~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Tuesday 25 September 2012

အွန်လိုင်းသစ်ပင် ပျိုးရအောင်




ဘလော့ဂ်တစ်ခု ပျိုးထောင်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘလော့ဂ်တည်ဆောက်သူရဲ့ပီတိဟာ
ကိုယ်စိုက်လိုက်တဲ့ အပင်ရှင်သန်ကြီးပြင်းလာတာကို တစိမ့်စိမ့်ကြည့်ပြီး ပီတိဖြစ်ရတဲ့
ဥယျာဉ်မှူးတစ်ယောက်နဲ့ မခြားနားလှဘူးလို့ထင်မိပါတယ်။(ကိုယ့်ဘလော့ဂ်လေး လူသိသည်
ဖြစ်စေ...၊မသိသည်ဖြစ်စေ ပေါ့နော်..။)

အမှန်ကတော့ ခုချိန်မျိုးမှာ ဘလော့ဂ်တခုလုပ်တယ်ဆိုတာ အဆန်းတကျယ်တော့မဟုတ်ဖူးပေါ့..။
အင်တာနက်အသုံးများလေလေ၊ဖတ်တာသိတာများလာလေလေ လက်တည့်စမ်းရင်းနဲ့ လုပ်ဖူးသူတွေ
လဲအများကြီးရှိမှာပါ။ဒါကြောင့်မို့ ဒီမှတ်စုလေးမရေးခင် ငါရေးတာ အပိုများဖြစ်မလားတွေးပြီး
လက်တွန့်မိပါတယ်။ဒါပေမယ့် တကယ်မသိသေးတဲ့ သူတွေလဲရှိကောင်းရှိနိုင်တယ်။နောက်ပြီး
ဘလော့ဂ်လုပ်နည်းကို ဟိုတပိုင်းဒီတပိုင်းဖတ်ပြီးမျက်စိလည်သူတွေရှိများရှိခဲ့ရင်
ဆိုပြီး လွယ်လွယ်ကူကူနဲ့ ပြည့်ပြည့်စုံစုံလေးဖြစ်အောင် ပြန်ရေးတဲ့သဘောပါပဲ။

နောက်တခုက မြန်မာဘလော့ဂ်တော်တော်များကိုကြည့်ရင် သုံးမျိုးပဲရှိပါတယ်။နည်းပညာအသားပေး၊
ရသအသားပေး နဲ့သတင်းအသားပေး တဲ့ ဘလော့ဂ်တွေပါ။
သူများဆီမှာ အကြောင်းအရာစုံ အောင်ဘလော့ဂ်တွေရှိပါတယ်။ ဥပမာ..ဓါတ်ပုံပညာဘလော့ဂ်...
အလင်းအမှောင်ကအစ ဖိုတိုရှော့အဆုံး ဝေမျှထားတဲ့ ဘလော့ဂ် မျိုးတွေ၊။
ပန်းချီဘလော့ဂ်...။ပန်းချီအမျိုးအစား ရှင်းပြချက်၊Gallary တွေနဲ့ နာမည်ကျော်ပန်းချီကားတွေနဲ့
ရေးဆွဲသူ ပန်းချီကျော်တွေအကြောင်း..စသဖြင့်အသေးစိတ်...အကြောင်းအရာတခုထဲကိုပဲ
စိုက်လိုက်မတ်တတ် ဇောင်းပေးရေးသားတဲ့ ဘလော့ဂ်မျိုးတွေ တွေ့ရ၊ဖတ်ရရင်...
မြန်မာ့ဓါတ်ပုံ တွေ၊မြန်မာ့ ပန်းချီတွေ အကြောင်းလဲ ဖတ်ချင်စိတ်ပြင်းပျရပါတယ်။
(ရှိပေမယ့် နဲနေသလားလို့ပါ။လူသိနဲသေးပြီးလက်လှမ်းမမှီသေးတဲ့ဘလော့ဂ်တွေလဲရှိရင်ရှိမှာပါ..။)

