~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 6 August 2012

Stevejob မှာ စိတ်ကူးယဉ်အိပ်မက် တစ်ခုကျန်ရှိခဲ့ပါသေးတယ်။ Apple မှထုတ်လုပ်မည့် iCar သို့မဟုတ် iMove

Apple ပူးတွဲတည်ထောင်သူ စီအီးအို စတိဂျော့ကို လူတိုင်း သိရှိပြီးသား ဖြစ်ပါတယ်။

သူမတူတဲ့ innovation၊ အတွေးအခေါ်အယူအဆများစွာရှိပြီး နည်းပညာလောကကို လမ်းသစ်ထွင်ပေး နိုင်ခဲ့တဲ့ Stevejob မှာ စိတ်ကူးယဉ်အိပ်မက် တစ်ခုကျန်ရှိခဲ့ပါသေးတယ်။ ယင်းစိတ်ကူးယဉ်အိပ်မက်ကတော့ Apple မှ ထုတ်တဲ့ ကားပဲ ဖြစ်ပါတယ်။

တကယ်ပဲ ကားလှလှလေးများ ထုတ်လုပ်ဖို့ရည်ရွယ်ချက်ရှိ တဲ့ စတိဂျော့မှာ သက်ရှင်ထင်ရှားရှိစဉ်မှာ Volkswagen မော်တော်ယဉ်ထုတ်လုပ်ရေးမှ အရာရှိကြီးများနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ပြီးတော့ Apple မှ ကားထုတ်လုပ်ရန်ရည်ရွယ်ချက်ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ခဲ့ပြီး အကျိုးတူပူးပေါင်း ရန် ဆွေးနွေးခဲ့ကြ ပါတယ်။

နောက်တော့ Volkswagen ဟာ ဒီဇိုင်နာအချို့ကို Apple product များလေ့လာစေပြီး Apple တံဆိပ်နဲ့ ကိုက်ညီမယ့် ကားပုံစံကို ဖန်တီးခိုင်းပါတယ်။ နောက်ဆုံးတော့ အီတလီ ကားဒီဇိုင်နာ Liviu Tudoran ကို နှစ်သက်သဘောကျပြီး Apple ထုတ်ကားကို ဒီလိုဖြစ်လာမယ်လို့ မျော်လင့်ခဲ့ ပါတယ်။

၂၀၁၀ခုနှစ်မှ ထုတ်ဖော်ပြသခဲ့ဖူးတဲ့ ယင်းဒီဇိုင်းကို ကြိုက်နှစ်သက်သူများပြားပါတယ်။ သို့ပေမယ့် Stevejob ရဲ့ဆုံးဖြတ်ချက်အရ Apple ကားထုတ်လုပ်မှုကို ၂၀၂၀ ခုနှစ်မှ စတင်မယ်လို့ ဆိုပါတယ်။ အခုတော့ စတိဂျော့မရှိတော့ပါဘူး။ စတိဂျော့မရှိတော့တဲ့အချိန် Apple မှ ကားထုတ်လုပ်မယ် မထုတ်လုပ်မယ်ဆိုတာ သေချာတဲ့ အခြေအနေမဟုတ်တော့ပါဘူး။


လက်ရှိ Apple ဥက္ကဌ Tim cook ကတော့ ဒီအတွက် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ သို့ပေမယ့် ၂၀၂၀ ခုနှစ်မှာ Apple ကား (iMove လို့အမည်ပေးထားပါတယ်) ကို အမှန်တကယ်ထုတ် လုပ်ရောင်းချနိုင်မယ်လို့ Apple fan များက ယုံကြည်နေကြပါတယ်။ အမေရိကန်မှာ ပိုမိုတိုးတက်လာပြီဖြစ်တဲ့ လျှပ်စစ်ကား (concept car) လောကကို နည်းပညာကုမ္မဏီတော်တော်များများ စိတ်ဝင်စားနေကြပါပြီ။ လူငယ်တွေအတွက် ရည်ရွယ်ပြီး စတိဂျော့က Youth car ထုတ်လုပ်ဖို့ ဆန္ဒရှိခဲ့ ပြီးသား ဖြစ်ပါ တယ်။
 
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ကားဟာ အရွယ်အစားငယ်ပြီး လျှပ်စစ်ဓာတ်အားသာမက၊ နေရောင်ခြည်စွမ်းအင်ကို လည်းအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အရောင်ကိုလည်း Electronic panel control နဲ့လိုသလို ပြောင်းလဲနိုင် စေ မယ်လို့ ဆိုပါတယ်။ ကာဘွန်ဓာတ်ငွေ့ ထုတ်လွတ်မှု လုံးဝမရှိမယ့် လျှပ်စစ်နဲ့ ဆိုလာစွမ်းအင်အပြည့်အဝ သုံး ကား ဖြစ်ပြီး iMove ကို ၂၀၂၀ မှာ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သတင်းထွက်လျက်ရှိပါတယ်။ 

 Ref:realitypod.com
Photo courtesy of realitypod. All Rights Reserved.











credit Techspace

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................