~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 18 October 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ ၂၀၁၂ နိုဝင်ဘာ ၁ ရက်မှစတင်၍ လျှော့ချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ နိုဝင်ဘာ ၁ ရက်မှစတင်၍ လျှာ့ချပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံနှင့်အဝှမ်း အင်တာနက်အသုံးပြုနိုင်မှု တိုးတက်မြင့်မားလာစေရန်နှင့် သင့်လျော်မျှတသည့် နှုန်းထားဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန် ရည်ရွယ်ပြီး ADSL စနစ်၏ ကောက်ခံမှု နှုန်းထားများကို နိုဝင်ဘာ ၁ ရက်မှစတင်၍ အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ် ကောက်ခံမည်ဖြစ်သည်။
 (က) အစိုးရဌာနများ၊ ပုဂ္ဂလိကများနှင့် ပြည်တွင်းကုမ္ပဏီများအတွက် ADSL နှုန်းထားသစ်မှာ ဝန်ဆောင်မှုအမျိုးအစား Class “A” အမြန်နှုန်း 512 Kbps တွင် အီးမေးလ် ၁ စောင်လျှင် ကနဦးတပ်ဆင်ခ ၅၀၀၀၀ ကျပ်၊ လစဉ်ကြေး ၁၇၀၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “B” အမြန်နှုန်း 1.0 Mbps တွင် အီးမေးလ် ၄ စောင်လျှင် ကနဦးတပ်ဆင်ခ ၅၀၀၀၀ ကျပ်၊ လစဉ်ကြေး ၃၄၀၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “C” အမြန်နှုန်း 1.5 Mbps တွင် အီးမေးလ် ၈ စောင်လျှင် ကနဦးတပ်ဆင်ခ ၅၀၀၀၀ ကျပ်၊ လစဉ်ကြေး ၅၀၀၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “D” အမြန်နှုန်း 2.0 Mbps တွင် အီးမေးလ် ၁၀ စောင်လျှင် ကနဦးတပ်ဆင်ခ ၅၀၀၀၀ ကျပ်၊ လစဉ်ကြေး ၆၅၀၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “E” အမြန်နှုန်း 2.5 Mbps တွင် အီးမေးလ် ၁၅ စောင်လျှင် ကနဦးတပ်ဆင်ခ ၅၀၀၀၀ ကျပ်၊ လစဉ်ကြေး ၈၀၀၀၀ ကျပ်နှင့် နှစ်စဉ်ကြေး ၅၀၀၀၀ ကျပ်တို့ဖြစ်သည်။ 
(ခ) နိုင်ငံခြားကုမ္ပဏီ/အဖွဲ့အစည်းများနှင့် သံရုံးများအတွက် ADSL နှုန်းထားသစ်မှာ ဝန်ဆောင်မှုအမျိုးအစား Class “A” အမြန်နှုန်း 512 Kbps တွင် အီးမေးလ် ၁ စောင်လျှင် ကနဦးတပ်ဆင်ခ ၆၀ US$၊ လစဉ်ကြေး ၂၀ US$ နှင့် နှစ်စဉ်ကြေး ၆၀ US$ ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “B” အမြန်နှုန်း 1.0 Mbps တွင် အီးမေးလ် ၄ စောင်လျှင် ကနဦးတပ်ဆင်ခ ၆၀ US$၊ လစဉ်ကြေး ၄၀ US$ နှင့် နှစ်စဉ်ကြေး ၆၀ US$ ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “C” အမြန်နှုန်း 1.5 Mbps တွင် အီးမေးလ် ၈ စောင်လျှင် ကနဦးတပ်ဆင်ခ ၆၀ US$၊ လစဉ်ကြေး ၆၀ US$ နှင့် နှစ်စဉ်ကြေး ၆၀ US$ ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “D” အမြန်နှုန်း 2.0 Mbpsတွင် အီးမေးလ် ၁၀ စောင်လျှင် ကနဦးတပ်ဆင်ခ ၆၀ US$၊ လစဉ်ကြေး ၇၅ US$ နှင့် နှစ်စဉ်ကြေး ၆၀ US$ ဖြစ်ပြီး ၊ ဝန်ဆောင်မှု အမျိုးအစား Class “E” အမြန်နှုန်း 2.5 Mbps တွင် အီးမေးလ် ၁၅ စောင်လျှင် ကနဦးတပ်ဆင်ခ ၆၀ US$၊ လစဉ်ကြေး ၉၀ US$ နှင့် နှစ်စဉ်ကြေး ၆၀ US$ တို့ဖြစ်သည်။ 
ဤသို့ ADSL ကနဦးတပ်ဆင်ခနှင့် လစဉ်ကြေးများကို လျှော့ချသတ်မှတ် လိုက်သည့်အတွက် ယခင်နှုန်းထားများထက် တပ်ဆင်ခ၌ ၁၂ ဆနှင့် လစဉ်ကြေးတွင် ၃၈ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးထားကြောင်း တွေ့ရပါသည်။ ယခင်က ADSL တပ်ဆင်ခမှာ ပုဂ္ဂလိကများနှင့် ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများအတွက် ကျပ်၆ဝဝ,ဝဝဝ(ခြောက်သိန်း) ဖြစ်သော်လည်း ယခုနှုန်းထားသစ်အရ ပုဂ္ဂလိကများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများ အားလုံးအတွက် ကျပ် ၅ဝ,ဝဝဝ (ငါးသောင်း)နှုန်းသာ ရှိသဖြင့် ကနဦးတပ်ဆင်ခ နှုန်းထားများ သိသာစွာ လျှော့ချပေးလိုက်ကြောင်း ထင်ရှားပါသည်။ လစဉ်ကြေး အပိုင်းတွင် Class “A” ဝန်ဆောင်မှုဖြစ်သည့် အမြန်နှုန်း 512 Kbps တွင် ယခင်က လစဉ်ကြေး ကျပ် ၃ဝ,ဝဝဝ (သုံးသောင်း)မှ ယခုနှုန်းထားအသစ်အရ ကျပ် ၁၇၀၀၀ (တစ်သောင်းခုနှစ်ထောင်) သို့ လျှော့ချပေးလိုက်သဖြင့် ၄၃ ရာခိုင်နှုန်းကျော် လျှော့ချပေးခြင်းဖြစ်ပြီး Class “E” ဝန်ဆောင်မှုဖြစ်သည့် 2.5 Mbps အမြန်နှုန်းတွင် ယခင်က လစဉ်ကြေး နှစ်သိန်းကောက်ခံခဲ့ရာမှ ယခုနှုန်းထားသစ်အရ ကျပ် ၈ဝ,ဝဝဝ (ရှစ်သောင်း)သာ ကောက်ခံတော့မည်ဖြစ်၍ ၆ဝ ရာခိုင်နှုန်းအထိ ဈေးနှုန်းလျှော့ချပေးခြင်းပင် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ 
 
ref: http://www.onekokoaung.co.cc/2012/10/adsl.html?spref=fb

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................