~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 25 July 2012

ဖိုင်ဆိုက်ကြီးကြီး ဒေါင်းကြဖို့ Torrent စမ်းသုံးကြည့်ကြစို.

ဖိုင်ဆိုက်ကြီးကြီး ဒေါင်းကြဖို့ Torrent စမ်းသုံးကြည့်ကြစို.

torrent ဆိုတာဘာလဲ
torrent ဆိုတာက .torrent နဲ့အဆုံးသတ်တဲ့ ဖိုင်လေးတစ်ဖိုင်ပါပဲ။ အရမ်းသေးငယ်ပါတယ်။ ပုံမှန်အားဖြင့် 1 KB ကနေ 100 KB အတွင်းလောက်ပဲ ရှိပါတယ်။ torrent ဖိုင်တွေဟာ ဗီဒီယိုဖိုင်၊ သီချင်းဖိုင်၊ ဇစ်ဖိုင် စတာတွေ တစ်ခုမှမဟုတ်ပါဘူး။ အဲဒီဖိုင်လေးက Torrent ဆော့ဖ်ဝဲလ်တွေကို ဖိုင်တွေက (ဗီဒီယိုဖိုင်၊အသံဖိုင်စသည်) ဘယ်နေရာမှာ ရှိတယ်ဆိုတာ ပြောပြပေးရုံပါပဲ။
တကယ်လို့ သင်ဟာ Avator-Trailer.torrent ဆိုတဲ့ဖိုင်လေးတွေ့ရင် အဲဒါ Avator ဇာတ်ကားဖိုင် မဟုတ်ပါဘူး။ အဲဒီ Avator Trailer ဗီဒီယိုဖိုင်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာ ဖော်ပြထားတဲ့ ဖိုင်လေးပါ။

အဲဒီ torrent ဖိုင်တွေကို ဘယ်လိုသုံးရမှာလဲ
torrent ဖိုင်တွေကို torrent client ဆော့ဖ်ဝဲလ်တစ်ခုခုနဲ့ ဖွင့်ပေးရပါလိမ့်မယ်။ အဲဒီလိုဖွင့်လိုက်တာနဲ့ torrent ထဲမှာ သတ်မှတ်ထားတဲ့ မူရင်းဖိုင်ကို စတင် download ဆွဲပါလိမ့်မယ်။

ရိုးရိုး download နဲ့ ဘာကွာသလဲ
ပုံမှန် Website ကနေ download ဆွဲတယ်ဆိုတာက Server တစ်ခုတည်းကနေ လှမ်းပြီး ဆွဲခြင်းဖြစ်ပါတယ်။ One to Many လို့ ပြောလို့ရပါတယ်။ torrent ကျ Many to Many စနစ်ဖြစ်ပါတယ်။ အားနည်းချက်က ဆာဗာတစ်ခုထဲက ဖိုင်တစ်ဖိုင်ကို ကွန်ပျူတာများစွာက download ၀ိုင်းဆွဲတဲ့အချိန်မှာ အဲဒီ ဆာဗာရဲ့ အမြန်နှုန်း ကျဆင်းသွားတာပါပဲ။ torrent ကကျ အဲဒီလိုမဟုတ်ဘဲ tracker ဆိုတဲ့ ဆာဗာတစ်ခုကို အသုံးပြုပြီး Peer တွေကို ရှာဖွေပါတယ်။ Peer ဆိုတာက ကိုယ့်လိုပဲ အဲဒီဖိုင်ကို download ဆွဲနေတဲ့သူတွေကို ပြောတာပါ။ သူတို့ ဆွဲပြီးသားအပိုင်းတွေကို tracker ကိုယ့်ဆီ ပြန်ပေးပါတယ်။ အဲဒီလိုပဲ ကိုယ်ဆွဲပြီးသားအပိုင်းကိုလဲ တခြားသူဆီ ပေးပါတယ်။
seed ဆိုတာ ရှိပါသေးတယ်။ သူကတော့ အဲဒီဖိုင်ကို download ဆွဲလို့ ပြီးသွားပြီ။ ဒါပေမဲ့ ရှယ်ယာပေးနေတဲ့သူကို ပြောတာပါ။ torrent client ဆော့ဖ်ဝဲလ်တော်တော်များများဟာ ကိုယ်က ဖိုင်တစ်ဖိုင်ကို download ဆွဲပြီးသွားတဲ့အခါမှာ seeding လုပ်ပါတယ်။ အဲဒါက ကိုယ်ဆွဲပြီးတဲ့ ဖိုင်ကို တခြား Peer တွေဆီ မျှဝေနေတာပါ။ seeding မလုပ်ချင်လည်း ရပါတယ်။

Download တွေက resume ရလား
ရပါတယ်

torrent client ဆော့ဖ်ဝဲတွေရဲ့နာမည်တွေ သိချင်ပါတယ်
torrent တွေကို download ဆွဲဖို့ အသုံးပြုနိုင်တဲ့ torrent client တွေကတော့ utorrent, bittorrent စသည်ဖြင့် ရှိကြပါတယ်။ utorrent ကတော့ ပိုပြီး လူသုံးများပါတယ်။

.torrent ဖိုင်တွေကို ဘယ်မှာရှာရမလဲ
torrent search engine တွေသုံးပြီး ရှာပါ။ နာမည်ကြီး torrent search engine ကတော့ thepiratebay.se ပါ။ fenopy.com,coda.fm cinematorrents.com စတာတွေလည်း ရှိပါသေးတယ်။

ဘယ်လိုလူတွေက torrent ကိုသုံးကြသလဲ
အထူးသဖြင့် ဇာတ်ကားတွေ၊သီချင်းတွေ၊ဆော့ဖ်ဝဲတွေ စတဲ့ ဖိုင်အရွယ်အစား အရမ်းကြီးတာတွေကို ဒေါင်းလုပ်ဆွဲချင်သူတွေက အဓိက သုံးစွဲကြပါတယ်။ ကိုယ်လိုချင်တာအတွက် torrent search engine မှာ torrent ဖိုင် ရအောင်ရပြီး utorrent လို ဆော့ဖ်ဝဲလ်နဲ့ ဒေါင်းလုပ်ဆွဲရုံပါပဲ။


Credit Myanmar IT Men
============================================

http://zbigz.com/ it transfers torrents files into direct http download links , no need to use torrent software and worry about slow connections problems. register there which is free.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................