~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 27 August 2012

အလုပ်ရှာရင် သတိထား Resume

caution
ကျွန်တော်တို့တတွေ အလုပ်ရှာကြရာမှာ အလုပ်အင်တာဗျူးသို့ အချိန်မှန်မရောက်ချင်း၊ သပ်သပ်ရပ်ရပ်မဝတ်စားထားခြင်း အစရှိသဖြင့် သတိထားသင့်တဲ့အချက်တွေ ရာနဲ့ချီကာ ရှိပါတယ်။ သို့ပေမယ် ပုံမှန်သတိမထားမိတဲ့ အချက်တစ်ချို့ကို မိမိကိုယ်ကို ဒီအချက်တွေနဲ့ ချိန်ကိုက်ပြီး ပြင်သင့်တန်ပြင်ကြနိုင်စေဖို့ ကျွန်တော်တို့ MyanmarJobsDB မှနေ ထောက်ပြချင်ပါတယ်။

၁။ အေးဆေးပေါ့ကွာ… နည်းလမ်း

Relax
အလုပ်လုပ်နေကြပြီဆိုတဲ့ လူလတ်အရွယ်တွေဘဝကို သေချာစဉ်းစားကြည့်ကြရင် အထက်တန်းကျောင်း ပြီးချိန်မှဖြစ်စေ၊ တက္ကသိုလ်ကျောင်း ပြီးချိန်မှဖြစ်စေ၊ အလုပ်ခွင်ကို စဝင်ခဲ့ရာကစလို့ တန်ခူးလ နှစ်သစ်သည်သာ အကြာဆုံး အနားယူရချိန် ဖြစ်သည့်အလျောက်၊ အလုပ်မရခင် နားလိုက်ဦးမဟ ဆိုတဲ့ စိတ်နဲ့ အလုပ်ရှာရာမှာ အေးအေးဆေးဆေး ရှာတတ်ကြပါတယ်။ အနားယူခြင်းကို ကျွန်တော့်အနေနဲ့ မနားပါနဲ့လို့ ဆိုခြင်းမဟုတ်ပါ။ အလုပ်ရှာသလိုလို နားနေသလိုလို ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ အီးယောင်ဝါးဖြစ်နေခြင်းကတော့ မဖြစ်သင့်တာအမှန်ပါပဲ။

ဒီတော့ နားချိန်ကိုသေသေချာချာ သတ်မှတ်ကာ vacation တစ်ခုအနေနှင့် အနားယူပြီး၊ ထိုအချိန်ကုန်ပြီဆိုတာနှင့် အားသွန်ခွန်စိုက် အလုပ်ကို တစ်စိုက်မတ်မတ်ရှာသင့်ပါတယ်။
ဒီခေတ်ဒီအခါမှာ MyanmarJobsDB မှာရှာကြတာတမျိုး၊ သတင်းစာများ၊ ဂျာနယ်များက ရှာကြတာတဖုံ အပြင်၊ ကျွန်တော်တို့ သတိထားပြီး မလုပ်မိတဲ့အရာကတော့ လူအများနှင့် တွေ့ဆုံမိတ်ဖွဲ့ခြင်းပါပဲ။
မိမိရဲ့ Resume ဘယ်လောက်ကောင်းသည် ဖြစ်စေ၊ မိမိရဲ့ အစွမ်းအစ ဘယ်လောက်တော်သည်ဖြစ်စေ၊ တော်ရုံတန်ရုံ အလုပ်ရှင်တစ်ယောက် အတွက်ကတော့ လျှောက်လွှာတင်လာသူရဲ့ အပြောပဲဖြစ်နေပါတယ်။ တကယ်လို့များ အဲ့ဒီ့အလုပ်လက်ရှိလုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်က recommend လုပ်ပေးမယ်ဆိုရင်တော့ဖြင့် အလုပ်ရှင်အနေနှင့် ဘာရယ်မှန်းမသိ တစ်ဖြည်းဖြည်း ပိုယုံလာတတ်ပါတယ်။

ဒီတော့ တစ်နေ့ကို ရှစ်နာရီ စသဖြင့် အချိန်လေး သတ်သတ်မှတ်မှတ်ထားကာ MyanmarJobsDB မှာရှာ၊ သတင်းစာများ၊ ဂျာနယ်များမှာ ရှာလို့အပြီးမှာ၊ ပိုနေတဲ့အချိန်မျိုးကို အသုံးချကာ Facebook မှ တစ်ဆင့်ဖြစ်စေ၊ LinkedIn မှတစ်ဆင့်ဖြစ်စေ၊ အသိအကျွမ်းများမှ တစ်ဆင့်ဖြစ်စေ မိမိလုပ်ချင်တဲ့ ကုမ္ပဏီမျိုးမှာ လက်ရှိအလုပ်လုပ်နေသူများကို မိတ်ဖွဲ့ကာ networking လုပ်သင့်ပါတယ်။

