အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ကိုယ်တိုင်လည်း CEH ဆိုတာ Certificated Ethical Hacker ဆိုတာကလွဲပြီး သေသေချာချာ ဂဃဏနမသိဘူးရယ် ။ ဒီနှစ်စာမေးပွဲပြီးရင် CEH ဖြေမယ်ဆိုတဲ့ စိတ်ကူးရှိလာတာနဲ့ အကိုတစ်ယောက်နဲ့ စကားပြောဖြစ်လာရင်း သူ့ကို မေးကြည့်ဖြစ်တာလေး ပြန်ရေးဖြစ်တာပါ ။
အမှန်အတိုင်းပြောရင်တော့ အင်တာဗျူးလည်းမကျ အမေးအဖြေကဏ္ဍလည်းမဟုတ် ကြားကျတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါလိမ့်မယ် ။ :-D

CEH ဆိုတာ .. ?

CEH Certified Ethical Hacker ဆိုတာ International Council of E-Commerce Consultants ဆိုတဲ့ အဖွဲ့အစည်းကနေပြီး ကြပ်မတ်ပြုလုပ်ပေးတဲ့ E-Commerce security ဆိုင်ရာ Training program များထဲက တခုပါ ..။ ec council က e commerce ဆိုင်ရာ နိုင်ငံတကာ အကျိုးဆောင် အတိုင်ပင်ခံအဖွဲ့အစည်းတခုပေါ့ …။ အဲဒီထဲကမှ e commerce အတွက် security ပိုင်းဆိုင် computer security specialist တွေကို CEH CHFI ECSA LPT တို့လို training program တွေနဲ့ ဖြည့်စည်းဆောင်ရွက်နေတဲ့ အဖွဲ့ အစည်းလည်းဖြစ်ပါတယ် ..။ အခြား ၀န်ဆောင်မှုနဲ့ program တွေလည်းရှိပါတယ် ..။ ကမ္ဘာအနှံ့မှာ နိုင်ငံ ၈၇နိုင်ငံလောက်က applied လုပ်ထားတဲ့ အဖွဲ့အစည်းတခုပါ လက်ရှိ certified security professional 60000 ကျော်လောက်မွေးထုတ်ပေးထားပြီးလို့တော့ ခန့်မှန်းရပါတယ်


CEH ဖြေမယ် ဆိုရင် ?

CEH ဖြေဖို့က နှစ်မျိုးရှိတယ်ဗျ … EC 0350 နဲ့ EC 312-50 ဆိုပြီးတော့ … EC 0350 ကတော့ ec council အသိအမှတ်ပြု prometric center ကနေ self study လုပ်ပြီးဖြေတာပေါ့ …။ နောက်တခုက EC 312-50 က ec council ကအသိအမှတ်ပြု Accredited Training Center မှာ workshop training ကို attend လုပ်ပြီး exam ဖြေတာပေါ့ဗျာ ..။ charge ကတော့ regional ပေါ်မူတည်ပြီး ကွာခြားချက်ရှိပါတယ် …။ USD 200 ကနေ 450 ခန့်အထိကုန်ကျနိုင်ပါတယ် ..။
EC 0350 ကို self study လုပ်ပြီးဖြေမယ်ဆိုရင် အနည်းဆုံး security related field မှာ အတွေ့အကြုံ နှစ်နှစ်ရှိရပါမယ်လို့လည်း သတ်မှတ်ထားပါတယ် ..။

CEH ဟာ ဟက်ကာဖြစ်သင်တန်းတစ်ခု မဟုတ်ပါ ..။

တကယ်တော့ CEH ဆိုတာ Hacking နဲ့ပတ်သတ်ပြီး Basic Concept တွေကို ဆုပ်ကိုင်မိဖို့ ဖွင့်လှစ်ထားတဲ့ သင်တန်းတစ်ခုပါ ။ CEH မှာ ဆောင်ပုဒ်တခုရှိတယ်ဗျ .. Hacker တွေကို educate လုပ်ဖို့မြူဆွယ်တယ်ပဲပြောပြော .. ဆောင်ပုဒ်က Hackers are here.. Where are you? တဲ့ … အဲဒီတော့ CEH ကဟက်ကာဖြစ်သင်တန်းတော့မဟုတ်ပါဘူး … hacker ဖြစ်မဲ့သူတွေကို လမ်းမှန်ကမ်းမှန် အသုံးချနိုင်အောင် educate လုပ်ပေးမယ့် program တခုလို့တော့ပြောချင်တယ်ဗျ ..။ဒါပေမယ့် သဘောတရားရေးရာတွေပဲ သွားတဲ့သဘောတော့မဟုတ်ဘူးဗျ ..။ ethic, idea အပြင် Techniques လည်းပါသေးတယ် ..။


CEH ဖြေဖို့ ဘာတွေလိုအပ်မလဲ ?

