~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 15 July 2012

My Way ဟာ ကိုရီးယားနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပြီး အဆင့်အတန်းရှိရှိ ခမ်းခမ်းနားနားနဲ့ ပီပြင်စွာ ကြည့်ရှုရမယ့် ရုပ်ရှင်တစ်ကားပါ။

ဂျပန်ရဲ့ ကိုလိုနီအဖြစ်ရပ်တည်နေရတဲ့ ကိုရီးယားနိုင်ငံအတွင်းက ဇာတ်လမ်းတစ်ပုဒ်ပါ။ ကလေးဘဝကတည်းက မာရသွန်အပြေးပြိုင်ဘက်ဖြစ်ခဲ့တဲ့ ချာတိတ်နှစ်ယောက်။ တစ်ယောက်က ဂျပန်ဗိုလ်ရဲ့ မြေး "တဆုအို ဟဆီဂါဝါ"၊ တစ်ယောက်က ကိုရီးယား လူဆင်းရဲလေး "ကင်ဂျန်ရှစ်"ပါ။ ဒီ လူဆင်းရဲလေးရဲ့ မိသားစုက ဂျပန်ဗိုလ်ရဲ့ ကျွန်တွေပေါ့။ တနေ့မှာတော့ ဂျပန်တွေ အခမ်းအနားတစ်ခု ကျင်းပနေရင်း ကင်ဂျန်ရှစ်ရဲ့ အဖေ လက်ခံပြီးယူလာပေးတဲ့ ဂျပန်ဗိုလ်ြ...ကီးအတွက် ပါဆယ်ထုပ်ဟာ လုပ်ကြံထားတဲ့ ဗုံးဖြစ်နေတဲ့ အခါ ဂျပန်ဗိုလ်ကြီး သေဆုံးခဲ့ပါတယ်။ ပါဆယ်ထုပ်ယူလာပေးတဲ့ ကင်ဂျန်ရှစ်ရဲ့ အဖေလဲ ဂျပန်တွေရဲ့ နှိပ်စက်ညှင်းပန်းခံရပြီး ဒုက္ခိတဘဝ ရောက်သွားရပါတယ်။ အဘိုးကိုဆုံးရှုံးလိုက်ရတဲ့ တဆုအိုကလဲ ကင်ဂျန်ရှစ်တို့ မိသားစုကို အငြိုးကြီးငြိုးထားခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာချိန်မှာ ကင်ဂျန်ရှစ်ဟာ လန်ချားသမားတစ်ယောက်အဖြစ် အသက်မွေးရင်း မာရသွန်အတွက်လည်း အချိန်ပြည့်လေ့ကျင့်နေပါတယ်။ အိုလံပစ်မာရသွန်ပြိုင်ပွဲမှာလဲ ကိုရီးယားလူမျိုးတွေပါဝင်ခွင့်မရပဲ ဂျပန်တွေရဲ့ အနှိမ်ခံထားရပါတယ်။ ဒါပေမယ့် အခွင့်အရေးတစ်ခု ရပြီး တဆုအိုနဲ့ အတူ ကင်ဂျန်ရှစ်လဲ အိုလံပစ်ဝင်ခွင့်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ကင်ဂျန်ရှစ် ပထမနေရာ ရခဲ့ပေမယ့် ဆုရစာရင်းမှာ ထည့်သွင်းကြေငြာခြင်းမခံရတဲ့အခါ အဓိကရုဏ်းဖြစ်ခဲ့ပြီး ကင်ဂျန်ရှစ်အပါအဝင် ကိုရီးယားလူငယ်အချို့ဟာ ချွေးတပ်သားတွေအဖြစ်နဲ့ ဂျပန်စစ်တပ်ထဲ သွပ်သွင်းခြင်းခံလိုက်ရပါတယ်။

ကင်ဂျန်ရှစ်လဲ ဂျပန်စစ်သားတစ်ယောက်အဖြစ် တိုက်ပွဲတွေတိုက်ရင်း မမျှော်လင့်ပဲ ပြန်လည်ဆုံတွေ့ခဲ့ရသူက ဗိုလ်မှူးကြီး တဆုအို တဖြစ်လဲ သူ့ရဲ့ ပြိုင်ဘက်ဟောင်းကြီးပါ။ ဒီနောက်ပိုင်းမှာတော့ ဇာတ်လမ်းဟာ အထွဍ်အထိပ်ကိုရောက်လာပါပြီ။ သူတို့နှစ်ယောက် ဂျပန်စစ်တပ်အနေနဲ့တိုက်ခဲ့ကြတယ်။ စစ်ရှုံးပြီး ဆိုဗီယက်တပ်ထဲ သုံးပန်းအနေနဲ့ရောက်ခဲ့တယ်။ ဆိုဗီယက်အနေနဲ့ ဂျာမန်တွေကိုလဲ တိုက်ခဲ့ရတယ်။ နောက်ဆုံး ဂျာမန်တွေရဲ့ သုံးပန်းဘဝကို ရောက်ခဲ့ရတယ်။
ဒီလိုနဲ့သူတို့နှစ်ယောက် စစ်သုံ့ပန်းတွေအဖြစ်နဲ့ နေလာကြရင်း တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေရလာခဲ့တယ်။ သူတို့နှစ်ယောက် အိမ်ပြန်ရောက်ဖို့ကြိုးစားခဲ့ကြတယ်။ နောက်ဆုံး ဂျာမန်စစ်သုံ့ပန်းအဖြစ်နဲ့ နော်မန်ဒီကမ်းခြေ D-Day တိုက်ပွဲမှာ မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ဆင်ခံရတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက် အိမ်ပြန်ရောက်ဖို့ ငယ်ငယ်တုန်းကလို ပြေးခဲ့ကြပါတယ်။ နောက်ဆုံးမှာ သူတို့တွေ အိမ်ပြန်ရောက်နိုင်မလားဆိုတာ ဇာတ်လမ်းအစကနေ အဆုံးအထိ စိတ်ဝင်တစားနဲ့ ကြည့်ရမယ့် စစ်သုံ့ပန်းတွေရဲ့ ဘဝကို အဓိက တင်ပြထားတဲ့ War/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စစ်ရဲ့ ဆိုးကျိုးတွေကိုလည်း တွေ့မြင်ရမှာပါ။

My Way ဟာ ကိုရီးယားနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပြီး အဆင့်အတန်းရှိရှိ ခမ်းခမ်းနားနားနဲ့ ပီပြင်စွာ ကြည့်ရှုရမယ့် ရုပ်ရှင်တစ်ကားပါ။ ကိုရီးယားမင်သား Jang Dong Gun, ဂျပန်မင်းသား Odagiri Joe တို့ အဓိက သရုပ်ဆောင်ထားပြီး တရုတ်မင်းသမီး Fan Bingbing လဲ တရုတ်အမျိုးသမီး Sniper သမားတစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာကတော့ Kang Je Kyu ပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်း အာရှ (တရုတ်၊ ကိုရီးယား၊ ဘောလီးဝုဒ်) ရုပ်ရှင်တွေရဲ့ တိုးတက်လာမှုက အားရစရာပါ။

http://www.youtube.com/watch?v=HASUS9lbICw&feature=related



Credit Movie Crazies

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................