~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 20 July 2012

မထင်ပါနဲ့....ကိုယ့်တိုင်ပင်နဲ့ကိုယ်..ပြားသွားပြီ

မထင်ပါနဲ့

ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း
ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ
သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... .....



ပြားသွားပြီ


ပီတာက အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကြီးမှာ ကော်ဇောခင်းပေးနေပါတယ်။
အားလုံးပြီးစီးတဲ့ အချိန်မှာဆေးလိပ်သောက်မယ်ဆိုပြီး ကြည့်တော့သူ့ ဆေးလိပ်ဘူးကို ရှာမတွေ့တော့ပါဘူး။
ဒါနဲ့ လိုက်ရှာ ကြည့်တဲ့အခါ ကော်ဇောရဲ့အလယ်လောက်မှာ ဖုနေတာကို တွေ့လိုက်ရပါတယ်......
ကော်ဇောကို အစအဆုံးပြန် မယူဖို့ မဖြစ်နိုင်တာနဲ့..... ဖုနေတဲ့နေရာကို ပြားသွားအောင် ပီတာက တူနဲ့ ထုချလိုက်ပါတယ်...
သူအလုပ်ပြီးသွားချိန်မှာ အိမ်ရှင်က ထွက်လာပြီ ပြောတာက...
" ပီတာရေ... မင်းစီးကရက်ဘူး ဒီမှာ ကျန်နေခဲ့တယ်။ ဒါနဲ့ ငါမွေးထားတဲ့.... ဟမ်းစတားလေးများ တွေ့မိသေးလား" တဲ့။

ဒီလိုပြောပါတယ်......

မူလတန်းကျောင်း တစ်ကျောင်းမှာ ဆရာမက ကျောင်းသားတွေကို စက်ပစ္စည်းတစ်ခုခု ယူခိုင်းခဲ့ပြီး အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ရှင်းပြခိုင်းပါတယ်။
ကျောင်းသားတစ်ယောက်က ကက်ဆက်တစ်လုံးကို ယူလာပြီး......
"ဒီကက်ဆက်က သီချင်းနားထောင်လို့ ရပါတယ်"....လို့ ပြောပြပါတယ်..........
နောက်တစ်ယောက်ကလည်း .........
သံဘူးတွေဖွင့်တဲ့ စက်ယူလာပြီး
"ဒါက သံဘူးတွေကို ဖွင့်တာပါလို့ "ဆိုပါတယ်........
ဒါနဲ့ ဂျွန်နီအလှည့်ရောက်တော့ လက်ထဲမှာ ဘာမှ ပါမလာတဲ့ ဂျွန်နီလေးကို ဆရာမက
"ဘာမှ ပါမလာဘူးလား" ဆိုတော့......
သူက အတန်းနောက်မှာ ထားတဲ့ နှလုံးခုံစက်ကို ယူပြပြီ......
"ဒါက နှလုံးခုံစက်ပါ...... ဆေးရုံမှာ လူနာတွေ နှလုံးကို ဆက်ပြီး အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်"လို့ ဆိုပါတယ်.....
ဆရာမကလဲ အထင်ကြီးစွာနဲ့......
"မင်းဒီစက်ယူလာတော့ မင်းအဖေက ဘာမှ မပြောဘူးလား "လို့ မေးတော့. ဂျွန်နီလေး ပြန်ဖြေတာက
"အားးးးးးးးးးးးးးးးးးးးး" တဲ့........

သူငယ်ချင်းတစ်ယောက်ထံမှ ရသော foward မေးလ်လေးပါ.........မူရင်းအတိုင်းမပြောင်းလဲဘဲတင်ပေးလိုက်တာပါ၊

တွေးတွေးပြီးရယ်ရအောင်

(၁)
တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။
မိန်းကလေး .... ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
တက္ကစီသမား .... ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
မိန်းကလေး ... အဖြူရောင်အင်္ကျီနဲ့ အပြာရောင်စကပ်ပါ
တက္ကစီသမား ... ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
မိန်းကလေး... ဒူးအထိပါ
တက္ကစီသမား... =!=

