~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Saturday 4 August 2012

(1)နားအူခြင်းဆိုတာ .....|(2)အနာကြီးရောဂါဆိုတာ ( leprosy ) ..

နားအူခြင်းဆိုတာ .............

 Photo: နားအူခြင်းဆိုတာ  .............

ပြင်ပမှာ တကယ်အသံမရှိဘဲ နားထဲမှာ အသံမြည်နေရခြင်းကို နားအူခြင်းလို့ခေါ်ပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်း ခေါ်ကြပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်းခေါ်ကြပါတယ်။ လူနဲ့နားမှာ အပြင်နား၊ အလယ်နား၊ အတွင်းနားရယ်လို့ရှိရာမှာ အဲဒီနေရာတစ်ခုခုမှာ ရောဂါတစ်ခုခုရှိပြီး။ အသံထွက်လာတာကို လူနာအနေနဲ့ ကြားရခြင်းဖြစ်ပါတယ်။ အပြင်မှာတော့ တကယ့်အသံ မရှိ ပါဘူး။ နားထဲမှာ ပိုးကောင်ဝင်ခြင်း၊ နားထဲမှာ နားဖာချေးများခြင်း၊ အပြင်နားရောင်ရင်လည်း အသံကြားရတတ်ပါတယ်။

နားရဲ့ နှာခေါင်းဆက်တဲ့ ပြွန်ပိတ်ပြီး အလယ်နားထဲမှာ အရည်တွေစုရင်လည်း နားအူတတ်ပါတယ်။ အဲသလို နားအူရင် တစ်ဖက် စောင်းလိုက်ရင် အသံမြည်တတ်ပါတယ်။ တံတွေးမျိုရင်လည်း ဖလပ်၊ ဖလပ်မြည်တတ်ပါတယ်။

Menure’s Disease ရောဂါမှာလည်း နားအူတတ်ပါတယ်။ အတွင်းနားရေတိမ်လို့လည်း ခေါ်ပါတယ်။ အတွင်းနားအထဲရှိ အရည် အိတ် (Endolymphatic Sac) မှာ အရည်တွေပိုများလာပြီး နားအကြားအာရုံခံကလာပ်စည်းများဖိမိပြီး နားအူခြင်းဖြစ်ပါတယ်။ မူးပြီးတော့ လည်း အန်တတ်ပါတယ်။

နားအာရုံကြောမှာ အလုံး၊ အဖု၊ အကျိတ်ဖြစ်ရင်လည်း နားတစ်ဖက်တည်း နားအူ၊ နားလေးခြင်းဖြစ်တတ်ပါတယ်။ အဲဒီအဖုက အနီးအနားမှာရှိတဲ့ အာရုံကြောတွေကိုပါဖိတဲ့အတွက် မျက်နှာတစ်ခြမ်း လေဖြတ်သလိုပါးရွဲ့သွားခြင်း၊ ဖြစ်တဲဘက် မျက်လုံးပိတ်မရခြင်း စသည်တို့လည်း တွဲပြီးဖြစ်တတ်ပါတယ်။ တချို့မှာတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့်လည်း နားအူတာမျိုးဖြစ်နိုင်ပါတယ်။ အချို့ သော ဆေးဝါးများကြောင့်လည်း နားအူနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေ အာရုံကြောအားနည်းပြီး နားအူတတ်ပါတယ်။ နားအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးဝါးများ စားရင်း လည်း နားအူတတ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဆူညံသံကြောင့် နားအူတတ်ပါတယ်။

ဖြစ်ပွားပုံရာဇ၀င်မေးခြင်း၊ နားစည်ကို ကြည့် ရှုစစ်ဆေးခြင်းများပြုလုပ်ရပါမယ်။ နားစည်ပေါက်နေသလား၊ နားဖာချေး ကလော်ထုတ် ရင်းနဲ့ (နားကျပ်ရင်းနဲ့) ကြက်တောင်မွေးလေးတွေ ကျန်နေရစ်ပြီး နားအူတာလည်းဖြစ်တတ်ပါတယ်။

