Minitool Partition Wizard Server Edition v7.1
အဲဒီနည်းနဲ့ ကွန်ပျူတာ အသစ်ကို ပါတေးရှင်း ၅ခုခွဲတာ တစ်ခုပဲရတယ် ကျန်တာ အယ်ရာပြနေတယ် နောက်ဆုံးတစ်ဆင့်ကိုမရဘူး ပြန်ဖျက်လို့လဲမရဘူး ကူညီပါအုံးဗျာ
ဒီ
Comment လေးကတော့ နည်းနည်း ကြာနေပါပြီ..။ Hard Disk ကို Partition ခွဲနည်း ပိုစ့်မှာ ရေးထားတဲ့ အစ်ကိုမိုးရဲ့
Comment လေးကို ပြန်လည် သတိရလာလို့.. ကျနော်ကိုယ်တိုင်လည်း စက်အသစ်ကို Partition
ခွဲလို့ မရတဲ့ ပြဿနာကြုံလာမှ အဖြေကို လိုက်ရှာရင်း.. ဒီဆော့ဝဲလ်လေးနဲ့
အဆင်ပြေသွားပါတယ်..။ ကျနော့်လိုပဲ အခက်အခဲကြုံနေတဲ့ သူများအတွက်
အသုံးပြုတတ်အောင်လို့ ဒီကောင်လေးနဲ့ အသုံးပြုနည်း လေးတွေကို ပုံလေးတွေနဲ့
ရှင်းပြထားပါတယ်..။
ဒီကောင်လေးနဲ့ Hard Disk တခုလုံးကို အစုံသုံးလို့
ရပါတယ်..။ Resize/Move partitions, Merge Partition, Change Cluster Size, Copy
Partition, Copy Disk, Create partition and Delete partitions, Format partitions,
Convert partitions, Explore partitions, Hide and Unhide partitions, Set active
partition, Convert Dynamic Disk to Basic Disk, ဟတ်ဒစ်အတွက် အားလုံးနီးပါပါပဲ..
ဒီပိုစ့်မှာတော့ Partition ခွဲတာကိုပဲ ရှင်းပြသွားမှာပါ..။
ဟိုးအရင်တုန်း
စက်တလုံးမှာ Dynamic Disk ဖြစ်နေလို့ ဘယ်လိုမှ Partition ခွဲလို့မရဖြစ်ဖူးပါတယ်..။
အဲတုန်းက ဒီကောင်လေးကို မသိခဲ့လို့ Partition ထဲက Data တွေအားလုံး ပျက်စီးသွားခဲ့
ရပါတယ်..။ ခုချိန်မှာတော့ ဒီကောင်လေးနဲ့ ဟတ်ဒစ်တခုလုံးကို အသုံးပြုလို့
ရသွားပါပြီ.. အသုံးပြုရတာ လွယ်ပေမယ့် မသုံးတတ်သေးတဲ့
သူများအတွက် အောက်မှာ Partition ခွဲနည်းကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်..။ တခြား
အသုံးဝင်တာတွေကိုတော့ မိမိတို့ဖာသာ ဖြေးဖြေးချင်း စမ်းသပ်အသုံးပြုကြည့်ကြပါဗျာ..။
လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါ..။ ဖိုင်ဆိုဒ်ကတော့ 10.1 MB
ရှိပါတယ်..။ သူ့အတွက် ကီးလေးပါ ထည့်ပေးထားပါတယ်..။
အပေါ်ဆုံးပုံကတော့ ဒီကောင်လေးနဲ့
အသုံးမပြုခင် တွေ့ရတဲ့ပုံလေးတွေကို အရင်ပြထားပါတယ်..။
ဒုတိယပုံကတော့ ဆော့ဝဲလ်မသုံးပဲ ပုံမှန် partition ခွဲတဲ့အခါမှာ ဒီလိုမျိုးပုံလေးတွေနဲ့
ကြုံရတဲ့ ပြဿနာပါ..။ ပုံတွေများနေလို့ အောက်ပုံလေးအတိုင်း
စုပြီး ပြပေးလိုက်ပါတယ်..။
ဆော့ဝဲလ်မသုံးပဲ ပုံမှန်နည်းနဲ့ partition ခွဲတဲ့အခါမှာ နောက်ဆုံးအဆင့်ရောက်မှ
အပေါ်ကပုံမျိုး ပေါ်လာပြီး မရတော့ဘူး.. တခါတည်း မဟုတ်ပါဘူး ၄၊၅ ခါစမ်းပြီး
ပါပြီ.. ပြောင်းမသွားပါဘူး ဒီအတိုင်း ပါပဲ..။ အဲတော့
ကျနော်တို့ အောက်ပုံလေးအတိုင်း Minitool Partition Wizard Server Edition
v7.1 ကို စက်ထဲ Install ထည့်ပြီး လုပ်ကြည့်ရအောင်..။ ကျနော်လုပ်တာ အဆင်ပြေပါတယ်..။
ဒါက ဒုတိယ Partition ပါ..။ ပထမ Partition ကိုလည်း ဒီကောင်လေးနဲ့ပဲ
စမ်းသပ် အောင်မြင်ပြီးမှ အခုဒီပိုစ့်ကို ဒုတိယ Partition နဲ့ လုပ်ပြထားပါတယ်..။
ဆက်ကြည့်ရအောင်ဗျာ..
