~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

The Skin I Live In (2011) , Fast Five 2012 , ဂျက်ကီချန်းကားတွေ..

The Skin I Live In (2011)
Drama | Thriller

အဓ္ဓမအကျင့်ခံရလို့ သမီးဖြစ်တဲ့သူ စိတ္တဇဖြစ်ပြီးသေဆုံးခဲ့ရတာကို ဂလဲ့စားချေတဲ့အနေနဲ့ အဖေဖြစ်သူက .... တရားခံကို မရရအောင်ဖမ်းဆီးပြီး ပလပ်စတစ်ဆာဂျရီနည်းပညာနဲ့ ခွဲစိတ်ပြုပြင်ကာ ယောင်္ကျားဘဝကနေ မိန်းမဘဝြေ...ပာင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူကိုယ်တိုင် အဲဒီမိန်းမကို ချစ်မိသွားခဲ့ပြီး နောက်ဆုံးမှာတော့.....

Director: Pedro Almodóvar
Stars: Antonio Banderas, Elena Anaya and Jan Cornet 
====================================================
 
ဂျက်ကီချန်းကားတွေ ပြန်ကြည့်ကြမလား :D
ဒါကတော့ youtube မှာတွေ့တဲ့ The Tuxedo ပါ။
 ဒီထဲဝင်ကြည့်ရင် တခြားကားတွေလဲတွေ့ရမှာပါ။
http://www.youtube.com/watch?v=YcRdkgfv8sw&feature=related
 
====================================================

Fast Five

Fast & Furious ထွက်ရှိတဲ့ ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုထက် အဆပေါင်းများစွာ အောင်မြင်ခဲ့ တဲ့ ရုပ်ရှင်ကတော့ နောက်ဆက်တွဲ Fast Five ပဲဖြစ်ပါ တယ်။ နံပါတ်ငါးမြောက်ထွက်ရှိပြီး ကားပြိုင်ပွဲကို အသား မပေးတော့ပဲ အက်ရှင်ကို ပိုမိုအသားပေးတဲ့ ရု...ပ်ရှင်ကား တစ်ခု ဖြစ်သွားပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလမှာ ရုံတင်ပြီး Box office မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂၆ သန်းကျော် ရရှိခဲ့ပါတယ်။ အရင်း ၁၂၅ သန်းသာရှိတဲ့အတွက် သမိုင်းတစ်လျှောက် အမြတ်ငွေ များဆုံး ရုပ်ရှင် စာရင်းထဲမှာ နံပါတ် ၅၉ ချိတ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ်ရဲ့ အမြတ်ငွေအများဆုံး ရရှိတဲ့ ရုပ်ရှင်စာရင်း ထဲမှာတော့ နံပါတ် ၇ အဖြစ် ရပ်တည် ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ပါ တယ်။

မင်းသား Vin Diesel တို့အဖွဲ့သားပဲ ဆက်လက်ပါဝင်တဲ့ ရုပ်ရှင်ဖြစ်ပြီး တစ်ခုထူးခြားလာတာကတော့ နပန်းသမား ဟောင်း ရုပ်ရှင်မင်းသား Dwayne Johnson ပါဝင်လာခြင်း ဖြစ်ပါတယ်။ သူ့ကို The Rock လို့လူသိများကြပါတယ်။ နပန်းသမားလောကကို စွန့်လွတ်ပြီး ၁၉၉၉ ခုနှစ်ကနေ ဟောလိဝုဒ်ရုပ်ရှင်လောက မှာ တစ်ဟုန်ထိုးအောင်မြင်လာတဲ့ မင်းသားတစ်လက် လဲ ဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားတွေမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ The Rock ဟာ ဈေးကြီးပေးငှားရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်နေပါပြီ။

