~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 16 July 2012

ဥယျာဉ်မှူး ပုံပြင်......

ဥယျာဉ်မှူးပုံပြင်

သူငယ်ချင်းတို့ရေ… တခါတုန်းကပေါ့…….ဥယျဉ်မှူးတယောက်ရှိတယ်…သူကတော့ ပန်းလေးတွေကို လှပအောင်၊ ရှင်သန်အောင်၊ ဖွံ့ဖြိုးအောင်၊ အမြဲတမ်းလိုလို လန်းဆန်းနေအောင် ပြုလုပ်ပေးနေရတယ်… သူက ပန်းစိုက်ပေမယ့် ပန်းတွေကိုမရောင်းပါဘူး… သူကိုယ်တိုင်လဲမခူးဘူး။

သူ့ဥယျာဉ်ထဲက ပန်းတွေကလဲ ထူးခြားတဲ့ ဂုဏ်သတ္တိတွေရှိတယ်..
အဲဒါတွေကတော့ ဥယျဉ်မှူးမရှိတဲ့အခါမှာ ပန်းတွေအချင်းချင်းစကားပြောကြတယ်..။ စကားပြောတတ်တဲ့ ပန်းတွေပေါ့… နောက်တခုက ဥယျာဉ်မှူးမရှိတဲ့အခါမှာ သူတို့အချင်းချင်း လှပအောင်၊ ရှင်သန်အောင်၊ ဖွံ့ဖြိုးအောင်၊ အမြဲတမ်းလိုလို လန်းဆန်းနေအောင် ရေလောင်းပေးကြရတယ်..။

ကိုယ့်အပင်ကိုပြန်ပြီးတော့ ရေလောင်းပေးလို့တော့မရဘူးပေါ့… တပင်နဲ့တပင်က အချင်းချင်းရေလောင်းပေးမှ ရှင်သန်လို့ရတယ်…ပန်းတွေကလည်းရောင်စုံ၊ အမျိုးစုံပေါ့လေ..နှင်းဆီ၊ စံပယ်၊ ဂန္ဓမာ၊ မေမြို့၊သစ်ခွ ရောင်စုံ၊ပန်းစုံ၊ အသွေးစုံပေါ့…. လှပနေလိုက်ကြတာ…။

တနေ့သောအခါမှာ ဥယျာဉ်မှူးကြီးက ခရီးသွားစရာတစ်ခုကြုံလာရောပေါ့ကွယ်… ပန်းလေးတွေကိုမှာခဲ့တယ်တဲ့….

“ပန်းကလေးတို့ရေ…ဥယျာဉ်မှူးကြီး ခရီးသွားဦးမယ်…ပြန်လာရင်တော့ ပန်းကလေးတွေအတွက် မြေသြဇာ၊ ဓာတ်စာတွေ ကောင်းကောင်းဝယ်ခဲ့မယ်.. ပန်းကလေးတွေအချင်းချင်းတော့ ရေမှန်မှန်လောင်းပေးရမယ်နော်” လို့ မှာရှာသတဲ့..။
အဲဒီလိုနဲ့ ပန်းကလေးတွေလဲ ဥယျဉ်မှူးခရီးသွားနေတဲ့အခါမှာ အချင်းချင်းရေလောင်းပြီး စည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာနေထိုင်သွားကြသတဲ့ကွယ်။

တနေ့တော့ ဥယျာဉ်မှူးမရှိခိုက် ပန်းလေးတွေရဲ့လှပပုံ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းလုံးနေကြပုံ၊ ပန်းလေးတွေအချင်းချင်း စကားပြောနေကြတာကို မြင်ကြားပြီး မနာလိုတဲ့ စုန်းမကြီးတစ်ယောက်က နေပြီးတော့ ပန်းလေးတွေအချင်းချင်း စည်းလုံးမှုပျက်ပြားအောင် ကုန်းချောပါတော့တယ်..။

အဲဒီကစပြီးတော့ ပန်းလေးတွေက အချင်းချင်း ရေမလောင်းပေးကြတော့ဘူးပေါ့…အဲလိုနဲ့ ရက်တွေကြာလာတဲ့အခါမှာ ပန်းဥယျာဉ်ကြီးလဲ တပြင်လုံးခြောက်သွေ့သွားတယ်…။

ဒါကိုတော့ ခရီးသွားနေတဲ့ ဥယျာဥမှူးကြီးကတော့မသိရှာဘူးပေါ့ကွယ်….။ ဥယျာဉ်မှူးကြီးလဲ ခရီးသွားလိုက်တာ ၃ နှစ် ၃ မိုးကြာမှ သူ့ရဲ့ ဥယျာဉ်ထဲကို ပြန်ရောက်လာသတဲ့…
အဲဒီအခါမှာတော့ သူ့ရဲ့ပန်းဥယျာဉ်ကြီးတပြင်လုံးခြောက်သွေ့နေတာကို မြင်ရသတဲ့…။

ဒါနဲ့ပဲ ဥယျာဉ်မှူးကြီးက့ … “အင်း…….ငါထင်သလို သူတပါးကုန်းတိုက်တာ ခံရပြီး ပန်းလေးတွေအချင်းချင်း ရေမလောင်းပေးလို့ တပြင်လုံးခြောက်သွေ့သွားတာပဲဖြစ်ရမယ်” လို့ တွေးရှာသတဲ့………။

