~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 27 August 2012

ခုနှစ်ရက် သားသမီးများအတွက် ( ၂၇.၈.၁၂) မှ ( ၂.၉.၁၂) အထိ တပတ်စာ ဗေဒင်ဟောစာတမ်း


MR NINE

တနင်္ဂနွေ သားသမီးများ၏ ကံကြမ္မာ
ရွှေဝင်ခြင်း၊ နာရီဝင်ခြင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရန်စီစဉ်နေလျှင်ကောင်းသည်။ အလုပ်ပြောင်းရန်ဖြစ်လျှင်
လည်းကောင်းသည်။ စီးပွားတက်ခြင်း၊ လစာတိုးခြင်း၊ ရာထူးတိုးခြင်းများဖြစ်တတ်သည်။ ခရီးလည်း
ထွက်ရတတ်သည်။ ကောင်းသောခရီးများဖြစ်၏။လူမျိုးခြားနှင့်ပတ်သက်ပြီး ကောင်းသောသတင်းများ
ကြားရတတ်သည်။ အစစအရာရာအဆင်ပြေနေသောအချိန်ဖြစ်သည်။
ကျန်းမာရေး။ ကိုယ်ခန္ဓာကိုက်ခဲနေမည်။
အချစ်ရေး။ ချစ်သူနှင့်တိုင်တိုင်ပင်ပင်ဖြစ်ပြီး စိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီးစိတ် (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၁ ၁)





တနင်္လာ သားသမီးများ၏ ကံကြမ္မာ
နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများဆောင်ရွက်ရခြင်း၊ လူမျိုးခြားများ၏ကူညီမှုရ
ခြင်းဖြစ်တတ်သည်။အလုပ်တွင်ဘာဖြစ်မှန်းမသိအောင်အခက်အခဲတွေ့ရတတ်သည်။ လုပ်သမျှလွဲချော်နေတတ်သည်။
အစစအရာရာသတိရှိပါ။မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်းဖြစ်နေမည်။မိမိကိစ္စမဟုတ်ဘဲသူတပါးကိစ္စကြောင့်စိတ်အနှောင့်
အယှက်များဖြစ်နေတတ်သည်။တတ်နိုင်သလောက်ဘာသာရေးလုပ်ပြီးနေပါ။
ကျန်းမာရေး။ ခြေထောက်ဒဏ်ရာရပြီးကွဲပြဲ၍ချုပ်ရတတ်သည်။
အချစ်ရေး။ အမျိုးသမီးတဦးဝင်ရောက်နှောင့်ယှက်ခြင်းဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သင်္ဘောသီး (၅) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၆ ၅ ၄)





အင်္ဂါ သားသမီးများ၏ ကံကြမ္မာ
အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင်မင်္ဂလာဆောင်ရခြင်း (သို့) ဆွေမျိုးသားချင်းထဲမှမင်္ဂလာသတင်းကြားရခြင်းဖြစ်
တတ်သည်။အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ အိမ်ခန်းပြုပြင်ရခြင်းများပြုလုပ်ရတတ်သည်။ ကားသစ်
ဝင်ခြင်း၊ ခရီးသွားရခြင်း၊ရွှေဆွဲသီး၊ စိန်ဆွဲသီးဝင်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင်လုပ်သမျှအောင်မြင်နေမည်။
လက်အောက်ငယ်သားများကိုကူညီ ထောက်ပံ့နေရမည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အစာအိမ်ရောဂါပြန်ဖြစ်နေခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းကောင်းနေသည်။ မိမိစိတ်တိုင်းကျရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖရဲသီး (၃) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုေးပးဂဏန်း ( ၄ ၄ ၃ ၆)