အဏုကြည့်မှန်ပြောင်းနှင့်လည်း ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် အပြင်နား၊ အလယ်နားတို့ကို စစ်ဆေးနိုင်ပါတယ်။ နားစည်ရဲ့အတွင်း ဘက်မှာ ဖိအားများနေသလား၊ နည်းနေသလားဆိုတာ မီတာနဲ့တိုင်းကြည့်ရပါတယ်။

နားအူခြင်းအကြောင်းရင်းကို လိုက်ပြီး ကုသပေးရပါတယ်။ နားရောဂါတွေကြောင့်ဖြစ်တာတွေကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်က လိုအပ်သလို ကုသမှုပေးပါတယ်။ ကြက်မွေးဝင်နေသောကြောင့် နားအူတာဆိုရင် သန့်ရှင်းရေးလုပ်ပေးရပါတယ်။ Meniere’s Discease ရောဂါကြောင့်ဆိုရင် အတွင်းနား ဖိအားလျော့သွားအောင် ဆေးစားခြင်း၊ ဆေးထိုးခြင်းဖြင့် ကုသနိုင်ပါတယ်။ နိုင်ငံခြားမှာတော့ (Surgical Decompression)လုပ်ပေးနိုင်ပါတယ်။

 နားအတွင်း အာရုံကြောမှာ အဖုအလုံးဖြစ်နေတယ်ဆိုရင်လည်း လိုအပ်သလို ခွဲစိတ်ကုသမှုပေးရပါတယ်။ နာတာရှည် နားအူတာမျိုးကို နားအူနေတဲ့အသံကို ဖုံးကွယ်သွားအောင် သူနဲ့တူတဲ့ အသံတစ်ခု ပေးလိုက်ရင် (Tinnitus Masking) နားအူတာ ပျောက်သွားပါတယ်။ တစ်နာရီ၊ နှစ်နာရီလောက်အသံပေးလိုက်ရင် နားအူတာ တဖြည်းဖြည်းပျောက်သွားပါတယ်။ ဒါပေမယ့် ကြာရင်ပြန်ပြီး နားအူလာတတ်ပါတယ်။ တချို့လူနာတွေကျတော့ နားကြပ်တပ်ပေးခြင်းအား ဖြင့် နားအူပျောက်သွားနိုင်ပါတယ်။

နားအူရင် ကိုယ့်ဘာသာကိုယ် ဆေးမြီးတိုတွေသောက်နေမယ့်အစား နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် (သို့) ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်တွေ (သို့) စိတ်အထူးကုဆရာဝန်တွေနဲ့ ပြသပြီး သေချာစွာကုသသင့်ပါတယ်။ ကိုယ့်ဘာသာ ကိုယ် နားကျပ်ခြင်း မလုပ်သင့်ပါ။ နားစည်ပေါက်သွားခြင်း၊ နားပိုးဝင်ရောက်ရမ်းခြင်းများဖြစ်သွားနိုင်ပါတယ်။
ပြင်ပမှာ တကယ်အသံမရှိဘဲ နားထဲမှာ အသံမြည်နေရခြင်းကို နားအူခြင်းလို့ခေါ်ပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်း ခေါ်ကြပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်းခေါ်ကြပါတယ်။ လူနဲ့နားမှာ အပြင်နား၊ အလယ်နား၊ အတွင်းနားရယ်လို့ရ...
ှိရာမှာ အဲဒီနေရာတစ်ခုခုမှာ ရောဂါတစ်ခုခုရှိပြီး။ အသံထွက်လာတာကို လူနာအနေနဲ့ ကြားရခြင်းဖြစ်ပါတယ်။ အပြင်မှာတော့ တကယ့်အသံ မရှိ ပါဘူး။ နားထဲမှာ ပိုးကောင်ဝင်ခြင်း၊ နားထဲမှာ နားဖာချေးများခြင်း၊ အပြင်နားရောင်ရင်လည်း အသံကြားရတတ်ပါတယ်။

