~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 20 July 2012

မြန်မာဖတ်စာ နှင့် အီစွတ်ပုံပြင် History of Aesop

မြန်မာနိုင်ငံတွင် ၁၈၇၃ ခုနှစ်၌ အီစွတ်ပုံပြင်များကို W.Shway Too Sandys က ဂရိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။ "ဤစုတ်၏ ဒဏ္ဍာရီစာ" ဟူ၍ အမည်ပေးထားသည်။ အဘိဓါန်တွင် "အီဆော့ပ်" ဟူ၍ ဘာသာပြန်ထားသည်။
စာရေးဆရာ မင်းယုဝေက "အီစွတ်" ဟူ၍ Aesop ကို ဘာသာပြန်ပါသည်။ ၂၀၀၂ ခုနှစ် ဇူလိုင်လထုတ် "စာအုပ်လောက" စာစောင်၊ အောင်မေဃရေးသားသော "အီဆွတ် ပုံပြင်" ဆောင်းပါးတွင် အီဆွတ်ဟူ၍ အသံထွက်သည်။
Fable ၏ အဓိပ္ပါယ် ကို အဘိဓါန်က ဤသို့ အနက်ဖွင့်ပါသည်။
"A Story ပုံပြင်။ ( usu about animals) that teaches a lesson about human behaviour တိရစ္ဆာန် စသည်ကို ဇာတ်ကောင်အဖြစ် ဖန်တီးထားသော သင်ခန်းစာယူစရာ ပုံပြင်။ Aesop's Fables အီဆော့ပ် ပုံပြင်များ။ a legend or untrue story ဒဏ္ဍာရီ (သို့) စိတ်ကူးယဉ်ဇာတ်လမ်း။ ယုံတမ်း" ဟု၍ အဘိဓါန်ဆရာက အနက်ဖွင့်ပါသည်။

၁၉၉၈ နှစ်ထုတ် NTC's Dictionary of Literary Terms စာအုပ်တွင် Kathleen Morner နှင့် Ralph Rausch တို့က Fable ၏ အဓိပ္ပါယ်ကို ဤသို့ ဖွင့်ဆိုထားပါသည်။
"Usually a short and fairly simple story designed to illustrate a moral lesson. The characters are pften animals who exhibit human fralilities."
သင်ခန်းစာပေးသော လွယ်ကူတိုတောင်းသော ပုံပြင်၊ လူတို့၏ ချို့တဲ့မှုများကို ထောက်ပြသော ပုံပြင်၊ တိရစ္ဆာန်များကို ဇာတ်ကောင်ထား၍ ရေးသားသော ပုံပြင်များ ဖြစ်သည်။
ဆရာတက်တိုး၏ အင်္ဂလိပ်-မြန်မာအဘိဓါန်တွင် Fable ကို "ဒဏ္ဍာရီ။ တိရစ္ဆာန်ပုံပြင်၊ ယုံတမ်းစကား၊ The fable of the hare and the tortise is wellknown ယုံနှင့်လိပ်ပုံပြင်ကို အများသိကြသည်။" ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် အီစွတ် ပုံပြင်များတွင် အဓိက ဇာတ်ကောင်များမှာ တိရစ္ဆာန်များ ဖြစ်ပါသည်။