၂။ Resume ကို Passport တစ်ခုအနေနှင့် သဘောထားခြင်း

Passport တစ်ခုကို မြင်ကြည့်လိုက်ပါ၊ နာမည်ပါတယ်၊ မွေးနေ့ပါတယ်၊ တစ်ခြားအချက်အလက် တစ်ချို့ရယ်၊ ဒီ passport ကို ကိုင်တဲ့သူရဲ့ရောက်ဖူးတဲ့ နိုင်ငံတွေရဲ့ တံဆိပ်တုံး တွေရယ် ပါပါတယ်။
ယခုခေတ်အခါ ကျွန်တော်တို့ resume ကိုကြည့်ရင်လည်း နာမည်ရယ်၊ မွေးနေ့ရယ် တွေ့ပါမယ်။ တခြားအချက်အလက် ဖြစ်တဲ့ “ကျွန်တော်မျိုး အင်မတန်တော်ပါသည်၊ တတ်ပါသည်။” ဆိုတာမျိုးရယ်၊ သူများသုံးလို့၊ သင်တန်းကပြောလို့ ထည့်ထားတဲ့ Keyword တွေ ဥပမာ၊ “Attention-to-detail, Pro-active” အစရှိတာတွေလည်း တွေ့ပါမယ်။ Passport တစ်ခုက ရောက်ဖူးတဲ့ နိုင်ငံတွေရဲ့ တံဆိပ်တုန်းရှိသလို၊ resume ထဲမှာလည်း တက်ဖူးတဲ့ ကျောင်းတွေ၊ သင်တန်းတွေ၊ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကို ရေးထားပါလိမ့်မယ်။




Resume ရေးဖို့ ဘာလိုလဲ ဘယ်သူ့မေးမေး ဒါပဲပြောနေကြတော့ တချို့ဆို သူများ resume တွေ လိုက်တောင်း လိုတောင်း၊ online မှနေ sample resume များကို download လုပ်ကာ – passport လျှောက်တဲ့ form ဖြည့်သလို ကိုယ့် detail တွေကို ဖြည့်မယ်ဆိုရင်ဖြင့် အလုပ်ကောင်းကောင်း ရဖို့ ခက်နိုင်ပါတယ်။. “ကျွန်တော့်နာမည် ____ ပါ၊ ___ မှာ နေပါတယ်၊ ကျွန်တော့်အသက် _____ ပါ၊ တစ်လ _____ လိုချင်တယ်” ဆိုတဲ့ ဒီလို resume တစ်ပုံစံထဲကို မြင်ရပါများတဲ့ အလုပ်ရှင်တစ်ယောက် အနေနဲ့ သိပ်တောင်ကြည့်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။

ဟိုနိုင်ငံသွားလည်း ဒီ passport ဒီနိုင်ငံသွားလည်း ဒီ passport ဖြစ်ပေမယ့်၊ ဒီအလုပ်လျှောက်လည်း ဒီ resume ပို့လိုက် ဟိုအလုပ်လျှောက်လည်း ဒီ resume ပို့ဆိုရင်လည်း မဖြစ်သေးပါဘူး။ ကိုယ်လျှောက်တဲ့ အလုပ်နဲ့သက်ဆိုင်တဲ့ အချက်တွေ ထပ်တိုးလို့ ထည့်တန်ကထည့်၊ မဆီမဆိုင် ငယ်ငယ်တုန်းက အာလူးကောက်လို့ရတဲ့ ပထမဆုအကြောင်းကို ဖြုတ်တန်ကဖြုတ်မှသာ သင့် Resume ဟာ ထိထိမိမိရှိမှာဖြစ်ပါတယ်။

Resume တစ်ခုရေးရာမှာ အရေးကြီးတဲ့ အရင်အလုပ်မှ accomplishment တွေ၊ အောင်မြင်ခဲ့တဲ့ လုပ်ငန်းကိုင်ငန်းတွေ၊ အရင်တုန်းက အလုပ်မလုပ်ဖူးခဲ့ရင်တောင်မှ ကိုယ်လျှောက်နေတဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံမျိုးတွေနှင့် သေချာ ဒီဇိုင်းဆွဲကာ ပြင်ဆင်ထားတဲ့ resume ဟာ မိမိရဲ့ Resume ကို ပိုပြီးထူးခြားစေတဲ့ အောင်မြင်စေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။
Popular ဖြစ်တဲ့ အလုပ်အကိုင်မျိုး၊ လုပ်ငန်းမျိုးမှာ လျှောက်ကြရမှာ မိမိ Resume ဟာ အလုပ်ရှင်ကိုယ်တိုင်က ဒီလိုဝန်ထမ်းမျိုး ဒီမှာလုပ်လို့ကတော့ကွာ… အစချီကာ စိတ်ကူးယဉ်ရလောက်အောင် ရေးနိုင်ဖို့ လိုပါလိမ့်မယ်။

ဒီအချက်တွေအပြင် တခြား သတိမထားမိနိုင်တဲ့ လူသိပ်မသိတဲ့ အချက်များရှိရင်
အခြား အလုပ်ရှာသူများနှင့် share ပါဦးဗျာ။




Photo by PicturePerfectPose, Krasi & Straitic


credit mmjobdb

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................