~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

The Amazing Spider Man ပြသချိန် ၁၃၆ မိနစ်ရှိပြီး ၁၃ နှစ်အောက် ကလေးများ မိဘ နဲ့  အတူတူ ကြည့်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။



Peter Parker လေး ငယ်ငယ်တုန်းကဖြစ်သည်။ သူ့ မိဘ ၂ ပါး က Oscorp Science တွင် အလုပ်လုပ်နေသည်။ တစ်နေ့ တော့ သူ့  မိဘ ၂ ပါးနေအိမ်တွင် သူ့ အဖေ၏ အလုပ်ခန်းကို မွှေနှောက်ရှာဖွေ ခြင်းခံခဲ့ရသည်။ သူ့အဖေသည် သဘောပေါက်ကာ သူ့ အမေကို ခေါ်ပြီး ပီတာကို သူ့  ဦးလေး ဘင်ပါကား နှင့် မေပါကားတို့ ထံ ထား ခဲ့သည်။ ပြီးတော့ သူ့မိဘ ၂ ပါး ပျောက်ကွယ်သွားသည်။
ဓာတ်ပုံ ပညာကို ၀ါသနာပါသော ပီတာသည် ကျောင်းတွင် အစွန့်  ပယ်ခံ တစ်ယောက်ဖြစ်သလို အားလုံး က ၀ိုင်းဝန်းလှောင်ပြောင်ခြင်း ခံရသည်။ ပီတာသည် သူ့အဖေ သူ့ကို အန်ကယ်ဘင် တို့  ၏ နေအိမ်တွင် မထားခဲ့ခင် အတူယူလာသည့် လက်ဆွဲအိတ်လေးကို တစ်နေ့တွင် ရှာဖွေတွေ့  ရှိသွားသည်။ အဲဒီလက်ဆွဲအိတ်ငယ်လေးတွင် Oscorp ဆိုသည့် တံဆိပ်ကို တွေ့ ခဲ့သည်။ သူ့ ဖခင် နဲ့  တွဲ ဖက်လုပ်ကိုင်သည့် Dr. Curt Connors ကို သူ့  ဖခင် အကြောင်းမေးမြန်းရန် Oscorp Science အဆောက်အဦးကို သွားရောက်စုံစမ်းသည်။ သူ့ ကို ဧည့်ခံဌာန မှ Orentitation ဆင်းသည့် ကျောင်းသား အမှတ်ဖြင့် သူ့  ကို ပေးလိုက်သည်။ Orentitation ဆင်းသည့် ကျောင်းသားများကို ကျောင်းတွင် သူသဘောကျနေသည့် Gwen က ဦးဆောင်မည်ဖြစ်သည်။ Dr. Curt Connors နှင့် ကျောင်းသားများ အားလုံး တွေ့ ခွင့်ရသည်။ Gwen က သူ့ ကို မြင်သွားပြီးနောက် ခဏနေရင် ထွက်သွားရန်ပြောသည်။


သူ Oscorp ကို လှည့်လည်ကြည့်ရှုနေစဉ် လူတစ်ယောက်နှင့် တိုက်မိသွားပြီး သူ ကိုင်ထားသည့် ဖိုင်အောက်နားတွင် 00 သင်္ကေတ ကိုတွေ့ သွားသည်။ ထိုသင်္ကေတသည် သူ့ ဖခင် ချန်ထားခဲ့သည့် စာရွက်ပေါ်က သင်္ကေတ နှင့် ဆင်တာမို့  သူ ထိုလူ နောက်လိုက်လံ ကြည့်ရှူဖို့  ဆုံးဖြတ်လိုက်သည်။ ထိုလူသည် အခန်းတစ်ခုထဲတို့ ဝင်သွားသည်။ သူပြန်ထွက်သွားသော အခါ ပီတာလည်း လိုက်ဝင်သွားသည်။ ထိုထဲတွင် ပင့်ကူပေါင်းများစွာ ကိုတွေ့ ရသည်။ Cross-Genitic ပြုပြင်ပြောင်းလဲထားသည့် ပင့်ကူများဖြစ်သည်။ ထိုထဲမှ ပင့်ကူ တစ်ကောင် ပြုတ်ကျလာကာ သူ့  နောက်ကျောကို ကိုက်လိုက်သည်။ ထို ပြုပြင်ပြောင်းလဲထားသည့် ပင့်ကူကြောင့် သူ့  bodyမှ ဆဲလ်များဖြင့် ပင့်ကူထံမှ Cell များပေါင်းစပ်သွားကာ သူ့ ထံတွင် ပင့်ကူ၏ အစွမ်းများ ရရှိပိုင်ဆိုင်သွားသည်။