နားရဲ့ နှာခေါင်းဆက်တဲ့ ပြွန်ပိတ်ပြီး အလယ်နားထဲမှာ အရည်တွေစုရင်လည်း နားအူတတ်ပါတယ်။ အဲသလို နားအူရင် တစ်ဖက် စောင်းလိုက်ရင် အသံမြည်တတ်ပါတယ်။ တံတွေးမျိုရင်လည်း ဖလပ်၊ ဖလပ်မြည်တတ်ပါတယ်။

Menure’s Disease ရောဂါမှာလည်း နားအူတတ်ပါတယ်။ အတွင်းနားရေတိမ်လို့လည်း ခေါ်ပါတယ်။ အတွင်းနားအထဲရှိ အရည် အိတ် (Endolymphatic Sac) မှာ အရည်တွေပိုများလာပြီး နားအကြားအာရုံခံကလာပ်စည်းများဖိမိပြီး နားအူခြင်းဖြစ်ပါတယ်။ မူးပြီးတော့ လည်း အန်တတ်ပါတယ်။

နားအာရုံကြောမှာ အလုံး၊ အဖု၊ အကျိတ်ဖြစ်ရင်လည်း နားတစ်ဖက်တည်း နားအူ၊ နားလေးခြင်းဖြစ်တတ်ပါတယ်။ အဲဒီအဖုက အနီးအနားမှာရှိတဲ့ အာရုံကြောတွေကိုပါဖိတဲ့အတွက် မျက်နှာတစ်ခြမ်း လေဖြတ်သလိုပါးရွဲ့သွားခြင်း၊ ဖြစ်တဲဘက် မျက်လုံးပိတ်မရခြင်း စသည်တို့လည်း တွဲပြီးဖြစ်တတ်ပါတယ်။ တချို့မှာတော့ စိတ်ကျန်းမာရေး ပြဿနာကြောင့်လည်း နားအူတာမျိုးဖြစ်နိုင်ပါတယ်။ အချို့ သော ဆေးဝါးများကြောင့်လည်း နားအူနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေ အာရုံကြောအားနည်းပြီး နားအူတတ်ပါတယ်။ နားအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ဆေးဝါးများ စားရင်း လည်း နားအူတတ်ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ရတဲ့သူတွေ ဆူညံသံကြောင့် နားအူတတ်ပါတယ်။

ဖြစ်ပွားပုံရာဇ၀င်မေးခြင်း၊ နားစည်ကို ကြည့် ရှုစစ်ဆေးခြင်းများပြုလုပ်ရပါမယ်။ နားစည်ပေါက်နေသလား၊ နားဖာချေး ကလော်ထုတ် ရင်းနဲ့ (နားကျပ်ရင်းနဲ့) ကြက်တောင်မွေးလေးတွေ ကျန်နေရစ်ပြီး နားအူတာလည်းဖြစ်တတ်ပါတယ်။

အဏုကြည့်မှန်ပြောင်းနှင့်လည်း ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် အပြင်နား၊ အလယ်နားတို့ကို စစ်ဆေးနိုင်ပါတယ်။ နားစည်ရဲ့အတွင်း ဘက်မှာ ဖိအားများနေသလား၊ နည်းနေသလားဆိုတာ မီတာနဲ့တိုင်းကြည့်ရပါတယ်။

နားအူခြင်းအကြောင်းရင်းကို လိုက်ပြီး ကုသပေးရပါတယ်။ နားရောဂါတွေကြောင့်ဖြစ်တာတွေကို နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်က လိုအပ်သလို ကုသမှုပေးပါတယ်။ ကြက်မွေးဝင်နေသောကြောင့် နားအူတာဆိုရင် သန့်ရှင်းရေးလုပ်ပေးရပါတယ်။ Meniere’s Discease ရောဂါကြောင့်ဆိုရင် အတွင်းနား ဖိအားလျော့သွားအောင် ဆေးစားခြင်း၊ ဆေးထိုးခြင်းဖြင့် ကုသနိုင်ပါတယ်။ နိုင်ငံခြားမှာတော့ (Surgical Decompression)လုပ်ပေးနိုင်ပါတယ်။

