုင်ပေးရကိန်းရှိသည်။
၅။လူယုံမွေးလို့မရပါ ဆရာမွေး တပည့်မွေး အကျိုးမပြုပါ ၊ ကိုယ့်ဒူးကိုယ်ချွှန်လုပ်ကိုင်မှုသင့်တော်မည်။
၆။မိတ်ဆွေအပေါင်းများသူဖြစ်ပါက မိတ်ဆွေကြောင့်အမြဲသိက္ခာကျနေမည်။
၇။ခန့်ငြားထည်ဝါစွာ နေထိုင်ရကိန်းရှိသည် ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊
တနင်္လာ ၊ သောကြာများဖြစ်ပါကထီ
မကြာခဏ ပေါက်ကိန်းရှိသည်၊ အမွေအနှစ်များလည်းရကိန်းရှိသည်။
ဂ။မည်မျှပင်စိတ်ရင်းစေတနာထားရျွ် လုပ်ကိုင်ပေးစေကာမူ လူအများ၏ မနာလိုမှု ၊ ပြစ်တင်ရှံ့မှု ၊
သိက္ခာချမှုများကိုမကြာခဏ ကြုံတွေ့ရမည်။
၉။တနင်္ဂနွေ ၊ တနင်္လာသမီးများ တို့သည်အိမ်ထောင်စောစောပြုလျှင်စောစောကွဲတတ်ပါသည်။
၁၀။မည်သူ့ကိုမှမာမာတင်းတင်းမဆက်ဆံပါနှင့်။
၁၁။မိဘ ၊ ဆရာသမားကို သက်ကြီးရွယ်အိုများကို မကြာခဏတတ်နိုင်သလောက်လှူဒါန်းပေးပါက
ပို၍ဆင်ပြေအောင်မြင်မည်။
၁၂။ အကျိုးပေးသော နေရာဒေသ
တာမွေ ၊တောင်ဥက္ကာလာ ၊ တောင်ကြီး ၊ ( စနေနံ နေရာများ )
၁၃။ ကောင်းသောအလုပ်အကိုင်
ဝန်ထမ်း ၊ ကုန်သည် ၊ သွပ် ၊ သစ် ၊ ခရီးသွား ၊ ဆရာ ၊ ထီဆိုင်,များ
၁၄။ ကံကောင်းသောလ
နယုန်လ ၊ သီတင်းကျွှတ်လ
၁၅။ ကံဆိုးသောလ
ဝါဆိုလ ၊ တပို့တွဲလ
၁၆။ကျန်းမာရေး
လေရောဂါ ၊ လိပ်ခေါင်းရောဂါ ၊ အစာအိမ် ၊မီးယပ် ၊ ဒူလာနှင့် ဝမ်းဗိုက်တွင်ဖြစ်ပွားတတ်သောရောဂါများ
၁၇။ အိမ်ထောင်ဘက်
စနေ ၊ သောကြာ ၊ ကြာသပတေး ၊ ကောင်း
ဗုဒ္ဓဟူး ၊ အင်္ဂါ ၊ သင့်တင့်
တနင်္လာ ၊ တနင်္ဂနွေ ၊ ဆိုး
၁၈။ ကံကောင်းသော အရောင်
အနက်ရောင်နှင့် အရောင်ရင့်များ ....
၁၉။ အဆောင်ရတနာ
နီလာ ၊ မြ ၊ သန္တာ ၊ ပတ္တမြား ၊
၂၀။ထာဝရဆောင်ရန်ပန်း .....
=======================================================
သင့်ရဲ့ကံကြမ္မာ ၂ ကြွင်း .....
၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၂၂၅ ၊ ၁၃၃၂ ၊ ၁၃၃၉ ၊
၁၃၄၆ ၊၁၃၅၂ ၊၁၃၆၀
...