CEH ဖြေဖို့ ဖြေမယ့်သူဘက်က background အားဖြင့် networking ပိုင်းကို အနည်းဆုံး Intermediate ထက်ပိုပြီး သိနေရပါမယ် .. programming ကို အကျွမ်းကျင်ကြီးမဟုတ်တောင် တီးမိခေါက်မိ သိနေရပါမယ် ..။ နောက်ပြီး Assembly လိုမျိုးကို အကြမ်းဖျင်း သိရင်ပိုကောင်းပါတယ် .. အဲဒါမှာ stack တို့ register တို့လိုဟာတွေလာရင် မစိမ်းမှာ ..၊ နောက်ပြီး hacking ကို အခြေခံ တီးမိခေါက်ရှိထား ရမှာပါ …။ hacking ကိုအခြခံလို့ပြောတာက hack လုပ်ဖူးတာ မလုပ်ဖူးတာကို ပြောတာမဟုတ်ပါ .. hacking နဲ့ ပတ်သက်တဲ့ common sense ရှိဖို့ကိုပြောတာပါ ..။network နဲ့ပတ်သက်လို့ protocol တွေ port တွေ routing တွေ ကိုနားလည်ပြီးဖြစ်ရပါမယ် ..။ hacking common sense ဆိုတဲ့နေရာမှာ့ hacking method တွေ tools တွေကို (အသေးစားလေးတွေပဲဖြစ်ဖြစ်ပေါ့) စမ်းဖူး လေ့လာဖူးခြင်းတွေ၊ အနည်းဆုံး system registry လောက်ကို customized လုပ်တာတွေကို နားလည်လေ့လာနိုင်တာတွေ၊ security နဲ့ပတ်သက်တဲ့ အချက်အလက် သတင်းဆောင်းပါး အချို့ကို ဖတ်ဖူးမှတ်ဖူးတာ သိတာ တွေတော့ အနည်းဆုံးရှိသင့်တာကိုပါ …။ hack လုပ်မယ်ဆိုတဲ့ mechanism ကို အကြမ်းဖျင်း အနီးစပ်ဆုံး သဘောပေါက်ထားမှုပေါ့ဗျာ ..။တကယ်တော့ CEH တော်တော်များများက မဖြေခင်ကလည်း အနည်းအကျင်းရော တချို့ဆို တော်တော်ရော ကလိဖူး၊ လုပ်ဖူးကြ၊ လုပ်နေကြတဲ့သူတွေဗျ ..။ ဒါပေမယ့် CEH မှာက ethic နဲ့ အဓိကထားပြီး train တော့ ထိန်းသွားကြတာပေါ့ ..။ နောက်ပြီး certified အနေနဲ့လုပ်ပြီး မလုပ်သင့်တာ မလုပ်ရတာကို ကန့်သတ်ပြီး security ပိုင်းဆိုင်ရာကိုပဲလုပ်ဖို့ push လုပ်တဲ့သဘောပါ ..။


CEH ဖြေမယ်ဆိုရင် ဘယ်လောက် ကုန်ကျမလဲ ?

အနည်းဆုံးပြောရရင်တော့ ပြင်ပမှာ USD 100 လောက်ကျသင့်ပါလိမ့်မယ် ။ ပြည်တွင်းမှာတော့ ခုချိန်မှာဆို အနည်းဆုံးတော့ ၈သိန်းဝန်းကျင်ကုန်မလားပဲ …။ ဒါပေမယ့် ဒီမှာရှိတဲ့ ဆရာတွေကထဲက တယောက်က CEI ပြီးထားရင်တော့ စရိတ်တော်တော် လျော့မယ်လို့တော့ မြင်ပါတယ် …။ ခုသိရသလောက်တော့ … ရန်ကုန်မှာ CEH ကို host လုပ်တဲ့ သင်တန်းကျောင်းက CEI provided ဖြစ်မယ်လို့တော့သိရပါတယ် ..။ နောက်ပိုင်ဆိုရင်တော့ ဈေးသက်သက်သာသာ နဲ့ ဖြေဆိုလို့ရတော့မဲ့သဘောပေါ့ဗျာ …။


အနီးကပ်သင်တန်းတွေ ?


