~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday, 17 January 2013

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Wednesday, 2 January 2013

ဂျပန်ဘောလုံး အသင်းအား ကူညီခဲ့သူ ဦးကျော်ဒင်၏ ဆွေမျိုးသားချင်းများကို ရှာဖွေနေ


လွန်ခဲ့သည့် ၁၉၂၀ ၀န်းကျင် ရှေးကာလက ဂျပန်ဘောလုံး လောကအား ကျေးဇူး ပြုခဲ့ဖူးသည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ သက်ရှိထင်ရှား ဆွေမျိုးများအား ဂျပန်လူမျိုး တစ်ဦးက လိုက်လံရှာဖွေလျက် ရှိသော်လည်း အဆက်အသွယ် မရ သေးကြောင်း သတင်းရရှိသည်။

“ဦးကျော်ဒင်က ၁၉၀၀ ခုနှစ် မွေးတာဆိုတော့ မရှိလောက်တော့ပါဘူး။ သူ့ရဲ့မျိုးဆက်ကို ရှာနေတာ ခုထိတော့ အဆက်အသွယ် မရသေးပါဘူး” ဟု ဦးကျော်ဒင်၏ မျိုးဆက်အား လိုက်လံရှာဖွေနေသူ ဂျပန်လူမျိုး မစ္စတာ အိုးချိအားအိခိရိုရှိ(အထက်တန်းသမိုင်းပြဆရာ) က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဂျေလိဂ်နှင့် မြန်မာလိဂ်တို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးပွဲတွင် ဂျေလိဂ်ဥက္ကဋ္ဌ ကာဇူမီအိုဂူရှီက မြန်မာလူမျိုး ဦးကျော်ဒင်သည် ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးသည့် အတွက် ပြတိုက်တွင် အမှတ်တရ ရုပ်တု ပြုလုပ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။

“သူ (ဦးကျော်ဒင်) က ဂျပန်ကို ဘောလုံးလာသင်တာတော့ မဟုတ်ဘူး။ ၁၉၂၀ ၀န်းကျင်ခန့်က ဂျပန်တက္ကသိုလ်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကျောင်းလာတက်တယ်လို့ သိရပါတယ်။ တက္ကသိုလ် ကျောင်းဝင်းထဲမှာ သူက ပြေးခုန် ပစ်ကစားနေတုန်း ဂျပန်လက်ရွေးစင်ဘောလုံးသမားတွေ လေ့ကျင့်နေတာကို ၀င်သင်ပေးရင်းနဲ့ နည်းပြပေးခဲ့ပြီး အဲဒီအသင်းက သူမြန်မာနိုင်ငံကို ပြန်သွားပြီး သုံးနှစ်အကြာ(၁၉၂၇) မှာ အာရှအဆင့်ပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲသွားလို့ ဦးကျော်ဒင်က အစပြုခဲ့တဲ့ ကျေးဇူးကို အမှတ်ရ ဖြစ်စေခဲ့တာပါ” ဟု တစ်နှစ်လျှင် နှစ်ကြိမ်ခန့် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် ဦးကျော်ဒင်၏ မျိုးဆက်အား စုံစမ်းနေသူ မစ္စတာ အိုးချိအား အိခိရိုရှိက ရှင်းပြသည်။

ဦးကျော်ဒင်အကြောင်းအား ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း စိတ်ဝင်တစား စုံစမ်းလျက်ရှိကြောင်းနှင့် ၎င်းအနေနှင့်မူ ကိုယ်တိုင်စိတ်ဝင်စားမှုရှိသည့် မိမိအစီအစဉ်ဖြင့် လိုက်လံစုံစမ်းနေခြင်း ဖြစ်ကြောင်း ဆိုသည်။ ဦးကျော်ဒင် အနေဖြင့် ၁၉၂၀ ၀န်းကျင်တွင် ဂျပန်နိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၂၃ တွင် “How to Play Association Football” စာအုပ်အား အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ကြောင်းနှင့် ၁၉၂၄ တွင် မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ပြီး စက်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ဂျပန်လူမျိုး သမိုင်းပြဆရာ၏ ပြောပြချက်အရ သိရသည်။

“တိုကျိုမြို့မှာရှိတဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ် ပြတိုက်မှာ ဦးကျော်ဒင်ရေးခဲ့တဲ့ စာအုပ်နဲ့ သူ့ရုပ်တုကို ပြသထားတာ တွေ့ရှိခဲ့ရပါတယ်။ ဂျပန်လူမျိုးတွေအနေနဲ့ ဘောလုံးကို ဒီစာအုပ်ကြောင့် စနစ်တကျ ကစားတတ်လာခဲ့တာ ဖြစ်ကြောင်းလည်း ပြောပြကြပါတယ်။ မြန်မာဘောလုံးအသင်းသွားတိုင်း 
 သေချာလေးလေးစားစားနဲ့ ဦးကျော်ဒင်ရဲ့ ကျေးဇူးရှိတဲ့အကြောင်း ပါးစပ်ကလည်း ထုတ်ဖော်ပြောကြပါတယ်” ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဂျေလိဂ်သို့ သွားရောက် လေ့လာခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ဦးကျော်ဒင်၏ မျိုးဆက်အား တတ်နိုင်သည့်ဘက်မှ စုံစမ်းနေသော်လည်း ယခုအချိန်ထိ မတွေ့သေးကြောင်း ၎င်းက ဆက်ပြောသည်။ “မြန်မာလူမျိုးတစ်ယောက်က ဂျပန်ဘောလုံးလောကကို ကျေးဇူးရှိခဲ့ဖူးတယ်ဆိုတာကို ဂျပန်မှာ မသိသေးတဲ့ သူတွေအတွက်လည်း ဖော်ထုတ်ပေးချင်တာပါ။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးတက်လာရေး အတွက်လည်း ရည်ရွယ်ပါတယ်” ဟု မစ္စတာအိုးချိအားအိခိရိုရှိက ပြောသည်။

မြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဂျပန်ဘောလုံးအသင်းကို ကျေးဇူးပြုခဲ့ဖူးသည်ဟု ၎င်းတို့ ပြောကြားချက်အရ သိရှိရသော်လည်း လက်ရှိအခြေအနေတွင်မူ ဂျပန်ဘောလုံးလောကနှင့် မြန်မာဘောလုံးလောကသည် ကွာခြား နေပြီဖြစ်သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ဂျပန်ဘောလုံးအသင်းက ကမ္ဘာ့အဆင့် ၂၂ ဖြင့် အာရှနိုင်ငံများတွင် ထိပ်ဆုံးမှ ဦးဆောင်ထားပြီး မြန်မာအသင်းမှာ ကမ္ဘာ့အဆင့် ၁၆၂ ဖြစ်သည်။



credit http://www.myanmar1.com/?p=9033

Sunday, 30 December 2012

ထူးထူးဆန်းဆန်း ဒါတွေသိရဲ့ လား..?

Photo: ဒါတွေသိရဲ့ လား..?

၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wiki
၁။ အပိုလို -၁၁ လွန်းပျံယာဉ်သည် စက္ကန့် ၂၀ စာသာ လောင်စာကျန်တော့ချိန်၌ လကမ္ဘာပေါ်သို ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

၂။ လီဟာဗေးအော့စ်ဝိုးဧ။် အလောင်းကို မှတ်သားသည့် သတ္တုပြားကလေးကို ၁၉၉၂ ခုနစ် လေလံပွဲတစ်ခုတွင်ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ ၆ ၆၀၀ ရရှိခဲ့သည်။

၃။ ၁၈၃၀ ပြည့်နှစ်လွန်များအတွင်းက ခရမ်းချဉ်သီးကဲ့သိုသော အရာများမှ ပြုလုပ်သည့် အချဉ်ရည်များကို ဆေးဝါးအဖြစ်ရောင်းချခဲ့သည်။

၎။ လီယိုနာဒိုဒါဗင်ချီသည် လက်တစ်ဖက်က စာရေးနေချိန်၌ တစ်ပြိုင်နက်တည်း အခြားတစ်ဖက်က ပုံဆွဲနိုင်သည်။

၅။ လီယိုနာဒိုဒါဗင်ချီသည် ကတ်ကြေးကို တီထွင်သူဖြစ်ပြီး တယောထိုးသူလည်းဖြစ်ကာ မိုနာလီဇာဧ။် နှုတ်ခမ်းများကို၁၂ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သူဖြစ်သည်။

၆။ ကာရေဘီယန်ကျွန်းစုများအနက် လူနေသောကျွန်းမှာ တစ်ရာခိုင်းနုန်းသာ ရှိသည်။

၇။ သွေးလှူဒါန်းသူ အရေအတွက်မှာ ကမ္ဘာ့လူဦးရေဧ။် ခုနစ်ရာခိုင်းနူန်းပင်မပြည့်ပါ။

၈။ ကမ္ဘာမြေပေါ်တွင် ရေပြင်အားလုံးဧ။် နှစ်ရာခိုင်းနူန်းသာလျှင် ရေချိုဖြစ်သည်။
(မှတ်ချက် မြန်မာ့သင်္ကြန်က ရေချိုတွေဘယ်လောက်ဖြုန်းပစ်လဲ မသိပါ)

၉။ တရုတ်နိုင်ငံတွင် လူပေါင်း ၈၇သန်းကျော်တို့ဧ။် ရှေ့ဆုံးအမည်စာလုံးမှာ 'လီ' ဖြစ်သည်။

၁၀။ ကမ္ဘာမြေပေါ်တွင် လျှပ်စီးလက်သည့်အကြိမ်မှာ တစ်မိနစ်လျှင် အကြိမ်ပေါင်း ၆,၀၀၀ ဖြစ်သည်။

၁၁။ ပုစွန်တုပ်များဧ။် သွေးသည် အပြာရောင်ရှိသည်။

၁၂။ လီမွန်ငါးမန်းတို့သည် ရက်သတ္တပတ်နှစ်ပတ်လျှင် သွားအသစ်တစ်စုံးနူန်း ထွက်လေ့၇ှိသည်။ သူတို့သည် တစ်နှစ်လျှင် သွားအသစ်ပေါင်း ၂၄, ၀၀၀ ကျော် ထွက်လေ့ရှိသည်။

၁၃။ ၁၉၆၉ ခုနစ်တွင် လာရီလူးဝစ်သည် ကိုက် ၁၀၀ အကွာအဝေးကို ၁၇.၉ စက္ကန့်ဖြင့်ပြေးပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ သို့သော် သူဧ။်စံချိန်မှာ အသက်၁၀၀ နှင့်အထက် အသက်အုပ်စုတွင်ဖြစ်သည်။သူဧ။်အသက်မှာ ၁၀၁ နှစ်ဖြစ်သည်။

၁၄။ လေဒီအက်စတာသည် တစ်ခါက ဝင်စတန်ချာချီအား " ရှင်သာ ကျမရဲ့ ခင်ပွန်းဆိုရင် ရှင်သောက်မယ့် ကော်ဖီခွက်ထဲကို အဆိပ်ခပ်မှာပဲ " ဟု ပြောခဲ့ဖူးပြီး " မင်းသာ ငါ့ဇနီးဆိုရင်လည်း ငါက အဲဒီကော်ဖီခွက်ကို သောက်မှာပေါ့ဟု ဝင်စတ်ချာချီက ပြန်ပြောခဲ့ဖူးသည်။

၁၅။ သိုးမွေးထိုးခြေအိတ်များကို ရှေ့ဟောင်းအီဂျစ်သင်္ချိုင်းဂူများတွင် တွေ့ရှိခဲ့ရပြီး အစောဆုံးမှာ အေဒီသုံးရာစုဖြစ်သည်။

၁၆။ Killer Whales ဟုခေါ်သော ဝေလငါးမျိုးသည် အထိအတွေ့အာရုံ၌ အလွန်ထက်မြက်ရာ အကယ်ရ်ျ သင်သည်ဆေးပြားတစ်ပြားကို ပုံးတစ်ပုံးတွင် ထည့်ပြီးယင်းကိုအော်ကာငါးများကိုကျွေးခဲ့လျှင် အဆိုပါ ဝေလငါးသည်အော်ကာငါးကိုစားပြီး ဆေးပြားကို ပြန်ထွေးထုတ်လိမ့်မည်။

၁၇။ တစ်သျှူးပေပါစများကို မူလက ဓာတ်ငွေ့ကာမျက်နှာဖုံးများတွင် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၁၈။ ကမ္ဘာပေါ်တွင် အက္ခရာအနည်းဆုံး ဘာသာစကားမှာ နယူဂီနီနိုင်ငံရှိ ရိုတိုကပ်စ်ဘာသာစကား ဖြစ်သည်။ ယင်းတွင်အက္ခရာ ၁၁ လုံးသာ ပါဝင်ပြီး ယင်းတို့မှာ A,B,E,G,I,K,O,P,R,T နှင့် US တို့ဖြစ်သည်။

၁၉။ ဒေါက်တာ အလက်ဇန်းဒါးဝုဒ်သည် ဆေးထိုးအပ်ကို ၁၈၈၂ ခုနစ်တွင်တီထွင်ခဲ့သည်။

၂၀။ ဂျပန်ဘာသာစကားတွင် နံပါတ် ၄ နှင့် သေးဆုံးသည်ဟူသော စာလုံးနှစ်လုံးသည် လည်းကောင်း၊ နံပါတ် ၉နှင့်နာကျင်မှုဟူသော စားလုံးနှစ်လုံးသည် လည်းကောင်း အသံထွက်ချင်းအတူတူဖြစ်သည်။ထို့ကြောင့် ဂျပန်နိုင်ငံရှိဟိုတယ် များဧ။် အခန်းနံပါတ်များတွင် ၄ နှင့် ၉တို့ မရှိပါ။

၂၁။ ဘီးခုံးပုံသဏ္ဌာန် ဝီစကီဖန်ခွက်ထဲသို့ အရက်တစ်ဝက်ခန့် ဖြည့်ပြီးပါက ၅၀ ရာခိုင်းနုန်းဖြည့်ပြီးပြီဟု မထင်ပါနှင့်။အမှန်တကယ် ၁၂- ၁၃ ရာခိုင်နုန်းခန့်သာ ရှိသေးဧ။်။

၂၂။ သင်သည် သင်ဧ။်တံတောင်ဆစ်အား လျှာဖြင့်လျက်ရန် ကြိုစားခဲ့ဖူးပါသလား။ ကြိုးစားခဲ့ဖူးလျင်တောင်မှဘယ်သောအခါမှ အောင်မြင်ခဲ့လိမ်မည် မဟုတ်ပါ။ ယင်းသည် ရုပ်ပိုင်းဆိုင်ရာအရ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

