~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 18 July 2012

Laptop, Notebook, Netbook ,Tablet PC ဆိုတာဘာလည် ဘယ်လိုခွဲခြားပြီးတော့ ခေါ်တာလဲ

Laptop, Notebook, Netbook ,Tablet PC ဆိုတာဘာလည် ဘယ်လိုခွဲခြားပြီးတော့ ခေါ်တာလဲ


Laptop:
လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော်တို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ... Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့တာတော့ အမှန်ပါပဲ .......
လက်ပတော့ရဲ့ အရည်အချင်းအချို့ကို ဖော်ပြရလိုလျှင်--
* (၁) ထုထည်ကြီးမားခြင်း (လေးလံခြင်း)
* (၂) Performance ပိုမိုကောင်းမွန်ခြင်း
* (၃) Upgrade လုပ်နိုင်ခြင်း (လုပ်ရန် နေရာရှိခြင်း) Upgradeable Space.
* (၄) Performance ကောင်းတဲ့အတွက် (ဘက်ထရီ ပိုစားခြင်း)
* (၅) External Device အသုံးပြုစရာ မလိုလောက်အောင် ပြည့်စုံခြင်း
* (၆) ဈေးနှုန်း မြင့်မားခြင်း .. အစရှိသည်တို့ ဖြစ်ပါတယ်။
* (ဥပမာ- PS2 Ports, Serial Ports, VGA Ports .. အပေါက်အစုံပါရှိခြင်း)

Notebook
အခုခေတ် ကျနော်တို့သုံးနေတာတွေက (Notebook)များပဲ ဖြစ်ပါတယ်။ Laptop လို Device တွေပြည့်ပြည့်စုံစုံ မပါရှိပေမယ့် .. လိုအပ်လျှင် .. External Devices များကို အားကိုးရပါတယ်။ ဥပမာဆိုရလိုလျှင်တော့ .. (Docking Station) လို့ခေါ်တဲ့ ကျနော်တို့ လိုအပ်တဲ့အခါမှာ USB, Serial, VGA, PS2 Ports အစရှိတဲ့ အပေါက်တွေ လိုအပ်လာခဲ့လျှင်.. ၀ယ်ယူသုံးရပါတယ်။ Performace အနေနဲ့ Laptop လောက် Heavy မဖြစ်ပေမယ့် ... Personal သုံးအနေနဲ့က အဆင်ပြေမှုရှိပါတယ်။ (CD/DVD) Drive တွေ ပါဝင်ပါတယ်... ။ Floppy Drive ကတော့ ပါမှာမဟုတ်တော့ပါဘူး .. လိုလည်း မလိုတော့ပါဘူး။ Laptop ကို ၀ိတ်လျော့ခြင်းဖြင့် .. Notebook ဘ၀သို့ေ၇ာက်ရှိခြင်း ဖြစ်ပါတယ်။ Notebook ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး .. လိုရာ သယ်ယူသွားနိုင်ရင် .. (မှတ်စုစာအုပ်)လို့ တင်စားထားကြတာပါပဲ။
အရည်အချင်း အချို့ကို အကျဉ်းပြန်ချုပ်ရလိုလျှင် -
* (၁) Laptop ထက် ပေါ့ပါးမှု ရှိခြင်း (Portable)
* (၂) ဒီခေတ်ကြီးထဲမှာ .. ပိုမိုခေတ်စားလာခြင်း။
* (၃) Battery အား ရည်ရှည်ခံနိုင်မှု ရှိခြင်း (ဥပမာ- ၄ နာရီ)
* (၄) Ports များ အစုံမပါရှိပေမယ့် .လိုအပ်လျှင် (Docking Station) များ ၀ယ်ယူ သုံးစွဲနိုင်ခြင်း
* (၅) ဈေးနှုန်းသက်သာလာခြင်း .. အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ ... ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။

