~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 12 July 2012

ကွန်ပျုတာတစ်လုံး ဝယ်တော့မယ် ဆိုရင်


အကိုဝင်းရေ.. ကျွန်တော်သိချင်တာလေးနည်းနည်းရှိလို့ပါ အကိုအားရင်ပြန်ဖြေပေးပါ ကျွန်တော်တို့Laptop အဟောင်းတလုံးဝယ်ရင် Laptop ထဲမှာပါတဲ့Hardware နဲ့ Software ကိုကောင်းမကောင်းစစ်တဲ့ဆော့ဝဲလ် လေးရှိရင်တင်ပေးပါလို့ အကူအညီတောင်းတာပါ တကယ်လို့မရှိဘူးဆိုရင်လည်း ဘယ်လိုကြည့်ပြီးဝယ်သင့် တယ်ဆိုတဲ့ အကြံဥာဏ်လေးပေးပါအကိုနော်... ကျေးဇူးတင်ပါတယ် စောင့်မျှော်နေမယ်နော်... အကိုရေးမယ့် Post ကိုလေ....:)
ညီရေ ..  ညီလည်း  အဆင်ပြေအောင် အားလုံးလည်း လေ့လာလို့ရအောင်  ပြန်လည်ကူးချ (အဲ) ကူးယူမျှဝေပေးလိုက်ပါတယ် Hardware ကောင်း မကောင်း စမ်းတဲ့ Software ကိုတော့ ရှာဖွေနေဆဲပါ အဆင်ပြေရင် နောက်တင်ပေးပါ့မယ် ... ခုတော့ ကွန်ပြူတာ တစ်လုံးဝယ်တော့မယ်ဆိုရင် အခြေခံသိထားသင့်တာလေးတွေ ကို အောက်မှာ လေ့လာလိုက်ပါဦး...။

