~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~ITmanHOME , (。◕‿◕。) ❤ (◡‿◡✿)Welcome from ITmanHome. Glad to see U (。◕‿◕。) ❤ (◡‿◡✿),ITmanHOME ~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

Thursday 5 July 2012

“ ဘ၀ကို အသစ်တဖန် ပြန်နေရဦးမည်ဆိုလျှင် … ”

တစ်နေ့တုန်းက သူငယ်ချင်းတစ်ယောက်ကမေးသည် ။ ဘ၀ကို အသစ်တဖန် ပြန်နေရလျှင်ဘာတွေ အပြောင်းအလဲလုပ်မည်လဲ ဟူ၍ …။
" ဟင့်အင်း " ဆိုပြီးမှ ခေါင်းထဲ စဉ်းစားစရာတွေ ပေါ်လာသည် ။
အကယ်၍ ဘ၀ကို အသစ်တဖန် ပြန်နေရဦးမည်ဆိုလျှင် ………..

• စကားနည်းနည်းပဲ ပြောမည် ၊ သူများပြောတာများများ နားထောင်မည် ။

• အိမ်က ကော်ဇောတွေ စွန်းထင်းပေကျံနေပြီး ဆိုဖာက ဟောင်းနွမ်းမှေးမှိန်နေမည်ဆိုလျှင်လည်း မိတ်ဆွေအပေါင်းအသင်းများကိုတော့ ညစာဖိတ်ကျွေးဦးမည်။

• အသန့်အပြန့်ထားသည်ဆိုသော ဧည့်ခန်းထဲမှာလည်း ပြောင်းဖူးပေါက်ပေါက်
စားချင်စားမည်။ တစ်ယောက်ယောက်က မီးလင်းဖိုမှာ မီးမွှေးချင်သည်ဆိုလျှင်လည်း အမှုန်အမှိုက်တွေဖြင့် ညစ်ပတ်မှာ သိပ်မစိုးရိမ်တော့ ။

• အဘိုးက သူငယ်ငယ်တုန်းက အကြောင်းတွေ အရှည်ကြီး လျှောက်ပြောနေလျှင်လည်း
အချိန်ပေးနားထောင်မည် ။

• နွေရာသီနေ့လည်ခင်း ကားစီးသွားသောအခါ ဖြီးသင်ပြီး စပရေးဖျန်းပြီးစ
ဆံပင်တွေ ပျက်ကုန်မှာမို့ ကားမှန်တွေ အတင်းအကျပ်တင်ထားခိုင်းတာမျိုးမလုပ်တော့ ။

• နှင်းဆီပွင့်ပုံ ဖေါ်ထားသည့် ပန်းရောင်ဖယောင်းတိုင်ကို စတိုထဲတွင် အရည်ပျော်မသွားမီ မီးထွန်းပစ်မည် ။

• မြက်ခင်းက ပေကျံမှာတွေ စိုးရိမ်မနေဘဲ ကလေးတွေနှင့်အတူ ရောထိုင်ပစ်မည် ။

• ရုပ်မြင်သံကြားထက် တကယ့်ဘ၀တွေကို များများ ပိုကြည့်ကာ ငိုစရာရှိတာငို
ရယ်စရာရှိတာ ရယ်မည်။

• မိသားစု ထမ်းပိုးနေရသည့်တာဝန်တွေကို ယခုထက်ပိုပြီး မျှဝေထမ်းဆောင်မည် ။

• သို့သော် နေမကောင်းသည့်အခါ အိပ်ရာထဲ လှဲနေမည် ။ ကိုယ်သာ ထမလာလျှင်
တစ်လောကလုံး ကမောက်ကမတွေ ဖြစ်ကုန်ကြတော့မည် ဆိုတာမျိုး အထင်ရောက်မနေတော့ ။

• ပစ္စည်းတစ်ခုကို တကယ်အသုံးတည့်နိုင်သည် ၊ အညစ်အပေခံသည် ၊
တစ်သက်လုံးသုံးနိုင်သည် ဆိုရုံမျှဖြင့် ၀ယ်မည် မဟုတ်တော့ ။