ဗုဒ္ဓဟူး သားသမီးများ၏ ကံကြမ္မာ
အမိနိုင်ငံပြန်ရတတ်ခြင်း၊ အလုပ်တွင်စိတ်ညစ်နေရတတ်ခြင်း၊ စာရွက်စာတမ်းကိစ္စ၊ စာအုပ်ကိစ္စကြောင့်စိတ်
အနှောင့်အယှက်ဖြစ်နေရခြင်းများဖြစ်တတ်သည်။ မိတ်ဆွေကြောင့်မိမိဂုဏ်သိက္ခာကျရတတ်ခြင်း၊ ငွေအတွက်
သောကဖြစ်နေရခြင်း၊ ဖုန်းကြောင့်၎င်း ကွန်ပြူတာကြောင့်၎င်းစိတ်ညစ်စရာဖြစ်နေတတ်သည်။ ခင်မင်သော
မိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ အစစအရာရာမကြာခင်အဆင်ပြေသွားပါမည်။
ကျန်းမာရေး။ ၀မ်းလျှော၊ ၀မ်းပျက်ခြင်းဖြစ်တတ်သည်။ ( အစားအသောက်သတိပြုပါ)။
အချစ်ရေး။ ပုံမှန်အတိုင်းဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သခွားမွှေး ( ၇) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၀ ၆)





ကြာသပတေး သားသမီးမျာ၏ ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ မျက်မှန်လက်ဆောင်ရခြင်း၊ စက်ဘီးဝင်ခြင်း၊ အရေးကြီးသောစာတစောင်ရောက်လာ
ခြင်းများဖြစ်တတ်သည်။နိုင်ငံရပ်ခြားခရီးအလည်အပတ်ထွက်ရခြင်း၊ ဘုရားဖူးခရီးဖြစ်ခြင်း (သို့) ဘာသာရေးနှင့်
ပတ်သက်သောကောင်းမှုကုသိုလ်များလုပ်ကိုင်နေရခြင်း၊ စီးပွားရေးမိမိထင်သလောက်အကျိုးစီးပွားမဖြစ်သေးခြင်း
များဖြစ်နေမည်။ ရပ်ဝေးမှနာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။
ကျန်းမာရေး။ သွေးလျှံခြင်း၊ လက်ဒဏ်ရာရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား လိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၅ ၅ ၂)





သောကြာ သားသမီးများ၏ ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရခြင်း၊ လုပ်ငန်းနေရာပြောင်းရခြင်းဖြစ်တတ်သည်။ ကောင်းသောပြောင်း
ခင်းဖြစ်သည်။ရွှေအသစ်ဝင်ခြင်း၊ ပုလဲလက်စွပ်ဝင်ခြင်းဖြစ်တတ်သည်။ သောကနှင့်ယှဉ်သောခရီးသွားရတတ်သည်။
အလုပ်တွင် လက်အောက်ငယ်သားကြောင့်စိတ်ညစ်စရာဖြစ်တတ်သည်။ ငွေဝင်မည်။သို့သောအထွက်လည်းများနေ
မည်။ ငွေမဖတ်မတင်သေးသောအချိန်ဖြစ်နေသည်။
ကျန်းမာရေး။ ဆီးအောင့်တတ်သည်။
အချစ်ရေး။ အစီအစဉ်မရှိဘဲရုတ်တရက်အိမ်ထောင်ကျတတ်သည်။ မကောင်းသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပန်းသီး (၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၁ ၆ ၆)





စနေ သားသမီးများ၏ ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရခြင်း၊ ပြည်တွင်းခရီးသွားရခြင်း၊ နှစ်မျိုးလုံးခရီးထွက်ရခြင်းများဖြစ်နေတတ်သည်
ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊စာအုပ်လက်ဆောင်ရခြင်းများဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်စရာလည်းဆက်
တိုက်ဖြစ်နေတတ်သည်။စီးပွားရေးအလွန်ကောင်းနေသည်။ အလုပ်တွင်ခိုက်ရန်ဒေါသဖြစ်ရတတ်သည်။ သတိထားပါ။
သည်းခံပါ။ ခင်မင်ရင်းနှီးသောမိတ်ဆွေများနှင့်ခွဲခွာရတတ်သည်။

ကျန်းမာရေး။ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား သစ်တော့သီး (၅)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅ ၄ ၃ ၂)



*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................