~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Wednesday 18 July 2012

COMPUTER Windows ကိုခိုးဝင်နိုင်သူ (သို့) ကြောက်စရာ MR.KON BOOT

COMPUTERWindows ကိုခိုးဝင်နိုင်သူ( သို့) ကြောက်စရာ MR.KON BOOT



window အမျိုးမျိုးကိုကျော်ဝင်နိုင်တဲ့နည်းအမျိုးမျိုးရှိပါတယ်။ဒါပေမယ့်သူတစ်ပါး computer ကိုကိုယ်သုံးထားတာမသိစေခြင်ရင်ဒီနည်းကအသင့်တော်ဆုံးပါလို့ပြောခြင်းပါတယ်။
Password ကို ပြောင်းပစ်နိုင်တယ်။ Windows Key ဆိုရင် Password ကို 12345 အဖြစ် ပြောင်းလဲပေးတယ်။ အဲနောက် SAM Inside ဆိုရင်လည်း Password ကို Blank ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဖောက်ထွင်းမဲ့သူတစ်ယောက်ဟာ အဲဒီ tools တွေကို သုံးလည်း ပိုင်ရှင်ကတော့ သိမှာပါဘဲ။ အခု Kon Boot ကတော့….
အခု ကျွန်တော် Kon Boot အကြောင်းကို ရေးလိုက်တာဟာ ကျွန်တော်ကသူများ computer ကိုခိုးဝင်နိုင်ဖို့နည်းပေး တာမဟုတ်ပါဘူးနော်။ဒါမျိုး နည်းလမ်းတွေ ရှိနေပြီဆိုတာကို မိတ်ဆွေ တို့ကိုသိစေချင်တာပါ။ သိပြီးသားဆိုရင်တော့ မိတ်ဆွေရဲ့အချိန် ကုန်ခံပြီးဆက် မဖတ်ပါ နဲ့တော့ပေါ့နော်။ ပြီးတော့ ဒါဟာ အပြောသက်သက်တင် မဟုတ်ဘူး။
Kon Boot ကို လက်တွေ့စမ်းသပ်ခြင်း
၁။ Kon Boot ကို မစမ်းသပ်ခင်မှာ Windows XP မှာ သုံးနေတဲ့ Admin User Account ကို အရမ်းရှုပ်ထွေးတဲ့ Password တစ်ခု ပေးလိုက်ပါတယ်။
၂။ Kon Boot ဟာ Offical နည်းအရတော့ CD ထဲကိုထည့်ပြီး Boot လုပ်ပြီး သုံးရမှာပါ။ ဒါပေမဲ့ စမ်းသပ်ကြည့်တဲ့အခါမှာတော့ ဘာကြောင့်မှန်းမသိဘဲ အဲဒီ Kon Boot စီဒီခွေကို Boot လုပ်လို့ရပေမဲ့ ဘာမှ ပေါ်မလာပါဘူး။ အဲဒါနဲ့ Kon Boot ကို Memory Stick ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ Memory Stick ကနေ Boot လုပ်လိုက်ပါတယ်။
၃။ Kon Boot တက်လာပါတယ်။ Screen မှာတော့ Kryptos Logic ဆိုပြီး ပေါ်လာပါတယ်။ Space လေး တစ်ချက်ပုတ်လိုက်ပါတယ်။ စာကြောင်းလေးငါးကြောင်းလောက် ပေါ်လာပါတယ်။ ခဏနေတော့ Windows က ပုံမှန်အတိုင်း တက်လာပါတယ်။ (Kon Boot အလုပ်လုပ်သွားတာ 10 စက္ကန့်ပဲကြာပါတယ်)
၎။ Windowx XP ရဲ့ Welcome Screen ကြီး ပေါ်လာပါပြီ။ အစောက ကျွန်တော် Password ပေးထားတဲ့ Admin Account ကို ဖွင့်လိုက်ပါတယ်။ Password မတောင်းတော့ပါ။ ဒီအတိုင်း ပွင့်သွားပါတယ်။
၅။ Control Panel ထဲဝင်ပြီး အဲဒီ Account ကိုပဲ Password ပြောင်းကြည့်ပါတယ်။ လုံးဝ ပြောင်းမ ရပါ။ Windows Cannot Change Password ဆိုတဲ့ Dialog Box တစ်ခုပဲ ပေါ်လာပါတယ်။
၆။ စက်ကို Restart ပြန်လုပ်လိုက်ပါတယ်။ Kon Boot ထည့်ထားတဲ့ Memory Stick ကနေတော့ Boot မလုပ်တော့ပါ။ ပုံမှန်အတိုင်း Hard Disk ကနေပဲ Boot လုပ်လိုက်ပါတယ်။
၇။ Windows တက်လာပါတယ်။ Welcome Screen ပေါ်လာပါတယ်။ အစောက Password မတောင်းတော့တဲ့ Admin Account ဟာ အခု Password ပြန်တောင်းနေပါတယ်။ Password ရိုက်ထည့်ပေးလိုက်တယ်။ Account ပွင့်သွားပါတယ်။