ဒီဆော့ဝဲလ်ကို ဖွင့်ပြီးရင် အောက်ကပုံလေးအတိုင်း
မိမိတို့ ခွဲထုတ်ချင်တဲ့ လက်ရှိအပိုင်းကို တချက်ကလစ်လိုက်ပါ..။ ကျနော်ကတော့ Windows
ရှိတဲ့ အပိုင်းထဲက ခွဲထုတ်မှာပါ..။ ဒါကြောင့် C:OS ဆိုတဲ့ အပိုင်းကို
တချက်ကလစ်ပြီး အောက်ကပုံလို စလက်ပေးထားတဲ့ အရောင်လေးပေါ်နေရင် မျှားပြထားတဲ့ အတိုင်း
Move/Resize ကိုဆက်နှိပ်ပါ..။
ပြီးရင်တော့ ဘောက်စ်အသစ်တခု ပေါ်လာရင်
အပေါ်ကပုံလိုမျိုး B နေရာကို မောက်စ်မျှားနဲ့ ဖိပြီး
ဘယ်၊ညာ ဖြေးဖြေးချင်း ရွှေ့လိုက်ရင် C နေရာမှာ MB/GB တန်ဖိုး အရေအတွက်
ဂဏန်းတွေ ပေါ်လာပါလိမ့်မယ်..။ အောက်ပုံမှာ ဆက်ကြည့်ပါ..။
ကျနော်ကတော့ အပေါ်ပုံအတိုင်း 150 GB
ခွဲထုတ်မှာပါ..။ မိမိတို့ စိတ်ကြိုက် GB ယူပြီးရင် OK နှိပ်ပါ..။ အောက်ကပုံမှာ
မျှားပြထားတဲ့ အပိုင်း ပေါ်လာပါပြီ..။ အဲဒါဆိုရင်တော့ ဘယ်ဘက်အပေါ်ထောင့်က Apply
ကိုတချက်ကလစ်လိုက်ပါ..။
အပေါ်က ဘောက်စ်အသေးလေး ပေါ်လာရင် Yes လိုက်ပါ..။
Yes မနှိပ်ခင် မိမိတို့ စက်ထဲမှာ သိမ်းစရာရှိတာ အားလုံးသိမ်းပြီးမှ Yes
လုပ်ပါလို့ ရေးထားပါတယ်..။ ပြီးရင်တော့ အောက်ပုံ အတိုင်း ပေါ်လာရင် Restart Now
ကိုကလစ်လိုက်ပါ..။ စက်ပိတ်ကျသွားပါလိမ့်မယ်..။
စက်ပိတ်ပြီး ပြန်ပွင့်လာရင် ဝင်းဒိုးတက်လာမှာ
မဟုတ်ပါဘူး..။ ဒီဆော့ဝဲလ် အလုပ်လုပ်မှာပါ..။ ဒီလိုစာသားမျိုး Welcome to Partition
Wizard အောက်တကြောင်းက Start Engine.. ဆိုပြီး
ခဏနေရင် ဘောက်စ်တခု ပေါ်လာပြီး.. Partition Wizard - Boot Mode နဲ့ အောက်တကြောင်းက
Please do not turn off......