၂၃။ Pherenology ဟူသည်မှာ လူတစ်ယောက်ဧ။် ဦးခေါင်းပုံသဏ္ဌာန်ကို ကြည့်ရ်ျ သူဧ။်စရိုက်လက္ခဏာကို နားလည်နိုင်သော ရှေ့ဟောင်းသိပ္ပံပညာရပ်တစ်ခု ဖြစ်သည်။

၂၄။ အာဖရိကငှက်ကုလားအုတ်တစ်မျိုးသည် ကမ္ဘာပေါ်တွင် ဥအကြီးဆုံးဥသော သတ္တဝါဖြစ်သည်။ ဥခွံသည် ၁.၅ မီလီမီတာထူပြီး ဥတစ်လုံးသည် အရွယ်ရောက်ပြီးသား လူတစ်ယောက်ဧ။် ခန္ဓာကိုယ်အလေးချိန်နှင့်ညီမျှသည်။

၂၅။ ရှားပါးသော အကြောက်လွန်ရောဂါတစ်မျိုးမှာ Lutraphobia ခေါ် ဖျံများကို သေမလောက်ကြောက်ရွံ့ သည့်ရောဂါဖြစ်သည်။

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်........
@Wiki




credit ထူးထူးဆန်းဆန်း FB

Router အကြောင်းသိကောင်းစရာ

Router အကြောင်းသိကောင်းစရာ
Router ဆိုတာကိုအရင်ပထမဆုံးရှင်းပြပါ့မယ်..ဒါမှသာ Router Function ကိုနားလည်
ပြီးဆက်ဖတ်လို့ ရမှာဖြစ်ပါတယ်.....နောက်ပြီးလူပြောများတဲ့ Router ဆိုတာဘာလဲဆိုတာ
ကိုကျွန်တော်နားလည်သလောက်ရှင်းပြထားတာဖြစ်ပါတယ်...

Cisco နည်းပညာသုံး Linksys firewall Router တစ်လုံးအားတွေ့ ရပုံ
Router အလုပ်လုပ်ဆောင်ပုံ

Router ဆိုတာအတိုဆုံးပြောရရင်တော့လမ်းကြောင်းရှာပေးတဲ့ device ဖြစ်ပါတယ်.....
သူရဲ့ အလုပ်လုပ်ပုံကမတူညီတဲ့ Network နှစ်ခုကိုတစ်ပြိုင်နက်တည်းချိတ်ဆက်ပေး
ခြင်းအလုပ်ကိုလုပ်ပါတယ်။(မတူညီတဲ့ network ဆိုတာက...ဥပမာ...ကိုယ့်ရုံးမှာ
အင်တာနက်သုံးတယ်..အင်တာနက်အတွက် IP Address က
172.19.22.101 ဖြစ်တယ်ဆိုပါစို့ ....သူက IP Address တစ်ခုပါ....နောက်ကိုယ်
သုံးမယ့်စက်...ကိုယ့်လိုပဲအခြားသူတွေသုံးမယ့်...IP Range က 192.168.2.1-to-254
ဖြစ်တယ်ဆိုပါစို့ ......Router က ကိုယ့်ရဲ့ Local Network ထဲမှာရှိတဲ့ 192.168.2.1 က
နေ 192.168.2.254 အထိကိုယ်သတ်မှတ်ပေးထားတဲ့ ကွန်ပျူတာတွေကို Internet
ရအောင်၊ နောက် Local မှာဆို file sharing တွေသုံးလို့ ရအောင်လမ်းကြောင်းတွေ
သတ်မှတ်ပေးတယ်.....မတူညီတဲ့ IP နှစ်ခုရှိတဲ့ network နှစ်ခုကိုချိတ်ဆက်ပြီး
လမ်းကြောင်း(Route) လုပ်ပေးတာပါ....)
တစ်နည်းအားဖြင့်ပြောရရင်တော့ Server အစားထိုးသုံးစွဲတာဖြစ်ပါတယ်......
Router ကတော့ Server တွေထက် Power Consumption သက်သာသလို
နေရာအထားအသိုမခက်ခဲပါဖူး...ဒါပေမဲ့ Router တွေက Server တွေထက်
ပိုပူတတ်ပါတယ်...ပူလာရင် hang တတ်ပါတယ်.....ထားပါတော့...ဒါကတော့ကြုံလို့ 
ပြောတာပါ......Router တွေက စာလိုပြောရရင် OSI 7 Layer က Layer 3 မှာ
အလုပ်လုပ်ပါတယ်...ခုဆိုရင် Router တွေကို Lan Port 4 Ports နဲ့ Wireless ပါ
ရတဲ့ အထိ Function တွေစုံလင်လာပါပြီ....Ethernet Switches တွေနဲ့ ချိတ်ဆက်မယ်
ဆိုရင်တော့ကွန်ပျူတာအလုံး 200 ကျော်အထိသုံးစွဲလို့ ရနိုင်ပါပြီ.........
Brand တွေလည်းမျိုးစုံရှိသလို ခုခေတ်မှာအကောင်းဆုံးနာမည်အကြီးဆုံးနဲ့ နည်းပညာ
အကောင်းဆုံးကတော့ Cisco Router တွေပါပဲ....


ဒါကတော့ Router ရဲ့ လုပ်ဆောင်ပုံလေးတွေပေါ့ဗျာ...wireless ပိုများပါတယ်..

ဒီပုံလေးကိုကြည့်ရင် Router လုပ်ဆောင်ချက်ကိုနားလည်နိုင်မှာပါ



သမားရိုးကျ Router များနှင့် Cisco Router များကွာခြားချက်

အခြားသော Router တွေကတော့ဗျာ...သူ့ လောက်နည်းပညာမမြင့်ပါဖူး......
နည်းနည်းထပ်ရှင်းရမယ်ဆိုရင်....Router တိုင်းမှာRouting Table ဆိုတာရှိတယ်ဗျ....
ခုနကပြောခဲ့သလိုမတူညီတဲ့ network နှစ်ခုကိုချိတ်ဆက်တော့မယ်ဆိုရင် အဲဒီ Network
နှစ်ခုရဲ့ IP နှစ်ခုကို Router ထဲမှာ ထည့်ပြီးတော့သတ်မှတ်လိုက်တယ်ဆိုရင်.....သာမန်
Router တွေကအလုပ်လုပ်ပါပြီ.....သူက default route table ပဲသတ်မှတ်ထားတာကို
ကျွန်တော်တို့ က IP Range တွေထည့်ပြီးတော့အသုံးပြုကြတာဖြစ်ပါတယ်...ဒီလိုလုပ်ဆောင်
ပုံကသာမန်သမားရိုးကျနည်းပညာနဲ့ သမားရိုးကျ Router တွေအလုပ်လုပ်ဆောင်ပုံဖြစ်ပါတယ်...