အခု ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် Kon Boot ဟာ Windows Password ကို တစ်ခါပဲ ဖျက်ပေးပါတယ်။ နောက်တစ်ခါ Restart လုပ်လိုက်မယ်ဆိုရင် Password က နဂိုအတိုင်းပဲ ပြန်တောင်းနေဦးမှာပါ။ အဲဒါ Kon Boot ပါ။ ဒါကြောင့်မို့ ကွန်ပျူတာပိုင်ရှင်တွေအနေနဲ့ ဘယ်လိုမှ မသိနိုင်တော့ပါဘူး။

Kon Boot ဟာ အောက်မှာရေးပြထားတဲ့ Windows OS တွေမှာ အလုပ်လုပ်နိုင်ပါတယ်။

Windows Server 2008 Standard SP2 (v.275)
Windows Vista Business SP0
Windows Vista Ultimate SP1
Windows Vista Ultimate SP0
Windows Server 2003 Enterprise
Windows XP
Windows XP SP1
Windows XP SP2
Windows XP SP3
Windows 7

ဒီ Linux Distro မျိုးစုံမှာလည်း ရပါသေးတယ်

Gentoo 2.6.24-gentoo-r5 GRUB 0.97
Ubuntu 2.6.24.3-debug GRUB 0.97
Debian 2.6.18-6-6861 GRUB 0.97
Fedora 2.6.25.9-76.fc9.i6862 GRUB 0.97

ဘယ်လိုကာကွယ်မလဲ
သိထားရသလောက်တော့ CD ကနေ ဒါမှမဟုတ် USB Device ကနေ Kon Boot ကို သုံးပြီး Boot လုပ်လို့မရအောင် BIOS ကို Password ပေးထားရင်တော့ လုံခြုံနိုင်ပါတယ်။ ဒါပေမဲ့ BIOS Password ဆိုတာကလည်း CMOS Battery ကိုဖြုတ်ရင် ပြုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ System Casing ပုံးကို ဖွင့်ပြီး လုပ်ရမယ့်ကိစ္စမို့ အနည်းငယ်တော့ ကြန့်ကြာမှု ဖြစ်စေမှာပါ။ ဒါပေမဲ့ Casing ပုံးမဖွင့်ဘဲ BIOS Password ဖျက်တဲ့ နည်းတွေကလည်း ရှိနေပြပါသေးတယ်။ ဥပမာ BIOS အမျိုးအစားပေါ်မူတည်ပြီး Master Password တွေ သုံးတာတို့၊ Software နဲ့ CMOS Battery ကို Spike လှမ်းရိုက်ပြီး ဖြုတ်နိုင်တာတွေလည်း ရှိနေပြန်ပါသေးတယ်။

ယေဘုယျပြောရရင်တော့ Windows Password ဟာ လုံခြုံမှုမရှိတော့ပါဘူး။ Admin Password ကို Hack လုပ်နိုင်ပြီးတဲ့အခါမှာ NTFS Permission ပေးထားတဲ့ Data တွေကိုပါ ခိုးယူနိုင်ပါလိမ့်မယ်။ ဆိုးကျိုးတွေ ကတော့ တကယ်တမ်းအများကြီးပါ။ တကယ်တမ်းတော့ အရေးကြီး Data တွေကို Portable Hard Disk ထဲပဲ ထည့်ထားလိုက်တာ အကောင်းဆုံးပါ။

အဲဒါကို ယူခြင်းသပဆို အောက်ကလင့်မှာ သွားယူလိုက်ပါ..
http://4sysops.com/archives/kon-boot-the-fastest-way-to-remove-a-windows-password/



credit Ko Lin Thalarwaddy

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................