~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 25 July 2012

Gmail Delegation ပြုလုပ်နည်း - Delegate ဆိုသည်မှာ အလုပ်တာဝန် ခွဲဝေပေးခြင်းကို ဆိုလိုသည်။

    Delegate ဆိုသည်မှာ အလုပ်တာဝန် ခွဲဝေပေးခြင်းကို ဆိုလိုသည်။ Gmail တွင် အသစ်ထည့်သွင်းလိုက်သော Gmail Delegation ကို အသုံးပြုခြင်းဖြင့် မိမိ Gmail ကို
အခြားသူမှ ၀င်ရောက်သုံးစွဲခွင့် ရရှိသွားနိုင်မည်ဖြစ်သည်။ သို့သော် မိမိ၏ Gmail Password ကိုတော့ ထိုသူမှ ပြောင်းလဲ၍ မရနိုင်ပေ။ Gmail က ရည်ရွယ်သည်မှာ ကုမ္ပဏီများအတွက် ဖြစ်ပုံရသည်။ မန်နေဂျာထံဝင်လာသော Email များကို

သူကိုယ်တိုင် စစ်ဆေးဖို့ အချိန်မရလျှင် သို့မဟုတ် မန်နေဂျာက Email တွေကို reply ပြန်ဖို့ အချိန်မပေးနိုင်လျှင် သူ၏ကိုယ်စားအနေဖြင့် သူ၏ အတွင်းရေးမှူး သို့မဟုတ် တစ်ဦးတစ်ယောက်က Email များကို reply

လုပ်ခြင်း send လုပ်ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင်ရှိသော ဂီယာပုံလေးကို နှိပ်ပြီး Mail Setting ကို ရွေးချယ်ပါ။
၂။ ထို့နောက် Accounts and Import ကိုနှိပ်ပါ။
၃။ Grant access to your account တွင်ရှိသော Add another account link ကို နှိပ်ပါ။
၎။ မိမိမှ ကိုယ်စားလှယ်ထားလိုသောသူ၏ email လိပ်စာကို ရိုက်ထည့်ပါ။ ထို့နောက် Next Step ကို နှိပ်ပါ။
၅။ Gmail မှ သေချာပါသလား မေးသောအခါတွင် Send email to grant access ကို နှိပ်ပေးပါ။
၆။ ထိုအခါတွင် ထိုကိုယ်စားလှယ်ထံသို့ Gmail မှ verification email တစ်စောင် ပို့ပါလိမ့်မည်။ ထို ကိုယ်စားလှယ်မှ လက်ခံပေးရပါမည်။

အထက်ပါအဆင့်များ ပြီးဆုံးသွားပါက Delegation ပြုလုပ်ခြင်း အောင်မြင်သွားပြီ ဖြစ်ပါသည်။ ကိုယ်စားလှယ်အနေဖြင့် လုပ်ရိုးလုပ်စဉ်အတိုင်း မိမိ၏ Gmail ကိုသာ ဖွင့်ရမည်ဖြစ်သည်။ ထို့နောက် Gmail ၏ ညာဘက်

အပေါ်ထောင့်တွင် ပေါ်နေသော မိမိ Gmail လိပ်စာဘေး၏ မြှားခေါင်းကိုနှိပ်ပြီး Switch Account ကိုနှိပ်ပြီး မိမိကို ကိုယ်စားလှယ်လွှဲထားသော Gmail လိပ်စာကို ရွေးကာ ထိုသူ၏ အီးမေးလ်များကို စစ်ခြင်း၊ ထိုသူ၏

ကိုယ်စား အီးမေးလ်များ ပို့ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ မောင်မောင်က ကျော်ကျော်ကို ကိုယ်စားလှယ်အဖြစ် ခန့်ထားလျှင် ကျော်ကျော်က မောင်မောင့်ကိုယ်စား ဇော်ဇော်ထံသို့ အီးမေးလ်ပို့နိုင်မည် ဖြစ်သည်။

သို့သော် ဇော်ဇော်သည် ကျော်ကျော့်ကိုယ်စား မောင်မောင်မှ ပို့သည်ဟု သိရှိနိုင်မည်ဖြစ်သည်။

ပြန်လည်ဖယ်ရှားနည်း
၁။ Gmail ၏ ညာဘက်အပေါ်ထောင့်တွင် ရှိသော ဂီယာပုံလေးကိုနှိပ်ပြီး Mail Setting ကိုနှိပ်ပါ။
၂။ Account and Import ကို ရွေးပါ။
၃။ Grant access to your account ၏ အောက်တွင် မိမိ Delegate ပေးထားသောသူ၏ အီးမေးလ်လိပ်စာကို ရွေးပြီး Delete ကိုနှိပ်ပါ။

ပြုလုပ်နည်းဗီဒီယိုဖိုင်ကို ကြည့်လိုပါက
www.youtube.com/watch?v=1I5Xq69E0M8

Credit Myanmar IT Men

1 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................