~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန် , - ကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ


တိုကျိုတက္ကသိုလ်ပုံ
ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း ထိပ်ဆုံး တက္ကသိုလ် ၁၀၀ မှာ အမေရိကန် တက္ကသိုလ်တွေ အများဆုံးပါဝင်ပြီး၊ ဒုတိယ အများဆုံးက အင်္ဂလန်တက္ကသိုလ်တွေပါပဲ။ ထူးခြားမှုက ဒီနှစ်မှာ အာရှတက္ကသိုလ် တော်တော်များများ ရှေ့တန်းတက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်က (၁)၊ MIT က (၂)၊ စတန်းဖို့ဒ်က (၄)၊ ဘာကလေ (၅)၊ ပရင်စတန် (၇)၊ ယေးလ် က (၁၀) ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကိန်းဘရစ်က နံပါတ် (၃) မှာရှိပြီး၊ အော့စ်ဖိုဒ့် (၄) မှာရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တော်တော်များများ မနှစ်က အဆင့်ထက် အနည်းငယ်စီ ပြုတ်ကျသွားပါတယ်။
တက္ကသိုလ် ၁၀၀ စာရင်းမှာ ဂျပန်တက္ကသိုလ် ၅ ခု ပါဝင်ပြီး၊ တိုကျို တက္ကသိုလ်က မနှစ်က နံပါတ် (၈) နေရာကို ဆက်ထိန်းထားပါတယ်။ နယ်သာလန် တက္ကသိုလ် ၅ ခုလည်း ၁၀၀ စာရင်းမှာ ပါဝင်ပါတယ်။
တရုတ်က စင်ဝှာ တက္ကသိုလ်က မနှစ်က အဆင့် (၃၅) ကနေ ဒီနှစ် အဆင့် (၃၀) ကို တက်လာပါတယ်။ ပီကင်း တက္ကသိုလ်က အဆင့် (၄၃) ကနေ (၃၈) ကို တက်လာပါတယ်။ ဟောင်ကောင်တက္ကသိုလ်က အဆင့် (၄၂) ကနေ ဒီနှစ် (၃၉) ကို ရောက်လာပါတယ်။
စင်္ကာပူအမျိုးသား တက္ကသိုလ်က မနှစ်က အဆင့် (၂၇) ကနေ၊ ဒီနှစ် (၂၃) နေရာကို ရောက်လာပါတယ်။
ချုပ်ပြောရရင် ကမ္ဘာ့ပညာရေးဟာ အပြိုင်အဆိုင်ဖြစ်နေသလို၊ တက္ကသိုလ်ကြီးတွေဟာလည်း ထိပ်ဆုံးနေရာကို တစ်နှစ်ထက် တစ်နှစ် အပြိုင်လုနေကြပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ် ၁၅၉ ခုကတော့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တောင် မရှိသေးတဲ့အတွက်၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၄၀၀) အဆင့်ဝင်ဖို့တောင် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
ဝင့်ထန်း
ရည်ညွှန်း Time Higher Education
 
 
=====================================
 
ကမ္ဘာ့ ထိပ်တန်း စာရင်းဝင်လာတဲ့ မြန်မာနဲ့ အောက်ဆုံး ရောက်သွားတဲ့ စင်္ကာပူ
 
 

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။
ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ

စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။ ကမ္ဘာ့ အဆိုးဆုံး ငါးနိုင်ငံက
၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။

ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက
၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။ မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွှတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။

စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။ စင်္ကပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်းနေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေး ဖို့သဘောတူထားပါတယ်။

စောပြည့်ညို
Sources; Singapore: The World’s “Unhealthiest” Country?

9 Comments.


orathaSaid...
2012-03-17
ကျွန်တော် တစ်ကယ်မရှင်းလို့မေးပါရစေ။ အပြု၊ အပျက်သဘောဘာမှမရှိပါဘူး။
အင်ဒိုတို့ မလေးတို့မှာ ရှိတဲ့ သစ်ပင် သစ်တောနဲ့ ဂေဟစနစ် ထိန်းသိမ်းမှုဟာ ကျွန်တော်တို့ နိုင်ငံထက် မြေပုံအရရော လက်တွေ့လုပ်ဆောင်နေတဲ့ အပိုင်းမှာရော များပြားသာလွန်တယ်လို့ထင်ပါတယ်။
ကမ္ဘာ့သစ်တောများကျန်ရှိမှု မြေပုံမှာဆိုရင်လည်းသေချာတွေ့မြင်နိုင်ပါတယ်။
အဲ့ဒါကြောင့် ဒီဂေဟစနစ်အညွန်းကိန်းဆိုတာ ဘယ်လိုအချက်တွေပေါ်မူတည် ဆုံးဖြတ်သလဲဆိုတာ သိချင်မိပါတယ်။
ုkoheinSaid...
2012-03-11
ဒီလိုလေးလဲရှိဦးမှပေါ့
myanmarSaid...
2012-03-07
သဘာဝသယံဇာတများပေါကြွယ်ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတာ
AnnonymuosSaid...
2012-03-07
These are potential of Myanmar but as long as people allowed government to mismanage its resources and if the country is still lagging behind other developing economies and if the government is not competent, chances are that Myanmar will end up again in dire poverty.
eytukanSaid...
2012-03-03
(သယံဇာတမရှိ၊ နိုင်ငံအကျယ်အဝန်းလည်း အလွန်သေးငယ်လှသော လူဦးရေ ၅ သန်းကျော် စင်္ကာပူ၏ ဂျီဒီပီက ၂၀၀ ဘီလျံရှိပြီး၊ ပျမ်းမျှတစ်ဦးချင်းဝင်ငွေက ယူအက်စ်ဒေါ်လာ ၄၀၀၀၀ ရှိ။ အာရှကျားလေးကောင်စာရင်းဝင်။ တစ်ဦးချင်းဝင်ငွေအရ အမေရိကန်နဲ့ တောင် သိပ်မကွာ။ စိုက်ပျိုးမြေကျယ်ပြန့် ၊ သဘာဝသယံဇာတကြွယ်ဝ၊ အရှေ့ တောင်အာရှ၏ ဒုတိယအကြီးဆုံးမြန်မာပြည်၏ ဂျီဒီပီမှာ စင်္ကာပူ၏ လေးပုံတစ်ပုံပင်မရှိသေးပါ။
အာလူးSaid...
2012-02-29
တစ်ခုလိုချင်ရင်တစ်ခု တော့ ပေးဆပ်ရမှာပေါ့။
Thu HtutSaid...
2012-02-28
Moderately rich in natural resource, considerable poor in Human resource, vice versa with Singapore.
soemoeSaid...
2012-02-28
ဂတိတွေအထပ်ထပ်ပေးပြီးဘာတွေပြောင်းလဲခဲ့ပြီးလဲ...........?
braveboySaid...
2012-02-27
သဘာဝသယံဇာတများပေါကြွယ်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှေးကွေးတာ ၊
အဆင်းရဲဆုံး နိုင်ငံ စာရင်းဝင်နေတာ ဂုဏ်ယူစရာကောင်းနေလား?

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................