နားအတွင်း အာရုံကြောမှာ အဖုအလုံးဖြစ်နေတယ်ဆိုရင်လည်း လိုအပ်သလို ခွဲစိတ်ကုသမှုပေးရပါတယ်။ နာတာရှည် နားအူတာမျိုးကို နားအူနေတဲ့အသံကို ဖုံးကွယ်သွားအောင် သူနဲ့တူတဲ့ အသံတစ်ခု ပေးလိုက်ရင် (Tinnitus Masking) နားအူတာ ပျောက်သွားပါတယ်။ တစ်နာရီ၊ နှစ်နာရီလောက်အသံပေးလိုက်ရင် နားအူတာ တဖြည်းဖြည်းပျောက်သွားပါတယ်။ ဒါပေမယ့် ကြာရင်ပြန်ပြီး နားအူလာတတ်ပါတယ်။ တချို့လူနာတွေကျတော့ နားကြပ်တပ်ပေးခြင်းအား ဖြင့် နားအူပျောက်သွားနိုင်ပါတယ်။

နားအူရင် ကိုယ့်ဘာသာကိုယ် ဆေးမြီးတိုတွေသောက်နေမယ့်အစား နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန် (သို့) ဦးနှောက်နှင့် အာရုံကြော အထူးကုဆရာဝန်တွေ (သို့) စိတ်အထူးကုဆရာဝန်တွေနဲ့ ပြသပြီး သေချာစွာကုသသင့်ပါတယ်။ ကိုယ့်ဘာသာ ကိုယ် နားကျပ်ခြင်း မလုပ်သင့်ပါ။ နားစည်ပေါက်သွားခြင်း၊ နားပိုးဝင်ရောက်ရမ်းခြင်းများဖြစ်သွားနိုင်ပါတယ်။



===================================================



အနာကြီးရောဂါဆိုတာ ( leprosy ) ..........
 

 Photo: အနာကြီးရောဂါဆိုတာ ( leprosy ) ..........

(အောက်တွင် ဖော်ပြထားသော ရောဂါလက္ခဏတွေ့ အရေပြးပေါ်မှာ တွေ့ ရှိလာရင် မရှက်ပါနဲ့  ရှက်စရာမဟုတ်ပါဘူး အမြန်ဆုံး ကျန်းမာရေးဌါတွေကို အလျှင်စောစွာ သွားပြသင့်ပါကြောင်း Mg Mandalay မှ ကြိုတင် ပြောပါရစေ )

ကူးစက်တတ်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ Mycobacterium Leprae လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။ ဖြစ်ခါစမှာ အရေပြားပေါ်တွင် အဖြူကွက်၊ အနီကွက်နဲ့စပါတယ်။ ညှင်း၊ ပွေး (သို့) အခြားအရေပြားရောဂါတစ်ခုခုလို့ထင်ပြီး ပေါ့တတ်ကြ ပါတယ်။ နည်းနည်းရင့်လာတော့မှ အဲဒီအကွက်က သိသိသာသာထုံလာတာတို့၊ ချွေးမထွက်တာ၊ မွေးညင်းမပေါက်တာတို့ဖြစ်လာပါတယ်။ 

သိပ်နောက်ကျရင် ခြေလက်အင်္ဂါပျက်စီးချို့ယွင်းမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ခြေသိုင်းကျခြင်း၊ မျက်စိပိတ်မရခြင်း၊ လက်တွေ ခြေတွေ ကွေးကောက်ခြင်းစသည်တို့ တွေ့နိုင်ပါတယ်။