Facebook ပေါ်ကဟာသ page တွေ၊ချက်နည်းပြုတ်နည်း လို page မျိုးတွေနဲ့
ဆေးပညာ အသားပေး Page မျိုးကိုလဲ ဘလော့ဂ်အနေနဲ့သိပ်မတွေ့ဖူးပါ။
အကြောင်းအရာတခုထဲကို အသားပေးပြီးထဲထဲဝင်ဝင်ရေးတဲ့ဘလော့ဂ်တွေများများရှိစေချင်တဲ့
အာသီသကြောင့်နဲ့ အဲလို ဘလော့ဂ်မျိုးထောင်ချင်တဲ့ သူတွေရှိပေမယ့်
အခက်အခဲရှိသူတွေများရှိလို့လားဆိုပြီးတွေးမိတဲ့အတွက် ဒီမှတ်စုရေးပါတယ်။

နောက်ပြီးဒီမှတ်စုဟာ ဘလော့ဂ်စတင်ထောင်မယ့်သူတွေအတွက်ရည်ရွယ်ပြီးရေးတာမို့
ဘလော့ဂ်ဂါ အမတော်၊နောင်တော်များအနေနဲ့ ငြီးငွေ့ဖွယ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ဒါမှမဟုတ်လဲ သိပြီးတဲ့ ဘလော့ဂ်ဂါတွေ အနေနဲ့ လိုအပ်တာတွေဖြည့်စွက်ဆွေးနွေးပေးမယ်ဆိုလဲ
ပိုကောင်းမှာပါပဲ။တတ်ကျွမ်းနားလည်၍ရေးသည်လို့ မမြင်ပဲ ဘလော့ဂ်ရေးသူ၊ဖတ်သူ
များလာစေချင်တဲ့စေတနာသက်သက်နဲ့ရေးသည်လို့မြင်ပေးကြပါခင်ဗျား..။

       ****************************************************


ဘလော့ဂ် တခုလုပ်မယ်ဆိုရင် မျက်စိရှင်းရှင်းနဲ့ လာရောက်လည်ပတ်သူတွေ အမြင်ကြည်
စေမဲ့ ဒီဇိုင်းမျိုးရွေးချယ်တာ အကောင်းဆုံးပါပဲ။ ဘလော့ဂ် လုပ်ခါစတုန်းကတော့ သူများ
ဆီက ကောင်းနိုးရာရာလေးတွေ အကုန်စုံနေအောင်ထည့်တတ် ကြမှာပါ။ကျွန်တော်လဲ
လုပ်တတ်ခါစတုန်းက ရှုပ်ပွနေအောင်..လင့်ခ်ထောက်လိုက်ရင် လိုးလိုးလက်လက်ဖြစ်စေတဲ့ဟာတွေ..
animation ပေါ်တဲ့Cursorတွေ..စုံနေအောင် လှအောင်ဆိုပြီးထည့်ပါတယ်..။

(တတ်ခါစဆိုတော့လဲ..တတ်ကြောင်း ပညာပြချင်တာလဲပါတာပေါ့လေ..)..နောက်တော့ဘာနဲ့
တူလာလဲဆိုတော့ အပျိုပေါက်ခါစကောင်မလေး၊သူ့အမတွေအလှပြင်သလို လိုက်ပြီးမိတ်ကပ်တွေ
လူးတာ..မလူးတတ်တော့ ဂျိုကာရုပ်ပေါက်သွားသလိုပါပဲ..။မျက်စိတွေကျိန်းပြီး ငြီးငွေ့သွားတာနဲ့
တနှစ်လောက်ကြာအောင် ဘလော့ဂ်ကိုပစ်ထားဖူးပါတယ်။

ဒါပေမယ့်..အမှန်ကတော့ အရောင်လေးတွေရွေးရင်တောင် မျက်စိအေးစေတဲ့ အရောင်သုံးတာ
အကောင်းဆုံးပါပဲ။ နာမည်ကျော် ၀က်ဘ်ဆိုက် ကြီးတွေ ကိုလေ့လာကြည့်မယ်ဆိုရင်လဲ
အရောင်ဆန်းဆန်း၊ရှုပ်ရှုပ်တွေ သုံးထားတာမတွေ့ရပါဘူး။ဒါကြောင့်မို့ Simple is the Best
ဆိုသလို ရိုးရိုးရှင်းရှင်းပဲ ဆင်ယင်ပါ။ရေးထားတဲ့ အကြောင်းအရာသာ ကောင်းပါစေ..ကိုယ့်
ဘလော့ဂ်လေး လူကြိုက်များလာပါလိမ့်မယ်။