ကွန်ပျုတာတလုံး ဝယ်မယ်ဆိုရင်

ကွန်ပျုတာတလုံး ဝယ်မယ်ဆိုရင် Laptop ပဲဖြစ်ဖြစ်၊Desktop ပဲဖြစ်ဖြစ် အရင်ဆုံးကြည့်ရမှာက CPU ကဘာအမျိုးအစားလဲ ဆိုတာအရင်ကြည့် ရပါမယ်။ ယခုအသုံးအများဆုံး နဲ့နောက်ဆုံးပေါ် CPU အမျိုးအစား ၆ မျိုးလောက်ပဲရှိပါတယ်။ intel CPU ထဲမှာ Core Dual,Core 2Duo,Core Quick,Core i3,Core i5,Core i7, စသည်တို့ဖြစ်ပါတယ်။ ကွန်ပျုတာတလုံးရဲ့ အသက်ဟာ CPU ပါ။ CPU မြန်တယ်မမြန်ဘူးဆိုတာလဲ catch memory ပေါ်မှာအများကြီးမူတည်ပါတယ်။ဒါကြောင့် CPU ရဲ့ အမျိုးအစားနှင့်အမြန်နူံးကို မိမိအသုံးလိုသည့်အနေအထားနှင့် လိုက်ဖက်အောင်ရွှေးချယ်ရပါမယ်။ တော်ယုံတန်ယုံကတော့ core2 2.53 ဒါမှမဟုတ် core dual 2.93 GHz လောက်ဆိုလုံလောက်နေပါပြီ။ ဒုတိယအနေနဲ့က Mother Board ရဲ့အမျိုးအစား ကိုလေ့လာရပါမယ်။ နောက်ပိုင်း မိမိရဲ့လိုအပ်ချက်အရ စက်ကိုအဆင့်မြင့်မယ်ဆိုရင် Mother Board ရဲ့အမျိုးအစားက စကားပြောလာပါမယ်။နာမည်ထက် ပါဝင်သည့် ပစ္စည်းများကပိုအရေးကြီးပါတယ်။ အကောင်းဆုံးကတော့ G-945 chipset နောက်ပိုင်းထွက်တဲ့ အမျိုးအစားတွေကိုရွှေးချယ်သင့်ပါတယ်။ motherboard အကြောင်းနောက်မှ ရေးပါအုံးမယ်။
တတိယကတော့ Memory ပါ။ လူအတော်များများ ကွန်ပျုတာဝယ်မယ်ဆိုရင် memory ကဘယ်လောက်၊Hard Disk ကဘယ်လောက် ဆိုတာကို အရင်မေးပါတယ်။ မေးစရာ မလိုဘူးတော့မဟုတ်ပါဘူး ။ တကယ်တော့ ဒါတွေက လိုအပ်လျှင်အချိန်မရွှေး ပြန်ပြောင်းလို့ရပါတယ်။ ကျနော်ကြုံခဲ့တာလေးတခုပြောပြမယ်။ ကျနော် Laptop ဆိုင်တဆိုင်ဝင်ငမ်းနေတုန်း နိုင်ငံခြားသားတွေ ဝယ်နေတာနဲ့ကြုံတယ်။ ထုံးစံအတိုင်းကျနော်လည်းဝင်စပ်စုတာပေါ့။အဲဒီမှာရောင်းတဲ့လူက ဘယ်လိုရိုက်နေလဲဆိုတော့၊ မော်ဒယ်လ်က အတူတူပဲ။ memory 2GB နဲ့memory 4GB ကိုတသိန်းလောက်ခွာပြီးရိုက်နေပါတယ်။ လာဝယ်တဲ့သူတွေကလည်း 4GB ကိုသဘောကျပြီးဝယ်သွားပါတယ်။ အမှန်က memory 2GB ကိုထပ်ဝယ်စိုက်လိုက်ရင် ဝမ် 30000 လောက်ပဲကုန်မှာ။ memory များမှကောင်းတယ်ထင်ပြီး အရိုက်ခံရတာပါ။
မြန်အောင်ဆိုပြီး 8GB လောက်ထည့်လည်း 32bit window တွေက 3 GB ပဲ support လုပ်ပါတယ်။ ဒါကြောင့် Memory ကိုကြည့်မယ်ဆိုရင် speed ဘယ်လောက်လဲ၊storage ကဘယ်လောက်လဲ၊ဘာအမျိုးအစားလဲ၊DDR ၊ DDR 2 ၊ DDR 3 ၊ မိမိကဘာသုံးမလဲ စသည်ဖြင့်ကြည့်ရပါမယ်။ နောက်ပိုင်း DDR တွေကမလာသလောက်ဖြစ်နေပါပြီ။ DDR2 သုံးမယ်ဆိုလည်း motherboard က ခွင့်ပြုသည့်အမျိုးအစားပေါ်မူတည်ပြီး pc2 4200(533Mhz)ကနေ pc2 6400 (800Mhz) ၊ 2GB လောက်ဆို လုံလောက်နေပါပြီ။ မိမိရဲ့ motherboard အမျိုးအစားပေါ်လိုက်ပြီး DDR2 8500 တို့ DDR3 9300 တို့ထည့်ချင်လည်းရပါတယ်။ အဓိက ကမိမိအသုံးနဲ့ကိုက်ညီအောင်ရွှေးချယ်ရပါမယ်။မိမိသုံးမယ့် Software တွေက memory ဘယ်လောက်သုံးမယ်၊ OS ကဘယ်လောက်လိုအပ်တယ်၊ စသည်တို့ကိုချိန်ညှိပြီးဝယ်ရင် အကောင်းဆုံးပါပဲ။
နောက်တမျိုးကတော့ Graphic Card ။ Graphic Card ကတော့ Game တွေရေးမယ့်သူတွေ၊ ကစားမယ့်သူတွေ၊ photoshop သမားတွေ၊3D Software သုံးမယ့်သူတွေ အတွက်ကတော့မဖြစ်မနေလိုအပ်ပါတယ်။ တော်ရုံတန်ရုံကတော့ GDDR3(or)2 နဲ့ 128Mb လောက်ဆိုအဆင်ပြေပါတယ်။ Hard Disk ကိုဆက်ကြည့်ရအောင်။ Hard Disk ကတော့ဘယ်လောက် ပမာဏ၊အမြန်နူန်း ဆိုတာလောက်ကိုကြည့်ပြီး ရွှေးချယ်လို့ရပါတယ်။ 320 GB နဲ့ 7200 RPM ၊ 32 bit လောက်ဆိုအဆင်ပြေပါတယ်။ Laptop တွေကတော့ အများစုက 5400 RPM တွေပဲလာပါတယ်။
Power Supply ကတော့ 400W ဆိုလုံလောက်ပါတယ်။ Laptop တွေကတော့ Power Supply ရွှေးချယ်ရန်မလိုအပ်ပါဘူး။ ODD ကတော့ DVD RW ပေါ့။ Speed ကို 20X ၊ 22X ကြိုက်တာရွှေးချယ်လို့ရပါတယ်။ ခုနောက်ပိုင်း Blue Ray တွေအသုံးများလာတော့ Blue Ray Drive တွေလဲ တပ်ချင်ရင်လည်း တပ်ဆင်လို့ ရပါတယ်။ ဒါတွေက အကြမ်းဖျင်းတွေပါ။ အသေးစိတ်ကတော့ စိတ်ဝင်စားမယ့်သူရှိရင် ဆက်လက်ရေးသားပါ့မယ်။ Hardware ပိုင်းရေးရင် စိတ်ဝင်စားတဲ့သူတော်တော်လေးနည်းပါတယ်။ ဒါကြောင့် အတိုချုံးရေးတာပါ။ ဆက်ရန်မှာတော့ ပြည့်ပြည့်စုံစုံ ဖြစ်အောင်တင်ပြပေးပါမယ်။