Fast Five မှာတော့ The Rock က အမေရိကန် ထောက် လှမ်းရေး အေဂျင်စီတစ်ခုမှ အေးဂျင့်တစ်ဦးအနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။ ၂၀၀၉ခုနှစ်ထွက်ရုပ်ရှင်ထဲမှာ Dominic (ဗင်ဒီဇယ်) ကို ရဲအရာရှိထွက် Brain (မင်းသား Paul Walker) က ကယ်ထုတ်တဲအခန်းကနေ ပြန်လည် ရိုက်ကူးထားပါတယ်။ အကျဉ်းထောင်ကားကနေ လွတ်မြောက်ပြီးနောက် Dominic ၊ Brain နဲ့ချစ်သူ Mia တို့ဟာ တောင်အမေရိကမှာ သွားရောက် နေထိုင်ပါ တယ်။ နေထိုင်ပြီး နှစ်တွေအတော်ကြာမှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေယိုးမြို့ကို သွားရောက်ခဲ့ပါတယ်။ ယခင်က အလုပ်အတူတူတွဲလုပ်ခဲ့ဖူးတဲ့ Vince ကို Dominic က ပြန်လည်သွားရောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်။

ရီယိုဒီဂျနေယိုးမြို့မှာ ဂိုဏ်းတစ်ခုထောင်ပြီး အဆင်ပြေနေတဲ့ Vince ဟာ မိတ်ဆွေဟောင်း Dominic တို့ သုံးယောက်ကို Misssion တစ်ခုပေးပါတယ်။ ဒါကတော့ တရားမဝင်လုပ်ငန်းများနဲ့ အမြတ်အစွန်းရရှိထား တဲ့ မှောင်ခိုဂိုဏ်းခေါင်းဆောင် Reyes ရဲ့ငွေတွေကို ဘဏ်မှ ဓားပြတိုက် ယူစေဖို့ ဖြစ်ပါတယ်။ ယင်းငွေကို ယူဖို့ အတွက် ငွေကိုသိမ်းဆည်းထားတဲ့ ဘဏ်တည်နေရာကို သိရမှာ ဖြစ်ပါတယ်။ ယင်းဘဏ်ရဲ့တည်နေရာကို Reyes ပိုင်တဲ့ ကားတစ်စီးရဲ့ လမ်းပြမြေပုံစနစ် စက်ထဲမှ chip ထဲမှာ ထည့်သွင်းထားပါတယ်။

ဒါကြောင့် Dominic တို့ရဲ့ ပထမဆုံး mission အနေနဲ့ Reyes ရဲ့ကားများကို ဓားပြတိုက်ဖို့ ဖြစ်ပါတယ်။ အရှိန်မြင့်ပြီး မောင်းနှင်နေတဲ့ ရထားပေါ်က Reyes ရဲ့ကားများကို အရလုယူဖို့ဆိုတာ မလွယ်ကူပါဘူး။ အဖွဲ့လိုက် ချီတက်ပြီး Reyes ရဲ့ကားများကို ရယူဖို့ကြိုးပမ်းတဲ့နေရာမှာ အမေရိကန် အေးဂျင့်အချို့နဲ့ ထိပ်တိုက်တွေ့ပါတယ်။ သူတို့ကလညး Reyes ကိုဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းထောက်လှမ်းနေသူများ ဖြစ် ပါတယ်။

ဒီလိုနဲ့အတိုက်အခိုက်တွေကြားမှာ Reyes ရဲ့ကားများကို Dominic တို့အပိုင်စီးနိုင်ခဲ့ပါတယ်။ ကားတစ်စီးရဲ့ Chip ကိုစစ်ဆေးရင်း ဘဏ်ရဲ့တည်နေရာကို သိရှိခဲ့ပါတယ်။ ဘဏ်ဟာ မြို့လယ်ခေါင်မှာ တည်ရှိနေပါတယ်။ Dom တို့ရဲ့လုပ်ငန်းစဉ်ကို အေးဂျင့်ခေါင်းဆောင် Luke Hobbs (The Rock) က လိုက်လံတားဆီးနေပါတယ်။

Dom နဲ့ Brain , Mia တို့ကို ဖမ်းဆီးမိခဲ့ပါသေးတယ်။ သို့ပေမယ့် Reyes ရဲ့အဖွဲ့သားတွေ လိုက်လံသတ်ဖြတ် မှု ကြောင့် Dom တို့ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ Luke ရဲ့အသက်ကိုတောင် Dom တို့က ကယ်ဆယ် လိုက်ပါသေး တယ်။

