~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 26 July 2012

ဘယ်လိုဖြေရမလဲ..... ““ မောင်လို့ခေါ်ရင်ပြောမယ် ””

အလေလိုက်တဲ့လူ

သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ
ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင်
မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား
ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင်
တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို
တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက
၎င်းဘာမှမပြောနိုင်ခင် လှမ်းအော်သည်။

"(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး အလေလိုက်နေသလဲ
ပြောစမ်း"



 မေးသင့်တယ်

မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။

"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်"

မိခင်ဖြစ်သူက စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။

"သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ ၀မ်းသာပျော်ရွှင်တဲ့
အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ
အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့"

ချာတိတ်လေး ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။

"မေမေ … သတို့သားကရော ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"



ဘယ်လိုဖြေရမလဲ

မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော
ဓာတ်ပုံတွေကိုကြည့်ပြီး (၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။

"အဲဒီတုန်းက သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ"







““ မောင်လို့ခေါ်ရင်ပြောမယ် ””
 

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးကနောက်ကခုံမှာ အရှေ့မှာကစာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက်ထိုင်တယ် ခုံတစ်တန်းထဲ ရှေ့နောက်ကျကြတာ ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့ နောက်ကကောင်လေးက
စာရွက်ကြီးကိုင်ပြီးစာပြန်စစ်နေတဲ့ပုံစံနဲ့မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ်
ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ
ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀
လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့
နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””
အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ
မျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးက
စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်းပြန်ပြောရှာပါတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ
ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးက
စဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့
နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး
နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး
ပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ
ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး ““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................