အောက်မှာတော့ ဘလော့ဂ် စတင်တည်ထောက်ပုံကို အဆင့်ဆင့်ပြောပြပါမယ်။
ဘလော့ဂ်လုပ်ဖို့အတွက် အများတကာတွေအတွက် အလာကားပေးထားတဲ့ ၀က်ဘ်ဆိုက်ကောင်းကောင်း
တွေအများကြီးရှိပါတယ်။ဥပမာ Word Press,Blog,Blogger,Wix,Simplesites,Weebly...စုံနေအောင်
ရှိပါတယ်။မြန်မာပြည်မှာဆိုရင်တော့ MyanmarBlogger နဲ့ Multiplyကို အသုံးများတယ်ထင်ပါတယ်။
ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးနဲ့ အဆင်ပြေဆုံးလို့ ယူဆတာကတော့ Blogger ဖြစ်ပါတယ်။ဒီကောင်က
Google ကနေ Support ပေးထားတာဖြစ်တော့ Gmail သုံးကြတဲ့ မြန်ပြည်သားတွေအတွက် ရင်းနှီးမှုလွယ်ပါတယ်။
နောက်တခု က ရိုးရှင်းလွယ်ကူတဲ့အပြင် HTML,JAVA Script မသိရင်သော်မှ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းဆင်နိုင်ပါတယ်။
(ဒီ ဖန်ရှင်ကို Support ပေးတာသိပ်တော့မကြာသေးပါဘူး။ ၂နှစ်နီးပါးလောက်ပဲရှိပါတယ်။အရင်ကတော့ ဒီဇိုင်း
ပြင်မယ်ဆိုရင် အတွင်းက HTML ကိုသွားပြင်ရတာပါ။)

ပထမပိုင်း


အရင်ဆုံး Blogger.com ကိုသွားပြီး ကိုယ့်Gmail ရဲ့ နာမည်နဲ့စကားဝှက်နဲ့ပဲဝင်လိုက်ပေါ့။ အသစ်ဖြစ်တဲ့အတွက်
သင့်နာမည်ဘယ်လိုပေးမလဲလို့မေးလိမ့်မယ်။ကိုယ်နာမည်ရေးပေးလိုက်ပါ(ဘလော့ဂ်နာမည်မဟုတ်သေးပါ)။



နောက်တဆင့်မှာတော့ New Blog ဆိုတဲ့ Button တွေ့ပါလိမ့်မယ်။နှိပ်လိုက်ပါ။
အဆင့်ဆင့်ဖြည့်ပါ။အောက်ကပုံကိုအကြီးချဲ့ပါ..တွေ့ရပါလိမ့်မယ်။



နောက်တဆင့်မှာတော့ နောက်ဆုံးအဆင့်ပေါ့။ပြီးသွားပြီ။ ပို့စ်တင်လို့ရပြီ။ ဘလော့ဂ်ဖြစ်ပြီပေါ့ဗျာ။
အောက်ကပုံမှာ အရေးပါတဲ့ အခန်းကဏ္ဍရဲ့ အသုံးပြုပုံတချို့ရှင်းပြထားပါတယ်။သိပ်မလိုတာတွေတော့
ဖျောက်ထားပါတယ်။


ပုံ(၃)

ဒါပါပဲ ဘလော့ဂ်လုပ်တယ်ဆိုတာ။ဒါ Blogger မှာတည်ဆောက်တာပါ။ထပ်ဆင့်ကလိလို့ရပါသေးတယ်။
သုံးတာနဲနဲကြာလာလေလေ၊ထိတွေ့မှုများလေလေ ကလိတတ်လေလေပါပဲ။