အနာကြီးရောဂါသည်တွေနဲ့အတူနေတဲ့ မိသားစုဝင်တွေကတော့ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ကျိန်စာသင့်တာ မဟုတ် ပါ၊ ကာလသားရောဂါ မဟုတ်ပါ။ အကြမ်းဖျင်းပြောရရင်တော့ မည်သည့် အသက်အရွယ်မဆို ကျား/မ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့် အတန်းမရွေးအကုန်လုံး ဖြစ်နိုင်ချေရှိပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်၊ အနီကွက် မသင်္ကာတာတွေ့ရင် ဒီနိုင်ငံမှာ အနာကြီးရောဂါ ထူထပ်ခဲ့ဖူးတော့၊ အနာကြီးရောဂါကို ရှေ့တန်းတင်ပြီး စဉ်းစားသင့်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ စစ်ဆေးစမ်းသပ် ရပါမယ်။ ပွေး၊ ၀ဲ၊ ညှင်းဖြစ်လို့ မကုဘဲထား ရင် ပြဿနာမရှိပေမယ့်၊ အနာကြီးရောဂါဖြစ်နေပြီး မကုဘဲထားရင် တဖြည်းဖြည်းနဲ့ ရောဂါရင့်သွားနိုင်ပါတယ်။ လိုအပ်ရင် အရေပြား အကွက်ပေါ်မှာ အသားစခြစ်ယူပြီး ဓါတ်ခွဲစမ်းသပ်ကြည့်ရှုစစ်ဆေးလို့ရပါတယ်။ ကလာပ်စည်းဗေဒဘာသာရပ် တိုးတက်နေပြီးဖြစ်တဲ့ အတွက် သာမန်ဆိုးဆေးများအပြင် ခေတ်မီ အထူးဆိုးဆေးများအသုံးပြုပြီး၊ အနာကြီးရောဂါပိုးကို စမ်းသပ်ရှာဖွေနိုင်နေပါပြီ။

အရင်တုန်းကတော့ ဒက်ပဆုံးဆေးနဲ့ပဲ ကုသခဲ့ကြရပါတယ်။ တစ်နေ့တစ်ကြိမ် မှန်မှန် နှစ်ရှည်လများသောက်ရပါတယ်။ အနားကြီး ရောဂါအစိုမျိုးဆိုရင် တစ်သက်လုံးသောက်ရပြီး၊ အခြောက်မျိုးဆိုရင် (၆)နှစ်လောက်သောက်ရပါတယ်။ အဲဒီမှာလူနာတွေက ဆေးကို မှန်မှန် မသောက်ချင်ကြဘူး၊ ညည်းငွေ့လာတယ်။ သောက်တစ်လှည့်၊ မသောက်တစ်လှည့် ဖြစ်လာတယ်။ ဒါကြောင့် ဆေးယဉ်ပါးမှု ပြဿနာ ပေါ်လာခဲ့ရတယ်။ ခုနောက်ပိုင်း (၁၉၈၈) ခုနှစ်ကစပြီးတော့ Multiple Drug Therapy (MDT)ဆေးပေါင်းကျွေး ကုသနည်းပေါ် လာတော့ ဆေးက အနည်းဆုံးနှစ်မျိုးကနေ၊ သုံးမျိုးထိသောက်ရပါတယ်။

ရောဂါပိုးကိုသတ်နိုင်တဲ့ စွမ်းအားလည်းပိုများလာတယ်။ အစိုအနာကြီး ရောဂါမျိုးအတွက် ဆေးသုံးမျိုး (၁)နှစ် သောက်ရပြီး၊ အခြောက်အနာကြီးရောဂါမျိုးအတွက် နှစ်မျိုး (၆)လ သောက်ရပါမယ်။ မှန်မှန်ကန်ကန်သာသောက်ရင် ပျောက်ကိုပျောက်ပါတယ်။ ရောပါပြန်ဖြစ်တဲ့နှုန်းလည်း အတော့်ကိုနည်းပါတယ်။ ဆေးယဉ်ပါးမှု ပြဿနာ လည်း နည်းပါတယ်။ ဆေးတွေကို နိုင်ငံတော်မှ အခမဲ့ပေးနေပါတယ်။ ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းသွားရင်တော့ ဆေးကတော့ ဒီဆေးပဲ သောက်ရပါမယ်။ ပိုပြီး ဆိုးမသွားအောင်နဲ့ ချို့ယွင်းတာကိုလည်း ဂရုစိုက်ကုသမှုပေးရပါတယ်။