D-Link Router





Cisco Router တွေကတော့ Open Source ဖြစ်ပါတယ်...သူက Internetwork Operating System
(IOS ) နဲ့ အလုပ်လုပ်ပြီးတော့ default ROM နဲ့ အလုပ်လုပ်တဲ့အခြား Router တွေနဲ့ ကွာခြားမှုတွေရှိပါတယ်...ဘယ်လိုကွာလဲဆိုရင်....အခြားသော Router တွေက
default Rom ပေါ်မှာ Routing table ရေးထားပြီးသားကိုအချက်အလက်( IP တွေ)ထည့်ပြီး
အသုံးပြုရုံသာဖြစ်ပေမယ့်....Cisco Router တွေကတော့ PC တစ်လုံးလို Boot Process (သူ့ 
ထဲမှာရှိတဲ့ system devices ...CPU,RAM...)တွေပါဝင်ပြီးတော့ PC လိုမျိုး Boot တက်ပြီးတော့
မှသုံးလို့ ရပါတယ်..နောက် Boot Process ပြီးတော့ Routing Table ကိုကိုယ်တိုင် အစအဆုံး
ကိုယ်တိုင်သတ်မှတ်ပေးလို့ ရပါတယ်.....console cable တွေနဲ့ CLI ထဲဝင်ပြီး Management
လုပ်ရတာဖြစ်သလို ...Router မှာပါဝင်တဲ့ ports တွေကိုကိုယ်မသုံးတဲ့ ဟာတွေကို ပိတ်ထားလို့ 
ရသလို VLAN လည်းလုပ်လို့ ရပါတယ်.....Routing တွေကိုလည်း RIP,BGP,EIGRP အစရှိတဲ့
Routing Methods တွေနဲ့ ကိုယ်သတ်မှတ်ချင်သလိုသုံးလို့ ရပါတယ်...ဒီထက်လည်း Cisco ရဲ့ 
အခြားသောနည်းပညာတွေကိုခုဆိုရင်စာမေးပွဲတွေနဲ့ စစ်ဆေးပြီးအတည်ပြုခဲ့တာ..ခုအချိန်မှာတော့
CCNA( Cisco Certified Network Associate) ကနာမည်ကြီးပါတယ်... နောက်ထပ် CCNP,
CCIE တို့ ကလည်နာမည်ကြီးပြီး..အဲဒီစာမေးပွဲတွေအောင်မြင်တဲ့ Cisco ရဲ့ နည်းပညာကျွမ်းကျင်
သူတွေဟာ network ပညာရှင်တွေအဖြစ်ပွဲလယ်တင့်ကြစမြဲပါ......

Cisco နည်းပညာသုံး Linksys Router ( Cisco Router အစစ်မဟုတ်ပါ...Cisco နည်းပညာသုံးထားခြင်းသာဖြစ်ပါသည်)

Cisco Router


Router များအားအသုံးပြုခြင်း

ီD-Link,Belkin,Aztech,Netgear,Linksys,...အစရှိသော company များက Router များနှင့် network
ဆက်စပ်ပစ္စည်းများအားရောင်းချပါတယ်..အဲဒီ Router တွေကိုတော့ Small Office Home Office(SOHO) Network ငယ်များ..အင်တာနက်ဆိုင်များနှင့်အလယ်အလတ်တန်းစား Company များ
တွင်အသုံးပြုကြပါသည်။

Cisco Router များကိုတော့ ISP များ( လက်ရှိ မြန်မာနိုင်ငံ MPT core Network များတွင်အသုံးပြုနေပါ
သည်။) mobile companies များ ...Internet Local Service Provider များနှင့် Enterprise Network
ကြီးများတွင်အသုံးပြုကြပါတယ်......


Router များအလားအလား

နောက်ပိုင်းတွင် cloud computing များထွန်းကားလာလျှင် Router များလည်းပိုပြီးအရေးပါသော
နေရာမှရပ်တည်လာနိုင်မည်ဖြစ်ပြီး Functions များလည်းတစ်ဖြည်းဖြည်းစုံလင်ကာကျွန်တော်တို့ 
လိုအပ်ချက်များကိုဖြည့်တင်းနိုင်မည်ဟုမျှော်လင့်ရပါသည်။


အဟဲ..ဟဲ....
နောက်တစ်ခုကတော့ဈေးတွေပေါ့ဗျာ...Cisco Router တွေကတော့ function တွေစုံသလောက်
ဈေးတွေလည်းမြောက်တယ်ဗျ....အခြား Router တွေထက်ကိုအဆတော်တော်များများကွာခြား
တယ်ဗျ....အဲဒါကြောင့် ခုနောက်ပိုင်းဈေးကျတဲ့အထဲမှာ Cisco Router တွေကော...ရိုးရိုးRouter
တွေပါ......ပါဝင်ပါစေလို့ 






ပညာဗဟုသုတတိုးပွားကြပါစေ

Saturday, 29 December 2012

What is Jailbreak ? Jailbreak ဆိုသည်မှာiOSတွင် ကန့်သတ်မှုများကို ဖောက်ဖျက်၍ မိမိစိတ်ကြိုက် Apple တွင်မရရှိနိုင်သော third-party applications များကို ထည့်သွင်းအသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်း

What is Jailbreak ...?

Jailbreak ဆိုသည်မှာ တဲ့တိုးပြောရရင် ထောင်ဖောက်သည်ပေါ့။ ဘာကြောင့် ထောင်ဖောက်သည် ဟု ဝေါဟာရတွင် ရသနည်းဆိုတော့ Apple ရဲ့ product များဖြစ်ကြတဲ့ iPhone, iPad, iPod Touch စသော iDevices များကို မသုံးပြုမည်ဆိုပါက သူ၏ Firmware (iOS) တွင် ကန့်သတ်ချုပ်ချယ်မှုများ ထည့်သွင်းထားပြီး၊ ယင်းတို့ကို ဖောက်ဖျက်၍ မိမိစိတ်ကြိုက်၊ Apple တွင်မရရှိနိုင်သော third-party applications များကို ထည့်သွင်း အသုံးပြုနိုင်အောင် လုပ်ဆောင်ခြင်းကို "Jailbreak" လုပ်ခြင်းဟုခေါ်သည်။

Jailbreak ပြုလုပ်နိုင်ရန် software များကို အသုံးပြုကြရသည်။ Software များစွာရှိခဲ့သော်လည်း အဓိက software များအဖြစ်
1. redsnOw 2. snOwbreeze တို့ကသာ ယခုချိန်ထိ Jailbreak ပြုလုပ်နိုင်ရန version များမြှင့်ပြီး ထောက်ပံ့ပေးနေပါသည်။

Tethered Jailbreak And Untethered Jailbreak

ယင်းကဲ့သို့ Jailbreak ပြုလုပ်ရာတွင်လည်း နည်းလမ်း နှစ်သွယ်ရှိသည်။

1. Tethered Jailbreak

2. UnTethered Jailbreak တို့ဖြစ်သည်။

Apple မှ iOS တစ်ခု Update အသစ်ပေါ်လာတိုင်း Jailbreak tool များက ချက်ခြင်းလိုက်လံ မထွက်ရှိနိုင်ပဲ တစ်ပတ်၊ နှစ်ပတ်ခန့် ကြာသော်မှ ထွက်ရှိလာတတ်ပါသည်။
iOS တွင် ပြန်လည်ပြင်ဆင်ရသော အခက်အခဲ အခြေနေပေါ်မူတည်ပြီး တစ်ခါတစ်ရံ Tethered Jailbreak အနေနဲ့ ဦးစွာထွက်ရှိလာတတ်ပါသည်။ နောက်မှသာ Untethered Jailbreak အနေနဲ့ ထွက်လာပါသည်။

Tethered Jailbreak

ဆိုသည်မှာ လွယ်လွယ်ပြောရရင် iDevice ကို Jailbreak လုပ်ပေးနိုင်သော်လည်း Device ၏ Power OFF သွားပါက ပုံမှန်အတိုင်း power button ကိုနှိပ်ရုံမျှဖြင့် ပြန် ON ၍မရပဲ Computer ကို အသုံးပြုပြီးမှသာ "Just boot tethered right now" နှင့် ပြုလုပ်ပေးမှသာ Power ON လို့ရပါသည်။