Ref:  http://zinminokpho.blogspot.com

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


1. Decide if you really need a laptop

တကယ်လိုအပ်လို့လား ဆိုတာကို သေချာစဉ်းစားပါ။ ဘာလို့လဲဆိုတော့ Laptop တစ်လုံးဝယ်လို့ ပေးရမယ့်ငွေကြေးနဲ့ဆိုရင် Desktop တစ်လုံးဝယ်မယ်ဆိုရင် ပိုပြီး ပါဝါကောင်းတဲ့ စက်တစ်လုံး ဝယ်နိုင်မှာပါ။ နောက်ပြီးတော့ အိမ်မှာဘဲ ထားပြီးသုံးမှာဆိုရင်တော့ Desktop သာလျှင် အကောင်းဆုံးဖြစ်မှာပါ။ အကြမ်းခံတဲ့နေရာမှာတော့ Laptop က Desktop ကို မမှီပါဘူး။ Laptop ဆိုတာက အသွားအလာများတဲ့ လူတွေ(ကျောင်းသား၊ စီးပွားရေးသမား)သာ သုံးဖို့သင့်တော်တာ ဆိုတာကို မမေ့သင့်ပါဘူး။ ဖက်ရှင်တစ်ခုအနေနဲ့ Laptop တစ်လုံးကို ငွေကြေး အကုန်အကျခံပြီး မဝယ်သင့်ပါဘူး။

2. Size, weight and portability Consideration

အရွယ်အစား၊ အလေးချိန်၊ နဲ့ပေါ့ပေါ့ပါးပါး အသုံးချနိုင်မှုတို့ဟာလည်း Laptop တွေမဝယ်ခင်မှာ စဉ်းစားစရာပါ။