"ပုံပြင်ဆရာကြီး အီစွတ်သည် ခရစ်မပေါ်မီ အနှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့သည်။ ဂရိလူမျိုးကျေးကျွန်တစ်ယောက်ဖြစ်သည်။ သူသည် ကျေးကျွန်ပင် ဖြစ်လင့်ကစား ထက်မြက်သော ဉာဏ်ရှိသည့် ပုဂ္ဂိုလ်ထူး ဖြစ်သည်။ ထို့ကြောင့် ပုံပြင်များကို တီထွင်ဟောပြောကာ လူသားတို့ကို ဆုံးမခဲ့သည်။
"အီစွတ် ပုံပြင်များသည် အလွန်တန်ဖိုးရှိစော စာကောင်းပေမွန် စာရင်းဝင်ဖြစ်ပါသည်။ ပုံပြင်တိုင်းပင် တစ်ပုဒ်လျှင် သင်ခန်းစာတစ်ခုစီ ပါဝင်သည်။ အချို့ပုံပြင်များမှာ လေးနက်လှသဖြင့် ကလေးများထက် လူကြီးများနှင့် ပို၍ သင့်လျော်ပါသည်။ ကမ္ဘာကျော် အမေရိကန်သမ္မတကြီး လင်ကွန်းသည် အီစွတ်ပုံပြင်စာအုပ်ကို လက်စွဲပြုခဲ့ပါသည်။" ဟူ၍ မင်းယုဝေနှင့် ငွေတာရီ ပြန်ဆိုသော ကမ္ဘာကျော် အီစွတ် ပုံပြင်များစာအုပ် (၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ၊ ပဉ္စမအကြိမ်ထုတ်) အမှာစာတွင် ရေးသားထားသည်ကို လေ့လာရပါသည်။

စာရေးဆရာ အောင်မေဃ၏ "အီစွတ်ပုံပြင်" ဆောင်းပါးတွင်
"အီစွတ်ထက်သိပ်ကို ရှေးကျတဲ့ ကာလတွေပါပဲ။ ဆိုကရေးတီး၊ ပလေတိုတို့ စကားထဲမှာလည်း ဒီပုံပြင်တွေ ပါဝင်နေတာ လေ့လာတွေ့ရှိရတယ်။ ဆိုကရေးတီး အကျဉ်းကျနေခဲ့စဉ်က အီစွတ်ပုံပြင်ထဲငက ဇာတ်လမ်းတွေ သူ့ကဗျာမှာ ပါဝင်နေတာ တွေ့ရတယ်။"
အီဆွတ်သည် "ဖရိဂျီယာ" ဆိုသူ၏ ကျေးကျွန်တစ်ဦး၊ ရုပ်ဆိုးပြီး အရပ်ပုသော်လည်း ဉာဏ်ထက်မြက်သည်။
"ဆေးမယ်မြို့၊ ဂရိတွေးခေါ်ပညာရှင်ကြီး "ကွေဂျင်သပ်"ဆိုသူက အီဆွတ်ကို ကျေးကျွန်အဖြစ် ဝယ်လိုက်သည်။ မကြာမီမှာပင် သူဝယ်လိုက်သူ အီစွတ်မှာ ကျေးကျွန်မဟုတ်ဘဲ ဆရာဖြစ်နေမှန်း သိလိုက်ရသည်။ အီစွတ်ပြောသမျှ လေးနက်သော စကားတွေကို တွေးခေါ် ရှင်ကြီးက လက်ခံရသည်ချည်းဖြစ်သည်။
တစ်နေ့တွင် တွေးခေါ်ပညာရှင်ကြီး "ကွေဂျင်သပ်" က အီဆွတ်ကို ရေချိုးဆိပ်မှာ လူသိပ်များ မများ သွားကြည့်ရန်ခိုင်းလိုက်သည်။ အီဆွတ် ရေချိုးဆိပ်ကို သွားခဲ့သည်။ ရေချိုးဆိပ်သွားသော တံခါးပေါက်တွင် ကျောက်တုံးတစ်တုံး ရှိသည်။ လူအများက ကျောက်တုန်းနှင့်တိုက်မိပြီး ဆဲဆိုသွားကြသည်။ မည်သူကမှ ကျောက်တုံးကို မဖယ်ကြ။ လူတစ်ယောက်က ကျောက်တုံးနှင့်တိုက်မိပြီး ဆဲဆိုကာ ကျောက်တုံးကို ဖယ်လိုက်သည်။ အီဆွတ် အိမ်ပြန်ရောက်သောအခါ မြစ်ဆိပ်မှာ လူတစ်ယောက်တည်းရှိကြောင်းပြောသည်။