ဒါကြောင့် များသောအားဖြင့် Tethered Jailbreak ကို သိပ်မသုံးကြပဲ Untethered Jailbreak ထွက်သည်အထိ စောင့်စားတတ်ကြပါသည်။

Untethered Jailbreak

ကတော့ အားလုံးပြီးပြည့်စုံသော jailbreak လို့ပြောရပေလိမ့်မည်။ Device ကို Power ON / OFF ပုံမှန်အတိုင်းပင် ပြုလုပ်ရနိုင်ပါပြီ။




 Credit - http://www.moethagyar.info/2011/08/what-is-jailbreak.html

အပျိုကြီးများ၏ သနားစဖွယ် အားငယ်ရသည့်အချက်များ...Joke - ဟာသ

♥ အပျိုကြီးများ၏သနားစဖွယ် အားငယ်ရသည့်အချက်များ... ( ဟာသ )

 
 ၁- ရေချိုးပြီးသနပ်ခါးသွေးပေးမယ့်သူမရှိခြင်း

၂-အိပ်မက်ဆိုးများဖြင့်ညတရေးနိုးလန့်နိုးသော်...နှစ်သိမ့်ရာမရှိခြင်း

၃-အတင်းပြောသမျှ ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးမယ့်သူမရှိခြင်း

၎-ဈေးဝယ်ထွက်ရာတွင် အထုပ်ပေါင်းများစွာကို ကိုယ့်အားကိုကိုးဆွဲသယ်ရခြင်း

၅-အိမ်ကစက်ပစ္စည်း ၊လျှပ်စစ်ပစ္စည်းများပျက်လျှင် ဆိုင်သို့ သာပို့ရရ်ျ ပိုက်ဆံကုန်ခြင်း

၆-နေရာတကာ မီတာဆောင်၊ဖုန်းခွန်ဆောင် မိမိဘာသာသွားလာ ၇ခြင်း

၇-ဆရာလုပ်ခြင်း ပြောချင်တိုင်းပြောခြင်းကိုနာခံမယ့်သူမရှိခြင်း

၈-အများတကာမှ သီတင်းကျွတ်တိုင်းမစားရသေးဘူးလား၊ ဘယ်တော့လဲ၊စသဖြင့်ရိထေ့ငေါ့ခြင်းကို
အောင့်သီးအောင့်သက်ဖြင့် ခံစားနားဆင်ရခြင်း၊
၉-အလှပြင်ပြီးတိုင်း ကြည့်ပြီးလိုအပ်ချက်ပြောပေးခြင်းကိုမခံရခြင်း

၁၀-လကုန်တိုင်း ယောက်ျားအပ်သော အပိုပိုက်ဆံကိုမရခြင်း

၁၁-သရဲကားကြည့်ပြီး ကြောက်တိုင်း ခေါင်းအုံးကိုသာတင်းတင်းဖက်ထားရခြင်း

၁၂-ညောင်းညာတိုင်း အနှိပ်သည်ကိုသာအားကိုး၇ခြင်း

၁၃-လိုင်းကားတိုးစီးရာတွင်အကာကွယ်မရရှိခြင်း

၁၄-ယောင်္ကျားလေးများ၏ မထိတထိစနောက်ခြင်းကို အပြင်သွားလာတိုင်း ခံ၇ခြင်း

၁၅-နေမကောင်းသည့်အခါ ကူကယ်ရာမဲ့ခြင်း

၁၆- မိုးသည်းထန်စွာရွာပြီး..မိုးခြိမ်းသည့်အခါများတွင် တယောက်တည်းစောင်ခေါင်းမြီးခြုံ
ကြောက်လန့်နေရခြင်း

၁၇- အိမ်တွင်သူခိုးကပ်သည့်အခါ မအော်ရဲခြင်း

၁၈-ဘုရားသွားသည့်အခါ..အားမလိုအားမရ သူများတွေကိုသာငေးနေရခြင်း

၁၉-မင်္ဂလာဆောင်ဖိတ်စာရသည့်အခါများတွင် အားငယ်ခြင်းကိုခံစားရခြင်း

၂၀- သွားချင်ရာသွား..အိမ်ပြန်လာသည့်အခါ စိတ်ပူပန်စွာဖြင့် စောင့်မျှော်မည့်သူမရှိခြင်း

၂၁-အိမ်မှုကိစ္စများကို မိမိတယောက်တည်းသာသိမ်းကြုံးလုပ်ရခြင်း

၂၂-မိဘများမှ ကလေးကဲ့သို့ နေရာမပေးဆက်ဆံခြင်းကိုသာ တချိန်လုံးခံရခြင်း

၂၃-မိုးရွာသည့်အခါထီးဆောင်းပေးမည့်သူမရှိခြင်း

၂၄-မိမိလက်စွမ်းပြချက်ထားသမျှ ကောင်းလိုက်တာဟု...ချီးမွမ်းအားပေးမည့်သူ မရှိခြင်း

၂၅-ပွဲလမ်းဘဘင် ၊ အလှူအတန်းများတွင်..အသိစုံတွဲများကြားတွင် တယောက်တည်း
ယောင်နန ထိုင်နေရင်း..မိတ်ဆက်ပေးစရာမရှိခြင်း

၂၆--ကားကိုမိမိကိုယ်တိုင်သာ မောင်းနှင်သွားလာရခြင်း..

၂၇--မောင်ရေ..ကိုကိုရေ..ဟုချွဲနွဲ့ ပြီး အလိုရှိရာပစ္စည်းကို ပူဆာခွင့်မရခြင်း....၊

၂၈-မိမိပြက္ခဒိန်တွင် အထိမ်းမှတ်နေ့ စွဲများမရှိခြင်း၊အထိမ်းအမှတ် လက်ဆောင်များမရခြင်း

၂၉-စိတ်ညစ်၍ငိုတိုင်းချော့မည့်သူမရှိခြင်း

၃၀- တခြားမှာစိတ်ညစ်တိုင်း ရန်လုပ်စိတ်ကောက်ပေါက်ကွဲရန်လူမရှိခြင်း

( အဲ့လိုဆိုတော့..ဘယ်လိုလုပ်ရရင်ကောင်းမလဲနော်...)





Crediy by : http://www.fusarshinlay.com/profiles/blog/show?id=6384739%3ABlogPost%3A509245&xgs=1&xg_source=msg_share_post
ကာတွန်းပုံ - credit by - လှထွန်းဦး

Tuesday, 18 December 2012

2013 အတွက် သုံးဘာသာ ပြက္ခဒိန် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ်

2013 အတွက် သုံးဘာသာ ပြက္ခဒိန်- Only for 2013 year


ပြက္ခဒိန်မကြည့်ဖြစ်သူများအတွက် ကွန်ပျူတာတွင် အသုံးပြုနိုင်သော ၂၀၁၃ ပြက္ခဒိန်ကို အခမဲ့ရယူနိုင်ပါပြီ။ ထိုပြက္ခဒိန်တွင် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် (၃) ဘာသာ ပါရှိပြီး နေ့ကြီး နေ့မြတ်များကိုလည်း ပြည့်စုံစွာ ထည့်ပေးထားပါသည်။ 
 
ရက်ရာဇာ ၊ ပြဿဒါးများလည်း ပါရှိပါသည်။ ရွက်စုတ်ပြက္ခဒိန်ကဲ့သို့ ရက်များကို ကြည့်ရှုနိုင်မှာပါ။ 
၂၀၁၃ အတွက် ရုံးပိတ်ရက် ၊ အားလပ်ရက်များကိုလည်း သီးသန့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၂၀၁၃ အတွက် ပြက္ခဒိန်ကို လိုချင်တယ်ဆိုရင်တော့
 
 အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ။ >>>

http://www.mediafire.com/download.php?p4viahzdasu87jd

Only for 2013 year

 
 
 

Saturday, 15 December 2012

Windows Password နှင့် အခြား User Password မေ့သွားခဲ့လျှင်.