အရေးကြီးတဲ့ ပြဿနာတစ်ခု ပြောချင်ပါတယ်။ အဲဒါကိတော့ ဆေးပေါင်းသောက်နေတုန်းမှာ “ရောဂါကန်ခြင်း” ဆိုတာရှိတတ်ပါတယ်။ ခေတ္တခဏ ပိုဆိုးလာသလို ထင်ရတယ်။ ရောဂါကန်နေတဲ့ အချိန်မှာကြောက်ပြီး ပြန်မပြတော့ဘဲ၊ ဆေးဖြတ်ပစ်လိုက်ရင် အာရုံကြောတွေ ထိခိုက်ပျက်စီးပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသွားတတ်ပါတယ်။ ရောဂါကန်ခြင်းဖြစ်ပေါ်လာရင် ကျန်းမာရေးဌာနကို ချက်ချင်းပြန်လာပြရပါမယ်။ ရောဂါကန် ခြင်းကို ကုသတဲ့ဆေးတွေနဲ့ ကုပေးလို့ရပါတယ်။ ကိုယ်လက်အင်္ဂါချို့ယွင်းမှု သိပ်ဆိုးသွားရင်တော့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရပါတယ်။ အရိုးအထူးကု ဆေးရုံတွေမှာရော၊ မြို့နယ်ဆေးရုံတွေမှာရော ခွဲစိတ်ပေးနိုင်ပါတယ်။ အချို့မြို့နယ်ဆရာဝန်တွေကို သင်တန်းတွေ လေ့ကျင့်ပေးထားပါတယ်။

ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းပြီးမှ ခွဲစိတ်ကုသရတယ်ဆိုတာ အင်မတန်အကုန်အကျများပါတယ်။ လူနာအတွက်လည်း နစ်နာပါတယ်။ ခွဲစိတ်ပေးရတဲ့ ဌာနမျာလည်း အလုပ်များပါတယ်။ ဒါကြောင့် အနာကြီး ရောဂါဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ် တယ်။

ဆေးလည်းအခမဲ့ရတာဖြစ်တဲ့အတွက်ကြောင့် ကာယကံရှင်လူနာတွေဟာ မရှက်မကြောက်ဘဲ အရေပြားပေါ်မှာ မသင်္ကာတဲ့ အကွက်တွေ့ရင် စောစောစီးစီး အမြန်ဆုံးနီးစပ်ရာ ကျန်းမာရေးဌာနတွေကို ရဲရဲဝံ့ဝံ့နဲ့ သွားပြပြီး၊ ပေးတဲ့ဆေးကို ယုံကြည်စွာသောက်ပြီး ကုရင်ပျောက်နိုင်ပါတယ်။
Health

 (အောက်တွင် ဖော်ပြထားသော ရောဂါလက္ခဏတွေ့ အရေပြးပေါ်မှာ တွေ့ ရှိလာရင် မရှက်ပါနဲ့  ရှက်စရာမဟုတ်ပါဘူး အမြန်ဆုံး ကျန်းမာရေးဌါတွေကို အလျှင်စောစွာ သွားပြသင့်ပါကြောင်း Mg Mandalay မှ ကြိုတင် ပြောပါရစေ )

ကူးစက...
်တတ်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ Mycobacterium Leprae လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။ ဖြစ်ခါစမှာ အရေပြားပေါ်တွင် အဖြူကွက်၊ အနီကွက်နဲ့စပါတယ်။ ညှင်း၊ ပွေး (သို့) အခြားအရေပြားရောဂါတစ်ခုခုလို့ထင်ပြီး ပေါ့တတ်ကြ ပါတယ်။ နည်းနည်းရင့်လာတော့မှ အဲဒီအကွက်က သိသိသာသာထုံလာတာတို့၊ ချွေးမထွက်တာ၊ မွေးညင်းမပေါက်တာတို့ဖြစ်လာပါတယ်။

