~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Sunday 22 July 2012

ကျန်းမာရေး အကောင်းမွန်ဆုံး လူသားတို့၏ လျှို့ဝှက်ချက် ၁၀ ရပ်

၁. သြဂဲနစ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ကို စားကြပါတယ်

ကမ္ဘာပေါ်မှာ ကျန်းမာရေး အညီညွတ်ဆုံးသူတွေက လတ်ဆတ်တဲ့ သြဂဲနစ် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို အများအပြား စားလေ့ရှိကြပါတယ်။ သူတို့က ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားဘဲ ပြုတ်ပြီး စားလေ့ရှိပါတယ်။ ဒီလို စားသောက်တာကြောင့် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်တို့ ရရှိကာ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။

၂. သစ်သီးဖျော်ရည်ကို သောက်ပါတယ်

လူအများစု သိကြတဲ့အတိုင်း သြဂဲနစ်သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သြဂဲနစ် နည်းပညာမဟုတ်တဲ့ အစားအသောက်တွေထက် ၁၀ ဆ ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် သြဂဲနစ် သစ်သီးဝလံတွေကို ဖျော်ရည်ဖျော်သောက်ရင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းတွေကို အများကြီး ရရှိနိုင်ပါတယ်။ ဒါကြောင့် အသက်ရှည် ကျန်းမာသူတွေက အာဟာရဓာတ် အပြည့်ရရှိစေဖို့ တစ်နေ့မှာ သစ်သီးဖျော်ရည် သုံး-လေးခွက်လောက် သောက်လေ့ရှိကြတာပါ။

၃. အခွံမာသီးနဲ့ အစေ့အဆန်တွေကို များများစားပါတယ်

အခွံမာသီးနဲ့ အစေ့အဆန်တွေမှာ အမျှင်ဓာတ်၊ ရိုင်ဘိုဖလေဗင်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ ကယ်လ် စီယမ်ဓာတ်စတဲ့ အာဟာရဓာတ် များစွာပါဝင်နေပါတယ်။ ကျန်းမာရေး ကောင်းမွန်တဲ့ သူတွေက သီဟိုဠ်စေ့၊ ရွှေဖရုံစေ့စတဲ့ အစေ့အဆန်တွေကို သရေစာအဖြစ် စားလေ့ရှိကြပါတယ်။

၎. ပဲအမျိုးမျိုးကို စားပါတယ်

ကျန်းမာရေး အကောင်းဆုံးသူတွေက ပဲနီလေး၊ ပဲနီစေ့စတဲ့ ပဲအမျိုးမျိုးကို နေ့စဉ်ပါအောင် စားလေ့ ရှိကြပါတယ်။ ပဲအမျိုးမျိုးထဲမှာ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်၊ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ် ကောင်းစွာပါဝင်နေပါတယ်။ ပဲတွေမှာ ဖိုင်တိုနျူး ထရီးယန့်လည်း ပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတို့လို နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၅. နေခြည်နုနုကို ခံယူပါတယ်

နေခြည်နုနုကြောင့် ဗီတာမင်ဒီကို ရရှိစေရုံသာမက စိတ်ဓာတ်ကျတာကိုလည်း ကင်းဝေးစေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ အလုံအလောက် ရှိတာကြောင့် အရိုးအဆစ်တွေ သန်စွမ်းကျန်းမာစေပြီး လန်းဆန်းစေပါတယ်။ ဒါကြောင့် နေ့စဉ် နံနက်ခင်း နေခြည်နုနုကို မိနစ် ၂၀ ခန့် ခံယူသင့်ပါတယ်။

၆. သဘာဝ ဗီတာမင် အီးကို မှီဝဲပါတယ်

ကမ္ဘာပေါ်က သက်ရှည်ကျန်းမာသူတွေဟာ ဖန်တီးထုတ်လုပ်ထားတဲ့ ဗီတာမင်အီးကို မမှီဝဲဘဲ သဘာဝ ဗီတာမင်အီးကိုပဲ မှီဝဲလေ့ရှိပါတယ်။ ဗီတာမင်အီးကို အလုံအလောက် မှီဝဲတာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပြီး စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ ဗီတာမင်အီးပါတဲ့ နေကြာစေ့လို အစေ့အဆန်တွေကို စားလေ့ရှိပါ တယ်။ တကယ်လို့ ဗီတာမင်အီးကို အလုံအလောက် မရရှိဘူးထင်ရင် သဘာဝ ဗီတာမင်အီး ဖြည့်စွက်ဆေးကို မှီဝဲလေ့ ရှိကြပါတယ်။

၇. သဘာဝ ဆေးဖက်ဝင်ဖျော်ရည် သောက်ပါတယ်

သက်ရှည်ကျန်းမာသူတွေက အနာကျက်စေတဲ့၊ ရောဂါဘယ ကင်းဝေးစေတဲ့ ဆေးဖက်ဝင် ဖျော်ရည်တွေကို သောက်လေ့ရှိကြပါတယ်။ ရှားစောင်း (Aloe Vera)၊ ရဲယို (Noni) ၊ (Acai Berry) စတဲ့ ဆေးဖက်ဝင် ဖျော်ရည်တွေမှာ အာဟာရဓာတ် အပြည့်အဝ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း စနစ်တွေကို အဆိပ်ကင်းစင်စေပြီး သန့်စင်စေပါတယ်။

၈. အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးစာကို စားကြပါတယ်

ကျန်းမာရေး အကောင်းဆုံးသူတွေက အပေါ်ယံ ကြည့်ကောင်းတဲ့ အခွံချွတ်ထားတဲ့ ကောက်နှံစာ (ထမင်းဖြူ၊ ပေါင်မုန့်ဖြူ) စတာတွေကို ရှောင်ကြဉ်လေ့ရှိပြီး ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်နဲ့ အညိုရောင် ခေါက်ဆွဲတွေကို စားလေ့ရှိကြပါတယ်။ ဒီကောက်နှံစာတွေမှာ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေပါတယ်။

၉. ကျန်းမာရေး ထိခိုက်စေတဲ့ အရည်တွေကို ရှောင်ပါတယ်

ကျန်းမာရေး အကောင်းဆုံး လူတွေရဲ့ တူညီတဲ့ အလေ့အထ တစ်ရပ်က သကြားများစွာပါတဲ့ အချိုရည်တွေကို ရှောင်လေ့ရှိပြီး ရေကို အလုံအလောက် သောက်တာပဲ ဖြစ်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်၊ ရေနွေးကြမ်းစတဲ့ အရည်တွေကိုလည်း သောက်လေ့ရှိပါတယ်။

၁၀.အောက်ဆီဂျင် ဖြည့်သွင်းထားတဲ့ ရေကို သောက်ပါတယ်

ကျန်းမာရေး အကောင်းဆုံးသူတွေက အောက်ဆီဂျင်ရေအေးစက် (Oxygen Water Cooler) က ရလာတဲ့ ရေတွေကို သောက်လေ့ ရှိပါတယ်။ အောက်ဆီဂျင် ဖြည့်သွင်းထားတဲ့ ရေဟာ စွမ်းအင်ကို အပြည့်ရရှိစေပြီး သန်စွမ်း ကျန်းမာစေပါတယ်။

ဇွန်
Ref: Good Health
Source: http://news.yatanarpon.com.mm/news/news-62535

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................