Window XP Administrator password မေ့သွားလို့ ဝင်မရတော့ဘူးဗျာ x((
 
oင်းဒိုးကို F8 နဲ့ ဝင် safemode နဲ့ တက်။ ပြီး၇င် admin account တစ်ခုထပ်ပေါ်လာမယ်။ အဲဒီထဲကိုဝင် control panel ထဲက user accoount ထဲကိုသွားပြီး ကိုမေ့သွားတဲ့ account password ကို ဖျက်လိုဖျက် ၊ ပြင်လိုပြင်လုပ်လို့ ရပါပြီ။ မှတ်ချက်။ သူများစက်တွင်စမ်းရန်မသင့်ပါ။
--------------------------------------

Windows Password နှင့် အခြား User Password မေ့သွားခဲ့လျှင်.

ဒီဆော့ဖ်ဝဲကတော့ Windows administrator password နဲ့ အခြား user password တွေကို
မေ့သွားခဲ့တယ်ဆိုရင်တော့ ဒီဆော့ဖ်ဝဲကို အသုံးပြုပြီး Password တွေကို ပြန်လည်
reset/ remove လုပ်ဆောင်ပေးနိုင်တဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်....
Folder ထဲမှာပါတဲ့ ISO File ကို CD နဲ့ Burn ပြီး Restart ချလိုက်တာနဲ့
အလွယ်တကူ ပြန်လည်လုပ်ဆောင်နိုင်ပါတယ်....။
Password မေ့တတ်သူတွေအတွက် အလွန်အသုံးဝင်ပါတယ်...
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလုတ်ယူနိုင်ပါတယ်....
http://khinmaungsoe11.blogspot.com/2011/09/windows-password-user-password.html

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံ ပညာရေးစနစ် အကြောင်း

ကမ္ဘာ့နံပါတ်တစ် ဖင်လန်နိုင်ငံပညာရေးစနစ်


ဖင်လန်မှာ ဥရောပတိုက် မြောက်ပိုင်း၊ ဘောလ်တစ်ပင်လယ်အနီးရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဖင်းနစ်ရှ်နှင့် ဆွီးဒစ်ရှ် ဘာသာစကားများ ပြောဆိုကြသည်။ ငွေကြေးအားဖြင့် ယူရိုငွေကို သုံးစွဲကြသည်။
မြို့တော်မှာ ဟယ်လ်ဆင်ကီ ဖြစ်သည်။ လူဦးရေ ၅ သန်းကျော်ရှိသည်။ တရားဝင်သုံးစွဲသည့် နိုင်ငံအမည်မှာ ဖင်လန်သမ္မတ နိုင်ငံဖြစ်သည်။ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃ဝ၅ ဒသမ ၅၉ မိုင် ကျယ်ဝန်းသည့် နိုင်ငံဖြစ်သည်။
ဖင်လန်နိုင်ငံဟာ ပညာရေးမှာ ထိပ်ဆုံးအဆင့် သတ်မှတ်ခြင်းခံရပြီး၊ သင်္ချာမှာတော့ တောင်ကိုရီးယားကို နည်း နည်းလေးကပ်ရှုံးပြီး ဒုတိယသင်္ချာ အကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာ ပညာရေးဆိုင်ရာ ကိုယ်စားလှယ် ၁ဝဝ ကျော်လာပြီး ဖင်လန်နိုင်ငံရဲ့ ပညာရေးစနစ်ကို လေ့လာကြရသည်အထိ နာမည်ကျော်ခဲ့တယ်။ ယခု ဒီဆောင်းပါးကလည်း အဲဒီလေ့လာသူတွေထဲက အမေရိကန်နိုင်ငံ ကျောင်းဆရာတစ် ယောက်ရဲ့ သူမြင်တဲ့ ဖင်လန်နိုင်ငံ ပညာရေးစနစ်ကို တင်ပြသွားတာဖြစ်ပါတယ်။
ဖင်လန်နိုင်ငံပညာရေးကောင်းခဲ့တာလည်း မပြောနဲ့လေ၊ ကမ္ဘာ့ပညာရေးအတွက် ငွေကြေးအများ ဆုံးသုံးတဲ့နိုင်ငံလေးနိုင်ငံထဲမှာ စာရင်းဝင်တယ်။ ၂ဝ၁ဝ ခုနှစ်မှာဆိုရင် ဒေသဆိုင်ရာ မူလတန်းနဲ့ အထက်တန်းကျောင်းတွေ အတွက် ပညာရေးအသုံးစရိတ်အဖြစ် သတ်မှတ်တဲ့ငွေကြေးပမာဏက ဒေါ်လာ သန်း ၃၇ဝ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတော်ကရတဲ့ အခွန်ငွေတွေအပေါ်ကနေ ပညာရေးအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုလို့လည်း ဆိုနိုင်တယ်။
OECD နိုင်ငံတွေမှာ PISA ဆိုတဲ့ စာမေးပွဲကို စံတစ်ခုအနေနဲ့ သတ်မှတ်ပြီး ကျင်းပပေးတယ်။ နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းကျောင်းအဆင့် စာမေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ပညာရေး ဌာနကနေစစ်ဆေးပေးတယ်။ ဒီစစ်ဆေးမှုမှာ ဖင်လန်နိုင်ငံက ထိပ်တန်းစာရင်းဝင်နိုင်ငံဖြစ်ခဲ့ပါတယ်။
ဖင်လန်နိုင်ငံမှာ မူကြိုအဆင့်တန်းကို အသက် ၆ နှစ်မှစတက်ရတယ်။ မူကြိုမှာ စာမသင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ဖြစ် အောင်ထားတယ်။ ပညာသင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးတယ်။ မူကြိုပြီးတဲ့နှစ်ကနေ နောက် ၉ နှစ်တိတိ အခြေခံပညာကို သင်ကြားကြရတယ်။ ၉ တန်း ၁ဝ တန်းအဆင့်အောင်ပြီးရင် အဆင့်မြင့်တန်း (upper secondary school) ကိုဆက်တက်ချင်ရင်တက်၊ ဒါမှမဟုတ် အသက်မွေးမှုကျောင်းတွေကို ၃ နှစ်သွားတက်လို့ရတယ်။
အသက်မွေးမှုကျောင်းတွေကလည်း ပေါ့ပျက်ပျက်တော့မအောင်ဘူး။ လုပ်ငန်းခွင်အထိရည်ရွယ်ထားတာတွေဖြစ်လို့ ကျောင်းသင်ပြဋ္ဌာန်းစာရော၊ သတ်မှတ်ထားတဲ့ ဘာသာရပ်ဆိုင်ရာပြဋ္ဌာန်းချက်တွေရော လေ့လာကြရတယ်။ အထက်တန်းနဲ့ အဆင့်မြင့်တန်းတွေပြီးရင် တက္ကသိုလ်ကို မာစတာဘွဲ့အတွက်ဖြစ်စေ၊ PhD ဘွဲ့အတွက် ဖြစ်စေတက်ဖို့သွားကြသလို၊ အသက် မွေးမှုကျောင်းတွေကလည်း ပိုလီတက်ကနစ်ကောလိပ်တွေကို သွားတက်ကြတာများတယ်။ အနည်းဆုံးတော့ ဘက်ချလာဘွဲ့တစ်ခုခု သို့မဟုတ် မာစတာဘွဲ့တွေအတွက် သွားတက်ကြတယ်။