"ကွေဂျင်သပ်" ရေချိုးဆိပ်သွားကြည့်သောအခါ လူအများကြီး တိုးကြိတ်နေသည်ကို တွေ့လိုက်ရသည်။ "မင်းပြောတော့ လူတစ်ယောက်တည်းဆို " ဟု မကျေမနပ် ပြောလိုက်သည်။
အီစွတ်က "လူတွေအားလုံး အဝက ကျောက်တုံးနဲ့တိုက်မိတာကို ဆဲဆိုသွားကြတယ်။ ဘယ်သူကမှ ဖယ်ရမယ်ဆိုတဲ့အသိဉာဏ်မရှိကြဘူး။ လူတစ်ယောက်က အဲဒီကျောက်တုံးကို ဖယ်လို့ လူတစ်ယောက်တည်း ရှိတယ်လို့ ပြောတာပါ။ တစ်ခါတွင် အီစွတ်မြို့ထဲတွင် လမ်းလျှောက်သွားစဉ် မြို့တော်ဝန်နှင့် တွေ့သည်။ မြို့တော်ဝန်က "အီစွတ်ဘယ်သွားမလို့လဲ"ဟု မေးသည်။ "ကျွန်တော် ဘယ်သွားနေမှန်းမသိဘူး" ဟူ၍ အီစွတ်က ပြန်ဖြေသည်။ မြို့တော်ဝန်က "မင်းဘယ်သွားနေမှန်းမသိဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား၊ မင်းညာနေတာပဲ" ဟုဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့ ဖမ်းပြီး အချုပ်ထဲ ထည့်လိုက်တယ်။ ထိုအခါ အီစွတ်က-
"ဝန်ကြီးတွေ့ပြီမဟုတ်လား၊ ကျွန်တော် ထောင်ထဲသွားရမယ်ဆိုတာကို သိခဲ့လို့လား" ဟူ၍ ပြောလိုက်ရာ မြို့တော်ဝန်က သဘောလည်းပေါက် အံ့လည်းအံ့သြပြီး အီဆွတ်ကို လွှတ်ပေးလိုက်ပါသတဲ့။
အီဆွတ် အမှန်ကိုချည်းပြောလွန်းသည့်အတွက် သူ့ကိုချေပမပြောနိုင်ကြ။ အီဆွတ်က ရဲစွမ်းသတ္တိလည်း ရှိသည့်အတွက် အပြစ်ဒဏ်ပေးသည့်အနေဖြင့် တောင်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ခိုင်းကြသည်။ သေမှာ မကြောက်သောအီဆွတ်က နောက်ဆုံးအချိန်ထိ ပုံပြင်တွေကို ပြောဆိုသွားခဲ့သည်။
စာရေးဆရာ အောင်မေဃက-
OSROtimes International, March, 1999 ကို မှီငြမ်းရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
ကျွန်တော်သည် ၂၀၀၅ မေလထုတ် The Light စာစောင်တွင် "အီစွတ်" အကြောင်း ဆောင်းပါးရေးခဲ့ဖူးပါသည်။ ပူးတွဲဖော်ပြလိုက်ပါသည်။
အီစွတ်ပုံပြင်များ (AESOP FABLES) သည် ကမ္ဘာ့ပုံပြင်လောကတွင် အထင်ရှားဆုံးသော ပုံပြင်များဖြစ်သည်။ ပုံပြင်ဆရာ အီစွတ်သည် ခရစ်မပေါ်မီ နှစ် ၆၀၀ လောက်က ပေါ်ထွန်းခဲ့ကြောင်း၊ ဂရိလူမျိုး ကျေးကျွန်တစ်ယောက်ဖြစ်ကြောင်း၊ ထက်မြက်သော ဉာဏ်ပညာ ရှိကြောင်း၊ ပုံပြင်များဖြင့် လူသားတို့ကို ဟောပြောဆုံးမခဲကြောင်း အများက ယူမှတ်ထားပါသည်။
မြန်မာနိုင်ငံတွင် ၁၈၇၃ ခုနှစ်၌ အီစွတ်ပုံပြင်များကို W.Shway Too Sandys က ဂရိဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသည်။ "ဤစုပ်၏ ဒဏ္ဍာရီစာ" ဟူ၍ အမည်ပေးခဲ့သည်။
အီစွတ်ပုံပြင်များကို ကျွန်တော်တို့ ငယ်စဉ် ကျောင်းသားဘဝက ဒေါင်းတံဆိပ်မြန်မာဖတ်စာစာအုပ်များတွင် ဖတ်ခဲ့ရဖူးသည်။အီစွတ်ပုံပြင်ဟူ၍ မသိပါ။ မြန်မာပုံပြင်များဟူ၍သာ မှတ်သားထားခဲ့ပါသည်။ ဖတ်စာတွင် မြန်မာဆန်ဆန် ရေးသားခဲ့ကြသူများမှာ ဦးရွှေကြူးနှင့် ဦးလင်းတို့ ဖြစ်ပါသည်။
ယုန်နှင့်လိပ် (The Hare and the Tortise) ပုံပြင်ကို ပထမတန်းမြန်မာဖတ်စာတွင် တွေ့ရသည်။ ပုံပြင်တွင် သင်ခန်းစာကဗျာလင်္ကာလေးများ ထည့်သွင်းဖော်ပြထားသည်မှာ ထူးခြားပါသည်။ "ယုန်နှင့်လိပ်ကို၊ ပုံပြဆို၊ ထိုထို မှတ်ကြရန်" ဟူ၍ သင်ခန်းစာပေးပါသည်။
 