• ကိုယ့်ကို တစ်ယောက်ယောက်က ရန်လာစသည့်အခါ၌လည်း …ဒေါသတကြီး ချက်ချင်း
လက်တုံ့ပြန်မည့်အစား ကိုယ့်ကို ရန်စသည့် အကြောင်းရင်းကို ခေါင်းအေးအေးဖြင့် အချိန်ယူစဉ်းစားမည် ။


• အငြိုးအတေးတွေ ၊ လက်တုံ့ပြန်ခြင်းတွေကို တတ်နိုင်သမျှ ရှောင်ရှားကာ “
အကောင်းမြင်စိတ် ” ဖြင့် သူ့ဘက်ကို ကြည့်ပေးလိုက်မည် ။

• ပြီး တစ်ခါတစ်ရံ စိတ်ကောင်းထားကာ ဆောင်ရွက်လိုက်သော အမှုတစ်ခုမှ
ထပ်တူညီသော အသီးအပွင့်တွေ ပွင့်မလာဘဲ ကံကြမ္မာတရားက ကျီစယ်လှည့်စားသည့်အခါ
ညွတ်ပျောင်းနင့်နဲစွာ ခံစားတတ်သော စိတ်၏ အစွဲအလမ်းကြီးမှုကို ကိုယ့်ဘာသာ
အပြစ်တင်မနေဘဲ ပြုံးနိုင်အောင် ကြိုးစားမည် ။

• “ အိုင် မစ် (စ် ) ယူ ” တွေ ၊ “ အိုင် (မ) ဆောရီး ” တွေ ယခုထက်
အများကြီး ပိုပြီး ပြောမည် ။

• တိုတောင်းလှသော ဘ၀ခရီးကို အဓိပ္ပါယ်ရှိရှိ ပျော်ရွှင်ချမ်းမြေ့စွာပဲ ဖြတ်သန်းသွားမည် ။

• ပြီးတော့ အရေးအကြီးဆုံးက …. …. …..

• အကယ်၍ စောစောကပြောခဲ့သလို သည်ဘ၀ကို နောက်တစ်ကြိမ် တကယ်သာ
နေခွင့်ရဦးမည် ဆိုပါလျှင် မိနစ်တိုင်း မိနစ်တိုင်းကို အမိအရ ဖမ်းဆုပ်ကာ
သေသေချာချာ မှတ်မှတ်ရရ ကြည့်မည် ၊ ပြည့်ပြည့်၀၀ နေမည် ၊ ပြီး
ဘယ်တော့မှလည်း …. ပြန်ပေးမည် မဟုတ်တော့ ။

Translated by *Saya Phay Myint ...
From *Chicken Soup for the Soul*
P.S ... Some Lines are added as additions :)* !

Credit - laypyaychanchan

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
လှိုက်လှဲစွာကြိုဆိုပါ၏

We r Watching U

.

Photobucket
~ Online အသုံးပြူ့သူများ လိုအပ်မည့်အရာများ ရှာဖွေရသမျှကို ~
~ဘလော့တွင် ကူးယူဖော်ပြပါသည် Credit မပေးမိသည့် Post ကို ကြိုတင်တောင်းပန်ပါတယ်~
~မိတ်ဆွေတို့အတွက် အသုံးဝင်ခဲ့တယ်ဆို~
~တခြား သူငယ်ချင်းတွေလည်း သိအောင် Share ပေးခြင်းဖြင့် ကူညီပါ (:~
cooltext739080768
အောက်ပါလင့်တွင် အပတ်စဉ်ထုတ် မြန်မာဂျာနယ်များ၏
Download လင့်များကို တစုတစည်းထဲ တနေရာထဲမှာ အလွယ်တကူ
Download လုပ်နိုင်အောင် စုစည်းပေးထားပါတယ်။
Credit MJD Team

Weekly All Myanmar Journal Free Download

မြန်မာနိုင်ငံမှ လူကြိုက်အများဆုံး ၀ဘ်ဆိုက်များ

Oxford English to Eng dictionary

.

Online Radio Collection

~ကြိုဆိုပါ၏~
~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

MYMC Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အဖြူရောင်သံစဉ် ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

IT Palace Radio

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

အိမ်မက်လှိုင်း ရေဒီယို

~~~ရွှင်လန်းချမ်းမြေ့ကြပါစေ~~~

95.1 Street FM

Online Radio Collection
~ကြိုဆိုပါ၏~

........................Popular Posts......................