Laptop တွေကို အကြမ်းအားဖြင့် Netbook, ultra-portable, thin-and-light, mainstream and desktop replacements လို့ ငါးမျိုးခွဲကြည့်နိုင်ပါတယ်။ Netbook ဆိုတဲ့ အသေးဆုံးအရွယ်ကတော့ ဘာမှများများစားစား မပါဘဲ အင်တာနက်သုံးရုံ၊ စာစီစာရိုက်လုပ်ရုံလောက်ဘဲ သုံးမယ်ဆို အသင့်တော်ဆုံးပါ။ ရွှေ့လျားသွားလာနေရတဲ့ စီးပွားရေး သမားတွေအတွက်ကတော့ ultra-portable ကိုရွေးချယ်သင့်ပါတယ်။ အထွေထွေသုံး ရုံးသုံး ကျောင်းသုံး အတွက်ကတော့ mainstream အမျိုးအစားဖြစ်သင့်ပြီးတော့ thin-and-light ကတော့ အဲဒီနှစ်မျိုးကြားထဲမှာ ကိုယ့်လိုအပ်ချက်နဲ့ လိုက်လို့ ရွေးချယ်လို့ ရတဲ့အမျိုးအစားပါ။

3. Features and Capability

ဘယ်လိုကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေပါသလဲနဲ့ ဘယ်လိုစွမ်းဆောင်နိုင်စွမ်းတွေပါသလဲဆိုတာကလဲ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမှာပါ။
CPU: တွက်ချက်မှုတွေ ခိုင်းစေမှုတွေကို လိုပ်ဆောင်မယ့် CPU ဟာ ကွန်ပြူတာ တစ်လုံးမှာ အရေးကြီးပါတယ်။ ပိုမိုမြန်ဆန်တဲ့ စီပီယူဟာ ဘက်ထရီကို မြန်မြန်ကုန်စေတာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် Desktop တစ်လုံး ဝယ်မယ်ဆိုရင် ဘထ္ထရီကုန်မယ်ဆိုတဲ့ စိုးရိမ်မှု ရှိမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ စီပီယူ အမျိုးအစား (နာမည်ကြီး နှစ်ခုရှိပ်ါတယ်) Intel နဲ့ AMD ဆိုတဲ့ နှစ်ခုပါ။ အင်တဲလ်ဟာ ဈေးကွက်ထဲမှာ စွမ်းဆောင်ရည်မြန်ဆန်မှုနဲ့ နာမည်ကြီးပါတယ်၊ သို့သော် သူ့ရဲ့ မြင့်မားတဲ့ နည်းပညာကြောင့် ဈေးတော့ ကြီးပါတယ်။ AMD ကတော့ ဈေးကွက်ထဲမှာ ဈေးသက်သာပါတယ်။ သို့သော် သူ့ရဲ့ အမြန်နှုန်ူးကတော့ အင်တဲလ်ထက် ပိုမိုနှေးကွေးပါတယ်၊ တွက်ချက်မှုဖက်မှာလဲ (ဒသမကိန်းများ များလာရင်) အင်တဲလ်လောက် မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ပါဘူး။ ဒီလိုအားနည်းချက်တွေကြောင့် ဈေးလဲ သက်သာပါတယ်။ သာမန် အလုပ်အကိုင်လောက် အင်တာနက်ကြည့် စာစီစာရိုက်လောက်ကတော့ အင်တဲလ်မသုံးဘဲ AMD သုံးပြီး အသုံးစရိတ် လျော့ချနိုင်ပါတယ်။

