~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 30 August 2012

သူငယ်ချင်းနည်းနည်းကိုသာ ပေါင်းတတ်သူလား? အပေါင်းအသင်းမင်သူလား? ဆန်းစစ် ကြည့်ရအောင်…



သင့်မှာ သူငယ်ချင်းတွေ အများကြီးရှိလား။ သူငယ်ချင်းနည်းနည်းကိုသာ ပေါင်းတတ်သူလား။ သင်က သူငယ်ချင်းတွေကို လိုက်ပေါင်းရသလား။ သူငယ်ချင်းတွေက သင့်ကို လိုက်ပေါင်းရတာလားဆိုတာ ဆန်းစစ် ကြည့်ရအောင်…။

အပေါင်းအသင်းမင်သူပါ

သင်ဟာ သင့်နားမှာ သူငယ်ချင်းမိတ်ဆွေတွေ ပေါများနေမှ နေပျော်တတ်သူပါ။ အပေါင်းအသင်း အရမ်းမင်ပါတယ်။ တစ်ယောက်တည်း မနေတတ်ပါဘူး။ တစ်ယောက်တည်းဖြစ်ရင်တောင် အွန်လိုင်း ပေါ်တက်ကာ Facebook သုံးခြင်း၊ Chatting ဝင်ခြင်းတို့ ပြုလုပ်တတ်ပါတယ်။ လူဆိုတာ တစ်ယောက်တည်း နေရချိန်တွေ ရှိပါတယ်။ အမြဲတမ်းအပေါင်းအသင်းတွေနဲ့ ဟေးလား ဝါးလား လုပ်နေလို့ မရပါဘူး။ ဒါကြောင့် တစ်ခါတလေ ဘယ်သူနဲ့မှ မဆက်သွယ်ဘဲ တစ်ယောက်တည်းနေကြည့်ပါ။ သင့်သူငယ်ချင်းတွေကို အရေးထားသလို သင့်ကိုယ်သင်လည်း အလေးတတ်လာပါလိမ့်မယ်။ ပြီးတော့ ဒီလိုလူမျိုးတွေဟာ သူငယ်ချင်းစကားနားယောင်လေ့ရှိတာကြောင့် အပေါင်းအသင်းမမှားအောင် သတိထားဖို့တော့ လိုပါလိမ့်မယ်။

အခြေအနေအချိန်အခါအလိုက် နေထိုင်တတ်သူ ပါ

သင်ဟာ သူငယ်ချင်းတွေက မုန့်သွားစားကြမယ်ဟေ့ဆိုရင်လည်း ပိုက်ဆံအိတ် အသင့်ကိုင်ပြီး လိုက်ဖို့ အဆင်သင့်ပါပဲ။ တစ်ယောက်တည်း အိမ်စောင့်နေရမယ်ဆိုလည်း ပျော်ပျော်ကြီးပါပဲ။ သူငယ်ချင်းတွေကိုခင်ပေမယ့် သူတို့မရှိရင် မနေတတ် တဲ့သူမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ သူငယ်ချင်းတွေ အများကြီးလည်း မပေါင်းတတ်ဘူး။ ရှိတဲ့သူငယ်ချင်းကိုသာ အတွင်း ကျကျ ရင်းရင်းနှီးနှီး ပေါင်းတတ်တယ်။ အခင်ဆုံးသူငယ်ချင်းတချို့နဲ့သာ ပေါင်းသင်းလေ့ရှိသူပါ။

ခင်ချင်သူတွေ များနေသူပါ

သင်ဟာ ကံကောင်းပါတယ်။ သင့်မှာ အလိုလိုနေရင်း ခင်ချင်သူတွေ၊ ပေါင်းချင်သူတွေ များနေတတ်ပါတယ်။ သင်ဟာ လူ အများကြားမှာ ပေါ်လွင်ထင်ရှားနေကာ လူတွေအပေါ် သြဇာရှိသူပါ။ သင် သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သင့်ကို ခေါင်းဆောင်နေရာမှာ ထားတတ်ကြပါတယ်။ လူတွေအများကြီးနဲ့ဆက်ဆံရလို့ တစ်ခါတလေ စိတ်ကုန်နေတတ်ပါတယ်။ စိတ်မကျဉ်းကျပ်ရလေအောင် တစ်ခါတလေ ဖုန်းတွေပိတ်ထားပြီး နေလိုက်ပါ။






credit De lo De lo

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................