~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 9 July 2012

ပြောချင်တာကဒီလိုပါ.. "ဟလို.. FBI ကလားခင်ဗျား"

ပြောချင်တာကဒီလိုပါ



" မင်းဟာကားကို တစ်နာရီမိုင်တစ်ရာနှုန်းလောက်နဲ့ မောင်းလာတယ် ။
ပြီးတော့ညအမှောင်ထဲ ကားရှေ့မီးကို ဖွင့်မမောင်းဘူး ။ လမ်းလည်းမှားလာတယ် ။
ယာဉ်မောင်းလိုင်စင်လည်း မပါဘူး ။ ကိုင်း .....
ဒီလောက်တောင်အပြစ်တွေများတာ ဘာပြောချင်သေးလဲ "
" ကျွန်တော်ပြောချင်တာက ကျွန်တော့်မှာအပြစ်တစ်ခုပဲ ရှိပါတယ် ။ အဲဒါကတော့ဒီကားကို ခိုးလာတာပါပဲ "





"ဟလို.. FBI ကလားခင်ဗျား"
"ဟုတ်ကဲ့.. အမိန့်ရှိပါ"
"တွမ်တစ်ယောက် ထင်းထဲမှာ ဆေးခြောက်တွေ ဖွက်ထားကြောင်း သတင်းပေးချင်လို့ပါ"
"လိပ်စာပေးခဲ့ပါ။ ကျွန်တော်တို့ သွားရောက်စစ်ဆေးပါမယ်"
နောက်တစ်နေ့မှာ တွမ်တို့အိမ်ကို စစ်ဆေးရေးသမားတွေ သွားရောက်ခဲ့တယ်။
ထင်းထားတဲ့နေရာကို စစ်ဆေးပြီး ထင်းတွေအားလုံး ခွဲစစ်ခဲ့ပေမယ့်
ဆေးခြောက်တွေ မတွေ့ခဲ့ဘူး။ တွမ်ကို ပြောဆိုဆုံးမပြီး စစ်ဆေးရေးသမားတွေ
ထွက်ခွာသွားခဲ့ကြတယ်။
တအောင့်နေတော့ တွမ်ရဲ့ တယ်လီဖုန်းမြည်လာခဲ့တယ်။
"ဟေး... တွမ်.. FBI ကလူတွေ မင်းထင်းတွေ ခွဲပစ်လိုက်ပြီလား"
"ခွဲပြီးပြီ"
"ဒါဆိုရင် မင်းဖုန်းဆက်အလှည့်.. ငါ့အိမ်ရှေ့က မြေတွေလှန်ချင်လို့ကွ"
(၂)
သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက
"မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" မေးလိုက်တယ်။ အကျဉ်းသား
ပြန်ဖြေလိုက်တာက
"ကျည်ကာအင်္ကျီဝတ်ချင်တယ်" ဟူတည်း။

(၃)
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို
လူတွေ့စစ်ဆေးခဲ့ကြတယ်။ ဗီနပ်ဂြိုလ်သွားမယ့်လူက
တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့
မရတော့ပါဘူး။
ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့
ဆုကြေးငွေမေးတဲ့အချိန်မှာ သူက "ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို
ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"
ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။
"ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး
တစ်ဝက်ကို
ဆေးတက္ကသိုလ်အတွက် လှူခဲ့ချင်ပါတယ်"
တတိယတစ်ယောက်က xxxx နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။
"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်"
တစ်ခြားလူထက် ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့
မေးတော့ ကျောင်းသားက
"ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော်
၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို အမေရိကန်
အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်"
(၄)
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။
ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို
တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ
မှာပါ" ဟူတည်း။



(၅)

သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။
ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ ကပျာကယာ
အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ
အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။
အဲဒီမှာ ကျွန်တော်သေသွားခဲ့တယ်။
ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။
ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး
ကျွန်တော့်မိန်းမကို
ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ
ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား
မသပ်မရပ်နဲ့
ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့
အဝတ်ဘီရိုယူပြီး
အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။
တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း
သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ
ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ
ကျွန်တော်သေသွားခဲ့တာပါပဲ။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................