~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 30 August 2012

သွေးအုပ်စုကပြောတဲ့ သင့်ကျန်းမာရေး

 
သင်ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ မျှတတဲ့ အာဟာရတွေ စားသုံးဖို့ ကျန်းမာရေးလေ့ကျင့်ခန်းတွေ မှန်မှန်လုပ်ဖို့ လိုအပ်မယ်ဆိုတာ သင်သိကောင်းသိမှာပါ။ သင့်ရဲ့ မွေးရာပါ ဗီဇကလည်း သင့်ကျန်းမာရေးအပေါ်မှာ ဘယ်လောက်ထိ အကျိုးသက်ရောက်လဲဆိုတာကို သင်သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် သင့်ရဲ့ သွေးအုပ်စုက သင့်ကျန်းမာရေးအတွက် အခန်းကဏ္ဍတစ်ရပ် ပါဝင်ဆောင်ရွက်ပေးတယ် ဆိုတာကိုတော့ သင်မသိလောက်သေးပါဘူး။ သင့်ရဲ့ သွေးအုပ်စုကြောင့် သင့်ခန္ဓာကိုယ်က ကိုယ်ခံအားစံနစ်မှာ ဘယ်လိုရောဂါတွေကို သူများတွေထက် ပိုခံနိုင်ရည်ရှိလဲဆိုတာ သိချင်နေမယ် ထင်ပါတယ်။
 
 
သွေးအုပ်စု အို (O)
၂၀၁၁ ခုနှစ်မှာ ဖီလဒဲဖီယားက ပင်ဆယ်ဗေးနီယား တက္ကသိုလ်ရဲ့ နှလုံးသွေးကြော ဌာနက တွဲဖက်ပါမောက္ခ မူရာဒက် ရိုင်လေနဲ့ အဖွဲ့ဟာ ADAMTS7 လို့ခေါ်တဲ့ မျိုးဗီဇတစ်မျိုးက နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သွေးအုပ်စု အို ရှိတဲ့ သူတွေမှာတော့ ဒီ ADAMTS7 ဟာ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာအောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒါ့အပြင် သွေးအုပ်စု အို သမားတွေဟာ ငှက်ဖျား၊ ဆစ်ဖလစ်၊ အစာအိမ်ကင်စာနဲ့ တီဘီရောဂါကို ပိုမိုခံနိုင်ရည်ရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် တခြားတစ်ဖက်ကနေ ကြည့်ရင်တော့ အစာအိမ် အနာပေါက်တာ၊ သွေးပြန်ကြော ပိတ်ဆို့တာနဲ့ ကာလဝမ်းရောဂါတို့ကို ခံနိုင်ရည်အား နည်းတာ တွေ့ရှိရပါတယ်။ ဒါ့အပြင် သူများထက် ပိုပြီး ခြင်ကိုက်ခံရတာကို လေ့လာတွေ့ရှိရပါတယ်။ ဒိန်းမတ် သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အိုသွေးပိုင်ရှင်တွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှု မြင့်မားတဲ့ အလုပ်ခွင်မှာ လုပ်ကိုင်ရရင် အဝလွန်ရောဂါ ဖြစ်နိုင်ချေ အလွန်မြင့်မားတယ်လို့ သိရှိရပါတယ်။
 
 
သွေးအုပ်စု အေ (A)
အေသွေးပိုင်ရှင်တွေဟာ တခြား သွေးအုပ်စုတွေထက် အစာအိမ်ကင်ဆာ ဖြစ်ပွားနှုန်း ပိုမိုများပြားတယ်လို့ စစ်တမ်းတွေက ဖော်ပြထားပါတယ်။ အကြောင်းရင်းကို ခုချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေမယ့် အေသွေးပိုင်ရှင်တွေဟာ အရက်၊ ဆေးလိပ်နဲ့ တီးရွိုက်မပါတဲ့ အယောင်ကျဆေးတွေကြောင့် အစာအိမ်ကင်ဆာ ဖြစ်ပွားနှုန်း မြင့်တယ်လို့ ယူဆထားပါတယ်။ ဒါ့အပြင် လတ်တလော လေ့လာမှုတွေအရ ဝမ်းပျက်လွယ်တယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ ထူးခြားတဲ့အချက်ကတော့ သွေးအုပ်စုအေတွေဟာ သန္ဓေအောင်နှုန်း မြင့်မားကြပြီး ကိုယ်ဝန်ရလွယ်ကြတာပါပဲ။
 
 
သွေးအုပ်စု အေဘီ (AB)
အေဘီ သွေးအုပ်စုဟာ ရှားပါးသွေးအုပ်စုဖြစ်ပါတယ်။ ဒါကြောင့် ဒီသွေးအုပ်စုနဲ့ ပတ်သက်တဲ့ သုတေသနတွေဟာ အလွန်ရှားပါးပါတယ်။ ဒါပေမယ့် Eating Right for Your Type စာအုပ်ကို ရေးသားသူ သမားတော် ပီတာ ဒါဒမ်မိုက နား၊ နှာခေါင်း၊ လည်ချောင်း၊ အူလမ်းကြောင်း၊ သွေးအားနည်းရောဂါတွေနဲ့ နှလုံးအားနည်းတဲ့ ရောဂါတွေ ဖြစ်တတ်တယ်လို့ သူ့စာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အေဘီနဲ့ ဘီသွေးပိုင်ရှင် အမျိုးသမီးတွေဟာ မျိုးဥနဲ့ မုန့်ချိုအိတ် (ပန်ကရိယ) ဆိုင်ရာ ရောဂါတွေ အဖြစ်များပြီး အေဘီသွေးပိုင်ရှင်တွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်တက်တာမျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
 
သွေးအုပ်စု ဘီ (B)
The Blood Type Diet စာအုပ်ကို ရေးသားသူ ဒေါက်တာ မိုက်ကယ်လမ်ရဲ့ အဆိုအရ သွေးအုပ်စု ဘီပိုင်ရှင်တွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါအများစုနဲ့ ပြင်းထန်တဲ့ ရောဂါ အတော်များများကို ခံနိုင်ရည်ရှိပါတယ်တဲ့။ ဒါပေမယ့် သူတို့ဟာ လေဖြတ်တာ၊ ကိုယ်ခံအားစနစ်နဲ့ သက်ဆိုင်တဲ့ ရောဂါအများစု ဥပမာ – နာတာရှည် အမောဖောက်တာနဲ့ ကြွက်သားယောင်ယမ်းတဲ့ ရောဂါတွေ ဖြစ်လွယ်ပါတယ်တဲ့။
သင်ရော ဘယ်သွေးအုပ်စုလဲ
 
 
 
 
Hollinaz
 
credit delodelo.com
 
 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................