~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

စိတ်ချမ်းသာဖို့.... :)

စိတ်ချမ်းသာဖို့
 
" ကိုရေ..ထပါဦး..အိပ်မက် မက်တယ်...။ '


" ဟင်..ဘယ်လိုမက်လို့လဲ...။"

" အိပ်မက်ထဲမှာလေ ချစ်ကသေသွားတယ်...။ ကိုကလေ ငိုလိုက်တာ ဘယ်သူမှ တားမရဘူး..။"

ယောက်ျားလုပ်သူက တောက်ခေါက်ရင်းပြောတယ်...

" ဟာကွာ...အလကား မဖြစ်နိုင်တာ...။"

" ဘာဖြစ်လို့လဲ ကိုရဲ့...။"

" မပူပါနဲ့ကွာ...အိပ်မက်ထဲမှာမို့
ပါ...အပြင်မှာ ကိုက ဘယ်ငိုပါ့မလဲ...။"



ို့အံကျပဲ....

" မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို "
" ဟုတ်ပါတယ်ခင်ဗျာ "
" ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ "
" အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်
ခင်ဗျာ... "

တူလိုက်တာနော်....

ဘောလုံးပွဲများကြည့်လွန်းသဖြင့်ဇနီးဖြစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်နေသည့်
ခင်ပွန်းဖြစ်သူသည်ဇနီးဖြစ်သူမီးဖွား ကြောင်း တယ်လီဖုန်းဝင်လာသဖြင့်
ဆေးရုံသို့အမြန်လိုက်သွားခဲ့သည်
" စိုးရိမ်လိုက်တာ၊ နေကောင်းရဲ့လား "
" ကောင်းပါတယ် "
" သားလေးဆိုတော့ ကိုယ်ဝမ်းသာလိုက်တာကွာ "
" ဟုတ်တယ် "
" ကလေးလည်းကျန်းမာတယ်လို့ ဆရာဝန်တွေကပြောတယ်မဟုတ်လား "
" ကျန်းမာတယ် ဘာရောဂါမှမရှိဘူးတဲ့၊ သားလေးကိုကြည့်စမ်း ဘယ်သူနဲ့တူလဲဟင် "
" ကိုယ့်သားလေးက စီရိုနယ်ဒိုနဲ့တပုံစံတည်းပဲနော်... "


 

နားမလည်ဘူး

 

မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။

"ဖေဖေ မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်"

 

ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်

"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"

 

စောစောပြန်မယ်

 

မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ
အပြင်ထွက်လည်ကြသည်။ နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌
ဝင်ထိုင်ကြရင်း အမျိုးသားကမေးသည်။

"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား"

 

အမျိုးသမီးက ပြန်ဖြေသည်။

"ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်
ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"

 

မှတ်ကရော

 

အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ
တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း
မရိပ်မိချေ။

"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး
လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။
အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ …
ဒါမှမဟုတ် …"

 

စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။

"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................