~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Monday 16 July 2012

BF ဆိုတာဘာလဲ?

BF ဆိုတာဘာလဲ?


ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် "ငါက နင့်ရဲ့ BF ပါ"တဲ့။

ကောင်လေးရဲ့အပြောကို နားမလည်တဲ့ ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာနဲ့မေးတယ်။
"BF ဆိုတာဘာလဲ?"

ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ "BF ဆိုတာ best friendပါ" လို့ပြောတယ်။

အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေဖြစ်သွားကြတယ်။
အဲဒီမှာ ကောင်လေးက ကောင်မလေးကိုထပ်ပြောတယ် ""ငါက နင့်ရဲ့ BF ပါ"တဲ့။
ကောင်မလေးက မခို့တရိုနဲ့ မေးတယ်။
"BF ဆိုတာဘာလဲ?"

ကောင်လေးက ကောင်မလေးမေးစေ့ကို ကြင်ကြင်နာနာကိုင်ပြီး ဖြေတယ်။
"BF ဆိုတာ boy friendပါ" တဲ့။

အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ်။ ချစ်စရာ ကလေးလေးမွေးခဲ့တယ်။
အဲဒီမှာ ယောက်ျားဖြစ်သူက ဇနီးကို ပြုံးပြုံးလေးပြောပြန်တယ် "ငါက နင့်ရဲ့ BF ပါ"တဲ့။
ဇနီးက ပန်းကန်တွေသိမ်းနေရာက ကြင်ကြင်နာနာနဲ့ ပြန်မေးတယ် "BF ဆိုတာဘာလဲ?"
ယောက်ျားက ကလေးမျက်နှာကိုကြည့်ပြီး ဝမ်းသာပျော်ရွှင်တဲ့အသံနဲ့ ပြောတယ်။
"BF ဆိုတာ baby's fatherပါ" တဲ့။

အဲဒီနောက် သူတို့တဖြေးဖြေး အိုမင်းခဲ့ကြတယ်။
ဇနီးမောင်နှံနှစ်ဦး အိမ်ရှေ့ကုလားထိုင်မှာ ထိုင်ပြီး ညနေဆည်းဆာအလှကို ရှုစားနေခဲ့တယ်။
အဲဒီမှာ အဘိုးအိုက အဘွားအိုကို "အဘွားကြီး.. အဘွားကြီး ငါက နင့်ရဲ့BFပါ" လို့ပြောတယ်။
မျက်နှာတစ်ခုလုံးပေါ် အရစ်အကြောင်းတွေပေါ်တဲ့အထိ အဘွားအိုပြုံးပြီး ပြန်မေးတယ်။
"BF ဆိုတာ ဘာလဲ အဘိုးကြီးရယ်...."
အဘိုးအိုက ကောင်းကင်ထက်က ညနေဆည်းဆာအလှကို မော့ကြည့်ပြီး အိုမင်းရင့်ရော်တဲ့အသံနဲ့
ပြန်ဖြေတယ်။

"BF ဆိုတာ Be forever ပါအဘွားကြီးရယ်..." တဲ့.....................



ဖတ်မိတာလေးပါ ဘာသာပြန်မျှဝေပါတယ်

နိုင်းနိုင်းစနေ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................