အီစွတ်ပုံပြင်တွင်-
"He has Won, although you can run so much faster. Slow and steady win the race!"
ဟူ၍ သင်ခန်းစာပေးခဲ့သည်။ မြန်မာ ပထမတန်းဖတ်စာတွင် "ဒေါင်းယောင်ဆောင်သော ကျီး၊ ဝံပုလွေနှင့် သိုးငယ်၊ ပုရွက်ဆိတ်နှင့် နှံကောင်"၊ ဒုတိယတန်းဖတ်စာတွင် "ရွှေဥဥသော ငန်းပုံပြင်၊ စည်းလုံးညီညွတ်ခြင်းအကြောင်း၊ အကြောင်းအကျိုး မသိတတ်သော သမင်ပုံပြင်၊ အမြီးပြတ်သော မြေခွေး၊ ငန်းကိုတုသော ကျီးပုံပြင်၊ မြစ်စောင့်နတ်နှင့် သစ်ခုတ်သမား၊" တတိယတန်းဖတ်စာတွင် "ကျေးဇူးသိတတ်သော ကြွက်ငယ်၊ နေနတ်သားနှင့် လနတ်သား တန်ခိုးပြိုင်ခြင်း၊ မြေခွေးနှင့် ငှက်ကျား" စသည့် ပုံပြင်များပါဝင်သည်။ အီစွတ်ပုံပြင် ဘာသာပြန်များဖြစ်ပါသည်။
အီစွတ်ပုံပြင်တွင် The Wind and the sun (လေမင်းနှင့် နေမင်း) The Fox who lost his tail (အမြီးပြတ်သော မြေခွေး) The Goose with the golden eggs(ရွှေဥဥသော ငန်း) The Lion and the mouse (ခြင်္သေ့နှင့်ကြွက်) စသည်တို့ဖြစ်ပါသည်။
မြန်မာဖတ်စာတွင် အဘိုးအိုနှင့်သားသုံးယောက် ပုံပြင်ကို မြန်မာပုံပြင်ဟူ၍ပင် ထင်ခဲ့သည်။ အဘိုးအိုက သားသုံးယောက်ကိုခေါ်၍ ထင်းစည်းချိုးခိုင်းသော ပုံပြင် ဖြစ်ပါသည်။ ထင်းကို အစည်းလိုက်ချိုးလျှင် မကျိုးနိုင်၊ တစ်ချောင်းချင်းချိုးလျှင် ကျိုးနိုင်သည်။ ထိုနည်းတူ သားတို့လည်း စည်းလုံးညီညွတ်လျင် ရန်သူက ဘေးမပြုနိုင်၊ သွေးကွဲလျင် ရန်မူနိုင်ကြောင်း ဆုံးမသော ပုံပြင်ကောင်းတစ်ပုဒ်ဖြစ်ပါသည်။ ဆရာမင်းယုဝေနှင့် ငွေတာရီ ဘာသာပြန်သော အီစွတ်ပုံပြင်များတွင် ထိုပုံပြင်ကို "သက်ကြားအိုနှင့် သားများ" ဟူ၍ ပြန်ဆိုပါသည်။
" But let me tell you this, your true heart and honest mind are worth far more to you than a hundred golden axes!"
မာကျူရီ နတ်သားက ရိုးဖြောင့်သော သစ်ခုတ်သမား၏ စိတ်နှလုံး၊ မှန်ကန်သော စိတ်ဓါတ်သည် ရွှေပုဆိန်အလက်တစ်ရာထက် သာလွန်တန်ဖိုးရှိကြောင်း၊ သင်ခန်းစာပေးထားပါသည်။
့မြန်မာဖတ်စာတွင် သင်ခန်းစာဥပဒေသကို သံပေါက်နှစ်ပိုဒ်ဖြင့် ဖော်ပြသည်ကို တွေ့ရသည်။
"စိတ်ထားစင်ဖြူ၊ ရိုးဖြောင့်သူ
နတ်လူနှစ်သက်သည်၊ တစ်ဦးဦးက
တစ်နေ့ကျ၊ စောင်မချီးမြှင့်မည်" ဟူ၍ သင်ခန်းစာပေးသည်ကို တွေ့ရပါသည်။
အီစွတ်ပုံပြင် အမြီးပြတ်သော မြေခွေး (The Fox Who lost his tail) ပုံပြင်တွင် သူ့လိုအမြီးပြတ်အောင် ပြောဆိုသည်ကို မြေခွေးတို့က-
" And my clever friend, I don't think you would want us to cut off our pretty tails if you hadn't got caught in trap, and lost your own."
သင့်အမြီးအဖြတ်မခံရလျှင် ကျွန်ုပ်တို့ရဲ့ လှပတဲ့ အမြီးဖြတ်ပစ်ဖို့ပြောမှာ မဟုတ်" ဟူ၍ ပြောဆိုကာ သင်ခန်းစာရစေပါသည်။