သိပ်နောက်ကျရင် ခြေလက်အင်္ဂါပျက်စီးချို့ယွင်းမှုတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ ခြေသိုင်းကျခြင်း၊ မျက်စိပိတ်မရခြင်း၊ လက်တွေ ခြေတွေ ကွေးကောက်ခြင်းစသည်တို့ တွေ့နိုင်ပါတယ်။

အနာကြီးရောဂါသည်တွေနဲ့အတူနေတဲ့ မိသားစုဝင်တွေကတော့ ပိုပြီးဖြစ်နိုင်ချေရှိပါတယ်။ မျိုးရိုးလိုက်တာ၊ ကျိန်စာသင့်တာ မဟုတ် ပါ၊ ကာလသားရောဂါ မဟုတ်ပါ။ အကြမ်းဖျင်းပြောရရင်တော့ မည်သည့် အသက်အရွယ်မဆို ကျား/မ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အဆင့် အတန်းမရွေးအကုန်လုံး ဖြစ်နိုင်ချေရှိပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်၊ အနီကွက် မသင်္ကာတာတွေ့ရင် ဒီနိုင်ငံမှာ အနာကြီးရောဂါ ထူထပ်ခဲ့ဖူးတော့၊ အနာကြီးရောဂါကို ရှေ့တန်းတင်ပြီး စဉ်းစားသင့်ပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းနဲ့ စစ်ဆေးစမ်းသပ် ရပါမယ်။ ပွေး၊ ၀ဲ၊ ညှင်းဖြစ်လို့ မကုဘဲထား ရင် ပြဿနာမရှိပေမယ့်၊ အနာကြီးရောဂါဖြစ်နေပြီး မကုဘဲထားရင် တဖြည်းဖြည်းနဲ့ ရောဂါရင့်သွားနိုင်ပါတယ်။ လိုအပ်ရင် အရေပြား အကွက်ပေါ်မှာ အသားစခြစ်ယူပြီး ဓါတ်ခွဲစမ်းသပ်ကြည့်ရှုစစ်ဆေးလို့ရပါတယ်။ ကလာပ်စည်းဗေဒဘာသာရပ် တိုးတက်နေပြီးဖြစ်တဲ့ အတွက် သာမန်ဆိုးဆေးများအပြင် ခေတ်မီ အထူးဆိုးဆေးများအသုံးပြုပြီး၊ အနာကြီးရောဂါပိုးကို စမ်းသပ်ရှာဖွေနိုင်နေပါပြီ။

အရင်တုန်းကတော့ ဒက်ပဆုံးဆေးနဲ့ပဲ ကုသခဲ့ကြရပါတယ်။ တစ်နေ့တစ်ကြိမ် မှန်မှန် နှစ်ရှည်လများသောက်ရပါတယ်။ အနားကြီး ရောဂါအစိုမျိုးဆိုရင် တစ်သက်လုံးသောက်ရပြီး၊ အခြောက်မျိုးဆိုရင် (၆)နှစ်လောက်သောက်ရပါတယ်။ အဲဒီမှာလူနာတွေက ဆေးကို မှန်မှန် မသောက်ချင်ကြဘူး၊ ညည်းငွေ့လာတယ်။ သောက်တစ်လှည့်၊ မသောက်တစ်လှည့် ဖြစ်လာတယ်။ ဒါကြောင့် ဆေးယဉ်ပါးမှု ပြဿနာ ပေါ်လာခဲ့ရတယ်။ ခုနောက်ပိုင်း (၁၉၈၈) ခုနှစ်ကစပြီးတော့ Multiple Drug Therapy (MDT)ဆေးပေါင်းကျွေး ကုသနည်းပေါ် လာတော့ ဆေးက အနည်းဆုံးနှစ်မျိုးကနေ၊ သုံးမျိုးထိသောက်ရပါတယ်။