Netbook
--> 1st Generation (Laptop) ---> 2nd Generation (Notebook) ----> 3rd Generation (Netbook) လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ .. လူတွေရဲ့ လိုအပ်ချက်အရ ... Portable ကွန်ပျူတာ.. သယ်ရပြုရလွယ်သော ကွန်ပျူတာ ဆိုတဲ့အတွက်.. .. လူတွေဟာ တီထွင်ကြံဆလာခဲ့ကြတယ်.. ။ ကွန်ပျူတာတွေကို ပိုမိုပြီး သေးသည်ထက် သေးအောင်ပေါ့ ..။ အခုနောက်ဆုံး .. Netbook အထိေ၇ာက်လာခဲ့တာပဲ ရှုမြင်နိုင်ပါတယ်။ Netbook လို့ တင်စားလိုက်ရတဲ့ အကြောင်းအရင်းက.. (ကွန်ရက်)လို့ ကျနော်တို့ခေါ်တဲ့ .. (Internet) ကို အမှီပြုပြီးတော့ .. ခေါ်ဆိုလာခဲ့ကြပါတယ်။ အဓိက .. (အင်တာနက်) နဲ့ Office Application လောက်လေး ကောင်းကောင်းသုံးနိုင်ပြီး.. လိုရာသို့ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်ပါတယ်.. ။ Netbook မှာ.. (CD/DVD) Drive ပါဝင်မှုမရှိပါဘူး.. သေးငယ်တယ်... ပေါ့ပါးတယ်.. ဆိုတဲ့အတွက်.. Function အစုံရချင်မှ ရမှာဖြစ်သလို..... Performance အရည်အချင်းအရ .. အခြားသော Laptop, Notebook တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။။။ အင်တာနက်တော့ ကောင်းကောင်း သုံးနိုင်ပါတယ် .. Wireless Device တွေအဆင်သင့် ပါရှိပါတယ်။ နီးရာ Hotspot Zone, Wireless Zone တွေမှာ အလွယ်တကူ .. အင်တာနက် .. Surf လုပ်နိုင်ပါတယ်။
အရည်အချင်း အကျဉ်းချုပ် ... ---
* (၁) ပေါ့ပါး သေးငယ်ခြင်း
* (၂) Performance အားဖြင့်. ... (laptop, notebook) တို့လောက်မကောင်းခြင်း
* (၃) Function အစုံမပါရှိသည့်အတွက် Battery သက်တမ်း ကြာရှည်ခြင်း .. (eg: 4 to 5 hours)
* (4) Internet, Office Application လောက်သာ အသုံးပြုနိုင်ခြင်း
* (၅) ဈေးနှုန်းအားဖြင့် .. (Portable Notebok) လောကမှာ အပေါဆုံး ...... အစရှိသည်ဖြင့်

Tablet PC
Tablet PC ဆိုတဲ့အတိုင်း .. စားပွဲတင်ခုံ တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ .. (Monitor) Screen ကို ခေါက်ပြီးတော့ .. စာအုပ်တစ် အုပ်အသွင် .. မှတ်စုများကို (Monitor Screen) ပေါ်တွင် .. Electronic Pen ဖြင့်ေ၇းသားနိုင်ပါတ ယ်။ ဆိုလိုတာက .. Screen တစ်ခုလုံးကို.. တစ်ပတ်လှည်နိုင်လောက်တဲ့ အထိ လှည့်နိုင်ပြီး .. ခေါက်ချလိုက်နိုင်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ (notebook တို့ .. Laptop) တို့နဲ့ Functions တွေ နီးပါးလောက် တူညီမှု ရှိပါတယ်။ ဈေးနှုန်းအရကတော့ .. အပေါ်မှာ ပြောထားတဲ့ Notebook ထက် ဈေးပိုမိုကြီးမားပါတယ်။

အဲဒီလောက်ပါပဲ .. ။ ဒါပေမယ့်.. Portable Computer လို့ ပြောတော့မယ်ဆိုရင် (Pocket PC) လို့ ခေါ်ကြတဲ့ PDA တွေ၊ OS ပါရှိတဲ့ .. Mobile phone တွေက အစ ပါရှိလာပါတယ်။ ဒီခေတ်ထဲမှာတော့ .. နည်းပညာတွေ တစ်ဖြေးဖြေးနဲ့ .. သေးသည်ထက် သေးအောင် ဖန်တီး လာကြပါတယ်။

 
 
credit Ko Lin Thalarwaddy

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................