ဒီအဆင့်တွေမှာ ဘာမှ နှိပ်ဖို့ မလိုပါဘူး..
သူအလုပ်လုပ်တာကို ထိုင်စောင့်နေလိုက်ပါ..။ ကျနော့်စက်မှာတော့ ၆မိနစ်ကျော်
ကြာပါတယ်..။ အားလုံးပြီးသွားရင် (100% ပြည့်သွားရင်) သူ့အလိုလို စက်ပိတ်ပြီး
ဝင်းဒိုးပြန်တက်လာပါလိမ့်မယ်...။ သူရေးထားတဲ့ စာတကြောင်းက.. တကယ်လို့
စက္ကန့်၆၀ ပြည့်လို့မှ Restart မကျရင်.. ပါဝါကို ပိတ်လိုက်ပါလို့ ရေးထားပါတယ်..။
ကျနော့်စက်မှာတော့ ၃စက္ကန့်လောက်နဲ့ Restart ကျပြီး ပြန်ပွင့်လာပါတယ်..။
ဝင်းဒိုး ပြန်တက်လာရင် အောက်ကပုံအတိုင်း
Computer>>R/C>>Manage>>DiskManagement
ကိုကလစ်လိုက်ရင် အောက်ကပုံလိုမျိုး Unallocated အပိုင်း တခုကို တွေ့ရပါပြီ..။
ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ သုံးလို့ ရအောင်.. နောက်ထပ်
ဆက်လုပ်ပေးရပါအုန်းမယ်..
အဲတော့ Minitool Partition Wizard Server Edition
v7.1 ဆော့ဝဲလ်ကို ပြန်ဖွင့်လိုက်ပါ..။ သူ့ထဲမှာလည်း အောက်ကပုံအတိုင်း Unallocated
အပိုင်းက ပေါ်နေပါပြီ.. အဲဒါလေးကို တချက်ကလစ်ပါ..။ ပြီးရင် Create စာသားပါတဲ့
အပေါင်း လက္ခဏာလေးကို ဆက်နှိပ်ပါ..။
နောက်တဆင့် အနေနဲ့ ဘောက်စ်တခုပေါ်လာရင် Ok
ဆက်ပေးလိုက်ပါ..။
အောက်ကပုံမှာ မြင်ရတဲ့ အတိုင်း Drive
Letter လေး ပေါ်လာပါပြီ.. မျှားပြထားတဲ့ အတိုင်း ဆက်နှိပ်လိုက်ပါ..။
အပေါ်ကပုံလိုမျိုး ဘောက်စ်အသေးလေး ထပ်ပေါ်လာရင်
Yes ပေးလိုက်တာနဲ့ အောက်ကပုံလေးအတိုင်း အလုပ်လုပ်ပါပြီ.. ခဏနေရင် နောက်ထပ်
Successful ဘောက်စ်လေး ထပ်ပေါ်လာရင် OK ပေးလိုက်ပါ..။
ဒါဆိုရင် အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ..။ ကျနော်ခွဲထုတ်လိုက်တဲ့ Partition
တပိုင်းကို အောက်ဆုံးပုံ အတိုင်း မြင်ရပါပြီ..။
ပုံမှန်ဆော့ဝဲလ်သုံးဖို့ မလိုတဲ့ Partition ခွဲလို့ ရတဲ့
စက်တွေမှာလည်း.. ဒီကောင်လေးကို အသုံးပြုလို့ ရပါတယ်..။
ကျနော်စမ်းသုံးကြည့်ပြီးပါပြီ..။ အဲဒီစက်တွေမှာတော့ Restart ချမယ့် အဆင့်တွေ
မပါပါဘူး..။ အဲဒီအဆင့် အစား Continue တို့ Ok
တို့ ပေါ်လာရင် နှိပ်ပေးလိုက်တာနဲ့ Partition တပိုင်း ထွက်ပေါ်လာပါပြီ..။
ဒီလောက်ဆိုရင်တော့ ဒီကောင်လေးကို သုံးတတ်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ
လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
0 comments:
Post a Comment