~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 6 August 2012

ခုနှစ်ရက် သားသမီးများအတွက် ( ၆.၈.၁၂ ) မှ ( ၁၃.၈.၁၂ ) ထိ တပတ်စာ ဗေဒင်ဟောစာတမ်း

ခုနှစ်ရက်သားသမီးများအတွက် ( ၆.၈.၁၂ ) မှ ( ၁၃.၈.၁၂ ) ထိတပတ်စာ ဗေဒင်ဟောစာတမ်း

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ

တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

အလုပ်အကိုင်တိုးတက်ခြင်း၊ လုပ်ငန်းတိုးချဲ့ရန်ဖြစ်လာခြင်း၊ အိမ်၊ အခန်းသစ်ပြောင်းရခြင်း
ဘုရားဖူးသွားရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများ လုပ်နေရခြင်း များဖြစ်တတ်
သည်။ အလှူအတန်းလုပ်ရတတ်သည်။ အလှူလုပ်ပြီးသော် ထီပေါက်တတ်ခြင်း၊ နာမည်
ဂုဏ်သတင်းကြီးခြင်းဖြစ်တတ်သည်။ စီးပွားတက်နေမည်။

ကျန်းမာရေး။ အကြောနာခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၂ ၄ ၇)

တနင်္လာသားသမီးများ၏ကံကြမ္မာ
ပြည်တွင်းပြည်ပခရီးသွားရခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ ငွေများစွာဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်း၊
စာအုပ်ကောင်းများရခြင်း၊ အိမ်ပြုပြင်ရခြင်း၊ သင်တန်းတက်ရခြင်း၊
ပညာသင်ရခြင်းများဖြစ်တတ်သည်။ အလုပ်တွင်ခိုက်ရန်ဖြစ်ပွားတတ်သည်။ သွေးထွက်သံယိုမှု
များဖြစ်တတ်သည်။ အစစအရာရာသည်းခံပြီးနေပါ။ အထက်လူကြီး
ဆရာသမားကြောင့်စိတ်ညစ်စရာဖြစ်နေတတ်သည်။ နာရီအသစ်မ၀ယ်ပါနှင့်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်း၊ ၀မ်းဗိုက်အောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်စားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံေ
ကြာ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂ ၅ ၆ ၆)

အင်္ဂါသားသမီးများကံကြမ္မာ

စိတ်တိုင်းမကျဖြစ်နေတတ်သည်။ လူပင်ပမ်း၊ စိတ်ပင်ပမ်းခြင်းများဖြစ်နေမည်။ ရွှေအသစ်ဝင်ခြင်း၊
ငွေဝင်ခြင်းများဖြစ်မည်။ မြေ၊ ကွန်ပြူတာဝင်တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီး
အသစ်များဝင်မည်။ အခန်းပြောင်းခြင်း၊ အလုပ်နေရာပြောင်းခြင်းဖြစ်တတ်သည်။ စိတ်ပြေစေရန်ပျော်ပွဲရွှင်
ပွဲများသွားခြင်း၊ ခလေးငယ်များကိုရုပ်ရှင်လိုက်ပြခြင်း၊ မုန့်ကျွေးခြင်းများပြုလုပ်ပေးလျှင်ကောင်းသည်။

ကျန်းမာရေး။ အဆုတ်အအေးမိပြီးချောင်းဆိုးခြင်း၊ နှာစီးခြင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်းကြီးသုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆ ၄ ၄ ၆)

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်နေရခြင်း၊ လူမျိုးခြားများနှင့်လုပ်ငန်းများလုပ်ရန်ဖြစ်ပေါ်နေခြင်း၊
နိုင်ငံခြားခရီးသွားရခြင်းများဖြစ်နေမည်။မြေ၀င်ခြင်း၊ စနေနံပစ္စည်းများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ မိဘများ၊
မိတ်ဆွေဟောင်းများနှင့်ပြန်လည်ဆုံတွေ့ရခြင်းဖြစ်တတ်သည်။ ငွေဝင်မည်။ သို့သော်အကျိုးမရှိကုန်နေတတ်သည်။ သူခိုးခိုးခံရတတ်သည်။ ငွေပျောက်တတ်သည်။ အစစအရာရာသတိထားပါ။

ကျန်းမာရေး။ အစားမှားပြီးသွေးတိုးခြင်း၊ ကိုက်ခဲခြင်းများဖြစ်တတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်ဘဲအလုပ်များနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်တီသုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၀)

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

ဆိုင်ကယ်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်း၊ ၀င်းခြံဝင်ခြင်း၊ ကားဝင်ခြင်း၊ တိုက်ခန်းဝင်ခြင်းများဖြစ်တတ်သည်။ ပျော်ရွှင်သောခရီးသွားရခြင်း
လူမျိုးခြားများ၏ကူညီမှုရခြင်းများဖြစ်တတ်သည်။ ထီမထိုးပါနှင့် ယခုရက်ပိုင်းထီပေါက်သောမိမိ မိသားစုတွင်သက်ကြီး
သူဆုံးပါးတတ်သည်။ ခင်မင်သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ လူလိမ်ခံရခြင်း၊ လူလုခံရခြင်းဖြစ်တတ်သည်။

ကျန်းမာရေး။ ခါးကြောညှပ်ခြင်း၊ ကျောအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဟင်းခါးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၀)

သောကြာသားသမီးများ၏ကံကြမ္မာ

ဝင်ငွေကောင်းခြင်း၊ လစာတိုးခြင်း၊ အလုပ်တွင်ကူညီမဲ့သူပေါ်လာခြင်း၊ ငွေဝင်သော်လည်းကုန်စရာ
များကုန်နေသည်၊အကျိုးရှိစွာကုန်နေရတတ်သည်။ မိတ်ဆွေသစ်များတိုးခြင်း၊ လာဘ်ရွှင်ခြင်း၊
မိမိနာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ နာမည်ကောင်းရခြင်း၊ လူချစ်လူခင်ပေါနေခြင်းများဖြစ်နေသည်။
လက်ဆောင်ပစ္စည်များရခြင်း၊ အစားအသောက်ဒါနပြုသူများမကြာခဏကြုံနေရမည်။ စီးပွားတက်နေမည်။

ကျန်းမာရေး။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်ချမ်းသာမှုများဖြင့်အစစအရာရာအဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြာဇံချက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅ ၁ ၆ ၂)

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်ပြောင်းရွေ့ရခြင်း၊ ကောင်းသောပြောင်းခြင်းဖြစ်မည်။ အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်း၊
ဆွေမျိုးသားချင်းများကို ကူညီထောက်ပံ့ခြင်းများ ပြုလုပ်နေရမည်။ မိခင်ဖခင်များအတွက်ပူပင်သော
ကဖြစ်နေရတတ်သည်။ အရေးကြီး စာရွက်စာတမ်းပျောက်တတ်သည်။ စာရင်းအင်းသတိထားပါ။
စာရင်းအင်းမှားပြီးငွေစိုက်ဖြေရှင်းရတတ်သည်။ ၀င်ငွေကောင်းမည်။

ကျန်းမာရေး။ ဆီးအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်တူကိုယ်တူမတွေ့သေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ခေါက်ဆွဲကြော်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၉ ၇ ၆)
 


* ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*


ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏ တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ ထိ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – +6016 6903 513 , +6018 2250 510
E- mail:swezinwati@gmail.com
 
 
credit FNG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................