ဖင်လန်နိုင်ငံမှာ အသက် ၂၅ နှစ်လောက်ရောက်မှ ဘွဲ့ရကြတာများတယ်။ တချို့နိုင်ငံတွေမှာက ဘဝ တစ်သက်တာပညာရေးတွေဆိုပြီး ပြောနေပေမယ့် ဖင်လန်နိုင်ငံသားတွေကတော့ ပညာသင်ကြားရေးဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ထားတာကြောင့် အရွယ်ရောက်လာရင် ပညာတတ်တွေ ဖြစ်သွားကြတယ်။ လုပ်ငန်းခွင်အတွက် အသင့်အနေအထားမှာ ရပ်တည်နိုင်သူတွေချည်းဖြစ်ပြီး ပညာတတ် ပေါများတဲ့နိုင်ငံဖြစ်နေတယ်။ သူတို့ ရထားတဲ့ဘွဲ့တွေဟာ သူတို့ဘဝအတွက်၊ သူတို့ အသက်မွေးမှုလုပ်ငန်းတွေအတွက် အသင့်ဖြစ်နေကြတယ်။
ဖင်လန်နိုင်ငံကဆရာတွေဟာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးတွေကများတယ်။ ပညာပေးမယ့် ဆရာတွေဟာ ပညာရေးမှာ လေးစားစရာကောင်းလောက်အောင် ဘွဲထူး ဂုဏ်ထူးတွေနဲ့ပြည့်စုံကြတယ်။ ဆရာတွေဟာ ဆရာအတတ်ပညာနဲ့ပတ်သက်ပြီးတော့လည်း သင်တန်းတွေတက်ရောက်ခဲ့သူတွေဖြစ်ရတယ်။ ကျောင်းဂုဏ်နဲ့လိုက် အောင် ဆရာတွေကလည်း ကိုယ့်ဂုဏ်သိက္ခာကို အရည်အချင်းအစွမ်းပြပြီး လိုက်ပြိုင်ပြရတယ်။ ဖင်လန်နိုင်ငံမှာ နိုင်ငံတော်ကနေ ဂုဏ်ပြုသတ်မှတ်ခံရတဲ့ဆရာတွေဖြစ်အောင် ကြိုးစားပြကြရတယ်။
ဖင်လန်နိုင်ငံပညာရေးစနစ်မှာ ဘွဲ့ရပြီး မာစတာ ဆက်တက်ခွင့်ရတဲ့ကျောင်းသားတွေဟာ စေတနာ့ဝန်ထမ်းပြန်ပြီးဆရာလုပ်ခွင့်ရတယ်။ သူတို့ဘာသာရပ်နယ်ပယ်မှာ သင်ကြားရင်းလေ့လာ ပြန်ပြီးပညာရှာကြရတယ်။ မာစတာတန်းဆက်တက်ဖို့ မမီတဲ့သူတွေကတော့ အထက်တန်း၊ မူကြိုတန်းတွေမှာ ပြန်ပြီး ဆရာလုပ်နိုင်တယ်။
ဖင်လန်နိုင်ငံက မိဘတွေဟာ ပညာရေးသည်သာ သူတို့သားသမီးတွေအတွက် အရေးအပါဆုံးလို့ လက်ခံထားကြတယ်။ ဒါကြောင့်လည်း ဆရာတွေကို အလေးထားကြတယ်။ မိဘနဲ့ ဆရာတွေရဲ့စိတ်ထဲမှာ ကိုယ့်သားသမီးက ကျောင်းမှာညံ့လာရင် သူတို့မှာပဲ တာဝန်ရှိတယ်လို့ လက်ခံထားကြတယ်။ ဒါကြောင့် ညံ့တဲ့ကလေးအတွက် အပြစ်ကို ခံယူစရာရှိရင် မိဘနဲ့ ဆရာတွေကသာ ခံယူကြမယ်လို့ သဘောတူထားကြတယ်။ ဒါကြောင့် ဆရာတွေက ကျောင်းမှာ ကိုယ့်ကိုအပ်နှံထားတဲ့ ကျောင်းသားတွေကို ကောင်းကောင်းသင်၊ လမ်းမှန်ညွှန်ပြ ဂရုစိုက်ကြရတယ်။

မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်သားသမီးက သင်္ချာရမှတ်ကောင်းကောင်းနဲ့ အိမ်ပြန်လာမှ ဆရာတွေကို အသိအမှတ်ပြုကြတယ်။ သူတို့နိုင်ငံမှာက သူတို့ သားသမီးတွေရဲ့အနာဂတ်ကို ဆရာတွေအပေါ် လုံးဝပုံအပ်ထားကြသလို၊ ဆရာတွေကလည်း ယုံမှတ်ပြီး ပုံအပ်ချင်စရာ စိတ်ဓာတ်၊ ပညာအခြေခံတွေ ကောင်းကြတယ်။ မိဘတွေအနေနဲ့ သူတို့သားသမီးတွေရဲ့ ပညာရေးလိုအပ်ချက်တွေကို ဆရာတွေကသာ ဖြည့်ဆည်ပေးနိုင်လိမ့်မယ်လို့ လည်း မှတ်ယူထားကြတယ်။
ဖင်လန်နိုင်ငံမှာ ကျောင်းသားတွေကိုယ်တိုင်က ဆရာတွေအပေါ် အလွန်လေးစားရိုသေကြတယ်။ ဒါပေမယ့် ဆရာတွေကိုတော့ နာမည်ကိုပဲခေါ်ပြီး ဆက်ဆံကြတယ်။ ဆရာနဲ့ကျောင်းသား နေ့လည်စာ အတူစားကြတယ်။ ကလေးတွေအတွက် နေ့လည်စာကို ကျောင်းတွေက အခမဲ့ကျွေးကြတယ်။
သူတို့နိုင်ငံမှာ ၅ တန်း မရောက်မချင်း ကလေးတွေကို အဆင့်ပေးပြီး သတ်မှတ်တာမရှိဘူး။ ၄ တန်း အထိ ကလေးတွေရဲ့ ပညာရည်တိုးတက်မှုကို ဆရာတွေကပဲ ပိုင်းဖြတ်သွားရတယ်။ ကျောင်းစာသင်နှစ် နောက်ဆုံးမှာ စာမေးပွဲတစ်ခုစစ်ပေမယ့် အဲဒီ စာမေးပွဲကရလဒ်ကို ကျောင်းသားတွေလည်းမသိရဘူး၊ မိဘတွေလည်း မသိရဘူး။ ဒီစနစ်က ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုပြီးရှိလာစေဖို့နဲ့ အထင်ကြီးလာစေနိုင်တယ်လို့ ယူဆထားကြတယ်။
တကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ပညာရေးမှာထူးချွန်လာရင် ပညာသင်ဆုတွေပေးတယ်။ ဆရာတွေက သားသမီးအပေါ် ဘယ်လိုပဲပိုင်းဖြတ်သည်ဖြစ်စေ အရည်အချင်းပြည့်ဝသူတွေလို့ လက်ခံထားကြတဲ့အတွက် သူတို့မှာ မိဘတွေနဲ့ ပြဿနာဖြစ်စရာလည်း မလိုကြဘူး။
ဆရာတွေက တစ်ပတ်တစ်ခါ စုဝေးပြီး ကျောင်းသားတွေအရေး ဆွေးနွေးလေ့ရှိကြတယ်။ ကလေးတွေရဲ့ အား နည်းချက်၊ အားသာချက်တွေကို ဒီ အစည်းအဝေးမှာ ပြောကြတယ်။ အထူးသဖြင့် ပုဂ္ဂလိကကျောင်းတွေမှာ ဒီစနစ် ကို အစိုးရကျောင်း တွေထက်ပိုပြီး ဂရုစိုက်လုပ်လေ့ရှိကြတယ်။

ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒမှာ နိုင်ငံတော်က တာဝန်ယူပေးရတဲ့ စာမေးပွဲစနစ်ရှိတယ်။ ကိုယ့်ကျင့် တရားနဲ့ ပြည်သူ့နီတိကို သင်ရိုးညွှန်းတမ်းထဲမှာ ထည့်ပေးထားတယ်။ ဆရာက ကိုယ့်အတန်းကို ဘယ်လိုပုံစံနဲ့ ဒီနှစ်မှာ သွားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်လို သင်ထောက်ကူပစ္စည်းတွေထားမယ်၊ ဘယ်လိုစာအုပ်တွေ ထားမယ်ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တယ်။ ဖင်လန်မှာ ဖင်းနစ်ရှ် စကားနဲ့ ဆွီးဒစ်ရှ်စကားတွေကို ရုံးသုံးအဖြစ် သတ်မှတ်တယ်။ ပုံမှန်ကတော့ ဖင်းနစ်ရှ်စကားပဲ ပြောလေ့ရှိပေမယ့် အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှား စကားတွေလည်း ပြောကြတယ်။
သူတို့ကျောင်းတွေမှာ လှပအောင်ပြင်ဆင်မွမ်းမံထားကြတယ်။ အေးတဲ့နိုင်ငံဖြစ်လို့ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေမှာ မီးဖိုကြီးတွေ ထားပေးထားတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် နေချင်စရာ ပျော်ရွှင်တဲ့ ကမ္ဘာလေးတစ်ခုဖြစ်အောင် ဖန်တီးပေးထားတယ်။ ကျောင်းပတ်ဝန်းကျင်မှာ ရိုင်းပြတဲ့ အပြုအမူ အပြောအဆိုကျင့်ကြံနေထိုင်မှုတွေလည်း မရှိကြဘူး။ ကျောင်းမှာပြဿနာတစ်ခုခုဖြစ်တာ မိဘတွေကိုပါ ဂယက်ရိုက်သွားနိုင်တာကြောင့် အရမ်းကို ဂရုစိုက်လေ့ရှိတယ်။
အိမ်စာဆိုတာ မဆိုစလောက်တွေပဲ လုပ်ကြရတယ်။ ကျောင်းလာတယ်ဆိုတာ ပျော်ပျော်ပါးပါး၊ ရင်းရင်းနှီးနှီးနဲ့ ပညာလာရှာကြတာလို့ သဘောထားကြတယ်။ ကျောင်းမှ သင်ကြားချိန်ကလည်း နည်းတယ်။ အမေရိကန်လိုနိုင်ငံတွေထက် ဆရာတွေ က ၄ဝ ရာခိုင်နှုန်းလောက် အလုပ်သက်သာတယ်လို့ တောင်ပြောကြတယ်။
ကျောင်းအုပ်ကြီးဆိုတာကိုလည်း ပညာအခြေခံ ကောင်းသူတွေကိုပဲ ခန့်လေ့ရှိတယ်။ ကျောင်းအုပ်ဆိုတာထက် general manager လို့သဘောထားကြတယ်။ တစ်ကျောင်းလုံး ကျန်းမာရေး၊ ပညာရေး၊ စားသောက်ရေး၊ သင်ကြားရေးအားလုံးကို လိုက်ပြီးတာဝန်ယူ ဆောင်ရွက်ရတယ်။ ကလေးတစ်ယောက်ညံ့ရင် ဆရာအားလုံးတာဝန်ယူရတယ်။ သူတို့တစ်ပတ်တစ် ကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကလေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးကြတယ်။ ပိုပြီးတော်တဲ့ ကောင်းတဲ့ အတန်းကိုဖြစ်စေ၊ ကျောင်းကိုဖြစ်စေ ပြောင်းပေးကြတယ်။ အဲဒီမှာသင်တဲ့ဆရာတွေက လည်း တကယ့်အတော်ဆုံးဆရာတွေဖြစ်နေတတ်တယ်။ ကျောင်းသား၊ ဆရာ၊ ကျောင်းအုပ်ကြီးတွေရဲ့ ဆက်ဆံရေးဟာ ဘာမှအဟန့်အတား အဆီးအတားတွေမရှိဘူး။ ပွင့်လင်းစွာဆက်ဆံပြောဆိုကြတယ်။
ဖင်လန်မှာ ဆရာတွေလစာကောင်းတယ်။ အခြေခံပညာကျောင်းတွေမှာ ဆရာတစ်ယောက်ရဲ့ တစ်နာရီဝင်ငွေဟာ ဒေါ်လာ ၄၅ နဲ့ ၅ဝ မှာရှိတယ်။ အထက်တန်းပြဆရာတွေဆိုရင် တစ်နာရီကို ဒေါ်လာ ၇၅ ကနေ ၈ဝ အထိရကြတယ်။ စာသင်ခန်း တစ်ခန်းကို ကျောင်းသား ၁၈ ယောက်ကနေ ၂ဝ အထိပဲ သင်ကြားပေးရတယ်။
သူတို့နိုင်ငံက လူနေမှုအဆင့်အတန်းမြင့်မားတာကြောင့် ပညာသင်စရိတ်ဟာ သူတို့အတွက် အလွန်သက်သာတယ်လို့ပြောနိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေဟာ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကနေ လွတ်ကင်းကြတယ်။ ကျောင်းတွေကို အကောင်းဆုံးမွမ်းမံပြင်ဆင် ထူထောင်ထားကြပြီး သင်ကြားတဲ့ သင်ရိုးညွှန်းတမ်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေမှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်အပြည့်ပေးထားတယ်။
ဖင်လန်နိုင်ငံ ပညာရေးဝန်ကြီး ဟန်နာ ဗတ်ကူနန်ကတော့ သူတို့နိုင်ငံက လူတော်တွေထွက်တာကို ဘယ်လိုဂုဏ်ယူပြီး ပြောသွားသလဲဆိုရင်
''ကျွန်မတို့ဖင်လန်နိုင်ငံပညာရေးစနစ်က တကယ်တော်တဲ့သူတွေကို တကယ်ချီးမြှောက်တယ်။ ခုဆိုရင် ဘာသာရပ်အလိုက် ထူးချွန်သူတွေကို ဘယ်လို အထောက်အကူပေးရမလဲဆိုတဲ့ ရှေ့ပြေး စီမံချက်တွေကို စတင် အကောင်အထည်ဖော်နေပြီ'' လို့ ပြောဝံ့တဲ့အနေအထားကို ရောက်နေပြီ။
တင်ညွန့်

Ref : How Does Finland's Education Become The Best In The World?, by Vic Spencer
Source : မောက္ခပညာရေးမဂ္ဂဇင်း
Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................