~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 29 July 2012

Windows7 မှာ Hard Disk ကို Partition ခွဲနည်း(ဆော့ဝဲလ်မလိုပါဘူး)

Hard Disk ကို Partition ခွဲနည်း




ဒီနည်းကတော့ Windows7 မှာ လုပ်တဲ့နည်းလေးပါ..။ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေ ခွဲပြီး မိမိတို့ သိမ်းချင်တာတွေကို ခွဲသိမ်းလို့ ရပါတယ်..။ Windows XP မှာဆိုရင်တော့ Partition ခွဲရင် ဆော့ဝဲလ်နဲ့ ခွဲရပါတယ်..။ Windows7 မှာတော့ ဆော့ဝဲလ်မလိုပါဘူး..။ ဒီမှာပြထားတဲ့ နည်းအတိုင်းပဲ Partition ခွဲကြပါတယ်..။ နောက်တခုက အဲလို Partition တွေခွဲပြီး ဝင်းဒိုး နှစ်ခု၊သုံးခု တင်ထားကြပါတယ်..။ သဘောကတော့ စပါယ်ယာပါတ် အပိုထားတဲ့ သဘောပါပဲ..။ ပုံမှန်သုံးနေတဲ့ ဝင်းဒိုးက တခုခုဖြစ်လာခဲ့ရင် နောက်တခုကို အလွယ်ဖွင့်သုံးနိုင်အောင်လို့ပါ..။ လက်ရှိသုံးနေတဲ့ အချိန်မှာ အဆင်ပြေအောင်လို့ ဝင်းဒိုးအပို တင်ထားခြင်းပဲ ဖြစ်ပါတယ်..။ ပျက်သွားတဲ့ ဝင်းဒိုးကို အားတဲ့အခါမှ ပြန်ပြင်လို့ ရပါတယ်..။ ဒါကြောင့် Partition မခွဲတတ်သေးတဲ့သူများအတွက် ဒီနေ့ ဒီပို့စ်လေးကို တင်လိုက်ရပါတယ်..။
လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..။ လုပ်နည်းလွယ်ပေမယ့် ပုံတော့ နည်းနည်းများပါတယ်..။ မသိသေးတဲ့ ညီအစ်ကိုမောင်နှမများကတော့ အောက်ကပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းတခုအနေနဲ့ လိုက်လုပ်ကြည့်လိုက်ပါဗျာ..

ဒီပုံကတော့ ပါတေးရှင်းမခွဲခင် မြင်ရတဲ့ပုံပါ..

ပါတေးရှင်းခွဲဖို့ အရင်ဆုံး Computer မှာ Right Click ထောက်ပါ..။ အောက်ပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..


ဒါကတော့ မိမိတို့ ပါတေးရှင်းခွဲထုတ်ချင်တဲ့ အပိုင်းပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း နှိပ်သွားလိုက်ပါ..။



အပေါ်ပုံလေးအတိုင်း ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...


ဒီအဆင့်ကိုရောက်ရင် မိမိတို့ ခွဲထုတ်ချင်သလောက် GB ပမာဏကို ရိုက်ထည့်ပါ..။ အပေါ်ပုံမှာ သူပေးသလောက်ကို ယူရင်လည်းရပါတယ်..။ သူပေးသလောက်ထက် ပိုယူချင်လို့တော့ မရပါဘူး..။ ဒီပုံမှာတော့ သူပေးထားတာများနေလို့ ကျနော်က ရှော့ယူလိုက်ပါတယ်..။ ဒါကြောင့် 50 GB ရအောင် အောက်ကပုံအတိုင်း MB ပမာဏကို ရိုက်ထည့်လိုက်ပါတယ်... ရိုက်ထည့်ပြီးရင်တော့ 6 နေရာကို နှိပ်လိုက်ပါ..


အောက်ပုံအတိုင်း ပါတေးရှင်း အသစ်ထွက်လာတာကို မြင်ရပါလိမ့်မယ်.. ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ အသုံးပြုလို့ ရအောင် သူ့ကို New Simple Volume လုပ်ပေးရပါမယ်.. ဒါကြောင့် အသစ်ထွက်လာတဲ့ ၄င်းပါတေးရှင်းပေါ်မှာ Right Click ထောက်လိုက်ပါ.. ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..



ပေါ်လာတဲ့ ဘောက်စ်တွေမှာ Next ကိုပဲနှိပ်သွားလိုက်ပါ...



ဒီပုံမှာတော့ ပါတေးရှင်းကို မိမိတို့ သဘောကျတဲ့ အက္ခရာလေးတွေ တပ်ပေးလို့ ရပါတယ်..




အပေါ်ပုံ အတိုင်း Finish ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း ပါတေးရှင်း အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားရင် မိမိတို့ ခွဲထုတ်လိုက်တဲ့ ပါတေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ...



အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Desktop က Computer မှာ Double Click နဲ့ ဖွင့်ကြည့်လိုက်ရင် ပါတေးရှင်းတခု ပေါ်ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်...


ဒီလောက်ဆိုရင်တော့ ပါတေးရှင်းခွဲတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
 
 
 
Credit http://lwinminbo.blogspot.com/

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................