ဥယျာဉ်မှူးကြီးလဲ ခရီးရောက်မစိုက် ပေါက်တူးလေးကိုကိုင်ပြီး သူဝယ်လာတဲ့ ပန်းမျိုးစေ့လေးတွေကျဲ၊ စိုက်ပျိုးလိုက်တာ….ရက်များမကြာမီမှာပဲ….ပန်းဥယျာဉ်ကြီးက အရင်တုန်းက အတိုင်းပဲ ပြန်ဖြစ်လာတာပေါ့ကွယ်…

ဒီတခါတော့ ဥယျာဉ်မှူးကြီးက စဉ်းစားသတဲ့…. သူခရီးသွားတဲ့အခါမှာ နောက်ထပ်ကုန်းတိုက်တာမခံရအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့…. ဒီလိုနဲ့ပဲ ပန်းကလေးတွေကို အတိတ်ကအကြောင်းကို ပြောပြရှာသတဲ့…။ ပန်းကလေးတွေကို မေးတယ်…

“ပန်းလေးတို့ရေ…ဒီတခါ ဥယျာဉ်မှူးကြီး ခရီးသွားတဲ့အခါမှာ ပန်းခင်းကြီးကို စောင့်ရှောက်ဖို့အတွက်၊ ပန်းခင်းကြီးမပျက်စီးဖို့အတွက် ပန်းလေးတွေရဲ့ အကြားအာရုံကို ဖျက်ဆီးခဲ့မှရမယ်”

လို့ ပြောသတဲ့ကွယ်…။ ဒီတော့ ပန်းလေးတွေက

“မလုပ်ပါနဲ့ ဥယျာဉ်မှူးကြီးရယ်… မနက်မနက်ဆိုရင် ငှက်ကလေးတွေရဲ့ တေးသီသံကို ဘယ်ကြားရတော့ပါ့မလဲ…သဘာဝတရားကြီးရဲ့အသံတွေကိုလဲ ကြားရတော့မှာမဟုတ်ဘူး.. တောသံ၊ တောင်သံတွေ၊ ဒေါင်းအိုးဝေအသံလေးတွေ၊ ဟိုအဝေးဆီက စမ်းရေစီးသံတွေကိုတော့ ကြားချင်ပါသေးတယ်”
လို့ ပြန်ဖြေရှာသတဲ့..။

ဒီတော့ ဥယျာဉ်မှူးကြီးက

“ကဲ ကဲ…ဒါဆိုရင်တော့ ပန်းခင်းကြီးမပျက်စီးအောင် ပန်းလေးတွေအချင်းချင်း စည်းလုံးညီညွှတ်ကြရမယ်..ဘေးကသွေးထိုးတာတွေ၊ ကုန်းချောတာတွေကို အချင်းချင်း တိုက်ထုတ်ရမယ်..။အချင်းချင်း ရေလောင်းမပျက်ပါစေနဲ့..
ပန်းလေးတွေတိုင်းမှာ ပန်းလေးတွေရဲ့သဘာဝအလှတွေ မပျောက်ပါစေနဲ့..အချင်းချင်းရေမလောင်းရင်တော့ အတိတ်ကအဖြစ်အပျက်တွေလို ထပ်ဖြစ်သွားမှာပဲ..ပန်းခင်းကြီးမပျက်စီးဖို့ ပန်းလေးတွေမှာ တာဝန်ရှိတယ်…ပန်းလေးတွေ မလုပ်နိုင်တဲ့ ဓာတ်မြေသြဇာကျွေးတာကို ဥယျာဉ်မှူးကြီးလုပ်ပေးပါမယ်။ ပန်းလေးတွေတာဝန်က ဥယျာဉ်မှူးကြီးမရှိတဲ့အခါမှာ အချင်းချင်းရေလောင်းပေးရပါမယ်.. ဒါဆိုရင်တော့ ပန်းလေးတွေလဲ အခြားသာယာနာပျော်ဖွယ်ကောင်းတဲ့ အကြားအာရုံတွေ ခံစားရအောင် ပန်းလေးတွေရဲ့ နားတွေကို မဖောက်ခဲ့တော့ပါဘူး”

လို့ ပြောရှာသတဲ့ကွယ်…။ အဲဒီအခါမှာတော့ ပန်းလေးတွေက

“ စိတ်ချပါ ဥယျာဉ်မှူးကြီးရေ…ဥယျာဉ်မှူးကြီးမရှိတဲ့ အခါမှာ ကျုပ်တို့ ပန်းလေးတွေအချင်းချင်း ရေလောင်းပေးပါမယ်.. စည်းလုံးညီညွှတ်အောင် နေပါမယ့်”
လို့ ကတိပေးရှာသတဲ့….။

အဲဒီ့အချိန်ထဲကစပြီး…ဥယျာဉ်မှူးကြီးရယ်၊ ပန်းလေးတွေရယ်၊ ပန်းခင်းကြီးရယ်… ကမ္ဘာတည်သရွေ့နေထိုင်သွားကြသတဲ့…….။

ပုံပြင်လေးကတော့ ဒီမျှပါပဲ…………..။ တွေးဆဆင်ခြင်နိုင်ကြစေ။

လေးစားစွာဖြင့်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................