ဒုတိယပိုင်း

အခု ဘလော့ဂ်တွေမှာ တွေ့ရတတ်တဲ့ Gadget လေးတွေနဲ့ အသုံးလဲများတဲ့အရာလေးတွေ ထည့်သွင်းတပ်ဆင်ပုံ
လေးတွေကြည့်ရအောင်နော်..။Gadget တွေကတော့အများကြီးပါ။ကိုယ်နဲ့အသုံးတဲ့တာလေးတွေ
ရှာလို့ပဲဖြစ်ဖြစ်၊အများဆီကပဲဖြစ်ဖြစ်ရယူလို့ရပါတယ်။အောက်မှာအသုံးအများဆုံးနဲ့ အသုံးအတဲံ့ဆုံး Gadget
လေးတွေ ကိုဖော်ပြပေးပါမယ်။

(၁)Cbox (သို့) ကွန်မန့်ဘောက်စ်



ဒီကောင်လေးကတော့ ဘလော့ဂ်တိုင်းမှာ တပ်ဆင်တဲ့ Gadget လေးပါ။တွေ့ဖူးပြီးသားပဲမို့လား?
ဘယ်လိုတပ်ဆင်တယ်ဆိုတာ ပြောကြတာပေါ့နော်။
CBOXကိုသွားပါ။သင်အသုံးပြုနေတဲ့ မေးလ်အကောင့်နဲ့ မှတ်ပုံတင်ပါ။
သင့်မေးလ်ထဲမေးလ်ရောက်တာစောင့်ပါ။မေးလ်ထဲရောက်လာလဲ့ မှတ်ပုံတင်ခြင်းကို
အတည်ပြုတဲ့ စာထဲက လင့်ခ်အတိုင်းပြန်လိုက်သွားရင် စီဘောက်စ်ရဲ့ သင့်အတွက်ဖန်တီးထားတဲ့
နေရာရောက်ပါမယ်။ဒီနေရာမှာ ကိုယ်လိုချင်တဲ့ စီဘောက်ဒီဇိုင်းချိန်ပါ။ပြီးပြီဆိုရင် Code generator
ဆိုတဲ့အဆင့်ရောက်ပါလိမ့်မယ်။ အဲဒီနေရာမှာ နဲနဲဂရုပြုရမှာက Code တွေကို ကော်ပီလုပ်တဲ့နေရာမှာ
တလုံးမကျန်အောင် ကော်ပီလုပ်ပါ။
-ရလာတဲ့ ကုဒ်တွေကို ပုံ(၃)မှာဖော်ပြထားတဲ့ layout ကိုသွားပါ..။
-Add A Gadget လို့ရေးထားတဲ့နေရာကိုနှိပ်ပါ။
-ပုံ(၅)မှာပြထားတဲ့ HTML/JavaScript ဆိုတဲ့ဟာလေးကိုရွေးပါ။
-နောက် ... ခေါင်းစဉ် နေရာမှာကိုယ်ပေးချင်တဲ့နာမည်ပေးပေါ့
 ဥပမာ..."မဆဲနဲ့နော်" ဒါမှမဟုတ် "ချစ်ရင်ကွန်မင့်ပေးခဲ့" အစရှိသဖြင့်ပေါ့လေ..။
 (စတာ..အဲလိုတကယ်နာမည်မပေးနဲ့နော်..။ :D )
-ပြီးရင် Save ပေါ့။ဒါပါပဲ..။


ပုံ(၅)- HTML/Java Script notepad

စီဘောက်က ဥပမာပါ။နောက်ထပ် Gadget တွေအများကြီးပါ။ Calender တွေ..နာရီလှလှလေးတွေ
Guest Counter လို့ခေါ်တဲ့ ဘယ်နိုင်ငံက၊ဘယ်နှစ်ယောက်လောက် ကိုယ့်ဘလော့ဂ်ကိုလာလည်ခဲ့ပြီးပြီ
ဆိုတာရေတွက်တဲ့ Gadget တွေ၊အိုး..အများကြီးပါပဲ။

