~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Friday 13 July 2012

သွားကိုက်၊ သွားကျဉ်ခြင်း


သွားကိုက်၊ သွားကျဉ်ခြင်း
==============
နေ့စဉ် ကြုံတွေ့ နေရသည့် ဝေဒနာများ အတွက် ကုသနည်းများ သွားကိုက်ခြင်း လူတိုင်း လူတိုင်း တစ်ကြိမ် မဟုတ် တစ်ကြိမ် သွားကိုက်တဲ့ ဝေဒနာ ခံစားရ တတ်ပါတယ်။ သွားကိုက် တဲ့အခါမှာ အောက်ပါတို့ကို ပြုလုပ်ပေးပါ။


၁. ပလုတ်ကျင်းပါ
...
ရိုးရိုးရေကို ပါးစပ်အပြည့်ငုံပြီး ပြင်း ပြင်းထန်ထန် ပလုတ်ကျင်းလိုက်ပါ။ အ ကယ်၍ သင်သွားကိုက်တာဟာ အစာ ညှပ်တာကြောင့်ဖြစ်ခဲ့ရင် သေချာပလုတ် ကျင်းလိုက် တာကြောင့် ညပ်တဲ့ အစာတွေ ထွက်သွားပြီး သွားကိုက်တာ သက်သာ သွားနိုင်ပါတယ်။

၂. သွားကြားထိုးပါ

သင့်သွားနှစ်ချောင်းကြား အစာညပ် နေတာဟာ ပလုတ်ကျင်းတာနဲ့ မထွက် သွားခဲ့ရင် သွားကြားကို သွားကြားပွတ်ကြိုး နဲ့ ထိုးတာ ဒါမှမဟုတ် သွားကြား ထိုးတံနဲ့ ထိုးတာတွေ လုပ်ပြီး ဖယ်ရှားပေးပါ။ သွားဖုံး ရောင်ရမ်း နေတတ်တာကြောင့် အတင်းအကျပ်တော့ မပြုလုပ်ပါနဲ့။

၃. အရက်ကို အသုံးပြုပါ

နာကျင်တဲ့သွားပေါ်ကို ဝီစကီ အ နည်းငယ် ဖျန်းပေးပါ။ သင့်သွားဖုံးမှ အ ရက်တွေကို စုပ်ယူပြီး ထုံသွားကာ နာ ကျင်တာတွေ လျော့သွားတတ်ပါတယ်။

၎. ဆားရည်နဲ့ ပလုတ်ကျင်းပါ

အစာစားပြီးတိုင်းနဲ့ အိပ်ရာမဝင်ခင် မှာ ရေတစ်ဖန်ခွက်ထဲ ထမင်းစားဇွန်းတစ် ဇွန်းစာ ဆားထည့်ပြီး ခံတွင်းနေရာအနှံ့ ပလုတ်ကျင်းပေးပါ။

၅. လက်ကို နှိပ်ပါ

ရေခဲတုံးကို ပိတ်စိမ်းပါးနဲ့ပတ်ပြီး လက်မနဲ့လက်ညှိုးဆုံရာ ဠပုံသဏ္ဌာန် အ သားစိုင်နေရာကို ငါးမိနစ်မှ ခုနစ်မိနစ်ခန့် နှိပ်ပေးပါ။ လေ့လာမှုတွေအရ ဒီလိုပြု လုပ်တာကြောင့် သွားကိုက်ဝေဒနာရှိသူ တွေရဲ့ ၆၀ မှ ၉၀ ရာခိုင်နှုန်းဟာ သက် သာသွားတယ်လို့ သိရပါတယ်။ ဒီနေရာ ဟာ သွားကိုက်တာနဲ့ဆိုင်တဲ့ အာရုံခံစား မှုတွေ ရှိတာကြောင့်ပါ။

၆. လေးညှင်းဆီ အသုံးပြုပါ

နာကျင်နေတဲ့သွားပေါ်ကို လေးညှင်း ဆီ သုတ်လိမ်းပေးပါ။ ဒီနည်းလမ်းဟာ နှစ်ပေါင်းများစွာကတည်းက အသုံးပြု ထားတဲ့နည်းလမ်းပါ။

၇. မဝါးပါနှင့်

သွားကိုက်တာဟာ သွားဒဏ်ရာရ တာကြောင့် ဖြစ်ခဲ့ရင် အဲဒီသွားနေရာနဲ့ အစာတွေကို မဝါးပါနဲ့။ အကယ်၍ ဒဏ် ရာရတာမဟုတ်ခဲ့ရင်လည်း သွားကို အနားပေး ထား တာကြောင့် နာကျင်တာ သက်သာသွားနိုင်ပါတယ်။

၈. ရေခဲကပ်ပါ

ရေခဲတုံးကို ထည့်ပြီး ချည်နှောင်ကာ ပိတ်စိမ်းပါးနဲ့ ထပ်ပတ်ပါ။ ပြီးရင် နာကျင်တဲ့သွား ဒါမှ မဟုတ် သူနဲ့နီးကပ်တဲ့ မေးရိုးပေါ်ကို တစ် ကြိမ် ၁၅ မိနစ်နှုန်းနဲ့ တစ်နေ့ သုံးကြိမ်မှ လေးကြိမ် ကပ်ပေးပါ။

၉. ပါးစပ်ပိတ်ထားပါ

တချို့လူတွေသွားကိုက်ရင် အအေး ဒဏ်မခံနိုင်ပါဘူး။ လေအေးလေးတိုက် တာတောင် သွားကျဉ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ တတ်နိုင်သမျှ ပါးစပ်ပိတ် ထားတာ အကောင်းဆုံးပါ။

၁၀. အကိုက်အခဲပျောက်ဆေး သောက်ပါ

အရင်တုန်းကတော့ သွားကိုက်ရင် အက်စပရင်ကို ကြိတ်ပြီး သွားနဲ့ သွားဖုံး ပေါ်မှာ တို့ထားတတ်ပါတယ်။ ဒီလိုလုပ် တာဟာ မကောင်းပါဘူး။ ဆေးလောင် တတ်ပါတယ်။ နာကျင်တာသက်သာ အောင် လေးနာရီမှ ခြောက်နာရီခြား တစ်ကြိမ် အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။

၁၁. အပူရှောင်ပါ

အပူကပ်တာကြောင့် သွားနာတာ သက်သာရင်တောင် အပူမကပ်သင့်ပါ ဘူး။ အကယ်၍ သွားကိုက်တာဟာ ရောဂါပိုးကြောင့်ဖြစ်ရင် အပူကြောင့် ပို ဆိုးသွားနိုင်ပါတယ်။

၁၂. ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

သွားကိုက်တာဟာ ပြဿနာမျိုးစုံရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ သွား ဒါမှ မဟုတ် သွားဖုံးမှာ ရောဂါပိုးဝင်တာ ကြောင့်လည်းဖြစ်တတ်ပြီး သွားပိုးစားတာ ကြောင့်လည်း သွားကိုက်တတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတာ၊ သွားကြားထဲ အစာညှပ်တာ ဒါမှမဟုတ် ထိပ်ကပ်နာ ကြောင့်လည်း သွားကိုက်တတ်ပါတယ်။ ဒါကြောင့် သွားကိုက်တယ်ဆိုရင် ဘာ ကြောင့်ဖြစ်သလဲဆိုတာကို ရှာဖွေရမှာမို့ သွားဆရာဝန်နဲ့ ပြပေးပါ။

ဒေါက်တာခင်မိုးမိုး

credit - shwe eain si

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................