ရောဂါပိုးကိုသတ်နိုင်တဲ့ စွမ်းအားလည်းပိုများလာတယ်။ အစိုအနာကြီး ရောဂါမျိုးအတွက် ဆေးသုံးမျိုး (၁)နှစ် သောက်ရပြီး၊ အခြောက်အနာကြီးရောဂါမျိုးအတွက် နှစ်မျိုး (၆)လ သောက်ရပါမယ်။ မှန်မှန်ကန်ကန်သာသောက်ရင် ပျောက်ကိုပျောက်ပါတယ်။ ရောပါပြန်ဖြစ်တဲ့နှုန်းလည်း အတော့်ကိုနည်းပါတယ်။ ဆေးယဉ်ပါးမှု ပြဿနာ လည်း နည်းပါတယ်။ ဆေးတွေကို နိုင်ငံတော်မှ အခမဲ့ပေးနေပါတယ်။ ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းသွားရင်တော့ ဆေးကတော့ ဒီဆေးပဲ သောက်ရပါမယ်။ ပိုပြီး ဆိုးမသွားအောင်နဲ့ ချို့ယွင်းတာကိုလည်း ဂရုစိုက်ကုသမှုပေးရပါတယ်။

အရေးကြီးတဲ့ ပြဿနာတစ်ခု ပြောချင်ပါတယ်။ အဲဒါကိတော့ ဆေးပေါင်းသောက်နေတုန်းမှာ “ရောဂါကန်ခြင်း” ဆိုတာရှိတတ်ပါတယ်။ ခေတ္တခဏ ပိုဆိုးလာသလို ထင်ရတယ်။ ရောဂါကန်နေတဲ့ အချိန်မှာကြောက်ပြီး ပြန်မပြတော့ဘဲ၊ ဆေးဖြတ်ပစ်လိုက်ရင် အာရုံကြောတွေ ထိခိုက်ပျက်စီးပြီး ကိုယ်လက်အင်္ဂါချို့ယွင်းသွားတတ်ပါတယ်။ ရောဂါကန်ခြင်းဖြစ်ပေါ်လာရင် ကျန်းမာရေးဌာနကို ချက်ချင်းပြန်လာပြရပါမယ်။ ရောဂါကန် ခြင်းကို ကုသတဲ့ဆေးတွေနဲ့ ကုပေးလို့ရပါတယ်။ ကိုယ်လက်အင်္ဂါချို့ယွင်းမှု သိပ်ဆိုးသွားရင်တော့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရပါတယ်။ အရိုးအထူးကု ဆေးရုံတွေမှာရော၊ မြို့နယ်ဆေးရုံတွေမှာရော ခွဲစိတ်ပေးနိုင်ပါတယ်။ အချို့မြို့နယ်ဆရာဝန်တွေကို သင်တန်းတွေ လေ့ကျင့်ပေးထားပါတယ်။

ကိုယ်လက်အင်္ဂါ ပျက်စီးချို့ယွင်းပြီးမှ ခွဲစိတ်ကုသရတယ်ဆိုတာ အင်မတန်အကုန်အကျများပါတယ်။ လူနာအတွက်လည်း နစ်နာပါတယ်။ ခွဲစိတ်ပေးရတဲ့ ဌာနမျာလည်း အလုပ်များပါတယ်။ ဒါကြောင့် အနာကြီး ရောဂါဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ ရောဂါဖြစ် တယ်။

ဆေးလည်းအခမဲ့ရတာဖြစ်တဲ့အတွက်ကြောင့် ကာယကံရှင်လူနာတွေဟာ မရှက်မကြောက်ဘဲ အရေပြားပေါ်မှာ မသင်္ကာတဲ့ အကွက်တွေ့ရင် စောစောစီးစီး အမြန်ဆုံးနီးစပ်ရာ ကျန်းမာရေးဌာနတွေကို ရဲရဲဝံ့ဝံ့နဲ့ သွားပြပြီး၊ ပေးတဲ့ဆေးကို ယုံကြည်စွာသောက်ပြီး ကုရင်ပျောက်နိုင်ပါတယ်။

 Health


Credit Mgmandalay

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................