၁။လူမှုပေါင်းသင်းဆက်ဆံရေးတွင် ခေါင်းမာသူ ၊ တစ်ယူသန် ၊ တစ်ဇွတ်ထိုးပြုမူပြောတတ်သူဟု
အထင်ခံရမည်။
၂။မိဘမောင်ဘွား အုပ်ထိန်းသူ၏ လမ်းညွန်မှုကို မခံယူတတ်ဘဲ ကိုယ့်စိတ်ကိုယ့်သဘောနဲ့
လုပ်ကိုင်ဆောင်ရွှက်တတ်သူ
၃။ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ ကောင်းကောင်းဆိုးဆိုး တစ်ယူသန် ၊ တစ်ဇွတ်ထိုးလုပ်ကိုင်ပြော
တတ်သည်။
၎။အိမ်တွင်းရေးကို လှည့်မကြည့်ဘဲ မိမိလုပ်ချင်တာကို မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ
လုပ်ကိုငါတတ်သည်။
၅။မှားယွင်းနေမှန်းသိသော်လည်း လုံးဝပြန်မပြင်နိုင်သူ၊
၆။ပညာတတ်လျှင်ပိုရျွ် ခေါင်းမာခြင်း ၊ တယူသန်ခြင်း ၊ အတွေးအခေါ် အယူအဆပြတ်သားရဲရင့်စွာ
တွေးခေါ်တတ်မှုကြောင့် အမြဲလိုလို သူများနှင့်ဆန့်ကျင့်ဘက်ဖြစ်ခြင်း
၇။သင်သည် ကြာသပတေး သောကြာသားသမီးဖြစ်ပါက စိတ်ညစ်စရာကြုံတွေ့လျှင်ဂရုစိုက်ပါ။
( ကိုယ့်ကိုယ်ကို တစ်ခုခုလုပ်တတ်သည် )
ဂ။အရက် ၊ ဆေးလိပ် ၊ ဘိန်း ၊ မူးယစ်ဆေးဝါး တစ်ခုခုစွဲတတ်၏ ၊ ဂရုပြုပါ။
၉။ဗေဒင် ၊ ဆေး တစ်ခုခုလေလာလိုက်စားတတ်၏ ၊ အသင်းအဖွဲ့ သို့မဟုတ် ဂိုဏ်းတစ်ခုခုသို့ဝင်တတ်၏။
၁၀။ မိမိသည် ပြောရခက်ဆိုရခက်သောသူဖြစ်သည်။
၁၁။ မှားမှား မှန်မှန် မိမိ၏စိတ်သဘောအတိုင်းဖြစ်သည်။
၁၂။ အိုးပိုင်အိမ်ပိုင်နှင့် နေရသော်လည်း နေရာထိုင်ခင်းမတည်မြဲပါ။
၁၃။ အကျိုးပေးသောအလုပ်အကိုင် .....
အုပ်ချုပ်ရေး ၊ ဝန်ထမ်း ၊ ကုန်သည် ၊ အင်ဂျင်နီယာ ၊ ကျပန်း ၊
၁၄။နေရာဒေသ
(တနင်္ဂနွေနံနေရာများ) အင်းစိန် ....
၁၆။ကံကောင်းသောလများ
တန်ခူးလ ၊ တန်ဆောင်မုန်းလ
၁၇။ကံဆိုးသောလ
ဝါခေါင်လ ၊ တပေါင်းလ
၁၈။အကျိုးပေးသောအဆောင်
ပတ္တမြား ၊ ကိုဝတ်ဆင်နိုင်ပါသည်။
၁၉။ကံကောင်းသောအရောင်
အနီရောင် ၊ ကြက်သွေးရောင်
၂၁။ကျန်းမာရေး ...
ဦးနှောက် ၊ အာရုံကြောရောဂါ ၊ နှလုံးရောဂါ ၊ အစာအိမ် ၊
၂၂။သင့်ရဲ့အိမ်ထောင်ဘက်
တနင်္ဂနွေ ၊ စနေ ၊သောကြာ
ကြာသပတေး ၊ ဗုဒ္ဓဟူး ၊ ပုံမှန်
အင်္ဂါ ၊ တနင်္လာ ၊ ဆိုး
၂၃။ထာဝရဆောင်ရန်တင်လှူရန်ပန်း ....
0 comments:
Post a Comment