သူသည် Dr. Curt Connors ၏ နေအိမ်တွင် သွားရောက်တွေ့  ဆုံကာ ရစ်ချက် ပါကား ၏ သားဖြစ်ကြောင်း သွားရောက်မိတ်ဆက်သည်။ ပြီးတော့ Dr. Curt Connors ရေးသားထားသည့် Cross-Genitic အကြောင်းကို ပြောဆိုဆွေးနွေးသည်။ Animal ထံမှ ဆဲလ်များဖြင့် လူသားတို့  ၏ ဆဲလ်များ ပေါင်းစပ်ကာ Advantage ယူရန်ဖြစ်သည်။ Dr. Curt Connors က အိမ်မြှောင်များ၏ ဆဲလ်ကို သဘောကျနေခြင်း ဖြစ်သည်။ အိမ်မြှောင်များ အမြီးပြတ်သွားသော အခါ ဆဲလ်များကို Generate လုပ်ပြီး အမြီး အသစ်ပြန်ပေါ်လာသည်။ သူ့ တွင် ဆုံးရှုံးထားသည့် လက်ကို နောက်တစ်ခု ပြန်လည်ရရှိရန် အမြဲစိတ်ကူးထဲတွင်ရှိသည်။ သူလိုအပ်နေသည့် ဖော်မြူလာကို ပီတာက ထုတ်ပြလိုက်သော အခါ သူသည် ပီတာ့ကို သူ့ ဓာတ်ခွဲခန်း တွင် အလည်အပတ်လာဖို့  ဖိတ်ခေါ်လိုက်သည်။


ပီတာ Dr. Curt Connors ၏ ဓာတ်ခွဲခန်းတို့  သွားရောက်နေရမှုကြောင့် အိမ်ပြန်နောက်ကျသည်။ သူတို့ သည် ပထမဆုံး အိမ်မြှောင်မှ ထုတ်ယူထားသည့် Cross-Genetic ကို ကြွက်ထံတွင် စမ်းသပ်သည်။ အန်တီမေက အမြဲတမ်းစောင့်နေရ သောကြောင့် အန်ကယ်ဘင် နဲ့  စကား များရသည်။ ပီတာအိမ်မှ ပြန်ထွက်သွားကာ စတိုးဆိုင်တွင် အအေးသွားဝယ်သည်။ ထိုအခါ စတိုးကို လူတစ်ဦး ဓားပြတိုက်သွားသည်။ လိုနေသည့် ၅ ပြားကို လျှော့မပေးသောကြောင့် ပီတာကိုယ်တိုင် စတိုးဆိုင် ပိုင်ရှင်ကို စိတ်ဆိုးနေသည်။ ထို့ ကြောင့် ထွက်ပြေးသွားသည့် လူဆိုးကို လိုက်မဖမ်းပေးချေ။ ထိုလူဆိုးသည် အန်ကယ်ဘင် နှင့် လမ်းမှာတွေ့ ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သူ့ ထံတွင်ပါလာသော သေနတ်ဖြင့် ပစ်မိကာ အန်ကယ်ဘင် သေဆုံးသွားသည်။ ပီတာလေး စိတ်ဆိုးကာ သူ့ အန်ကယ်ဘင်ကို သတ်သွားသည့် လူကို လိုက်ရှာသည်။