RAM: မှတ်ဥာဏ် အရေအတွက် များတာဟာ တွက်ချက်မှု စေခိုင်းမှုတွေကို လျှင်မြန်ချောမွေ့စေပါတယ်။ ဒ်ါကြောင့် ဒီဘက်ခေတ်ကြီးမှာ 2GB ဆိုတဲ့ ပမာဏဟာ မဖြစ်မနေ အနဲဆုံးပါသင့်တဲ့ အချက်ပါ။
Screen : Screen ဘယ်လောက်ကြီးကြီး ယူမလဲဆိုတာကလဲ ကိုယ်ဘယ်လိုသုံးမှာလဲ ဆိုတဲ့ ကိုယ့်ရဲ့ လိုအပ်ချက်အလိုက် ထည့်သွင်းစဉ်းစားသင့်ပါတယ်။
Graphics : ဘာဘဲသုံးသုံး အခုခေတ်မှာတော့ 256MB ပမာဏရှိတဲ့ Graphic Card ကတော့ ပါသင့်နေပါပြီ။ ကိုယ်က အရုပ်ထွက်ကောင်းကောင်းလိုချင်မှသာ 512MB or 1GB ပမာဏရှိတဲ့ Graphic Card ပါတာကို ရွေးရမှာပါ။
Slots : ဆိုတာကတော့ RAM ဆိုတဲ့ မှတ်ဥာဏ်ထပ်တိုးနိုင်ဖို့ နေရာအပိုပါသလားဆိုတာ ထည့်သွင်းမေးမြန်းထားရမှာပါ။ နောင်မှာ ကိုယ်က စက်ကို အဆင့်မြှင့်ချင်ရင် အဲလို Slots အလွတ်မပါတော့ရင် ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။
Hard Drive : Hard Drive အရွယ်အစား ကြီးကြီးပါလေ သီချင်းများများ ထည့်နိုင်လေပေါ့။ အဲလေ။ အလုပ်နဲ့သက်ဆိုင်တဲ့ ဖိုင်တွေ များများသိမ်းထားနိုင်လေ ဖြစ်မှာပါ။ ဒ်ါကြောင့် သူကလဲ နှိုင်းယှဉ်စဉ်းစားရမယ့် အချက်ပါ။

4. Battery

ဟုတ်ကဲ့ Laptop ဝယ်ပြီဆိုမှတော့ အပြင်ကိုလဲ ရှိုးလေးထုပ်လို့ ယူသွားချင်လာမှာပါ။ အဲဒီအခါမှာ ပါဝါဆပ်ပလိုင်း မရှိတဲ့နေရာမှာဆို Battery သက်တမ်းက အရေးကြီးလာပါပြီ။ အနဲဆုံးကတော့ ၂ နာရီခံတဲ့ Battery တွေကို Standard အနေနဲ့ ထည့်ပေးထားကြပါပြီ။ ကိုယ်က ကြာကြာသုံးချင်တာဆိုရင်တော့ အချိန်ကြာကြာသုံးနိုင်မယ့် Battery အမျိုးအစားပါတာကို ရွေးရမှာပါ။

5. Customer Support and warranty

နောက်ဆုံးကတော့ ဘာဘဲဖြစ်ဖြစ် ပြန်လျှော်မယ်ဆိုတဲ့ ဝရန်တီနဲ့ ချက်ချင်းလက်ငင်းပြင်ပေးမယ်၊ လဲပေးမယ်ဆိုတဲ့ ဝန်ဆောင်မှုပါ။ နောက်ပိုင်းမှာ ဝရန်တီကိုပါ အာမခံရောင်းသလို ရောင်းတာတွေ့ရပါတယ်။ ပထမ၂ နှစ်ကို အလကား၊ နောက်နှစ်တွေအတွက်ပါ ဝရန်တီလိုချင်သေးရင် ဘယ်လောက်ထပ်ပေးပါဆိုတဲ့ အာမခံပုံစံမျိုး ထည့်ပေးပါတယ်။ ကိုယ်က ဘယ်အချိန်ပျက်ပျက် အလျော်လိုချင်ရင်တော့ အဲဂလို အာမခံများလဲ ဝယ်ထားနိုင်ပါတယ်။ လို့ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။ (ငိုက်နေပြီ)

Ref:http://pyaygti.net

မသိသေးတဲ့ သူငယ်ချင်းများလည်း လေ့လာလို့ရအောင် တဆင့်ပြန်လည်မျှဝေပေးလိုက်တာပါ...:)

အားလုံး အဆင်ပြေကြပါစေ...

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................