(၂)RSS Feed (သို့) မေးလ်လိပ်စာပေးခဲ့ပါ ပို့စ်အသစ်တင်တိုင်းပို့ပေးမယ်

ဒီကောင်လေးကို ကျွန်တော်တော်တော်နှစ်သက်ပါတယ်။ ကိုယ်နှစ်သက်တဲ့ ဘလော့ဂ်ဂါ ဆီ မေးလ်လေး
ထားခဲ့ယုံနဲ့ ကိုယ်ဆီ သူပို့စ်အသစ်တင်တိုင်း အလိုအလျောက် ပို့ပြီးသားပဲ။ သူလဲအလုပ်သီးသန့်မရှုပ်သလို
ကိုယ်လဲ တနေရာထဲကနေ ဘလော့ဂ်ဂါတွေရဲ့ပို့စ်တွေကို ဘလော့ဂ်ဆီ တကူးတကသွားစရာမလိုပဲ
Google Reader လိုဟာနဲ့ တထိုင်ထဲဖတ်လို့ရတယ်...။ဒါပေမယ့် RSS Feed ထားတဲ့ ဘလော့ဂ်ဂါတွေထဲမှာ
အသုံးပြုတဲ့ Feeder ကွဲလွဲမှုရှိပါတယ်။ တချို့ တွေရဲ့ RSS ယူရတာရှုပ်နေရော..။မသိတဲ့လူဆို ဘာတွေလဲဟ
ဆိုပြီး Feed မယူတော့ပဲ ပြန်လစ်ချင်စရာကောင်းလောက်အောက် အဆင့်ဆင့်တွေနဲ့ ရှုပ်နေပါတယ်။အခုဟာကတော့
ကျွန်တော်အကြိုက်ဆုံးနဲ့ အရိုးရှင်းဆုံး RSS ယူဖို့လုပ်ထားတဲ့ Gadget ပါ။

ဒါပေမယ့်ဘယ်လိုရယ်ကြောင့်တော့မသိဘူး၊ ဒီအမျိုးစား Feeder သုံးတာဆိုလို့ နာမည်ကြီး ဘလော့ဂါတွေထဲကဆိုရင် ကိုနေဖုန်းလတ် ကိုသက်သန့်ချို တို့လောက်ပဲတွေ့ရပါတယ်။
ဒါကလဲကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့လေ..။ကျွန်တော်ကတော့ရိုးရှင်းလေကြိုက်လေပါပဲ။

ကဲ FeedBurner ကိုသွားပါ..။ဒါလဲ Google Support ပါပဲ။
အဆင့်ဆင့်ဝင်သွားပါ..။နောက်ဆုံး အောက်ကပုံမှာပြထားတဲ့အတိုင်း နေရာကိုရောက်ပါလိမ့်မယ်..။
Publicize ဆိုတဲ့ Tab အောက်က၊Email Subscription ဆိုတာနှိပ်ပါ..။



Active လုပ်မလားလို့မေးလိမ်မယ်။ဟုတ်ကဲ့.. Active ပေါ့...။အဲ့ဒီနောက်မှာ Code တွေပေါ်လာပြန်ပါမယ်..။
ကော်ပီလုပ်ပါ။အပေါ်မှာစီဘောက်စ် ကိုထည့်တုန်းက သုံးတဲ့ HTML/Javascript ဆိုတဲ့ဟာပြန်သွားယူပါ...။
နောက်.. Paste ပေါ့လေ..။ခေါင်းစဉ်ကတော့ခုနလိုပါပဲ တခုခုပေးပေါ့..။နောက် Save...။ဒါဆို အဲဒီFeeder
လေးကိုအသုံးပြုပြီး ကိုယ်ဘော်ဒါတွေကိုယ်တင်တဲ့ ပို့စ်အသစ်တိုင်းကို ဖတ်နိုင်ပြီပေါ့..။ဒါပါပဲ..။