(၂)
ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို မောင်မောင်ပြန်ရောက်လာတယ်။
ဆရာဝန်.... ဘယ်လိုဖြစ်တာလဲ?
မောင်မောင်... ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက် ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။

(၃)
သားသမီးတွေက အမေများနေ့ကိုပဲ အမှတ်ရကြပြီး အဖေများနေ့ကို မေ့နေကြလို့ ဖခင်တစ်ဦးက စိတ်ပျက်အားငယ်နေမိတယ်။ တစ်ခါက ၈ ရက် ၈ လ အဖေများနေ့မှာ ဖခင်က အိမ်သားတွေနဲ့ ညနေစာအတူစားနေတယ်။
အဲဒီအချိန်မှာ သားငယ်က ရုတ်တရက်ထပြီး ရေခဲသေတ္တာကို သွားဖွင့်တယ်။ ရေခဲသေတ္တာထဲ တစ်ခုခုယူဟန်နဲ့ အဖေကို လှမ်းမေးလိုက်တယ်။ သား.... ဖေဖေ .. ဒီနေ့ ဘာနေ့လဲ သိလား?
ဖခင်ရင်ထဲ ထိတ်ခနဲ့ဝမ်းသာသွားတယ်။ အဖေများနေ့မှာ သူ့ကိုတစ်ခုခု အံ့သြအောင် သားလုပ်တော့မယ်အထင်နဲ့ အားရဝမ်းသာ.. "ဒီနေ့ ၈ ရက် ၈ လလေ" လို့ ပြန်ပြောလိုက်တယ်။ သားဆီက စိတ်ပျက်လက်ပျက် ပြန်ကြားလိုက်ရတဲ့ အသံက
"ဟာကွာ.... ဒီနွားနို့ ဒိတ်လွန်သွားပြီ" ဟူတည်း။
(ဒီဟာကတော့ ဟာသဆိုတာထက် သတိမူသင့်တဲ့အဖေများနေ့ကို အမှတ်ရစေတယ်လို့ကျွန်တော်ထင်ပါတယ်)

ဖတ်ရသော အင်တာနက်ပေါ်က ဟာသများကို ဘာသာပြန်စုစည်းတင်ပြသည်။
တဆင့် ကူးယူဖော်ပြပါသည်..................


ဖတ်ဖူးကြားဖူးသမျှ ဟာသများ

မျှော်လင့်ချက်

အမျိုးသမီးများသည် အမျိုးသားများ ပြောင်းလဲသွားကောင်းသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ တကယ်တန်းတွင် မပြောင်းလဲခဲ့ကြပေ။

အမျိုးသားသည် အမျိုးသမီးများ မပြောင်းမလဲ ခိုင်မြဲသည်ဟု မျှော်လင့်၍ အိမ်ထောင်ပြုခဲ့ကြသည်။ သို့သော် မကြာမီပင် သူတို့ပြောင်းလဲသွားကြသည်။


ရှင်ကျတော့ရော

ဆင်တစ်ကောင်က ကုလားအုပ်မတစ်ကောင်ကို ပြက်ရယ်ပြုသည်။

မင်းရင်သားတွေက ဘယ်လိုလုပ် ကျောကုန်းပေါ် ရောက်နေရတာတုန်း။ တော်တော် အူကြောင်ကြောင်နိုင်တယ်နော်။

ကုလားအုပ်က အရှက်ရပြီး ဆင်ကိုပြန်မေးသည်။

ရှင်ကျတော့ရော။ မျက်နှာပေါ်မှာ ဘာကြီးတုန်း။


သူငယ်ချင်းကောင်း

တစ်ညတွင် မိန်းမက အိမ်ပြန်မအိပ်ဘဲ မနက်တွင်မှ ပြန်လာပြီး သူငယ်ချင်းတစ်ယောက် အိမ်တွင် အိပ်သည်ဟု ဆိုသည်။ ယောက်ျားဖြစ်သူက မယုံကြည်သဖြင့် မိန်းမ၏ အရင်းနှီးဆုံး သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးသည်။ အားလုံးက သူမ မလာခဲ့ကြောင်းဆိုသည်။