တစ်ချိန်ထဲတွင် နှစ်ပေါင်းများစွာတိုင်အောင် ပြုလုပ်လာသည့် Cross-Genetic ကို လူသားတွေထံ စမ်းသပ်ရန် ဒေါက်တာ ကွန်နာ က ငြင်းဆန်နေသောကြောင့် Oscorp က အရာရှိက ဒေါက်တာ ကွန်နာကို သူ့  ဓာတ်ခွဲခန်း ကို ပိတ်လိုက်မည် ဟု ပြောသည်။ ထို့ ကြောင့် ဒေါက်တာ ကွန်နာ က အဆိုပါ အိမ်မြှောင်နှင့် Cross-Genetic စမ်းသပ်ထားသည့် ဆေးကို သူကိုယ်တိုင် ထိုးယူလိုက်သည်။ မနက်နိုးလာသော အခါ သူ့  ပျောက်ကွယ်နေသော လက်နောက်တစ်ဖက် Cell Generate လုပ်ပြီးသားကို တွေ့ နေသည်။ ထို့ ကြောင့်သူသည် Oscorp က အရာရှိကို ပြောပြဖို့  လိုက်သွားသည်။ တံတား တစ်ခု တွင် အရာရှိ ရောက်နေသည်။ တက်ဆီ ဖြင့်လိုက်သွားသည်။ လိုက်နေရင်းတွင် အဆိုပါ Cross-Genetic ဆေး၏ Side-Effect ကို စတင်ခံစားရသည်။ တစ်ကိုယ်လုံး Lizard အသွင်ကူးပြောင်းသွားကာ တံတားရှိ ကားများကို ဖျက်ဆီးပြီး Oscorp က အရာရှိကို လိုက်ရှာသည်။ အရာရှိကို စပိုက်ဒါမန်း လာကယ်သွားသည်။


Peter သည် Oscorp ကို ထိုအကြောင်းပြောပြရန် သူ့ ဓာတ်ခွဲ ခန်းရောက်သွားသည်။ သို့ သော် ဒေါက်တာ ကွန်နာသည် အတွေ့ မခံပဲ သူ့ တွင် ပရောဂျက်ရှိသည် ဟုဆိုကာ ပီတာကို ဒီအတိုင်း ချန်ထားခဲ့သည်။ ပီတာသည် သူတို့ စမ်းသပ်ထားသည့် ကြွက်က လှောင်အိမ်ထဲက ထွက်ပြီး တစ်ခြားကြွက်ကို ကိုက်သတ် စားနေသည်ကို တွေ့ လိုက်ရသောအခါ သူသည် Lizard က ဒေါက်တာ ကွန်နာ ဆိုတာကို သိသွားသည်။ ထို့ ကြောင့် Gwen အဖေ ရဲအရာရှိချုပ်ကို သွားပြောပြသည်။

Lizards အများအပြားသည် မြေအောက်လှိုဏ်ခါင်းထဲကို ၀င်သွားသည်ကို သူတွေ့ သည်။ ထို့ ကြောင့် သူတို့ နောက် နောက်ယောင်ခံလိုက်သောအခါ ဒေါက်တာ ကွန်နာကို Lizard အနေဖြင့်တွေ့ ပြီး တိုက်ခိုက်ကြသောကြောင့် ဒဏ်ရာရလာသည်။ သူ့ ကောင်မလေး Gwen နှင့်တွေ့ပြီး သူစတင်ခဲ့သည့် ဇာတ်လမ်းကို သူအဆုံးသတ်ရန်ရှိကြောင်း ပြောကာ နောက်ထပ် သူသည် ဒေါက်တာ ကွန်နာ ဓာတ်ခွဲခန်းထဲတို့  ရောက်ရှိသွားသည်။ လူသားတိုင်း အင်မတန် အားနည်းသည်ဟု အမြဲထင်နေသည့် ဒေါက်တာ ကွန်နာ၏ အကြံအစည်က ဘယ်လိုပါလိမ့်။ သူ့  အကြံအစည်ကို ပီတာ တစ်ဖြစ်လည်း စပိုက်ဒါမင်းက တားဆီးနိုင်မည်လားဆိုတာ…………….. :D

ပြသချိန် ၁၃၆ မိနစ်ရှိပြီး ၁၃ နှစ်အောက် ကလေးများ မိဘ နဲ့  အတူတူ ကြည့်ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ IMDB မှာတော့ လောလောဆယ် ၇.၈ ရထားပါတယ်။

Spiderman ကိုပဲ ထပ်ပြီး Modified နည်းနည်းလုပ်ထားတဲ့ ဇာတ်လမ်းလေးပါ။ တစ်ကားလုံးမှာ အခုက ဗွီလိန်က တစ်ယောက်ထဲ ပါပါတယ်။ Spiderman နဲ့  Amazing Spiderman တို့ ရဲ့  ability လည်း နည်းနည်းကွဲပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့  Hero ကားတွေ ကြိုက်နှစ်သက်တဲ့ လူများ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ပါ။ ပေးလိုက်ရတဲ့ ပိုက်ဆံ နဲ့  တန်တယ်လို့  ပြောချင်ပါတယ်။ သိပ်ပြီးတော့ မမျှော်လင့်ထားပါနဲ့လို့ 

                                                                                                           Dr. Know

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................