အများကြီးရှိပါသေးတယ်။ကိုယ်ရှာဖွေနိုင်ရင်နိုင်သလိုပါပဲ..။ဒါပေမယ့် ပြင်လွန်းတော့ ဖင်ချွန်းဆိုသလိုမဖြစ်ရအောင်
Gadget တွေအလွန်အကျွံမသုံးတာပိုကောင်းပါတယ်..။လင့်ခ်တွေအတွက် Gadget ၃ခု၊စီဘောက်စ်၊RSS Feed၊
တခြား Gadget ၂ခု ၃ခုလောက်ဆိုရင်ကို တော်တော်စုံနေပါပြီ။

အဓိက..က ကိုယ့်ပို့စ်တွေ ရဲ့ ကွာလတီကောင်းနေဖို့ ပိုအရေးကြီးပါတယ်။ ကိုယ်တိုင်ရေးသား..
ကိုယ်တိုင်အပင်ပန်းခံထားတဲ့ ပို့စ် ၊ကိုယ်တိုင်အားထုတ်ထားတဲ့အနုပညာ ဖြစ်ဖို့အရေးအကြီးဆုံးပါပဲ။
သူတပါးဆီကကောင်းလွန်းလို့ ပြန်တင်တယ်ဆိုရင်တောင် Credit ပေးတာမျိုးဟာလေးစားစရာကောင်းတဲ့
ဘလော့ဂ်ဂါ့စည်း ( Blogger Attitude) ကောင်းတခုဖြစ်တယ်လို့လဲ တဆက်ထဲ အကြံပြုပါရစေ။


တတိယပိုင်း

ဘလော့ဂ်ထောင်ရာကနေ အောင်မြင်တဲ့ သူတွေမြန်မာပြည်မှာလဲ အများကြီးရှိနေပါပြီ။
ဘလော့ဂ်ခေတ်ဦးပိုင်းတုန်းကနေအောင်မြင်သွားသူတွေက ကိုနေဘုန်းလတ်တို့ ၊ မနိုင်းနိုင်းစနေတို့
တွေ ရှေ့ကနေပါ ပါမယ်။နောက်တော့ မမြသွေးနီတို့၊ကိုသက်တန့်ချိုတို့ ..ခုဆိုဘလော့ဂ်စာပေတွေကို
ကိုရန်အောင်ရဲ့ စီစဉ်မှုကြောင့် စာအုပ်အနေနဲ့ ထုတ်ဝေကြမယ့်
ကိုမြစ်ကျိုးအင်း ကိုဏီလင်းညို မမယ်ကိုး ကိုညီလင်းသစ် မမြတ်မွန်အစရှိတဲ့
ဘလော့ဂ်ဂါတွေ ကိုတွေ့ရမှာပါ..။ရသပဲဖြစ်ဖြစ်၊နည်းပညာပဲဖြစ်ဖြစ်..
ဘာအကြောင်းအရာမဆို စိုက်လိုက်မတ်တတ်ရေးမယ်၊အချိန်လဲပေးနိုင်မယ်ဆိုရင် အောင်မြင်လာမှာပါ..။

နောက်တခုက ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမြင်မရှုပ်စေပဲ ပိုပြီးကြည့်ကောင်းအောင်လို့ နည်းပညာ
အခြေခံ (ပိုသိပိုကောင်းပေါ့နော..) သိထားတာကောင်းပါတယ်..။ဒီအတွက် ဘလော့ဂ်ဂါ ၈၅%နဲ့မကင်းတဲ့
WWW School ကိုလက်တို့ပါရစေ။ဒီဆိုဒ်ကHTML တွေရဲ့ မူလဖြစ်တဲ့အပြင် အသင်အပြ မှာဆရာလွတ်ပါပဲ။
ရိုးရှင်းလွယ်ကူလို့ပါ..။အဓိက ဖြစ်တဲ့ HTML အပြင် CSS နဲ့ JavaScript ပါတွဲလိုက်ရင်
နောနော်ရဲ့အတိုင်းအထက်အလွန် သီချင်းလိုပါပဲလို့ ပြောပါရစေ..။


ဒီနေရိုင်းသစ်
၁၆ စက်တင်ဘာ ၂၀၁၂





Deric TG (ကိုဒဲရစ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................