တစ်ညတွင် ယောက်ျားပြန်မအိပ်ဘဲ နောက်တစ်နေ့မနက်တွင်မှ ပြန်လာပြီး တူညီသောဆင်ခြေကိုပေးသည်။ မိန်းမက မယုံသဖြင့် သူငယ်ချင်း ၁၀ ယောက်ကို ဖုံးဆက်မေးရာ ၈ ယောက်က သူ့တို့အိမ်တွင် လာအိပ်သွားကြောင်း အသီးသီးဖြေပြီး ၂ ယောက်က သူမ၏ ယောက်ျားမှာ အိပ်ခန်းထဲတွင်ပင် ရှိသေးကြောင်း ဖြေကြလေသည်။



ပိုကောင်းတဲ့လက်ဆောင်

ယောက်ျားက မိန်းမအတွက် ဇိမ်ခံကားတစ်စီးကို ခရစ္စမတ်လက်ဆောင်အဖြစ် ဝယ်ပေးသည်။ သို့သော်မိန်းမက စောဒကတက်သည်။

ဒီကား မလိုချင်ဘူး။ ၀-၁၄၀(ကီလိုမီတာ) အထိကို ၃စက္ကန့်အတွင်း အရှိန်မြှင့်နိုင်တာမှ လိုချင်တယ်။

ယောက်ျားဖြစ်သူ အပြင်ထွက်သွားပြီး ပေါင်ချိန်စက်တစ်လုံး ဝယ်ပြီးပြန်လာသည်။

လာစမ်း။ ဒီအပေါ်တက်ရပ်လိုက်။ ဒီလောက်မြန်တာ ဒါပဲရှိတယ်။


ဂလဲ့စား

ယောက်ျား - မင်းကိုငါရန်ရှာတိုင်း မင်းက ညည်းခံနှုတ်ဆိတ်နေတယ်နော်။ သိပ်တော်တဲ့ မိန်းမပဲ။ ဘယ်လိုများ ကျင့်ကြံထားလဲကွာ။

မိန်းမ - ကျွန်မ အိမ်သာကြွေအိုးကို ဖိတိုက်တယ်။

ယောက်ျား - ဘာဆိုင်လို့လဲကွ။

မိန်းမ - ရှင့်သွားပွတ်တံနဲ့ တိုက်တာလေ။


ဥာဏ်ကောင်းသူ

မိခင် - သားရေ မီးဖိုချောင်ထဲက ယင်ကောင်တွေကို ဘယ်လိုမောင်းထုတ်ရမလဲကွယ်။

သား - လွယ်ပါတယ် မေမေ။ ဧည့်ခန်းထဲမှာ ခွေးချီးပုံ တစ်ပုံထားပြီး မြူဆွယ်လိုက်မယ်။


ကိုယ့်တိုင်ပင်နဲ့ကိုယ်

တခါက ညစာစားရင် ကျွန်တော် လေလည်ချင်လာတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရင်း သတိထားမိတာက သီချင်းတွေကို တော်တော်ကျယ်ကျုယ် ဖွင့်ထားတာပါပဲ။ ဒါနဲ့ သီချင်းသုံးလေးပုဒ်လောက် အတွင်း ကျွန်တော် တော်တော်လေး လေလည်လိုက်တယ်။ ကောင်းလိုက်တာ။ ဗိုက်ကိုပေါ့သွားတာပဲ။ အဲ... အနားက လူတွေ ကျွန်တော့်ကို ဝိုင်းကြည့်နေတော့မှ သတိထားပြုမိတာက ကျွန်တော်က iPod နဲ့ သီချင်းနားထောင်နေမိတာဗျ။


 

အထက်ဖော်ပြပါ ဟာသများသည် ကျွန်တော်တို့၏ ကိုယ်ပိုင် အတွေးဖြင့် ရေးထားသည်များ မဟုတ်ဘဲ
ကျွန်တော်တို့ ဖတ်ဖူးကြားဖူးသမျှဟာသများထဲမှ ကောင်းနိုးရာရာများကို စုစည်းဘာသာပြန်၍ ပြန်လည်ဝေမျှထားခြင်းသာ ဖြစ်ပါသည်။






credit nct


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................