ဒီလိုနဲ့ ဘဏ်ကိုဦးတည်မောင်းနှင်ပြီး မီးခံသေတ္တာရှိတဲ့ အဆောက်အအုံပိုင်းကို ကားကြီးနဲ့ ဝင်တိုက်ခဲ့ပါတယ်။ တိုက်ပြီး မီးခံသေတ္တာကို သံကြိုးနဲ့တွဲ ပြိုင်ကားနှစ်စီးနဲ့ ချီငင်မောင်းပြေးပါတော့တယ်။ မီးခံသေတ္တာကို သံကြိုးနဲ့ ဆွဲပြီး ရီယိုဒီဂျနေးရိုးမြို့တွင်း ကားမောင်းနှင်တဲ့ ဇာတ်ဝင်ခန်းဟာ အင်မတန် ကြည့်လို့ ကောင်းပါတယ်။ ကွန်ပျူတာ effect ထည့်သွင်းထားပြီး ကွန်တိန်နာ အရွယ်အစားရှိတဲ့ မီးခံသေတ္တာကိုမောင်းနှင် ဖြတ်သန်းသွားမှုဟာ အပြင်မှာ ဖြစ်နိုင်ရန်ခဲယဉ်းပါတယ်။ ရဲတို့ရဲ့ လိုက်လံဖမ်း ဆီးမှုကြားက လွတ်အောင် ရှောင်ပြေးနိုင်ပြီး မီးခံသေတ္တာ မှ ငွေတွေကို Dom တို့ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

အက်ရှင်ခန်းကောင်းတစ်ခုကတော့ တံတားပေါ်မှာ Dom ဟာ မီးခံသေတ္တာကွန်တိန်နာကို ကြိုးနဲ့ဆွဲပြီး လေပေါ်ဝေ့ရမ်းလိုက်တာဖြစ်ပါတယ်။ တံတားပေါ်က ကားတွေကို မီးခံသေတ္တာနဲ့ တိုက်ထုတ်တဲ့ အက်ရှင်ခန်းတွေကို Fast Five မှာ အကောင်းဆုံး လုပ်ဆောင်သွားနိုင်ပါတယ်။

ဇာတ်ဝင်ခန်းတွေမှာ အသုံးပြုတဲ့ကားများကတော့ Ford GT40, ၁၉၆၃ မော်ဒယ် Chevrolet Corvette Sting-Ray Special တို့အပြင် SUVကား၊ Muscle ကား၊ ပြိုင်ကားများ စုံစုံလင်လင်ပါဝင်အသုံးပြုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Fast Five ပြီးတော့ Fast Six ကို ဂျာမနီနိုင်ငံ ဘာလင်မှာရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ်မှာ ရုံတင်အုံး မှာ ဖြစ်ပါတယ်။

ဆုတံဆိပ်ပေါင်း ၈ခုဆွတ်ခူးနိုင်ခဲ့တဲ့ ကားအက်ရှင်ရုပ်ရှင် ကားကောင်းတစ်ခု ဖြစ်ပါတယ်။ Fast Five ကို Youtube မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
Photo: Fast & Furious ထွက်ရှိတဲ့ ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုထက် အဆပေါင်းများစွာ အောင်မြင်ခဲ့ တဲ့ ရုပ်ရှင်ကတော့ နောက်ဆက်တွဲ Fast Five ပဲဖြစ်ပါ တယ်။ နံပါတ်ငါးမြောက်ထွက်ရှိပြီး ကားပြိုင်ပွဲကို အသား မပေးတော့ပဲ အက်ရှင်ကို ပိုမိုအသားပေးတဲ့ ရုပ်ရှင်ကား တစ်ခု ဖြစ်သွားပါတယ်။

http://www.youtube.com/watch?v=FDOBLS8m2yE
 
Credit Movie Crazies

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................