အနီူကပ် သင်တန်းက 5ရက်တက်ရတယ်ဗျ … 9am to 5 pm ပေါ့ … fullday ပေါ့ …။ အနီးကပ်သင်တန်းကို ec council က CEI တယောက်က လာပြီးပို့ချပေးတယ်ပေါ့ ..။ ကျွန်တော်တို့နိုင်ငံကို ကျတော့ မလေးရှားမှာ အခြေဆိုက်တဲ့ ec council ရုံးခွဲက CEI ဆရာတယောက်က လာပို့ချပါတယ် …။ အဲဒီဆရာကတော့ Indonesian ပါ …။ ကျွန်တော့် အတွေ့အကြုံအရတော့ USD450 မှာ အဲဒီကုန်ကျစရိတ်မပါဘူးဗျ ..။ ဒီက organize လုပ်ပေးတဲ့သူက (သို့) သင်တန်းက သင်တန်းကျေးအဖြစ် သပ်သပ် ထပ်ယူတဲ့ထဲမှာပေါင်းယူတယ်လို့သိရပါတယ် …။ ဒီကသင်တန်းအနေနဲ့ သင်တန်းကျေးယူတဲ့အပေါ်မှာ သူတို့အနေနဲ့ CEH ဖြေမယ့်သူတွေကို CEI တယောက်မလာခင် ကြိုပြီး prepare training အနေနဲ့ သင်တန်းပို့ချပါတယ် …။
အဓိက ဖြေဆိုဖို့ prometric center က ec council အသိအမှတ်ပြုဖြစ်နေရမှာက အရေးကြီးဆုံးတချက်ပါ … အဲဒါက ဒီမှာရှိမနေရင် ဖြေဖို့ ခက်ပါလိမ့်မယ် ..။


Toolkit တွေနဲ့ပတ်သတ်ပြီးရော ?

တကယ်တမ်းက EC 0350 အတွက်ဆိုရင် tool kit မ၀ယ်လည်းရပါတယ် …။ EC 312-50 ကတော့ tool kit မယူလို့မရပါဘူး …။ USD 450 ကျော်လောက်ကျမယ်ဆိုတာက tool kit ဖိုးလည်းပါတာပေါ့ …။ ပြောရမယ်ဆိုရင် အပြင်မှာရောင်းဝယ်ခွင့်မရှိဘူးပေါ့ …။ ဒါပေမဲ့ မှောင်ခိုဈေးကွက်အနေနဲ့တော့ ရှိတယ်လို့သိရပါတယ် ..။ ဈေလည်း တော်တော်ပိုပေးရတယ်လို့သိရတယ် ..။


CEH ဖြေတော့မယ်ဆိုရင် ပြင်ဆိုဖို့ .. ?

ခုဆိုရင် CEHက Version 8 ဖြစ်နေပါပြီ …။ ebook လိုမျိုးကို V 7 လောက်အထိတော့ အပြင်မှာ ရှိနေပါလိမ့်မယ် …။ အဲဒီ course ware တွေကို တော်တော်လေ့လာထားနိုင်ရင် မဆိုးပါဘူး …။ ဒါပေမယ့် မော်ဂျူးတော်တော်များများရှိတာမို့ အားလုံးချုံငုံမိအောင် အချိန်ပေးရပါလိမ့်မယ် …။ နောက်ပြီး test exam လုပ်လို့ရမယ့် emulator နဲ့ ကြိုတင် လေ့ကျင့်လို့ရနိုင်ပါတယ် ..။ နောက် … မေးခွန်းအဟောင်းတွေကို လေ့လာပြီးတော့လည်း ပြင်ဆင်နိုင်ပါတယ် …။ မေးခွန်းအဟောင်းတွေကို တော့ file sharing site တွေမှာ ရှာဖွေကြည့်ရမှာပေါ့ …။

network security ပိုင်းတွေကို လေ့လာသင့်တယ်၊ protocol တွေ routing တွေ အကျွမ်းတ၀င်ရှိအောင် လုပ်သင့်တယ်။ programming script တွေ ၊ web ဆိုင်ရာ အခြေခံတွေကို သေချာလေ့လာသင့်တယ်၊ metasploit လို framework ကိုတီးခေါက်ထားသင့်တယ် …။ database နဲ့ပတ်သက်တာလေးတွေကို အနည်းဆုံး အခြေခံသိထားသိတယ် (SQL လိုဟာမျိုးပေါ့) CEH က တကယ်တမ်း Network Security plus လိုဟာမျိုးကို လက်တွေ့ practice technique ဇောင်းပေးလေ့လာတာဆိုလည်းမမှားဘူးပေါ့ ..။ Security plus လို အကြောင်းအရာ စာအုပ်တွေလည်း ကြိုတင်လေ့လာရင်ပိုကောင်းတယ် ..။
တကယ်တော့ ကျွန်တော်သိချင်တာတွေကို ဖြေသွားတာပါ ကျွန်တော်က မေးရုံသက်သက်ပါ ပြီးမှ ပြန်ပြီး စီစဉ်ပြီး မျှဝေတဲ့သဘောပါ ဖြေသွားတဲ့အကိုကိုလည်းကျေးဇူးတင်ပါတယ် :-D



.
Credit   http://ghostarea.net/2012/08/03/understanding-ceh-in-myanmar/