မြန်မာဖတ်စာတွင်လည်း-
"အများကောင်းအောင်၊ လိုလားယောင်၊
ဟန်ဆောင်ပြောတတ်သည်။
တိုက်တွန်းပြောကြား၊ သူ့စကား၊
စဉ်းစားယုံရမည်" ဟူ၍ ဥပဒေသ သင်ခန်းစာလင်္ကာရေးဖွဲ့ပြပါသည်။
အီစွတ်ပုံပြင်များသည် ဒဏ္ဍာရီပုံပြင်များပင်ဖြစ်သော်လည်း လူ့လောကတွင် ဆင်ခြင်စရာ သင်ခန်းစာများ ပေးစွမ်းနိုင်ပါသည်။ မြန်မာ့လူငယ်လေးများသည် ပုံပြင်များကို နှစ်သက်ကြပါသည်။ ပုံပြင်တိုင်းတွင် သင်ခန်းစာကောင်းကလေးများ ပါစမြဲပင်ဖြစ်သည်။ အီစွတ်ပုံပြင်များသည် ဘဝသင်ခန်းစာ အကောင်းဆုံး ပေးစွမ်းနိုင်သော ပုံပြင်ကောင်းများ ဖြစ်ပါသည်။
အီစွတ်ပုံပြင်များကို ယနေ့လူငယ်လေးများ လေ့လာဖတ်ရှုလျက် ကောင်းမွန်သော ဘဝသင်ခန်းစာများကို ရယူနိုင်ပါစေဟူ၍ တိုက်တွန်းရေးသားလိုက်ပါသတည်း။

ဦးသန်းထွတ်(ပါမောက္ခ-ငြိမ်း)
ပညာရေးတက္ကသိုလ်
မြန်မာဖတ်စာနှင့် အီစွတ်ပုံပြင် စာအုပ်မှ-

1 comments:

ထိုပုံပြင်စာအုပ်ရနိုင်သောလင့်
ညွှန်ပြပေးပါရန်မေတ္တာရပ်ခံပါသည်

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................